Let's me introduce myself

in #myanmar7 years ago (edited)

hello! Let's me introduce myself to all of my steemit friends.
i am master innwa and I was born in Mandalay, upper city of Myanmar.
I have grown up at Mandalay when I am high school boy, I make a move to Taungoo , my aunt home. There are my cousins at that place.I also graduated from Taungoo University.

DSC_0108.JPG

Now, I am working at bank , administration department.I am posting at thandaunggyi branch now that is famous for Nawbubaw prayer mountain. It is very nice place to feel the nature.

Last some years ago, i was posted at Yangon head office. I am worked there about three years and I was promoted and transferred to Thandaunggyi. As it is I was lived in Yangon about three years, I am missing my friends and my job partners until now.But, I like the new environment and satisfied that. Now,I have been thandaunggyi for one year.

There were many interested things since I was young.Among those, I am most interested in reading and made self-expression with writing and taking the photo nature beauty point.
I want to describe my feelings such a way and I want to share among my congenial friends.

The adorable things all I want is here, steemit. Steemit encourages us to help each others and incline toward each others advantages.
Myanmar Steemit Community , MSC aiding and abetting everybody who are interested steemit . I am proud being a member of MSC and thanks deeply from my heart.

Nice to see you all at steemit.
All of us meet steemit at now and go ahead to brighter future with steemit.
The same hope for us is we believe that steemit can help us to reach the golden and brighter future.Really, it is not wasting time likes others social media, we can earn money using steemit ,sharing with friends we know, relaxing our mind.

Steemit, stands besides with me at present and fortune for future.
All of my beloved friends , we keep forwards with our believable direction.

(အခု မြန်မာလို ဆက်ရေးမှာက မြန်မာလို မိတ်ဆက်ခြင်း သီးသန့်ပါ။ အပေါ်က အင်္ဂလိပ်စာကို ဘာသာပြန်ခြင်း မဟုတ်ပါကြောင်း။ ဘာသာပြန်ခြင်း မဟုတ်ဘူးဆိုပေမယ့် ဆိုလိုရင်းက မခြားနားပါဘူးခင်ဗျ။ )

ကျနော်လည်း တခြားPostတွေသာ ဘဝအကြောင်းဘာညာ အစုံတင်နေတာ။ ကိုယ့်ကိုကိုယ် သေသေချာချာ ရေရေရာရာ မိတ်မဆက်ဖြစ်သေးဘူး။ မိတ်မဆက်ဖြစ်ခဲ့ဘူး။ ဒါ့ကြောင့် ဒီPostလေးနဲ့ မိတ်ဆက်ပါ့ရစေခင်ဗျ။

ကျနော့်ကို ကျနော် မိတ်ဆက်ရတာဆိုတော့ တစ်မျိုးကြီးပဲ။ ဟန်ဆောင်ပြီးတော့လည်း ပြောဆို မဆက်ဆံချင်ဘူးဗျ။ အဲ့တော့ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီးပဲ မိတ်ဆက်ပြောဆို ခွင့်ပြုကြပါ Steemitမှ မိတ်ဆွေအပေါင်း သူတော်ကောင်းတို့ခင်ဗျား။

ကျနော့်နာမည်က အင်းဝ ။ Steemit Acc Nameကတော့ Master InnWa ပေါ့။ အလုပ်အကိုင်က ဘဏ်ဝန်ထမ်းပါ။
လုပ်ရတဲ့အပိုင်းက အုပ်ချုပ်စီမံပိုင်းပါခင်ဗျ။ ရှေးဦးစွာ ပြောချင်တာက နာမည်မှာ ဘာဖြစ်လို့ Master တပ်ထားရတုန်းဆိုတော့ သူများအပေါ်ကနေချင်လို့ ကျောချင်လို့ မဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ် ဆုံးမထားတာပါ။ တစ်စုံတစ်ခုကို လုပ်ရင်ကိုင်ရင် ဇွဲလျော့ ပျော့ညံ့ အားလျော့မိမှာစိုးလို့ နာမည်မှာ Master တပ်ထားတာပါ။ ဆိုလိုရင်း သဘောကတော့

