မြူနှင်းကြားမှ ဆောင်းအိပ်မက်(၃)

in #myanmar7 years ago

FB_IMG_1484498227222-picsay.jpg

မြူနှင်းကြားမှ ဆောင်းအိပ်မက်(၃)
❇❇❇❇❇❇❇❇❇❇❇❇❇❇


Credit to google image

ကျွန်တော်တို့နှစ်ယောက် မနွယ်တို့ရွာမှ ပြန်လည်ထွက်ခွာလာသည့် လမ်းတစ်လျှောက်တွင် ထိုနေ့လောက် လှပနေသောရှု့ခင်းမျိုး ရှိတော့မည်မဟုတ်ဟု ထင်ရပေသည်။ မနွယ်၏ နူးညံ့သိမ်မွေ့သောအပြုံး၊ တိုးညင်းသက်သာစွာ ပြောဆိုလေ့ရှိသည့် မနွယ်၏ စကားသံများ၊ သဘောကျစရာရှိလျှင် တခစ်ခစ်ရယ်တတ်သော မနွယ်၏ ရယ်သံလေးများ စသည်ဖြင့် စဉ်းစားတွေးတောမိသည့် အကြောင်းအရာတိုင်းသည် မနွယ်နှင့်ပင် ပတ်သက်နေပေတော့သည်။ ထိုအချိန်က ဆက်သွယ်ရေးကိရိယာ ဖုန်းများ ခေတ်မစားသေးပေ။ အထူးသဖြင့် ကျေးရွာများတွင် ဖုန်းသုံးလေ့မရှိကြပါ။

ထိုနေ့မှစ၍ ကျွန်တော်တို့နှစ်ယောက် ကျောင်းသွားတက်သည့် မနက်ခင်းပိုင်းအချိန်တွင်သာမက၊ ကျောင်းဆင်းပြန်လာသည့် နေ့လည်ခင်းပိုင်းတွင်ပါ မနွယ်တို့၏ရွာသို့ ဝင်ရောက်ကြသည်။ မနွယ်တို့အိမ်တွင် ခရီးတစ်ထောက်နားသည်။ မနွယ်တို့အိမ်မှာလည်း ကုန်စုံဆိုင် ဖွင့်ထားသဖြင့် မနွယ်မှာ သူမ၏အိမ်တွင် အမြဲလိုလို ရှိနေတတ်သည်။ မနွယ်ကလည်း ကျွန်တော်တို့လာသည့်အချိန်တိုင်း ရင်းနှီးခင်မင်စွာဖြင့် ပြောဆိုဆက်ဆံသည်။ ကျွန်တော်တို့ လာရသည့် အဓိကအကြောင်းအရင်းမှာလည်း မနွယ်နှင့် စကားပြောဖို့ရန် ဖြစ်သဖြင့် အဆင်ပြေလှသည်။ တစ်ခါတစ်ရံ သူမ၏ဆိုင်တွင် ဈေးဝယ်ကျလာသည့် အချိန်များတွင် ဈေးကူရောင်းပေးကြသည်။ ဈေးမရောင်းတတ်သည့်သူများ ဖြစ်သဖြင့် အလွဲလွဲ၊အချော်ချော် ဖြစ်သည့်အခါတိုင်း မနွယ်မှာ တခစ်ခစ်နှင့် ရယ်လေ့ရှိသည်။

