Copy

in #myanmar6 years ago

မြောက်ဦး အဓိကရုဏ်းကိစ္စသတင်းကြားပါတယ်။
အလောင်းတွေကို မြင်ရတာလည်း စိတ်မချမ်းသာဘူး။
ဘာကိစ္စလဲဆိုတော့ ခွဲထွက်ရေးတဲ့။
ခက်ခက်ရချေရဲ့လို့ပဲ ညည်းတွားမိတယ်။

ရခိုင်လွတ်မြောက်ချင်တယ်.. သိပ်မဆန်းပါဘူး။
ဒီလိုပဲ အခြားတိုင်းရင်းသားတွေဖြစ်တဲ့ ကချင်၊ရှမ်း၊ ကရင် စသူတို့လည်း လွတ်မြောက်ချင်ကြမှာပဲ။
အဲ့လိုပြောရင် အချို့ဗမာတွေက ဘာလဲ... ခွဲထွက်ရေးကို အားပေးအားမြှောက်ရေးတာလား ထင်ကြဦးမယ်။
မဟုတ်ပါဘူး.... တိုင်းရင်းသားတွေကို နားလည်မှုပေးတာပါ။ တင်းမာမှုတစ်ခုဖြစ်လာရင် ကိုယ့်ဘက်ကချည်း ကိုယ်စဉ်းစားနေရင် ပြေလည်မှုဆိုတာ ဖြစ်မလာဘူး။
သူတို့နေရာက ဝင်စဉ်းစား
သူတို့ဘာတွေခံစားနေရလဲ နားလည်ဖို့လိုပါတယ်။

လွန်လေပြီးခဲ့သော သမိုင်းတွေရဲ့ ဆိုးပစ်တွေလို့သာ
အတိတ်ကို ပြန်အပြစ်ဖို့ဖို့သာ တတ်နိုင်တဲ့ ဖြစ်ရပ်တွေ။
မြန်မာတွေ အင်္ဂလိပ်ကိုလိုနီလက်အောက်ရောက်တော့
ပြန်တွန်းလှန်အုံကြွခဲ့ကြတာပဲ။
သမိုင်းတွေထဲက ကိုယ်တွေသင်ခဲ့ရတာက အင်္ဂလိပ်နယ်ချဲ့ကို မြန်မာတစ်နိုင်ငံလုံး ပြည်ထောင်စုတစ်ခုလုံး
တွန်းလှန်တိုက်ခိုက် လွတ်လပ်ရေးရခဲ့ကြတယ်။
တိုင်းရင်းသားတွေအတွက်ကျ သူတို့ဟာ အင်္ဂလိပ်ကိုလိုနီလက်အောက်ကနေ မြန်မာကိုလိုနီလက်အောက် ရောက်ခဲ့တယ်။ အခုထိ သူတို့မလွတ်မြောက်သေးဘူး။
ဒါ သူတို့အမြင်ပဲ။

သူတို့အမြင် မှန်သည်မှားသည်ဆိုတဲ့ ကိုယ့်ခံယူချက်သည်တစ်ပိုင်း။
သူတို့ အဆက်ဆက်ဒီလိုမြင်လာတယ်ဆိုတာကို နားလည်ရမှာသည်တစ်ပိုင်းပါ။
အခု မြောက်ဦးကိစ္စဖြစ်တယ်။
အခြားလူတွေအမြင်မှာသာ ဒါဖျင်ယားတာဖြစ်ပြီး
ရခိုင်တွေအမြင်မှာကျ ဒါတော်လှန်ရေးလုပ်တာပါ။

