စေတနာကောင်းရင် ကံကောင်းမှာပါ

in #myanmar6 years ago (edited)

လူတော်တော်များများဟာ ခွန်အားသုံးပြီးအလုပ်လုပ်ကြ
ရမှာ အလွန်ဝန်လေးကြပါတယ်။ အဲဒီလိုဝန်လေးမှုမျိုး
ကို နေရာတော်တော်များများမှာတွေ့ကြရပါတယ်။
ပြင်ပအလုပ်တွေ!အစိုးရဝန်ထမ်းတွေ!storeဆိုင်ကြီး
တွေ စတဲ့နေရာတွေမှာပေါ့။ ကိုယ့်လုပ်အားခနဲ့
ကိုက်ညီတဲ့ လုပ်အားကိုပြန်ပေးရမယ်ဆိုတာကို မသိကျိုးကျွန်ပြုနေကြတယ်။ ကိုယ့်ရဲ့လုပ်အားခက တစ်နေ့ တစ်သောင်းရတယ်ဆိုပါတော့။ အဲဒီလုပ်အား
ခနဲ့ ကိုက်ညီတဲ့လုပ်အား ကိုယ်ပြန်ပေးပြီလား ကိုယ်ကိုတိုင်သိပါတယ်။ ရတဲ့လုပ်အားထက် ကိုယ်ပြန်
ပေးတဲ့လုပ်အားက နည်းနေပြီဆိုရင်တော့ အဲဒါအကြွေးဖြစ်ပြီပေါ့။ အဲဒီအကြွေးကို ပုံစံနှစ်မျိုးနဲ့
ဆပ်ရပါလိမ့်မယ်။ တစ်မျိုးက လက်ရှိဘဝမှာတင်ပေးဆပ်ခြင်းမျိုးဖြစ်ပြီး နောက်တစ်
မျိုးကတော့ တင်နေတဲ့အကြွေးတွေကို နောင်ဘဝကြမှ
ပေးဆပ်ရခြင်းမျိုးပါ။
image
အကြွေးကိုဒီဘဝမှာပေးဆပ်ဖို့ကြုံလာတဲ့သူတွေက
တော့ နည်းနည်းသက်သာပါသေးတယ်။ မိမိတင်တဲ့အ
ကြွေးတွေကို ပုံစံအမျိုးမျိုးနဲ့ပေးဆပ်ရပါတယ်။ မိမိရဲ့
ခန္ဓာနဲ့သော်၎င်း! မိမိ မိသားစုရဲ့ခန္ဓာနဲ့သော်၎င်း! မိမိ
ရဲ့ ဥစ္စာပစ္စည်းနဲ့သော်၎င်းပြန်ပေးဆပ်ရပါတယ်။ ဒီလိုရေးလို့စာဖတ်သူတို့ ရှင်းမှာမဟုတ်သေးဘူးဆိုတာ
ကျွန်တော်သိပါတယ်။ကျွန်တော်ရှင်းပြပါ့မယ်။ မိမိရဲ့
ခန္ဓာနဲ့ပေးဆပ်ရမယ်ဆိုတာကတော့ ကျန်းမာရေး(သို့)
မတော်တဆထိခိုက်မှုစသည်တိုကြောင့် ငွေကြေးကုန်
ကျခြင်းဖြင့် အကြွေးကိုပြန်ပေးဆပ်ရမယ်လို့ ဆိုလိုတာ
ပါ။ မိမိ မိသားစုခန္ဓာနဲ့ ပေးဆပ်ခြင်းဆိုတာကတော့
ကျန်းမာရေးတို့ မတော်တဆဖြစ်တာတို့ကို ဆိုလိုတာ
ပါ။ ဥစ္စာပစ္စည်းနဲ့ ပေးဆပ်ခြင်းကတော့ မိမိရဲ့ဥစ္စာ
ပစ္စည်းပျောက်တာတို့ မီးလောင်တာတို့ ခိုးခံရတာ
တို့တွေပဲဖြစ်ပါတယ်။ အဲဒီလိုပေးဆပ်မှုတွေမဖြစ်
ချင်ရင်တော့ အလုပ်အကြွေးမဖြစ်စေနဲ့ပေါ့လို့ အကြံ
ပေးချင်ပါတယ်။(မှတ်ချက်။ ကျန်းမာရေးမကောင်းတဲ့
သူတိုင်း! မတော်တဆဖြစ်တဲ့သူတိုင်းလို့ မဆိုလိုပါဘူး
ကိုယ်တခုခုဖြစ်ခဲ့ရင် ငါဘာကြောင့်ဖြစ်တာလဲ ကံအ
ကြိုးပေးကြောင့်လား ပေးဆပ်ရမဲ့ အကြွေးတခုခု
ကြောင့်လားပြန်စဉ်စားကြည့်ပါ။ လောကကြီးမှာ သူဘာ
