ရေတွင်းကုန်းရွာက စုန်းမ (2)

in #myanmar6 years ago (edited)

အပိုင်း(1)

https://steemit.com/myanmar/@mgmgaung/eyatyngkunyayak-sunm-1-dbff02b045af

အပိုင်း (2) ယခင်အပတ်မှ အဆက်
image
google photo

ထိုပုဂ္ဂိုများသည် အလွန်ကြမ်းတမ်းသော အထက်ပုဂ္ဂိုလ်များ ဖြစ်သည့်အတွက် ကြောင့်ပြင်ပ လူဝတ်ရွှေရင်ကျော် ဆရာများကုသလျှင် ကြမ်း ကြသည်။ ထိုသို့မှလဲ ကုသနိုင်သည်။စုန်း ကဝေ အောက်လမ်း တို့ သည် ရုပ်ညံ့ကာ အလွန်ခေါင်းမာ တတ်ကြလေသည်။ခုလဲကြည့်ပါ မိမိပြုလုပ်ထား သည်ကို ငြင်းဆန်နေလေသည်။ဒါသည် သူတို့ရဲ့ အမူအကျင့်ပင် ဖြစ်နေသည်။
"ဒကာမကြီး ဒါမလုပ်သင့်ဘူး"
"တဖက်လူမှာ မပေါ့မပါးနဲ့"
ခေါင်းမွှေးဖရိုဖရဲနှင့် ရောဂါခံစားနေသော အမျိုးသမီးဘက်ကို လှည့် ကြည့်လျှက်
"ငါ မပြောနိင်ဘူး"
ထိုသိုပြောလိုက်သောအခါတွင်
image
google photo
"အင်း-----အင်း-------အမလေး----"
ခေါင်းကြီးမော့ကာ အံကိုကြိတ်လျှက် ငြီးနေလေသည်။ထိုသို့ ဖြစ်နေ
စဉ် ဆရာတော်မှ
လျှော့ပေးလိုက်ပါ အဲ့လောက်မလုပ်ပါနဲ့"
"ကဲ ကျောင်းရောက်နေမှတော့ စိတ်လျှော့လိုက်ပါ"
"နင် ထပ်ခံနေရမှာနော်"
သာမန်မျက်စိဖြင့် မမြင်နိုင်သော ပုဂ္ဂိုလ်များ၏ လုပ်ဆောင်ချက်ကို စုန်း ကဝေတို့ မခံနိုင်ကြပါ။တချို့ အောက်လမ်းပညာ မြင့်မားနေသူတို့သည် ထိုပုဂ္ဂိုလ်များကို ပြန်လည် ပညာစမ်းကာ တိုက်ခိုက်သည်များလဲ ရှိကြသည်။အပြင် သာမန်လူတက်ေအနေဖြင့်တော့ မမြင်နိုင်ပါ။
ဒါကိုတောင်သူက ခါးကိုင်းကိုင်းနဲ့ ခေါင်းအောက်ငုံ့က အတန်ကြာ ငြိမ် နေလေသည်။
"နင့်နဲ့ ရန်ငြိုးရှိလို့လား"
"ဘာလို့ ဒီလိုလုပ်ရတာလဲ"
"မပြောဘူး"
အေး အေး မပြောလဲနေ"
"ကိုယ်လုပ်တာ ကိုယ်ပြန်ယူသွား"
ထိုအခါ ကျောင်းသို့ လာကြသော သူတွေထဲက တဦးက သူပုံစံက ရွာနောက်ပိုင်းက အမိုးကြီးပုံစံနဲ့ တူနေတယ်လို့ အချင်းချင်း တီးတိုး
ပြောနေကြသည်။ထိုထဲက တဦးကလဲ ဟုတ်တယ် ဆံပင်ဘိုသည်ဘတ်သည်နဲ့ ခါးကိုင်းတာ ကွမ်းစားတာ အမိုးကြီး ပုံအတိုင်းပဲ ဟု
ပြောနေလေသည်။ထိုသို့ပြောဆို နေသော သူတွေဘက်ကို ဝင်ရောက်ပူးကပ်နေသော သူမှလှည့်ကြည့်လိုက်သည်။မျက်လုံးကြီးပူးကာ အံကြိတ်ရင်း ကြည်နေပုံမှာ အလွန် ဒေါသ ထွက်နေသောပုံစံပင် ဖြစ်သည်။
"ကဲ ကဲ ပြန်ယူသွားတော့ ဒကာမကြီး"
ထိုအခါမှ ခေါင်းလေးတရမ်းရမ်းဖြင့် တဖက်ကိုလှဲ့ကာ စိတ်ဆိုးနေ
သော လေသံဖြင့် လူနာအမျိုးအား
"ဟဲ့ နင်ခြေထောက် ဆင်းထား"
image
google photo
လူနာအမျိုးသမီးမှာ ကြောက်ကြောက်လန့်လန့်နှင့်ခြေဆင်းပေးလေသည်။ထိုအခါ ဝင်ရောက်ပူးကပ်နေသော အမျိုးသမီးက လူနာအမျိုး သမီးအား ပေါင်းရင်းမှနေ ခြေဖျားထိလက်ဝါးဖြင့် ပွတ်သပ်ကာ
