ချင်းပြည်နယ် ဟားခါးမြို့သို့ ( ၇ )

in #myanmar6 years ago

image

ဒီလိုနဲ့ရုံးဆင်းရုံးတက်လုပ်နေလိုက်တာ ၆ ကျော်ကြာမြင့်ခဲ့ပါပြီ။နေသားတကျလဲ ဖြစ်သွားပြီမို့ အတော်လေးအဆင်ပြေနေပါပြီ။ရေလဲ
လုံလောက်သွားသည်။အဘယ်ကြောင့်ဆိုသော် ရေကို ၃ ရက်ခြားမှ
တပတ်ခြားသို့ပြောင်းလဲချိုးတတ်နေပြီလေ။သောက်သုံးရေနဲ့ ချက်ပြတ်စားသောက်ရန်ကား ရေသန့် တပုံးတထောင်နှင့် ဝယ်၍ရနေသည်။
အျမ်ဘေးတွင်စိုက်ဘောင်လေးများဆွဲကာ စလပ် မုန်ညှင်း ဂေါ်ဖီတို့ ကို စိုက်ပျိုးထားကာ စားခါနီးမှ တခါစား အရွက်လေးများကို ညှတ်ယူလျှက် ချက်ပြုတ်လိုက်သည်။အသားဟင်းကိုတော့ ရုံးပျတ်ရက်ဈေးကြီး
ထဲသွားကာ ချက်ပြုတ်ထားလိုက်သည်။အပင်တို့သည် ရေသိပ်လောင်းစရာ မလိုသလို အသားဟင်းတို့သည် ၃ ရက်တာမျှ အထားခံသည်။
ရာသီဓလေ့ လိုက်ဖက်လှသည် မဟုတ်ပါလော။
image
ဂျီသားများ ဝယ်ကာနေလှန်းထားပြီး တမြှောင်းလောက် မီးဖုတ်ပြီး ဆီစိမ်ထားလျှင်ပင် စားပါလေ့ပေါ့လေ။
image
ခုတော့လဲအနေကြာလာသည်နှင့်အမျှ အကျင့်ရကာ ပျှော်ရွှင်နေမိပါသည်။
image

တခါတလေ ပိတ်ရက်တွေပါ ဘုရားသွားသီလယူ ဆွမ်းကပ် ပေါ့
လေ တခါတခါတော့လဲ အိမ်ပတ်ဝန်းကျင်ရှိ ထင်းရှူးတောထဲဝင် သစ်ခွရှာပေါ့။
image
ဒီမြို့လေးက ရာသီဥတုနဲ့လိုက်အောင်ကို အေးချမ်းလှပါတယ် ။ဘာမရှုပ်အရှင်းမှမရှိဘူး ခိုက်ရန်ဖြစ်ပွားချင်းမရှိသလို သူတို့နေထိုင်မှုကိုက အေးချမ်းလှတာပါ အပြုံးကိုယ်စီ ရှိနေကြပါသည်။အကျယ်ဆုံးအသံဆိုလို့ တနင်္ဂနွေ ဘုရားကျောင်းတက် ဝတ်ပြုဆုတောင်းသံသာရိသည်။အားလုံးက ယဉ်ကျေးပြူဌာကြသည်။ထိုမြို့လေးသည်
အေးချမ်းစွာ နေထိုင်ရန် အကောင်းဆုံးပင်ဖြစ်ပါတော့သည်။
image
ကဲစကားကလဲပြောလို့ ကောင်းနေလေပြီး ။ထင်းသွားခြွေရန် လှမ်းခေါ်သံကြားလိုက်မိသည်။
" သွားလိုက်ဦးမယ်ဗျို့ "
" နောက်တပိုင်း ဆက်ပြီးဖတ်ရှူပေးပါဦးနော်"
image
ထင်းခြွေရန်လှည်းဖြင့် စတင်ထွက်ခွါ

ရေးသားသူ - msc - 042
@mgmgaung

Sort:  

ဘာလိုလိုနဲ့ ဖတ်​လာတာ အပိုင်း ၇ ​တောင်​​​ရောက်​လာပြီပဲဗျ .. မ​ရောက်​ဖူးတဲ့​ဒေသမို့ တစ်​ပိုင်းပြီး တစ်​ပိုင်း ဗဟုသုတ တိုးရပါတယ်​ အစ်​ကို​ရေ ...

ဟုတ်ကျေးဇူးပါဗျ

အော်ချင်းပြည်နယ်မှာပဲမပြန်သေးဘူးနော်။

ဟုတ်ပျော်လို့ပါ

ရေသန့်​တစ်​ပုံးတစ်​​ထောင်​တဲ့
အဲ့​ဒေသမာ​ရေသန့်​လာ​ရောင်းရမယ်​😁😁

ကိုလဲကြံသေးတယိ

မြန်​မြန်​​ရေးပါ။ဖတ်​ချင်​လှပြီ။

ဟုတ်ကဲ့ပါဗျ

ဟားခါးဒီဂရီကောလိပ်က မြို့စွန်ဘက်ရောက်လား

မြို့ထဲမှာပါပဲ မြို့ကကျဉ်းတော့ အနီးလေးပါ

ရှုခင်း​တွေ နဲ့တင်​​နေချင်​စရာမြို့​လေး

okတင်ပမယ်။

သွားချင်လိုက်တာ

ပြန်တက်ရင်လိုက်ခဲ့

အယ် အစားဆင်းရဲ လိုက်တာ ကိုဒေအစားတစ်လိုင်းနဲ့တော့ဖြစ်ဘူးရယ်
အဲနေရာသွားရမယ်ဆိုရင် ၁၀ဘီးကားနဲ့စားစရာတွေ သယ်သွားမှာ

ဟုတ်တယ်မြေပြန့်လိုတော့မလွယ်ကူဘူးအမရေ

ထင်းခြွေလှည်းလေးကြိုက်တာ

ဟုတ်ပအကိုရာ

အေး​အေးချမ်းချမ်း သာသာယာယာ​လေး

ဟုတ်ပ

Coin Marketplace

STEEM 0.19
TRX 0.16
JST 0.031
BTC 81268.43
ETH 3146.04
USDT 1.00
SBD 2.76