ကိုယ်တွေအမြင်နဲ့သူတွေအမြင်ကို ညှိယူဖို့တော့မလွယ်ပါဘူး။
အခုမှလတ်တလောဖြစ်လာတဲ့အမြင်တွေမှ မဟုတ်တာ။
သူတို့အမြင်မှာ သူတို့က ကိုလိုနီပြုခံရတာဖြစ်ပြီး
ကိုယ်တွေအမြင်ကသာ ပြည်ထောင်စုကြီးဖြစ်နေတာလေ။
သူတို့ဘက်ကကြည့်တော့ လက်ဖမိုး
ကိုယ့်ဘက်ကကြည့်တော့ လက်ဖဝါး
နှစ်ဖက်စလုံးမှန်တဲ့ ကိစ္စတွေ။
ပြောလို့ ငြင်းရမှာပဲရှိတာ

ဟိုဘက်က ပစ်လို့ ပြောတယ်။
ဒီဘက်က နင်တို့က ဘယ်လိုဖျက်စီးလို့ ဘယ်လိုဝိုင်းလို့
ဘယ်လိုပစ်ရတာပါ ပြန်အပြစ်တင်တယ်။
ဘာပဲဖြစ်ဖြစ် ဟိုဘက်က လူမနည်းဘူး သေထားတာ။
လူ့အသက်တွေလေ... နာကျည်းချက်က ရှိမှာပဲ။
ဒီအချိန်မို့ မင်းတို့လူမျိုးတွေ ဘလာဘလာ သွားပွားရင်
ကျားနာကို ခဲနဲ့သွားထုတာပဲ။
ဘာအကျိုးမှလည်း မရှိဘူး။

အခုအချိန်မှာ ပြောချင်တာကတော့ တစ်ခုပဲ။
ဗမာတွေက ဖိနှိပ်တယ်... ဗမာ့ကျွန်ဘဝက တိုက်ထုတ်ကြဆိုတော့ ဗမာတွေကရော လွတ်မြောက်နေတာလားလို့ မေးချင်တယ်။
ဗမာတွေကရော ဘယ်တိုင်းရင်းသားကို ငါတို့ဖိနှိပ်လိုက်မဟဲ့ဆိုတာ ရှိလို့လဲ။
ဖိနှိပ်ရအောင်ရော ကိုယ့်ဘာသာတောင် တိုင်ပတ်နေကြတာကို။
လူတစ်စုနဲ့ လူမျိုးတစ်မျိုးကို ခွဲမြင်ကြတာကောင်းလိမ့်မယ်။
ဘဝတူချင်း မုန်းတီးနေလို့ ဘာဖြစ်မှာမို့လဲ။

ရခိုင်မှာ ဘေးဒုက္ခဖြစ်တိုင်း Save Rakhineဆိုပြီး လှုပ်ရှားကြ၊ ဝမ်းနည်းကြ၊ ကူညီကြတာတွေကလည်း ဒီဗမာတွေပါပါတယ်။
ထိုင်းက ရခိုင်လူမျိုးဝင်းနဲ့ဇော်ကိစ္စမှာလည်း ဆန္ဒထုတ်ဖော်ကြ၊ ပရိုဖိုင်ချိန်းကြ၊ တောင်းဆိုကြလုပ်ကြတာတွေလည်း ဒီဗမာတွေ ပါပါတယ်။
တိုင်းရင်းသားတွေဆိုတဲ့စိတ်နဲ့ လက်သည်းဆိတ် လက်ထိပ်နာကြတာပါ။

ဘာပဲဖြစ်ဖြစ် ဖြစ်ပြီးတာတွေ ဖြစ်ပြီးနေပြီ။
ဘယ်သူမှန်မှန် ဘယ်သူမှားမှား
စိတ်ထဲပိုနာစေမယ့်စကားတွေမပြောဘဲ
ထိမ်းထိမ်းသိမ်းသိမ်း ပြောကြတာ ပိုကောင်းမယ်ထင်တာပဲ။

ရင်ထဲကစကားပါ။
သေဆုံးသွားတဲ့ ရခိုင်လူမျိုးတွေအတွက် စိတ်မကောင်းဖြစ်မိပါတယ်။
😔😔😔
#credit ပန်ဆယ်လို

Coin Marketplace

STEEM 0.23
TRX 0.12
JST 0.029
BTC 66548.53
ETH 3594.05
USDT 1.00
SBD 2.91