အောက်သို ဆွဲချပေးနေလေသည်။ လေးငါဆယ်ကြိမ်ပြုလုပ်ပြီး
နောက် ဘုန်းကြီးဘက်သို့ ပြန်လှည့်လေသည်။
"ကုန်ပြီလား အကုန်ပြန်ယူနော်"
"ကုန်ပြီ ကျန်တာတော့ငါမသိဘူး"
သေချာလား"
ဘာမှပြန်မပြောငြိမ်နေသည်။
"ငါပြန်စစ်လို့ ကျန်နေရင် နင်မလွယ်ဘူး"
ထိုသို့လေသံမာမာဖြင့် ဘုန်းဘုန်းက ပြောလိုက်သော အခါမှ တဖက်သို့ ပြန်လှည့်ကာ
"ဟိုဘက်လှည့်"
လူနာအမျိုးသမီး၏ ခေါင်းပိုင်းမှ ခါးနားထိ
ထပ်မံ ပွတ်ဆွဲချလေသည်။ဆရာတော်မှ နောက်မှနေသတိပေးလေသည်။
"အကုန်ယူနော် မကျန်စေနဲ့"
အရင်ကဲ့သို့ လေးငါး ဆယ်ကြိမ် ပြုလုပ်ပြီးနောက်
"ကုန်ပြီ ငါပြန်မယ်"
နောက် ဒါမျိုးမလုပ်ပါနဲ့တော့လား ဒကာမကြီး"
ဘုန်းကြီးပြောတာပြန်မဖြေပဲ
"ငါပြန်တော့မယ်"
အေး ကောင်းပြီ နောက်တခါ ကျောင်းကိုငါမခေါ်ချင်ဘူး"
"လှူချင်တဲ့ချိန် ကျောင်းကိုလာခဲ့"
ထိုအချိန်တွင် လူနာအမျိုးသမီး၏ ခင်ပွန်းမှရုတ်တရက်ထကာ အတော်မိုက်ရိုင်းတဲ့ဟာဆိုပြီး ထိုးမယ် ကြိတ်မယ်ထလုပ်လေသည်။
အားလုံးက ဝိုင်းဝန်းဆွဲထားသည်။
"ခဗျာကို သိတယ်နော်"
"ရွာရောက်မှ တွေ့မယ်"
"ဟဲ ငါလုပ်တာ မဟုတ်ဘူး"
"နင့် အကိုမယား လုပ်ခိုင်းတာဟဲ့"
"ဟမ်-----ဘာပြောတယ်"
အေး ဟုတ်တယ် မြို့သူကို နင်တို့က အကဲပိုနေလို့ဟေ့
"ဟာ ငါကွာ တောက်"
ထိုအချိန်တွင် ဘေးမှာါလာသောသူမှ
"ခဗျာပြောတာ သေချာတယ်နော်
"ဟုတ်တယ် နင့်မယားပြန်မေး"
"ဟာကွာ ဒီမိန်းမ"
"ကဲ ကဲ တော်ကြတော့"
"ဒါကာမကြီးလဲ ပြန်နိုင်ပြီ"
နောက်နောင် ဒီလိုအလုပ်မလုပ်ရန် မှာကြားပြီး နောက်တခါဆိုရင်ပညာလှူခဲ့ရမယ်ဟု ဆိုကာ ပြန်ခွင့်ပြုလိုက်သည်။ရွာသူရွာသားများကိုလဲ ပြဿနာ ထပ်မဖြစ်ကြရန်မိန်ကြားလေသည်။ကာယကံ ရှင်တို့သည် စိတ်မပြေကြပေ။ထို့ကြောင့်ဆရာတော်မှ အားလုံးအား ကတိစကား တောင်းခံလေသည်။နောင်အခါတွင် ယခုကိစ္စနှင့် ပတ်သက်၍ပြဿနာ တစုံတခု မလုပ်ကြရန်နှင့် ကျန်းမာရေးကို ဂရုစိုက်ကာ အကြောင်းတစုံတရာ ရှိလာပါက ဘုန်းကြီးထံ လာကြရန် မှာကြားလေသည်။
ဒေါသ ရှေ့ထား မှားဖို့ကြည့်ပါ ဒကာတို့"
"မှန်လှပါဘုရား လွန်လွန်းလိုပါ"
"လူစိတ်မရှိတဲ့ဟာတွေ"
"ကဲ တော်ကြတော့"
"ဒကာမလေး ဘယ်လိုလဲ ပေါ့ပါးရဲ့လား"
image
"မှန်ပ ကောင်းသွားပါပီဘုရား"
အေး အေး ကျန်းမာရေးဂရုစိုက်"
"တင်ပ ဘုရား"
"ကဲ အားလုံးလဲ ဘုန်းကြီးမှာတာ မမေ့နဲ့နော်"
"တင်ပ ဘုရား"
အေး အေး ဒါဆိုလဲ အေးအေးဆေးဆေးမှပြန်ကြဟုဆိုကာ
ဘုရားခန်းထဲ ပြန်ဝင်သွားလေသည်။ကိုရင်တို့အားလဲ နောက်ရက်
တွေ ဆွမ်းခံကြွရင် အိမ်မှာထိုင်ဆွမ်းကြွပါ ဟုပင့်ကာ ပြန်သွားကြလေသည်။အင်း အတော်တော့စိတ်ဝင်စားဖွယ် ပညာရပ်တွေပါလားနော်။

