ယမမင်းနှင့်တွေဆုံခြင်း(အပိုင်း၂)

in #myanmar6 years ago (edited)

image
crd-org-source
ယမမင်းလို့ကြားလိုက်ရင် လူတော်တော်များများကကြောက်ရွှံ့မှုတွေ ဖြစ်ကြပါတယ်။ အမှန်တော့ ယမမင်းဟာ လူသားတွေကို သေမင်းနိုင်ငံသို့ပို့ပေးတဲ့သူ! အပယ်ငရဲသို့ဆွဲချသူမဟုတ်ပါဘူး။ နတ်စေတမန်တစ်ဦးပါ။ ကျွန်တော်တို့လူသားတွေသေလွန်တဲ့အခါ ဘဝကူးကြရပါတယ်။ ကျွန်တော်ဖေါ်ပြခဲ့သလိုပဲ ငရဲတိုက်ရိုက်သွားမည့်သူနဲ့ နတ်ပြည်တိုက်ရိုက်သွားမည့်သူ တွေကတော့ ယမမင်းနဲ့တွေ့စရာမလိုပဲ ကျန်တဲ့သူအားလုံးကတော့ ယမမင်းနဲ့တွေ့ရမှာဖြစ်ပါတယ်။ တွေ့တဲ့အချိန်မှာမေးခွန်များမေးပါလိမ့်မယ်။ ဒီမှာပြောစရာတစ်ခုရှိပါတယ်။
လူပြည်မှာအမှုတစ်ခုရင်ဆိုင်ရပြီဆိုရင် တရားခံ တရားလို နှစ်ဦးစလုံးကို တရားသူကြီးက " အမှန်အကန်အစစ်ခံပါမည်။မမှန်မကန်အစစ်ခံပါက ကျမ်းစူးပါစေသား"လို့ ကျမ်းကိုင်ပြီး ကျိမ်ဆိုရပါတယ်။
ဘယ်လိုပဲကျိမ်ဆိုဆို လိမ်နေကျတာပါပဲ။ အခုယမမင်းနဲ့တွေ့တဲ့အခါမှာလည်း အဲဒီလိုပဲ ယမမင်းက "အသင်လူသား ငါမေးတဲ့မေးခွန်းတွေကိုမလိမ်မညာပဲ အမှန်အတိုင်းဖြေပါ"လို့တစ်ခွန်းပဲပြောတယ် အဲဒီလူလုံးဝမလိမ်ရဲဘူးတဲ့ဗျာ။ ယမမင်းpowerကလည်းမသေးဘူးဗျ။ ဒါနဲ့ပက်သက်လို့ တန်ခိုးအရာတော်တော်ကြီးမားတယ်လို့ နာကြားဖူးပါတယ်။
image
crd-org-source
အဲဒီနောက်ပိုင်းမှာ ယမမင်းကရောက်ရှိလာသောလူသားအားမေခွန်များကိုစတင်မေးပါတော့တယ်။
ယမမင်း - အသင်လူသား လူလောကမှာနေစဉ်အခါတုံးက မွေးကင်းစကလေးတွေကို မြင်ဖူးလား
လူသား - မြင်ဖူးပါတယ်
ယမမင်း - အဲဒီလိုမြင်တော့ ဇာတိ( မွေးဖွားခြင်း)ဟာဒုက္ခပါလားလို့ သင်နလုံးသွင်းပြီး ဒီဒုက္ခကလွတ်အောင်ကြိုးစားမယ်ဆိုတဲ့စိတ်ဖြစ်ဖူးလား။
လူသား - ဖြစ်ဖူးပါတယ်/ မဖြစ်ဖူးပါဘူး။
မဖြစ်ဖူးဆိုပါက ယမမင်းက အမောင်လူသားသင်၏မေ့ရော့မှုသည် သင်နဲ့သာဆိုင်ပါသည်ဟုပြောပါသည်။
[မိမိအမှန်တကယ်ဖြစ်ခဲ့သည်ကိုသာဖြေကြားရပါ
သည်။]

ဇာတိဟာ ဒုက္ခသစ္စာဆိုတာကိုအနည်းငယ်ရှင်းပြလိုပါတယ်။ မိခင်ဝမ်းတွင်းသန္ဓေတည်ပြီး ကိုးလ/ဆယ်လအတွင်းမှာသန္ဓေသားဟာ မစင်အိမ်ပေါ်မှာ မလှုပ်မရှက်နေနေရပါတယ်။ အင်မတန်ဆင်းရဲတဲ့အချိန်ပေါ့။ မွေးချိန်တန်လို့ မွေးဖွားတဲ့အခါ မွေးလမ်းကြောင်းကနေပြင်ပရောက်ဖို့ခက်ခဲပင်ပန်းစွာနဲ့ ထွက်လာခဲ့ရပါတယ်။ မွေးလမ်းကြောင်းကလွန်မြောက်တဲ့အချိန်မှာ အသူရာခြောက်ကမ္ဘာကြီးထဲကျသွားသလိုမျိုးခံစားရပြီး အကြောက်လွန်ပြီး အသက်ရှုရပ်သွားတဲ့အထိပါပဲ။
မွေးပေးတဲ့လက်သည်(သို့) ဆရာဝန်က ကလေးရဲ့ကျောကိုပုတ်လိုက်မှ အသက်ပြန်ရှုလာပါတယ်။ ကိုးလဆယ်လလုံးလေနဲ့ထိတွေ့ခြင်းမရှိတဲ့အတွက် ပြင်ပရောက်တဲ့အချိန်မှာ လေနဲ့ထိတွေ့ပြီး အရမ်းနာကျင်သွားတဲ့အတွက် မွေးလာတဲ့ကလေးတွေဟာ ငိုကျွေးကြတာဖြစ်ပါတယ်။ ဒီဒုက္ခတွေကြောင့် ဇာတိဟာဒုက္ဒလို့ဟောကြားတာဖြစ်ပါတယ်။
image
crd-org-source
ယမမင်း - နောက်တစ်ခုထပ်မေးပါ့မယ်အသင်လူသား သက်ကြီးရွယ်အိုတွေကို မြင်ဘူးလား။
လူသား - မြင်းဖူးပါတယ်ခင်ဗျာ
ယမမင်း - မလုပ်နိုင်မကိုင်နိုင်နဲ သူများညိုငြင်ပြီး ဒုက္ခရောက်နေကြတယ်။ အဲဒီလိုဒုက္ခမျိုးကလွတ်အောင် ကြိုးစားမယ်ဆိုတဲ့စိတ်ဖြစ်ဖူးရဲ့လား။
လူသား - ဖြစ်ဖူးပါတယ်/ မဖြစ်ဖူးပါဘူး
မဖြစ်ဖူးဘူဆိုရင် ယမမင်းက အမောင်လူသား သင်၏မေ့ရော့မှုသည် သင်နဲ့သာဆိုင်ပါသည်ဟုပြောကြားပါသည်။