သာသူဖြစ်တယ်လို့ ဘာတစ်ခုမှမရှိပါဘူး။ အကြောင်း
ကြောင့်အကြိုးဖြစ်ကြတာပါ။ သေသေချာချာစဉ်းစား
ကြည့်ရင်ပေါ်လာပါလိမ့်မယ်။)
image
ကိုယ်တင်ခဲ့တဲ့အလုပ်အကြွေးတွေကိုနောင်ဘဝမှပေး
ဆပ်ရမယ်ဆိုရင်တော့ အဲဒီလူရဲ့အခြေနေက တော်တော်ကိုဆိုးသွားပါပြီ။ ကျွန်တော်ဥပမာလေးနည်းနည်းပေးချင်ပါတယ်။ ယနေ့ခေတ်ကာလမှာ တစ်ချို့လူတွေ အတိုးပေးကြ
တယ်။ တစ်ရာကိုတစ်ဆယ်တိုး ဆယ်ငါးကျပ်တိုး နှစ်
ဆယ်တိုးစသည်ဖြင့်ပေါ့။ ကိုယ်ကအကြွေးယူပြီဆို
ကိုယ်မှာအကြွေးတင်ပြီဆို အတိုးနဲ့ပြန်ဆပ်ရတာဟာ
ဓမ္မတာပါပဲ။ဒါကယနေ့ခေတ်ကာလ အကြွေးပြန်ဆပ်
ပုံပါ။ ယခုဘဝအကြွေးကို နောင်ဘဝမှပေးဆပ်ရမယ်
ဆိုရင်တော့ အတိုးက အဆပေါင်းများစွာသာသွားပါ
လိမ့်မယ်။ ဇာတ်တော်တွေထဲမှာလည်း ကြားဖူးကြမှာပါ
သူတစ်ပါးပိုက်ဆံကိုယူပြီး ပြန်မပေးလို့ သူ့အိမ်မှာနွား
အဖြစ်နဲ့ပြန်ပေးဆပ်ရတာဆိုတာကိုပါ။ ကျွန်တော်က
ယနေ့ ခေတ်ကာလမှာဖြစ်ပျက်တာလေးတွေကို သတိ
ထားဆင်ခြင်နိုင်အောင် ထောက်ပြအသိပေးတဲ့သ
ဘောပါ။
image
ကျွန်တော့်သဘောကတော့ အလုပ်လုပ်တဲ့နေရာမှာ
အားထည့်ပြီး စေတနာထားပြီးလုပ်သင့်ပါတယ်။ ကိုယ်
ရတဲ့လုပ်အားခထက်ပိုတဲ့ လုပ်အားနဲ့လုပ်ခဲ့တယ်ဆို
ပါဆို့။ အဲဒီပိုသွားတဲ့လုပ်အားခ ကိုယ့်အတွက်ဆုံးရှုံးမ
သွားပါဘူး။ ပုံစံတစ်မျိုးမျိုးနဲ့ပြန်ရပါလိမ့်မယ်။ ပြန်ရတဲ့
အချိန်မှာလည်း ကိုယ့်လုပ်အားထက်အဆပေါင်းများစွာ
သာတဲ့ ငွေကိုပြန်ရပါလိမ့်မယ်။ တစ်ခုတော့ရှိပါတယ်
စေတနာအပေါ်တော့ မူတည်ပါတယ်။ ကိုယ်အလုပ်
လုပ်တဲ့အချိန်မှာ စေတနာကောင်းကောင်းထားပြီးလုပ်
မယ်ဆိုရင်တော့ ကံကောင်းမှာပါ။ ကျွန်တော်တို့ဗုဒ္ဓဘာ
သာဝင်တွေဟာ "ကံ ကံ၏အကြိုး"ကို ယုံကြည်ကြပါ
တယ်။ ဗုဒ္ဓဘာသာဝင်တွေထဲက တချို့ ကြတော့လည်း
မိဘကဗုဒ္ဓဘာသာဖြစ်လို့ ကိုယ်ကဗုဒ္ဓဘာသာဖြစ်
တယ်။ ကံ ကံ၏အကြိုးလည်းမသိ! ဘုရား တရား
သံဃာကို အကြွင်းမဲ့ယုံကြည်ရမယ်ဆိုတာကိုလည်း
နားမလည်ဆိုတော့ အဲ့ဒီလူမျိုးတွေကိုတော့ပြောရ
အရမ်းခက်သွားပါတယ်။ ဘာပဲလုပ်လုပ် စေတနာထားပြီးလုပ်ပါ။
' စေတနာကောင်းရင် ကံကောင်းမှာပါ´
image
ဒီpostကိုဖတ်ပြီး အကောင်းဘက်ကကြည့်၍
ဝေဖန်ပေးကြပါ။
MSC 251
author @mgmglattt
photo credit facebook

