ငယ်ရွယ်စဉ် အိပ်မက်တစ်ခု(၂)

in #myanmar7 years ago

FB_IMG_1484498227222-picsay.jpg

ငယ်ရွယ်စဉ် အိပ်မက်တစ်ခု(၂)
❇❇❇❇❇❇❇❇❇❇❇❇❇

12-lucid-dream.w710.h473.2x.jpg
Credit to google image

တဲလေးအတွင်းသို့ ရောက်ရှိသွားသောအခါ ဘာတွေဆက်ဖြစ်လာပါသလဲ။

တဲလေးအတွင်တွင်လည်း တစ်စုံတစ်ယောက်မျှ ရှိမနေပေ။ သို့သော် ကျောင်းသားများ ထိုင်လေ့ရှိသည့် ခုံတန်းရှည်လေးတစ်ခု ရှိနေသည်။ တဲလေး၏ အပြင်ဘက်မှ လှုပ်ရှားမှု တစ်စုံတစ်ခုကို မြင်ခဲ့ရပြီး ယခု ဘာမှမမြင်တွေ့ရသောအခါ ကျွန်တော် ဇဝေဇဝါဖြစ်သွားသည်။ သို့ဖြစ်၍ ခုံတန်းရှည်လေးပေါ် ထိုင်၍ တဲလေးအတွင်း လိုက်လံကြည့်ရှုနေမိသည်။ ထိုသို့ ကျွန်တော်နှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသော ပတ်ဝန်းကျင်ကို ကြည့်နေစဉ်အတွင်း ယခုဖြစ်ရပ်မှာ အမှန်တကယ်မဟုတ်ဘဲ အိပ်မက်,မက်နေခြင်းသာဖြစ်ကြောင်း အသိဝင်လာသည်။

အိပ်မက်,မက်နေသည်ဟု သိလိုက်ရသည်နှင့် အိပ်မက်မှ နိုးလာစေရန် ကျွန်တော် ကြိုးစားသည်။ သို့သော် မည်သို့လုပ်ဆောင်ရမည်ကို ကျွန်တော် မသိပါ။ ထို့နောက် တစ်စုံတစ်ခု လုပ်ဆောင်ရန် မတ်တပ်ရပ်လိုက်သည်။ ထိုအချိန်တွင် ကျွန်တော့်နှာခေါင်းထဲသို့ စူးရှပြင်းထန်သော အနံ့အသက်တစ်ခု ဝင်ရောက်လာသည်။ စာဖတ်သူများရော မည့်သည့်အနံ့ဖြစ်မည်ဟု ထင်ပါသနည်း။

ဟုတ်ကဲ့၊ အပုပ်နံ့မဟုတ်ပါ ခင်ဗျာ။ ရေအိုင်၊ရေကန်အနီးအနားတွင် ရှိနေစဉ် ရှုရှိုက်ရသည့် ရေနံ့(ရေ၏အနံ့အသက်) ဖြစ်ပါသည်။ သို့သော် ပုံမှန်ရေနံ့မျိုး မဟုတ်ဘဲ မကောင်းသည့်အဓိပ္ပါယ်ဆောင်နေသည်ဟု ခံစားနေရသည်။ တစ်စုံတစ်ခုဖြစ်လာတော့မည်ဟုလည်း သိနေသလိုပင်။ သို့ဖြင့် ထိုနေရာမှ ထွက်ခွာသွားဖို့ရန် ပြင်လိုက်လေတော့သည်။ သို့သော် ကျွန်တော် ခြေလှမ်း နှစ်လှမ်း၊သုံးလှမ်းလောက် လျှောက်သွားစဉ်အတွင်း ကျွန်တော့်ပုခုံးပေါ်တွင် အေးခနဲ ဖြစ်သွားသည်။