ရေးသားသားသူ - msc 042
@mgmgaung

Sort:  

ဒီပညာရပ်တွေက အရမ်းကိုစိတ်ဝင်စားစရာကောင်းပါတယ် ကြောက်ဖို့လဲကောင်းတယ်ဗျ

ရွှေရင်ကျော်ဂိုဏ်တက်လိုက်ရင်ရပါတယ်စာနီခေါတာပေါ့။

စိတ်ဝင်စားတယ်၊ မြင်လဲမြင်ဖူးချင်တယ်။

လိုက်ပို့ပေးမယ်လေအမ

၁၂ကြိုးတွေ ပါလာပြီ

၁၂ကြိုးတော့မတွေ့ဘူးသေးဘူး ၆ကြိုးလောက်ပဲမြင်ဘူးသေးတယ်အမရေ

တကယ်​​ကြောက်​ဖို့​ကောင်းတဲ့ ဖြစ်​ရပ်​​တွေဗျာ ..

အယ် ဟုတ်လုပ်လို့လား

စုန်းမ ​လေးတစ်​​ယောက်​လို ငါကိုပြုစား

စုန်းမ-----ကိုကြီးလဲဒါတွေရတာပဲနော်

မင်းနှုတ်ခမ်းများလွင့်လာမှာကြောက်တယ်ကွယ်အချစ်ရေ့..စုန်းမလေးတစ်ယာက်လိုလေငါ့ကိုပြုစားစုန်းမ...

comဖတ်ရင်းktvရောက်သွားတယ်ဂျာ

အံသြစရာဘဲ နော် အဲ့ ပညာရပ်တွေ ကို ကောင်းကျိုးအတွက် အသုံးချ လို့မရတာလား

မရဘူးအမရေ အဲ့ဒါကြေင့်လဲ ဘုန်းကြီးကလှူခိုင်းနေရတာ

ရွှေရင်ကျော်ဂိုဏ်း ဝင်တွေကို တွေ့ ဖူးတယ် စိတ်ဝင်စားဖို့ တော့ ကောင်းတယ်။စည်းကမ်းချက်တွေကို ထိန်းနိုင်ရင် စွမ်းတယ်ဆိုလားပဲ

ဟုတ်ပါတယ် စည်းကျော်စည်းဖေါက်ရင်ရူးရင်ရူး မရူးရင်သေပဲ အတော်ရှောင်ရတယ် ပညာကူထားတဲ့ အဆင့်ပေါ့။ဂိုဏ်တက်တာလောက်ကတော့ ရှောင်ယုံပါပဲ။
ကိုလုံဖို့ဖို့ပဲ။သူများကုလို့မရဘူးလေ။

ဖြစ်ရပ်ဆန်းတွေ

ဟုတ်တယ်ဗျ သာမန်မျက်စိနဲ့ မမြင်နိုင်ဘူး ကြုံမှယုံတာမျိုးပေါ့ဗျာ

အလွန် စိတ်ဝင်စား

အဆိုထပ်ပြောပြမယ်တ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.029
BTC 58127.19
ETH 2452.98
USDT 1.00
SBD 2.36