ကျွန်တော်တို့steemit မိသားစုများလည်း အထက်ပါမေးခွန်နှစ်ခုကိုဖြေကြည့်ကြပါ။ ဖြေနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။ မဖြေနိုင်သေးရင်လည်း အဲဒီမေးခွန်တွေကို ဖြေနိုင်အောင်ကြိုးစားကြပါလို့ တိုက်တွန်းချင်ပါတယ်။
ခေတ်စကားအရဆို သံသရာခရီးအတွက်ကြိုတင် ကျုရှင်ပေးတဲ့သဘောပေါ့ဗျာ။ နောက်ထပ်မေးခွန်း၂ခုအားနောက်postမှာဆက်လက်ဖေါ်ပြပါ့မယ်။ ဆက်တိုက်ရေးချင်ပေမယ့် typeရိုက်တာနှေးလို့ ခွင့်လွှတ်ပေးကြပါ။ရွှင်လန်းကြပါစေ။

Sort:  

CT‌ရေ ကိုယ့်‌အလှည့်‌မ‌ရောက်‌‌သေးဘူးလား။အနီးအနားမှာရှိရင်‌ ရိုက်‌ပစ်‌ဘို့‌ကောင်းတယ်‌။

စီးပွားရေးသမားတွေပါမဟော်

ဟုတ်​ကဲ့...​နောက်​ထပ်​​မေးခွန်းသုံးခုကိုလည်းဆက်​ဖတ်​ဖို့​စောင့်​​နေပါ့မယ်​....

ဟုတ်ကဲ့
ဆက်လက်ဖေါ်ပြပါ့မယ်

ယမမင်းနဲ့တွေ့ဆုံခြင်းမှ မေးခွန်းတွေကို သိရှိပြီး သတိနဲ့နေနိုင်အောင် တင်ပြပေးထားတာ အားလုံးအတွက်ဗဟုသုတဖြစ်စေပါတယ်။မေးခွန်းတွေလည်းဖြေကြည့်လို့ရတာပေါ့။နောက်အပိုင်းဆက်အားပေးမယ်ဗျာ

ဖြေကြည့်ပြီးရင် မေးခွန်အတိုင်းဖြစ်အောင်နလုံးသွင်နိုင်အောင်ကြိုးစားပါဗျာ ကျွန်တော်လည်းကြိုးစားနေပါတယ်
အရမ်းကိုအရေးကြီးပါတယ်

ယမမင်းမေးတဲ့မေးခွန်း နှစ်ခုကို ဖြစ်ဖူးတယ် ဆိုရင်ရော ဆရာ

၄၀ရာခိုင်နှုံးအောင်မြင်ပြီပေါ့

အင်း မ​ကောင်းတာလုပ်​တာ​တွေ ​ရှော့အုံးမှပါ

အဲဒီတုံ့ပြန်မှုကြိုက်တယ်ဗျာ
မလုပ်လေပိုကောင်းလေပေါ့

အင်း သံဝေဂ ရစရာ တွေပါလား ဆရာရယ် သံသရာက မလွတ်မြောက်နိင်ကြသေးရင်ဖြင့်😌

မေးခွန်တွေကိုဖြေနိုင်မှ အပယ်လွတ်မှာနော်

ဖတ်လို့ ကောင်းတယ်ဆရာ
ကြောက်လည်း ကြောက်မိတယ်
ကြောက်တာက ဒုက္ခဆိုတဲ့အရာတွေက
ကြောက်စရာကောင်းတာပါ

မေးခွန်းကိုသေချာဖတ်ပြီးဖြေကြည့်ပါ
မဖြေနိုင်ရင်တော့ အပယ်ပဲ

ဘဝအတွက်သံဝေဂရပါတယ်

မေးခွန်တွေကိုဖြေနိုင်မှ အပယ်လွတ်မှာပါ

ချိတက်​နဲ့ဗျ..😂😂

လုပ်စားနေတာပါ စီးပွားရေးအဖွဲ့တစ်ခုကဖြစ်မယ်
linkကိုနိပ်လိုက်တာနဲ့ သူတို့ပိုက်ဆံရတော့တာပဲ
Marketing တစ်မျိုးပေါ့

You got a 1.82% upvote from @brupvoter courtesy of @mgmglattt!

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64449.70
ETH 3164.37
USDT 1.00
SBD 3.87