ပုခုံးပေါ် ကျွန်တော်ကြည့်လိုက်သောအခါ ရေစက်ကျခြင်းမျိုး ဖြစ်နေသည်။ ထို့ကြောင့် အပေါ်သို့ ကျွန်တော် မော့ကြည့်လိုက်သည်။ မော့ကြည့်လိုက်စဉ် နောက်ထပ်ရေစက် နှစ်ခု၊သုံးခု ထပ်မံကျလာပြီး ပုခုံးပေါ်အပြင် ရင်ဘတ်ပေါ်ပါ အေးစက်သွားသည်။ ကျွန်တော်၏ ရင်ထဲတွင်လည်း စိုးရွံ့ထိတ်လန့်သည့် ခံစားမှုများ စ,တင်ဖြစ်ပေါ်လာပေသည်။ ယခုနေရာမှာ ကျွန်တော် အမြန်ထွက်ခွာမှ ဖြစ်ပေတော့မည်။

ထိုစဉ်အချိန်မှာပင် ကျွန်တော့်၏နောက်ကျာဘက်တွင် အေးခနဲ ခံစားလိုက်ရသည်။ ထို့အတူ ကျွန်တော့်ပုခုံးတစ်ဖက် တစ်စုံတစ်ယောက်၏ တစ်ဖက်သို့ ဆွဲလှည့်ခြင်းခံလိုက်ရသည်။ ကျွန်တော့်ရင်ထဲတွင် ဟာခနဲဖြစ်သွားသည်။ အလန့်တကြားဖြင့် ဆွဲမိဆွဲရာ ကျွန်တော် လှမ်းဆွဲလိုက်သည်။ ထိုအခါ ကျွန်တော့်လက်ထဲတွင် လူတစ်ယောက်၏ လက်မောင်းကဲ့သို့ အရာတစ်ခုကို ဆုပ်ကိုင်မိသွားသည်။ သို့သော် ထိုအရာမှာ အတော်လေးကို ချွဲကျိကျိ၊ ပျော့စိစိ ဖြစ်နေသည်။ ရေနံ့များလည်း ရှုရှိုက်မိနေသလို ရေထဲတွင် အတော်ကြာအောင်ရှိနေသည့် အရာတစ်ခုကို ဆုပ်ကိုင်ထားမိသလို ခံစားနေရသည်။

enhanced-28040-1443213088-2.jpg
Credit to google image

ထိုအရာတစ်ခုမှာ ကျွန်တော့်ပုခုံးကို မလွှတ်သလို၊ ကျွန်တော်ကလည်း ထို အေးစက်စက်၊ ပျော့စိစိအရာကြီးကို မလွှတ်ဘဲ အားကုန် ရုန်းကန်နေမိသည်။ ထိုအရာမှာ မည်သည့်အရာ၊ မည်သည့်ပုံသဏ္ဍာန်ဖြစ်သည်ကို ကျွန်တော် သတိမထားမိသေးပါဘူး။ ထို့နောက် ထိုအရာကြီးက ကျွန်တော့်ပုခုံးကို ဆောင့်တွန်းလိုက်၍ ကျွန်တော် ဖင်ထိုင်လျက် လဲကျသွားသည်။ ထိုအရာကြီးမှ ရေစက်များလည်း ကျွန်တော့်အပေါ် တစ်စက်စက်ကျနေပေသည်။ ကျွန်တော့်မျက်နှာအနီးသို့ ထိုအရာကြီး၏ မျက်နှာကြီးဟု ယူဆရသည့် အရာတစ်ခု နီးကပ်လာသည်။ ထိုမျက်နှာဟု ယူဆရသည့်အရာကြီးမှာ မည်သည့်ပုံသဏ္ဍာန်ဟု ပြောဖို့ရန် အတော်ခက်ပါသည်။ မျက်လုံး၊နှာခေါင်းများလည်း မပါပေ။ သို့သော် ပါးစပ်ပေါက်ဟု ယူဆရသည့် အက်ကွဲကြောင်း သုံးလေးခု ပါသည်။ ၎င်းအက်ကွဲကြောင်းများမှနေ၍ ရေများ စီးကျနေပေသည်။

