ကျွန်တော် နှင့် ကြီးငါးကြီး(၂)

in #myanmar7 years ago (edited)

FB_IMG_1484498227222-picsay.jpg

ကျွန်တော် နှင့် ကြီးငါးကြီး(၂)
❇❇❇❇❇❇❇❇❇❇❇❇

15c4da03bc524af9b91ee676519b12b1--logos-friends-tv-show.jpg
Credit to google image

တတိယ ကြီးတစ်ကြီးအကြောင်း ဆက်ပါဦးမည်။ ၎င်းမှာ ကြောင်ကြီး ဖြစ်ပါသည်။ ကောင်မလေးများနှင့် ပြောဆိုဆက်ဆံသည့်အချိန်တွင် မျက်နှာပြောင်တိုက်၍ အကြောင်နိုင်ဆုံး ဖြစ်သဖြင့် ထိုနာမည် ရခဲ့ခြင်းဖြစ်ပေသည်။ သို့သော် ထိုကြောင်ကြီးမှာ ကြီးငါးကြီးထဲတွင် ဥာဏ်အကောင်းဆုံး ဖြစ်ပါသည်။ စာကျက်ရာတွင် ခဏအတွင်း ရအောင်ကျက်နိုင်သလို၊ တွက်ချက်စဉ်းစားမှု အပိုင်းတွင်လည်း မည်သူမျှ သူ့ကို မမှီပေ။ သို့ရာတွင် မိန်းကလေးကိစ္စများနှင့် အမြဲလိုလို အလုပ်ရှုပ်နေသဖြင့် အတန်းထဲတွင် အဆင့်ကောင်းကောင်း ရလေ့မရှိပေ။ သူ့တွင် ညီအစ်ကိုမောင်နှမ တစ်ကျိပ်ရှိသဖြင့် သူ့အိမ်တွင် ကျွန်တော်တို့အဖွဲ့ ဓာတ်ကျလေ့မရှိပါ။ သူမိဘများမှာလည်း ကလေးများကို နိုင်နင်းစွာ ထိန်းကြောင်းနိုင်ခြင်း မရှိသဖြင့် ကြောင်ကြီးမှာ နောင်အခါတွင် ပျက်ဆီးမှုလမ်းကြောင်းပေါ်သို့ ရောက်ရှိသွားပေတော့သည်။ သူသည် ကျွန်တော်တို့အဖွဲ့ထဲတွင် အိမ်ထောင် အစောဆုံးကျသွားသည်။ သို့သော် အိမ်ထောင်ရေး အဆင်မပြေကြပါ။ နောက်ဆုံး ထွက်ပေါက်တစ်ခုအနေဖြင့် အရက်သောက်ရာမှ အရက်စွဲသည့်အဆင့် ရောက်ရှိခဲ့သည်။

နောက်ပိုင်းတွင် အရက်အလွန်အကျွံသောက်သဖြင့် အရက်ကြောင်,ကြောင်သွားခဲ့သည်။ အင်္ကျီချွတ်၊ ပုဆိုးခါးတောင်းကျိုက်၍ လမ်းမတွေပေါ် လျှောက်သွားသည်။ တစ်ခါတစ်ရံ လမ်းထောင့်များတွင် တစ်စုံတစ်ခုကို ချောင်းမြောင်းလျက်ရှိသည်။ ဘာချောင်းနေသလဲဟု မေးလျှင် လေဆာရောင်ခြည်သေနတ်နှင့် လူတစ်ယောက်ကို တွေ့လိုက်ရ၍ ဖမ်းဆီးရန် စောင့်နေသည်ဟု ပြန်ဖြေသည်။ မြင်ရ၊ ကြားရသည်မှာ စိတ်မချမ်းသာသဖြင့် ဝိုင်းဝန်းဖမ်းချုပ်၍ ဆေးရုံသို့ ပို့ဆောင်ပေးကြသည်။ ဆေးရုံတွင် နှစ်ပတ်ခန့် ကုသမှုခံယူသည်။ ခတ္တခဏတော့ အရက်ပြတ်သွားသဖြင့် ပုံမှန်ပြန်ဖြစ်လာသည်။ သို့သော် ပြန်၍သောက်သဖြင့် ပြန်ဖြစ်ပြန်သည်။ ဒုတိယအကြိမ် ဆေးရုံပို့ပေးကြပြန်သည်။ ယခုတော့ အရက်ပြတ်သွား၍ ပုံမှန်ပြန်ဖြစ်လာပြန်သည်။ တတိယအကြိမ်ဆိုလျှင် သူ့အတွက် အခြေအနေမကောင်းနိုင်တော့။ ကျွန်တော်တို့ သူငယ်ချင်းများက မကြာခဏ သူ့ဆီသွားရောက်၍ အရက်ပြန်မသောက်ရန် ဝိုင်းဝန်းပြောဆိုပေးနေရသည်။

