ဘဝသံသရာ

in #myanmar7 years ago

FB_IMG_1484498227222-picsay.jpg

ဘဝသံသရာ

လူ့ဘဝ ဆိုသည်မှာ ငိုကြွေးခြင်းနှင့် အစပြု၍ ငိုကြွေးခြင်းနှင့်ပင် အဆုံးသတ်ရသည်ဟု ဖတ်ရှု၊ မှတ်သားခဲ့ရသည်။

ငိုကြွေးခြင်းနှင့် အစပြုရသည်မှာ ကာယကံရှင်ကိုယ်တိုင်ဖြစ်၍ ထူးခြားပုဂ္ဂိုလ်များမှလွဲ၍ ရှောင်လွဲမရနိုင်ပေ။

ငိုကြွေးခြင်းနှင့် အဆုံးသတ်ရသည်မှာတော့ ကာယကံရှင်ကိုယ်တိုင်ရော၊ ဆက်နွယ်ပတ်သက်သူများရော ဖြစ်နိုင်ပေသည်။

အဖွားဆုံးပါးသွားခဲ့သည် အချိန်တုန်းကတော့ အဖေ့ရဲ့ ဆုံးမလမ်းညွှန်၊ ထိန်းကျောင်းမှုဖြင့် ကာယကံရှင်ကိုယ်တိုင်ရော၊ ဆက်နွယ်ပတ်သက်သူများပါ ငိုကြွေးခြင်း မရှိခဲ့ကြပေ။

မိမိအလှည့်ရောက်လာရင်တော့...

@mgmgkse
MSC-011

Sort:  

သံသရာ၏အကြောင်းကိုမြတ်ဗုဒ္ဓက တိကျသေချာစွာဟောပြညွန်ကြားခဲ့ပါ၏။
ဘုံသုံးပါးအကြောင်းကိုလည်း ဃဂနဏ သွန်သင်ခဲ့ပါ၏
ထိုသံသရာမှလွတ်ကြာင်းကိုလည်းပြသခဲ့ပါ၏။
ကျွန်ုပ်သည်မူကား သံသရာဆိုသည်မှာ ကြိုးကဲ့သို့ပါလား ဟု စမ်းသပ် ဆုံးဖြတ်ခဲ့သည့် မျက်မမြင်ပုဏ္ဏားတစ်ဦးပမာပါပေ။

#life
Florence Nightingale : I attribute my success to this: I never gave or took any excuse.

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.028
BTC 63597.74
ETH 2476.06
USDT 1.00
SBD 2.53