ကျွန်တော်တို့ မနွယ်တို့အိမ်ကို အကြောင်းမရှိ၊ အကြောင်းရှာ၍ ဝင်ထွက်သွားလာနေသည်မှာ တစ်ပတ်လောက်ပင် ရှိခဲ့ပေပြီ။ ကျောင်းပိတ်သည့် နေ့များတွင်လည်း တကူးတကသွားကြသဖြင့် မနွယ်နှင့်သာမက၊ သူမ၏မိသားစုဝင်များနှင့်ပါ ရင်းနှီးကျွမ်းဝင်ခဲ့သည်။ မနွယ်တွင် မောင်တစ်ယောက်သာ ရှိပေသည်။ သို့သော် အစ်ကိုဝမ်းကွဲ၊ အစ်မဝမ်းကွဲများမှာ များလှသည်။ အိမ်ဝိုင်းတစ်ဝိုင်းထဲတွင် မိသားစု သုံးလေးခု စုပေါင်း၍ နေကြခြင်းဖြစ်သည်။ ကျေးရွာအိမ်ဖြစ်သဖြင့်လည်း အိမ်ဝိုင်းမှာ အတော်ကျယ်ပေသည်။ မြို့သို့ ဈေးသွားဝယ်ကြသည်မှာ အစ်ကိုဝမ်းကွဲ၊ အစ်မဝမ်းကွဲများက အဓိကဝယ်ကြသည်။ သူတို့မအားသည့်အချိန်များတွင်မှ မနွယ်ဝယ်ရခြင်းဖြစ်သည်။ ဈေးဝယ်ထွက်လျှင် ဆိုင်ကယ်နှင့်သွားရခြင်းဖြစ်သဖြင့် မနွယ်အတွက် မိသားစုများက စိတ်မချကြပေ။ ငယ်စဉ် ဆိုင်ကယ်စီးတတ်ခါစကလည်း ဆိုင်ကယ်တစ်ခါလဲဖူးသည်ဟု ပြောကြသည်။


Credit to google image

မနွယ်နှင့် စကားပြောသည့်အခါတိုင်း ဆိုင်ကယ်ကို ဖြည်းဖြည်းမောင်းရန် ကျွန်တော်တို့ ပြောကြသည်။ ထိုသို့ပြောလျှင် မနွယ်က မည်သို့မှ ပြန်ပြောလေ့မရှိဘဲ အပြုံးလေးတစ်ခုနှင့် ခေါင်းညိတ်ပြလေ့ရှိသည်။ ထိုသို့သော မနွယ်၏ အကျင့်တစ်ခုကြောင့် မကြာမီအချိန်များတွင် မျှော်လင့်မထားသည့် အဖြစ်အပျက်တစ်ခု ဖြစ်လာပါတော့သည်။

နိုဝင်ဘာလ၏ ရက်တစ်ရက်။ မနွယ်တို့နှင့် ကျွန်တော်တို့ ရင်းနှီးကျွမ်းဝင်၊ ပတ်သက်ခဲ့ရသည့် (၁၁)ရက်မြောက်နေ့။ ထိုနေ့ကား မနွယ်နှင့် သူမ၏မိသားစုများအတွက် ဝမ်းနည်းကြေကွဲဖွယ်ရာ နေ့တစ်နေ့ ဖြစ်ခဲ့ရပေသည်။ မနက်ခင်း ကျောင်းသွားသည့်အချိန် ကျွန်တော်တို့နှစ်ယောက် မနွယ်တို့အိမ်ကို ဝင်ရောက်ကြသည့်အခါ မနွယ်မှာ အိမ်တွင် ရှိမနေခဲ့ပေ။ အခြားသူများ မအားသဖြင့် မြို့သို့ ဈေးဝယ်ထွက်သွားခြင်း ဖြစ်သည်။ မနွယ်မရှိသဖြင့် ကျွန်တော်တို့လည်း ခဏတဖြုတ်သာ စကားပြောဖြစ်ကြပြီး ကျောင်းသို့ ဆက်သွားကြသည်။ အပြန်ကျမှ ဝင်ခဲ့မည်ဟုပြော၍ ကျောင်းသို့ဆက်သွားကြသည်။ ကျောင်းသို့သွားသည့်လမ်းတွင် ယာဉ်မတော်တဆဖြစ်မှုတစ်ခု ဖြစ်နေသည်ကို တွေ့ရသဖြင့် မနွယ်အတွက် နှစ်ယောက်သား စိုးရိမ်စိတ်ဖြစ်ခဲ့ရသေးသည်။ ထိုနေ့က စာသင်နေရသော်လည်း စိတ်ကသိပ်မပါခဲ့ပါ။ နေ့လည်ခင်းတစ်ချိန်မတက်ဘဲ စော၍ပြန်ကြရန် ဆုံးဖြတ်လိုက်ကြသည်။