စတုတ္ထ ကြီးတစ်ကြီးမှာ ကျွဲကြီး ဖြစ်ပေသည်။ ကျွန်တော်တို့ အဖွဲ့ထဲတွင် အားအကောင်းဆုံး၊ အသန်မာဆုံး ဖြစ်သဖြင့် ထိုနာမည်ရခဲ့ပေသည်။ ၎င်းတို့ မိသားစုမှာ အခြားအရပ်ဒေသတစ်ခုမှ ကျွန်တော်တို့ မြို့ဆီသို့ ပြောင်းရွှေ့နေထိုင်ကြခြင်း ဖြစ်သည်။ အိမ်ငှါးဖြင့် နေထိုင်ကြ၍ စီပွားရေးလုပ်ငန်းအနေဖြင့် အုန်းသီးများ ရောင်းချသည့်လုပ်ငန်းကို လုပ်ကိုင်ကြသည်။ ညနေ ကျောင်းဆင်းချိန်များတွင် ကျွန်တော်တို့ စုပေါင်း၍ သူတို့ဆိုင်ကို ဆိုင်ကူသိမ်းပေးကြသည်။ ပြီးမှ အားကစားတစ်ခု ကစားလေ့ရှိကြသည်။ ကျွဲကြီးမှာ ဥာဏ်ရည်မကောင်းသဖြင့် ဆယ်တန်း မအောင်ခဲ့ပါ။ သူသည်လည်း အရက်သမားဘဝ ရောက်ခဲ့ရသေးသည်။ သို့သော် ယခုမူ တောကျောင်းတစ်ခုတွင် သာသနာ့ဘောင်အတွင်းသို့ ဝင်ရောက်နေပေပြီ။ သာသနာ့ဘောင်အတွင်း အမြဲနေတော့မည်ဟု ပြောသဖြင့် သာဓုခေါ်ရသည်။ ကျွန်တော်တို့ထက် ပို၍မြင့်မြတ်သော အဆင့်တစ်ခုရောက်ရှိနေသဖြင့် ဝမ်းသာပေသည်။

friends-in-circle-with-heads-together-smiling_1139-613.jpg
Credit to google image

နောက်ဆုံး ကြီးတစ်ကြီးမှာ စာရေးသူကျွန်တော် မှုံကြီး ဖြစ်ပေသည်။ မျက်စိမှုန်၍ မျက်မှန်တပ်ဆင်ရသဖြင့် ခေါ်ဆိုကြခြင်း ဖြစ်သည်။ သို့သော် ငယ်စဉ်က မျက်စိမှုန်ခြင်း မရှိပါ။ စာအုပ်စာပေ ဖတ်ရှုခြင်းကို ဝါသနာပါသဖြင့် စာအုပ်ပေါင်းများစွာ ဝယ်ယူ၍၎င်း၊ ငှါးရမ်း၍၎င်း ဖတ်ရှုခဲ့သည်။ ထို့အပြင် တီဗီဂိမ်း ခေတ်စားသည့်အချိန်ဖြစ်၍ မကြာခဏ ကစားလေ့ရှိသည်။ စာဖတ်ခြင်း အလွန်ဝါသနာပါခဲ့သည်။ မိဘများက ဟန့်တားလျှင် ည လသာသာတွင် အိမ်သာထဲသွား၍ လ,ရောင်နှင့် စာဖတ်ခဲ့သည်။ ထိုအကျိုးဆက်အနေဖြင့် အသက်အရွယ်ရလာချိန်တွင် မျက်စိမှုန်လာခဲ့ခြင်း ဖြစ်မည်ထင်ပါသည်။ ရှစ်တန်းနှစ်တွင် အင်္ဂလိပ်မဂ္ဂဇင်းတစ်အုပ်ကို ဖတ်မိသည့် အချိန်မှစ၍ အင်္ဂလိပ်စာလေ့လာခြင်းကို ဝါသနာပါခဲ့သည်။ ဆယ်တန်းအောင်သည့်နှစ်မှာပင် မဂ္ဂဇင်းတစ်စောင်တွင် ပထမဆုံးဆောင်းပါး ဖော်ပြခြင်း ခံရသည်။ ယခုအချိန်တွင် ဘာသာရပ်သင် ဆရာတစ်ယောက်အနေဖြင့် နာမည်နှင့်လိုက်အောင်ပင် ကလေးတွေအပေါ် ဟိန်းလိုက်၊ဟောက်လိုက် လုပ်နေပေသည်။

