ွကျွန်တော် နှင့် ကြီးငါးကြီး

in #myanmar7 years ago

FB_IMG_1484498227222-picsay.jpg

ကျွန်တော် နှင့် ကြီးငါးကြီး
❇❇❇❇❇❇❇❇❇❇

bigthree.jpg
Credit to google image

ကျွန်တော်တို့ အလယ်တန်းအဆင့် သမိုင်းဘာသာရပ်ထဲမှ ကြီးသုံးကြီးအကြောင်း မှတ်မိကြပါလိမ့်မည်။ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီး ဖြစ်ပေါ်လာစေရန် အမေရိကန်၊ အင်္ဂလန်နှင့် ဆိုဗီယက်နိုင်ငံများမှ ခေါင်းဆောင်သုံးဦး(ကြီးသုံးကြီး)မှ စတင်၍ ကြိုးပမ်းဆောင်ရွက်ခဲ့ကြခြင်းများ ဖြစ်ပေသည်။

ယခု ကျွန်တော် ပြောပြမည့် ကြီးငါးကြီးမှာ ကျွန်တော်အပါအဝင် ကျွန်တော့်သူငယ်ချင်း ငါးယောက်အကြောင်း ဖြစ်ပါသည်။ သမိုင်းဘာသာရပ်ထဲမှ ကြီးသုံးကြီးကို အားကျ၍ လိုက်လံတုပခြင်း မဟုတ်ပါ။ ငယ်စဉ်ကျောင်းသားဘဝများတွင် တစ်ယောက်နှင့်တစ်ယောက် နာမည်အရင်းများကို ခေါ်လေ့မရှိဘဲ ကိုယ်ပိုင်ထူးခြားချက်၊ထင်ရှားမှုများကို အခြေခံ၍ နာမည်ပြောင်(nickname)များ ခေါ်ဆိုလေ့ ရှိကြသည်။ အထူးသဖြင့် ယောက်ျားလေးများမှာ အချင်းချင်း နာမည်ပြောင်များ ခေါ်ဆိုပြောဆိုလေ့ ရှိကြပေသည်။

ကျွန်တော်နှင့် သူငယ်ချင်းများမှာလည်း နာမည်ပြောင်များ ပေးထားကြပြီး ထိုအတိုင်းပင် ခေါ်ဝေါ်ပြောဆိုလေ့ ရှိကြသည်။ ရယ်စရာကောင်းသည်မှာ နာမည်ပြောင်များကိုသာ ခေါ်ဆိုလေ့ရှိကြသဖြင့် တစ်ခါတစ်ရံ နာမည်ရင်းများကို မေ့နေလေ့ရှိခြင်းပင်ဖြစ်သည်။ လူကြီးမိဘများနှင့် ပြောဆိုသည့်အချိန်တွင် နာမည်ရင်းများကို အတော်စဉ်းစားပြီးမှ မှတ်မိလေ့ရှိကြပေသည်။ တစ်ယောက်နှင့်တစ်ယောက် ပြောမနာ၊ဆိုမနာ ဆိုးတူကောင်းဖက် အလွန်ချစ်ခင်ကြသော သူငယ်ချင်းများ ဖြစ်ခဲ့ကြပေသည်။ ထိုသူငယ်ချင်းများနှင့် ပတ်သက်သည့် သတိရစရာများမှာ များလှပေသည်။ ပျော်ရွှင်ကြည်နူးစရာ အကြောင်းအရာများပါသလို စိတ်ဆိုးဒေါသထွက်စရာတွေလည်း တစ်ပုံကြီးပါဝင်ပေသည်။ ဤမျှဆိုလျှင် ကျွန်တော်နှင့် သူငယ်ချင်းများ၏ ရင်းနှီးကျွမ်းဝင်မှု အတိုင်းအတာကို ခန့်မှန်းမိလောက်ပေပြီ။