မနွယ်တို့ရွာဘက်သို့ လမ်းမှကြီးပေါ်မှ ချိုးကွေ့လိုက်သည့်အချိန်တွင် ကျွန်တော်တို့နှစ်ယောက် စီးလာသည့်ဆိုင်ကယ်မှာ တစ်စုံတစ်ဦးမှ လှုပ်ခါရမ်းလိုက်သလို ဖြစ်သွားသဖြင့် နှစ်ယောက်သား ဆိုင်ကယ်မလဲအောင် အတော်ထိန်းလိုက်ရပေသည်။ နှစ်ဦးစလုံး၏ စိတ်ထဲတွင်လည်း မည်သို့သော အကြောင်းရယ်မသိဘဲ စိုးရိမ်စိတ်များ ဖြစ်ပေါ်လာသလို ခံစားရလာသည်။ အချိန်မဆိုင်းဘဲ ရွာဖက်သို့ ခပ်သွက်သွက် ဆက်မောင်းသွားကြသည်။

ဆက်လက်ရေးသားပါဦးမည်။

ဖတ်ရှုပေးသည့်အတွက် ကျေးဇူးပါ။

@mgmgkse
MSC-011

Sort:  

အလွန်အေးတဲ့ ရာသီ အလွန်ချမ်းတဲ့ ရာသီ မောင်တစ်ရွာ မယ်တစ်မြို့တော့ နေလို့လည်းဖြင့် မဖြစ်နိုင်ပါသည်

သတိ သီချင်းလာမဆိုရ😷😷

အကိုဆရာကလည်း အရှိန်ရပီဆို အဲ့လိုပဲ တန်းလန်းကြီးဖြစ် 😂😂😂
ဒီမှာရင်တွေခုန်နေပြီနောာာ...😂😂😂

အမှန်က ဇာတ်သိမ်းဆိုပြီး ရေးလိုက်တာပါ။ ဒါပေမယ့် လက်ကသစ္စာဖောက်သွားတယ်ဗျ။ ဆွဲဆန့်လိုက်သလို ဖြစ်သွားတယ်။ တောင်းပန်ပါတယ်ဗျာ။ နောက်တစ်ပိုင်းဆို ပြီးပါပြီ။ စကားမစပ် ဆန့်တငင်ငင် အရသာလေးက ဘယ်လိုလဲဟင်။ ဟီး စ,တာပါနော်။

ဟီး အဲ့ဒီအရသာကလည်း တစ်မျိုးလေးပဲ
ဒါပေမယ့်
ခုလိုဆိုတော့လည်း ရသနှစ်မျိုးဖြစ်သွားတာပေါ့
😇😇😂

သစ္စာဖေါက်တဲ့လက် "ဓမတုန်း" နဲ့ခုတ်ပစ်ဗျာ။

😱😱 မီလုပ်ပါနဲ့ ဆာရယ်

He He 😂😂😂😇😇👏👏👏

Resteemed your article. This article was resteemed because you are part of the New Steemians project. You can learn more about it here: https://steemit.com/introduceyourself/@gaman/new-steemians-project-launch

ဟန်​ဖုန်းမရှိချိန်​ဆို​တော့ ကိုယ်​တိုင်​သွား​တွေ့ရ​တော့
မျက်​နှာ​လေးကြည့်​စကား​ပြောရတာာ​ပေါ့

သိနေတယ်နော် အဝေအတည့်လို့ကောင်မလေးကိုလုပ်ကြံတော့မယ်၊ ကြိုတင်ကြံစည်မှုနဲ့တရားစွဲပစ်ဦးမယ်။

ရှူး တိုးတိုး ဆရာ

ရွာ​ရောက်​ရင်​ဘယ်​လိုကြုံ​တွေ့ရမလဲမသိ....waiting Sayar

စောင့်​​မျှော်​​နေတယ်​ ဆရာ

တကယ် ဖြတ်ရတာအကျိုးရှိပါတယ်

ဘာတွေ ဖြတ်နေတာတုန်း😱😱

လူကိုယ်တိုင်သွားရတဲ့ခေတ်ကာလမို့ပေါ့အပင်ပန်းခံရတယ်နော်ဆာမောင်း

ဇောလေ ဆာ။ ဘာဇောလဲတော့ သိပူး။

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62956.16
ETH 2588.54
USDT 1.00
SBD 2.74