ဆရာတစ်ယောက် နဲ့ ပရလောက(၁၀)

in #myanmar7 years ago

FB_IMG_1484498227222-picsay.jpg

ဆရာတစ်ယောက် နဲ့ ပရလောက(၁၀)
❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇

4feb4ec9a779168870b93bc1ae22ddf6.jpg
Credit to google image

မိန်းကလေးငယ်လေးဟာ အမှန်တကယ်ပဲ ပရလောကသားဖြစ်နေတဲ့ ကျောင်းသူလေးများလား။

ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ တစ်စုံတစ်ခုကို လုပ်ဆောင်ကြည့်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီ မိန်းကလေးငယ်လေးကို စိတ်ထဲကနေ တွေးလိုက်ပြီး အကူအညီတောင်းတာဆိုရင်တော့ အတတ်နိုင်ဆုံးကူညီပေးပါ့မယ်လို့ စိတ်ထဲကနေပြောလိုက်ပါတယ်။ ပြီးတော့ ကျွန်တော် ဆက်ပြောလိုက်ပါတယ်။ အခုလောလောဆယ်တော့ နင်က ငါ့ကို ဆိုင်ကယ်လေးစက်နိုးသွားအောင် ကူညီပေးပါဦးပေါ့။ စိတ်ထဲကနေပြောလိုက်တာ သူကြား,မကြားတော့ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် ဒီနေရာမှာ ကျွန်တော်ဆက်ရှိမနေသင့်တော့ဘူးလို့ တွေးမိလိုက်ပါတယ်။ တော်ကြာ တကယ့်အထိတ်တလန့်ဖြစ်စရာတွေ ဖြစ်လာမှာလည်း စိုးရိမ်မိခဲ့ပါတယ်။

11x14 - 2-1 (Medium).jpg
Credit to google image

ကျွန်တော် ဆိုင်ကယ်ရှိတဲ့နေရာကို ပြန်သွားပါတယ်။ လက်ထဲမှာလည်း ဝါးတုတ်ကြီးတစ်ဖက်၊ ဓာတ်မီးကတစ်ဖက်နဲ့ပါ။ ဓာတ်မီးကို တခြားလက်တဖက်ထဲ ပြောင်းကိုင်လိုက်ပြီး ဆိုင်ကယ်ပေါ်တက်ခွလိုက်ပါတယ်။ ဘုရားသိကြားမ,လို့ ဆိုင်ကယ်လေး စက်ပြန်နိုးပါစေ ဆုတောင်းပြီး ဆိုင်ကယ်သော့ကို လှည့်ဖွင့်လိုက်ပါတယ်။ ဘုရားစာက ခုမှ စ,ရွတ်လိုက်မိတာပါ။ ပထမတစ်ချက်ဖွင့်လိုက်တော့ ဒိုင်ခွက်မီးလင်းမလာပါဘူး။ သောတံလေးကို နည်းနည်းကစားပေးလိုက်ပါတယ်။ ကံကောင်းတာလား၊ တိုက်ဆိုင်သွားတာလားမသိ၊ ဒိုင်ခွက်မီးလင်းလာပါတယ်။ မျှော်လင့်မထားဘဲ လင်းလာတော့ ရင်တောင်ဒိတ်ခနဲခုန်သွားပြီး ပျော်သွားသလိုတောင် ခံစားမိပါတယ်။

ရှေ့မီးဖွင့်ကြည့်လိုက်ပါတယ်။ အိုကေပါပဲ၊ ရှေ့မီးလည်းလင်းလာပါပြီ။ ဒါဆိုရင် စက်နှိုးလို့တော့ရပြီ။ ရှေ့မီးကိုပြန်ပိတ်ပြီး ဆိုင်ကယ် start ခလုတ်ကို အသာလေး နှိပ်ကြည့်လိုက်ပါတယ်။ အိုး..အရပ်ပြော,ပြောရရင် ဒေါက်ဝှီးပါပဲ။ ချက်ချင်း တန်းပြီးတော့ စက်နိုးလာပါတယ်။ ကလေးတစ်ယောက်လို ပျော်ရွှင်မှုနဲ့ ရက်စ်လို့ အော်လိုက်မိပါတယ်။ ရှေ့မီးကို ပြန်ဖွင့်၊ ဓာတ်မီးကိုပိတ်ပြီး ဆိုင်ကယ်မှာ ပြန်ညှပ်လိုက်ပါတယ်။ ဝါးတုတ်ကတော့ လက်တစ်ဖက်မှာ ကိုင်ထားဆဲပါ။ ဂီယာထည့်ပြီး ဆိုင်ကယ်မောင်းထွက်တော့မယ့်အချိန်မှာ တစ်စုံတစ်ခုကို ကျွန်တော် သတိရလိုက်ပါတယ်။ ဟုတ်ကဲ့၊ ပရလောက ကျောင်းသူလေးကိုပါ။ အခုလို အဆင်ပြေပြေဖြစ်သွားတာ ကံကောင်းထောက်မ,တာဖြစ်နိုင်သလို သူ့ရဲ့ကူညီပေးမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။