အလုပ်ရှုပ်၍ ပင်ပန်းနေသည့် အချိန်အခါများတွင် ငယ်ပေါင်းကြီးဖော် သူငယ်ချင်းများကို အထူးသတိရမိသဖြင့် ယခုဆောင်းပါးကို ရေးသားခြင်းဖြစ်ပါသည်။ အားလုံးသော သူငယ်ချင်းများသည် ကိုယ့်ဘဝ၊ ကိုယ့်လမ်းကြောင်းဖြင့် လျှောက်လမ်းနေကြပေသည်။ အခါအခွင့်သင်လျှင် အားလုံး စုံစုံညီညီ ပြန်လည်တွေ့ဆုံချင်မိသည်။ အခြားသူများအတွက် မနှစ်သက်စရာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ကျွန်တော့်အတွက်မူ ထိုသူငယ်ချင်းများမှာ ဆိုးတူကောင်းဖက် ဖြတ်သန်းခဲ့သဖြင့် အမြဲတမ်း သတိရနေမိပါတော့သည်။

ဖတ်ရှုပေးသည့်အတွက် ကျေးဇူးပါ။
(တိုက်ဆိုင်စွာပင် ယနေ့ သူငယ်ချင်းင်္ကျွဲကြီးတဖြစ်လဲ ဦးဇင်း အိမ်ကြွလာပါသည်။)

@mgmgkse
MSC-011

Sort:  

ဆရာမှုံကြီး ငယ်ပေါင်းကြီးဖော်တွေနဲ့ပျော်ပြီး
ဆရာမှုံကြီး လာပြီဆိုတာနဲ့ ကလေးများ
ဝေးဝေး ပြေးသွားကြလေသတည်း။
အရေးအသားတွေ အားကျပါ၏။
အရမ်းကောင်း

ကလေးတွေက ထွက်ပြေးပု၊ ပုန်းနေတာ

အမြဲတမ်း ​စောင့်​ဖတ်​​နေပါတယ်​ဆရာ

ကျေးဇူးပါ ဆာ

Waiting part 3.

Thank for sharing

အမ် ပြီးပြီလေ

thank for sharing

ကျောင်းဆရာ တအားရေးတယ်ဗျာ အတုယူရပါပေတယ်

ထင်လို့ပါ နေ့တိုင်း နည်းနည်းပဲ ရေးဖြစ်နေတာပါ

Good postပါbroကျွန်​​တော်​post​လေးကိုလည်းvoteပြန်​​ပေး​ပေးပါအုံး​နော်​ voteအရမ်းနည်း​နေလို့ပါ

သြော် ဟုတ်ကဲ့ပါ

@minnowpond1 has voted on behalf of @minnowpond. If you would like to recieve upvotes from minnowponds team on all your posts, simply FOLLOW @minnowpond.

        To receive an upvote send 0.25 SBD to @minnowpond with your posts url as the memo
        To receive an reSteem send 0.75 SBD to @minnowpond with your posts url as the memo
        To receive an upvote and a reSteem send 1.00SBD to @minnowpond with your posts url as the memo

ဦးဇင်းကိုတော့ ကျွဲကြီးနဲ့တွဲမထားပါနဲ့တော့လား ဆာမောင်ရယ်

လက်တွေ့မှာတွေ့ မခေါ်ပါဘူး ဆာ၊ စကားအဆက်အစပ်အနေနဲ့သာ ပေါ်လွင်အောင် ကပ်ရေးလိုက်တာပါ၊ ပြင်လိုက်ပါ့မယ် ဆာ။

good good

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.031
BTC 60623.84
ETH 2572.69
USDT 1.00
SBD 2.57