Sort:  

ယနေ့ခေတ်အမြင်နဲ့ဆို ဒီလိုစဉ်းစားမိဖို့တော်တော်လေးခက်ခဲမှာဘဲဗျာ ဒါပေမယ့်ကျနော့်ဘ၀မှာ ပေးကမ်းစွန့်ကြဲခြင်းကိုသာအလေးထားလုပ်မိတယ် ဒါတောင်ကျနော် အလှူခံလာတာ ဘာညာတွေကို လှူတာထက် လမ်းဘေးက အဖွားအို အဘိုးအို အရွယ်စုံဘာအကြောင်းကြောင့် တောင်းရမ်းနေတာမသိပေမယ့် အဲလိုကိုယ်မျက်စိရှေ့ကနွမ်းပါသူတွေကိုလှူဒါန်းရတာပိုပီးမြတ်တယ် လို့ စိတ်ကခံစားရတယ် လှူလိုက်တဲ့ခနလေးအတွင်းမှာဘဲ စောနကမြင်လိုက်ရတဲ့ အပူစိုးရိမ်သောကဟာ ချက်ခြင်းဘဲငြိမ်းချမ်းသွားတယ် ကိုယ်လှူတာနည်းသည်များသည်ဖြစ်စေ ရင်ကိုတော့ငြိမ်းချမ်းပီးဘ၀မှာ အပူအပင်နဲလှတာကိုတွေ့ရမှာပါခင်ဗျ

အကောင်းဘက်ကမြင်တတ်ပြီးစိတ်သဘောထားသိမ်မွှေ့
သူအဖြစ်ခံစားရပါတယ်

အလုပ်ကြိုးစားခြင်းဟာ ကံကောင်းစေတယ်ဆိုတော့ ပိုကြိုးစားရမှာပေါ့ဗျ အခုလိုမျိုးဝေမျှပေးတဲ့အတွက် ကျေးဇူးအထူးတင်လျှက်ပါဗျာ

ဟုတ်ပါတယ်
ကျေးဇူးပါ

ကျနော်တို့စွမ်းနိုင်တဲ့အချိန်မှာ ကြိုးစားမှသာ ပရဟိတတွေလည်း စိတ်ရှိသလိုလုပ်နိုင်မယ်ထင်ပါတယ်

" ကံကံ၏ အကျိုး " ..
ကောင်းကံ မကောင်းကံ ..
အားလုံးကိုယ့်ထံ ပြန်လာမှာဘဲ ..

ကိုယ်​လုပ်​တဲ့ အလုပ်​အ​ပေါ်​စေတနာပါရင်​ အကျိုး​ပေးပါတယ်​ဗျာ။

တစ်ကယ် ဗဟုသုတ ရစေတဲ့ စကားလေးတွေပါဗျာ

ဗဟုသုတရပါတယ်​...

ဟုတ်ပါတယ် သင်ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ. ကျွနုပ်ကောင်းမည်ဖြစ်သည်😁

မေတ္တာဆိုတာ​ရောင်​ပြန်​ဟပ်​ပါတယ်
အရာရာ​မေတ္တာစိတ်​ထာကြပါ

yes will likes mirror

ကောင်းပါတယ်

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62205.55
ETH 2397.85
USDT 1.00
SBD 2.50