Lady-Of-Fort-Phantom-1.jpg
Credit to google image

ဒါကြောင့် နောက်ဖက်ကိုလှည့်ကြည့်ပြီး အခုလို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း၊ ပြန်လည်ကူညီပေးနိုင်ဖို့ ကြိုးစားပေးပါ့မယ်ဆိုပြီး ပါးစပ်ကနေ တိုးတိုးလေး ပြောလိုက်မိပါတယ်။ ပြီတော့ ဆိုင်ကယ်ကို ဖြည်းဖြည်းချင်းမောင်းထွက်ခဲ့ပါတယ်။ လမ်းတွေကချော်နေတော့ အမြန်မောင်းလို့လည်း မရပါ။ တဖြည်းဖြည်းချင်းနဲ့ ကန်ဘောင်ပေါ်ကနေဆင်းပြီး တောင်ဖက်ရွာထဲဝင်လိုက်မိတော့မှပဲ သက်ပြင်းချပြီး အသက်ဝဝရှူမိပါတော့တယ်။ ဆိုင်ကယ်ကို မောင်းသာလာတယ်၊ တစ်စုံတစ်ရာကြောင့် စက်ပြန်ဖောက်သွားမှာကိုလည်း စိုးရိမ်နေခဲ့ရလို့ပါ။

lake_ness_2_by_eternity_ghost_girl-d48fbc5.jpg
Credit to google image

တောင်ဖက်ရွာထဲရောက်တော့ ကန်ဘောင်လမ်းလောက် သိပ်မဆိုးတာကြောင့် နည်းနည်းအမြန်မောင်းလို့ ရပါတယ်။ ကျွန်တော်နေတဲ့အိမ်ကိုလည်း ရောက်ပါပြီ။ အရင်ရက်တွေတုန်းကတော့ ဘုရားကို ဦးသုံးကြိမ်ချပြီး ကျွန်တော် တန်းအိပ်တာပါ။ ဒီနေ့ညတော့ ခုနက ကျောင်းသူလေးကို မျက်စိထဲမြင်ယောင်နေသေးတော့ ဘုရားစာတွေ အတော်များများ ရွတ်ဖတ်ပူဇော်ပြီး၊ ကျောင်းသူလေးကိုပါထည့်ပြီး အမျှပေးဝေပြီးမှ အိက်ဖြစ်ပါတယ်။ နောက်နေ့တွေကျရင် အဲဒီ ပရလောကကျောင်းသူလေးနဲ့ ပတ်သက်ပြီး စုံစမ်းမှုတွေ ကျွန်တော်လုပ်ဆောင်ရပါဦးမယ်။

ကျောင်းသူလေးနဲ့ ပတ်သက်ပြီး ကျွန်တော် ဘာတွေ သိခဲ့ရပါသလဲ...

ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးပါ။

@mgmgkse

Sort:  

ပြီးသွားရင် ၀တ္ထုစာအုပ်ထုတ်ပါ ဆြာ

ငှယ် မြှောက်ပေးနေတယ်

ဟုတ်တယ် ထုတ်သင့်တယ် ဗျ

စပွန်ဆာ နီပေးမှာလား

တော်သေးတာပေါ့ ကြောက်စရာပြူးတူးပြဲတဲပုံစံတွေ လုပ်မပြလို့ ဖတ်ရတဲ့သူလည်း စိတ်သက်သာရပါတယ်။

မြင်ချင်ရင် လိုက်ပြပေးမေ လာခက်

မလုပ်ပါနဲ့ ကြောက်ပါတယ်။

ဖတ်pးp

ကျေးကျေး

ဆရာ အတော်ကောင်းတယ်..ဖြစ်ရပ်မှန် မဂ္ဂဇင်းမှာ ပို့သင့်တယ်..😊

ထပ်ဆက်ရန်မရှိတော့ဘူးလားအကိုရေ အရမ်းစိတ်ဝင်စားစရာကောင်းလို့ပါ

ဇာတ်သိမ်းပိုင်း တင်ပြီးပါပြီ

ဆရာ့ဟာ တိုလိုက်တာ နဲနဲလောက်ရှည်အောင်ဆွဲလိုက်ပါအုံးလားဆာမောင်းရယ်
ဖတ်ရတာ အသက်ထွက်ခါနီး လူနာလိုဖစ်နေပီ ဆန့်ငင် ဆန့်ငင်
ရေးချင်တာ ရေးချလိုက်ပီးရော တရဲ တရဲ တရဲ လို့သုံးခါလောက် တစ်ကြောင်းစီးခြားအော်ပလိုက်ပီးရော အဟဲ ရှည်ရှည်လေး ရှည်ရှည်လေး ရေးတဲ့သူ ရှည်မရှည်တော့မသိဘူး ဖတ်တဲ့သူတွေတော့ရှည်ကုန်ပီ(လည်ပင်း)ဟီး

ချို့က ရှည်ထာကြိုက်ကြပု နီဂ ရှည်တာကြိုက်ထှာလား

ရှည်ရှည်မှ feelချိတာချိုလားဘဲ

စာမူခလေးထုတ်ပြီးရင်
ကျွန်တော်တို့ကို တစ်ခုခုဝယ်ကျွေးရမှာနော့😁😁

Coin Marketplace

STEEM 0.17
TRX 0.14
JST 0.028
BTC 58083.18
ETH 2578.52
USDT 1.00
SBD 2.42