"ဟေ့ကောင် အင်းဝ . . မင်းနာမည်မှာကွာ . . Masterကြီး တပ်ထားပြီးတော့ ဒီလောက်မှ အသုံးမကျဘူးလား ? ဒါလေးတောင် မလုပ်နိုင်ဘူးလား ? အားလျော့ ဇွဲနည်း ပျော့ညံ့လှချည့်လားကွာ" ဆိုပြီး ကိုယ့်ကိုကိုယ် ဆုံးမ အားတင်းချင်လို့ပါခင်ဗျ။ ဒါအရိုးသားဆုံး ဝန်ခံခြင်းပါ။

အယ့် ထူးခြားတာတစ်ချက်က ကျနော့်ကို " အင်းဝ "
"ကိုအင်းဝ" ဆိုပြီး ခေါ်တဲ့သူ ရှားပါတယ်။ ကြီးကြီးငယ်ငယ် အကုန်နီးပါးက "ဦးအင်း"လို့ ခေါ်ကြတယ်။ ကျနော်လည်း အကြီးပိုင်းတွေကို "အာ့လို မခေါ်ပါနဲ့ဗျာ. . အားနာတယ်"ဆိုတော့ သူတို့ ပြန်ဖြေတာက ရှင်းပါတယ်။ "ဦးအင်း"လို့ခေါ်တာက "အသက်ကြီးလို့ ကိုယ့်ထက်ကြီးလို့ ခေါ်တာ မဟုတ်ဘူးဗျ " တဲ့ "ချစ်ခင်အလေးထားတဲ့သဘောနဲ့ ခေါ်တာမို့ မငြင်းနဲ့ " တဲ့ဗျ။ အာ့ထဲက အများက ခေါ်တာ "ဦးအင်း"
ကျနော့် နာမည် "ဦးအင်း"။

ဟုတ်ပြီ နာမည်မိတ်ဆက် ပြီးပြီး ။ အလုပ်အကိုင်လည်း ပြောပြီးဆိုပြီးဆိုတော့ ကဲ အသက်ကော ! ဝိုးးဟိုဟိုးးး ဒါတော့ လုပ်ပါနဲ့လားဗျာ။ ဟို အဆိုကျော် ဘစိုင်း ဆိုလားဘာလား သူတောင် မပြောတာ သူက ကျနော့်ထက် နှစ်နည်းနည်း ပိုကြီးတယ်ဆိုတာ ကျနော်ဘယ်ပြောမလဲ တိန်!

အင်း အသက်လည်း မိတ်ဆက်ပြီးဆိုတော့ ဘယ်သူဘယ်ဝါ ဘာအလုပ်တော့ ပြောပြီးပြီး ဘာလိုသေးလဲပေါ့။ ဟော အရေးကြီးတာလည်း ပြောရအုံးမှာပဲ။ နေရပ်။ ဟုတ်တယ် နေရပ်။ ကျနော့် နေရပ်ကို ပြောရရင် နည်းနည်းတော့ ရှုပ်ထွေးသလိုပဲ။
ဇာတိချက်မြှပ် မွေးဖွားရာအရပ်က မန္တလေးဗျ။
ဒါပေမယ့် မန်းလေးမှာ ကြာကြာမနေဘူးဗျ။ အာ့ပြောတာဗျ နေရပ်က နည်းနည်းရှုပ်တယ်။

ဒီလိုဗျာ ခပ်တိုတိုပြောရရင် မန္တလေးမှာ မွေးတယ်။ တောင်ငူကို ငယ်စဉ်ထဲက ရောက်ခဲ့တယ်။ တောင်ငူသားလုံးလုံး ဖြစ်ခဲ့တယ်။ တောင်ငူမှာ ကျောင်းတက်ခဲ့။ တောင်ငူမှာ ဘွဲ့ရ။ တောင်ငူမှာ မမွေးခဲ့သော တောင်ငူသားဗျ။