ကျွန်တော် ကြောက်အားလန့်အားဖြင့် အသံကုန်အော်ဟစ်လိုက်မိသည်။ ထိုအခါ ထိုအရာကြီးမှ ရေစက်များ ကျွန်တော့်ပါးစပ်အတွင်းသို့ ကျဆင်းလာပေတော့သည်။ စိမ်းရွှေရွှေ၊ ဖန်တွတွ အရသာမျိုး ခံစားမိလိုက်သည်။ ၎င်းရေများကို ထွေးထုတ်လိုက်သည်။ ဘုရားစာရွတ်ဆိုရန် သတိရမိလိုက်သဖြင့် သမ္ဗုဒ္ဓေဂါထာတော်မြတ်ကို ရွတ်ဆိုရန် ကြိုးစားလိုက်သည်။ သို့သော် ကြောက်ရွံ့တုန်လှုပ်မှုများနေသဖြင့် သမ္ဗုဒ္ဓေတစ်လုံးတည်းသာ မှတ်မိတော့ပြီး ရှေ့ဆက်ရွတ်ဆို၍ မရတော့ပေ။ ထိုအရာကြီးလက်ထဲမှ ရုန်းမရသဖြင့် ကျွန်တော် ဒုက္ခရောက်ပေတော့မည်။

ထိုအချိန်၌ပင် ကျွန်တော့်အမေက ကျွန်တော့်ကို လှုပ်နှိုးလိုက်ပါသည်။ ကျွန်တော့်တစ်ကိုယ်လုံးလည်း ချွေးများရွှဲနစ်နေပါသည်။ အနည်းငယ်တုန်လှုပ်နေသော ကျွန်တော့်ခန္ဓာကိုယ်ကို အမေက သဘောပေါက်စွာဖြင့် ပွေ့ဖက်ထားရင်း ဘာမှမဖြစ်ကြောင်း နှစ်သိမ့်ပေးသည်။ အမေ့၏ အားပေးမှုကြောင့် ခဏအကြာ ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့ပေသည်။

နိဂုံးချုပ်ပါတော့မည်။ မိဘများအနေဖြင့် မိမိတို့၏ သားသမီးများ နေမကောင်းဖြစ်နေသည့်အချိန်တွင် ကလေးအိပ်နေသည်ဟု ယူဆ၍ တစ်ယောက်တည်း ပစ်မထားဘဲ ကလေးငယ်များ၏ ခန္ဓာကိုယ်အတွက်သာမက စိတ်ဝိညာဉ်အတွက်ပါ ရည်ရွယ်၍ ကလေးငယ်များ၏အနီးတွင် ဗုဒ္ဓ၏တရားတော်မြတ်များကို ရွတ်ဖတ်ပူဇော်ပေးသင့်ပါကြောင်းပါခင်ဗျာ။

👉 ကိုယ်တွေ့အချို့နှင့် ဖန်တီးမှုများ ပေါင်းစပ်ရေးသားပါသည်။

ဖတ်ရှုပေးသည့်အတွက် ကျေးဇူးပါ။

@mgmgkse
MSC-011

Sort:  

@minnowpond1 has voted on behalf of @minnowpond. If you would like to recieve upvotes from minnowponds team on all your posts, simply FOLLOW @minnowpond.

        To receive an upvote send 0.25 SBD to @minnowpond with your posts url as the memo
        To receive an reSteem send 0.75 SBD to @minnowpond with your posts url as the memo
        To receive an upvote and a reSteem send 1.00SBD to @minnowpond with your posts url as the memo

ဟုတ်ကဲ့ ပါ

ကြောင်းဆရာကြီး

😱😱😱

အိမ်​မက်​ဆိုတာ လူတိုင်းမှာရှိပါတယ်​ ကြီးလာရင်​ဘာဖြစ်​ချင်​တယ်​ ညာဖြစ်​တယ်​​ပေါ့

Good Writing and nice Post!

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 64572.94
ETH 2630.79
USDT 1.00
SBD 2.82