images.jpg
Credit to google image

ပထမဆုံးပြောပြမည် ကြီးတစ်ကြီးမှာ (?)ကြီး ဖြစ်ပါသည်။ (?)မှာ ရေးသားရန် မသင့်တော်သဖြင့် ချန်လှပ်ထားပါသည်။ ကျွန်တော်တို့ သူငယ်ချင်းများထဲတွင် ရယ်စရာအကြောင်းအရာများ အများဆုံးပြောသူဖြစ်ပါသည်။ သူ၏ စိတ်သဘာဝကိုက ပျော်ပျော်နေတတ်သည်။ သူ့ကိုကြည့်လိုက်လျှင် စိတ်ညစ်နေသည်ကို မြင်တွေ့ရခြင်းမရှိဘဲ အမြဲလိုလို ပြုံးပျော်နေတတ်သည်။ အရပ်ပုပု၊ ခပ်တုတ်တုတ်ပုံစံရှိသည်။ ကျွန်တော်တို့အားလုံး၏ စိတ်ညစ်စရာများကို လျော့ပါးသက်သာစေနိုင်သော စွမ်းရည်တစ်ခု သူ့မှာရှိသည်။ လူအများကို ရယ်မောစေရန် လုပ်နိုင်စွမ်းရှိသဖြင့် ယောက်ျားလေးများသာမက မိန်းကလေးများနှင့်ပါ ရင်းနှီးကျွမ်းဝင်သူ ဖြစ်သည်။ သူ့၌ ချို့ယွင်းချက်တစ်ခုသာ ရှိသည်။ ၎င်းမှာ စာနှင့်ပတ်သက်လျှင် ဥာဏ်ရည်နည်းခြင်း ဖြစ်ပေသည်။ သူ့ကို ကျွန်တော်တို့ ကြီးငါးကြီးများမှ တစ်ဘာသာစီ ကူညီစာရှင်းပေးရန် တာဝန်ခွဲဝေခဲ့ကြသည်။ ကျွန်တော်က အင်္ဂလိပ်ဘာသာ တာဝန်ယူခဲ့သည်။ သို့သော် စာရှင်းနေချိန်ပင်လျှင် ရယ်မောနေရသဖြင့် သိပ်ခရီးမရောက်ခဲ့ပေ။ ယခု အသက်အရွယ်ရောက်လာချိန်တွင်မူ သူနှင့် တစ်လတစ်ကြိမ်လောက်သာ တွေ့ဆုံဖြစ်နိုင်တော့သည်။

ဒုတိယ ကြီးတစ်ကြီးမှာ ဗြဲကြီး ဖြစ်ပါသည်။ အသံကျယ်လောင်စွာ ပြောတတ်သူဖြစ်သဖြင့် အာပြဲသူ၊ ဗြဲကြီးဟု ပေးထားခြင်းဖြစ်သည်။ သူသည်လည်း ရယ်စရာများ ပြောတတ်သည်။ သို့သော် အထူးခြားဆုံးမှာ ရယ်လျှင် သံနေသံထားဖြင့်ရယ်ခြင်း ဖြစ်သည်။ ကျွန်တော်တို့ကို အပြောင်အပျက်ရယ်မောပြရာမှ အကျင့်ပါသွားခြင်းဖြစ်သည်။ ထို့အတူ ကျွန်တော်တို့ ကြီးငါးကြီးထဲတွင် တစ်ဦးတည်းသော ဘာသာခြားဖြစ်သည်။ ဘာသာခြားဖြစ်သော်လည်း ကျွန်တော်တို့နှင့် လိုက်လျောညီထွေ နေနိုင်သည်။ တစ်ပတ်တစ်ခါ ဘုရားသွားသည့်အခါတိုင်း သူပါသည်။ ကျွန်တော်တို့ ဘုရားရှိခိုးနေချိန်တွင် သူအပြင်တွင် ရပ်၍စောင့်ပေးသည်။ ဘုရားရင်ပြင် သန့်ရှင်းရေးပြုလုပ်သည့်အခါ တံမြက်စည်းကူလှဲပေးသည်။ ကိုးကွယ်ရာဘာသာ မတူညီခဲ့သော်လည်း အေးချမ်းချစ်ခင်စွာ ပေါင်းစည်းနိုင်ခဲ့ကြသည်။ သူကတော့ ယခုအချိန်တွင် နယ်စပ်မြို့တစ်မြို့တွင် တာဝန်ကျနေသဖြင့် ခြောက်လတစ်ကြိမ်လောက်သာ ဆုံနိုင်တော့သည်။

တတိယ ကြီးတစ်ကြီးအကြောင်း ဆက်ပါဦးမည်။ ၎င်းမှာ ကြောင်ကြီး ဖြစ်ပါသည်။ ကောင်မလေးများနှင့် ပြောဆိုဆက်ဆံသည့်အချိန်တွင် မျက်နှာပြောင်တိုက်၍ အကြောင်နိုင်ဆုံး ဖြစ်သဖြင့် ထိုနာမည် ရခဲ့ခြင်းဖြစ်ပေသည်။

ဆက်လက်ရေးသားပါဦးမည်။

ဖတ်ရှုပေးသည့်အတွက် ကျေးဇူးပါ။

@mgmgkse
MSC-011

Sort:  

ကြောင်ကြီးဖြစ်ရမှာ…မဆိုဘူး ဟီး……

ငါးဘယ်​​လောက်​ကြီးလဲ

😊😊😊

ကြီးငါးကြီး

ကြီးစေဗျား

😷😷😷

အားပေးလျှက်ပါ

good post par bro

ကြီး၆ကြီး​တော့ မန္တ​လေးက နာမည်​ကြီး​ပေါ့ ဆရာ

ဟုတ် သိတယ် ဆရာ

အကြီးကြီးတော်

😱😱😱

ဟုတ်ကဲ့ဆရာ
မျှော်လင့်လျက်ပါ

ကြောင်​ကြီး

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63501.83
ETH 2650.23
USDT 1.00
SBD 2.81