ဟာ ဒါဆို ဦးအင်းက ခုတောင်ငူမှာလား ဆိုတော့လည်း မဟုတ်ဘူးဗျ။ အခုနေတာက ကရင်ပြည်နယ် သံတောင်ကြီးမှာ တောင်ပေါ်ဒေသမှာ ။ ဝန်ထမ်းဆိုတော့လည်း တာဝန်ကျရာ ဒေသ အခြေချရတာကိုးဗျ။ သံတောင်ကြီး အကြောင်း ပြောမှတော့ မပါမဖြစ်တဲ့အရာတစ်ခုလည်း ပြောပြမိတ်ဆက်မှ ဖြစ်တော့မယ်ဗျို့။

သံတောင်ကြီးဆိုတာနဲ့ မပါမဖြစ်တာက နော်ဘူဘောဆုတောင်းတောင်ဗျ။ နော်ဘူဘောဆုတောင်းတောင် ဆိုတာက အရမ်းနာမည်ကြီးတာဗျ။ ခရစ်ယာန်တွေအတွက် ဆုတောင်းပြည့်တောင်တော်မြတ်ကြီးပေါ့ဗျာ။ ဒါဆို ခရစ်ယာန်ဘာသာဝင်တွေပဲ လာကြတာလားဆိုတော့ မဟုတ်ဘူးဗျ။ ဘာသာစုံ လူမျိုးစုံသာမက နိုင်ငံတကာက ခရီးသွားတွေပါ လာကြတာဗျ။

ဘာ့ကြောင့်ဆိုတော့ သံတောင်ကြီးဆိုတာက "တိမ်တွေနေတဲ့အရပ်"လို့ တင်စား ခေါ်ယူရ လောက်အောင်ကို တိမ်တွေ အရမ်းလှတဲ့နေရာမို့ပါ။ တောင်ပေါ်ကနေ ကြည့်လိုက်ရင် လူတွေက အပေါ်စီးကနေ ကြည့်နေရပြီး တိမ်ပင်လယ်ကြီးက ဟိုးအောက်မှာ ရှိနေသလိုလို ဝိုးးဟိုးဟိုးး လှချက်က ညဖက် လ,ထွက်သလိုပဲဗျ။ ကျနော့်ရဲ့ Steemitက မိတ်ဆွေ ကြုံရင် ဖြစ်ဖြစ် အားလပ်ရင် ဖြစ်ဖြစ် လာခဲ့ဗျာ သံတောင်ကြီး အလှ စာတွေဖွဲ့ကြမယ်။

စာအလှတွေ ဖွဲ့ကြမယ်ဆိုတာက ဘာလို့လည်း ဆိုတော့ ကျနော်က စာရူးပေရူး ကဗျာရူးဗျ။စာရေးနေရရင် ထမင်းမေ့ ဟင်းမေ့။တစ်ခုခုကို ရေးနေရရင် ပျော်တာ။ ဘာမှ ရေးစရာ မရှိရင် ကိုယ့်မကောင်းကြောင်း ကိုယ်ပြန်ရေးတော့တာပဲ အာ့လောက်ထိ ရူးသွပ်တာ စာပေမှာ။ နောက်ဝါသနာတစ်ခုက ဓါတ်ပုံရိုက်တာလေးလည်း အတော်ဝါသနာကြီးမိသဗျ။

image-0-02-06-517513e771bdf4289ac0a3f5c5499f00410a532300568d0efbbbf39131e10444-V.jpg

မဟုတ်ဘူးနော်။ ဓါတ်ပုံရိုက်တယ်ဆိုတာက သူများတွေလို Selfieဆွဲတာ၊ ကိုယ့်ပုံကိုယ် ရိုက်တာမျိုး မဟုတ်ဘူး။
ရှုခင်းလေးတွေ သဘာဝအလှတရားတွေ ခမ်းနားနေရင် မဖြစ်မနေ Shootလိုက်ချင်တာမျိုး ။ ဓါတ်ပုံကိုအာ့လို ဝါသနာကြီးတာ ။ အာ့လိုကို သဘာဝအလှအပတရားကို နှစ်သက်တာ။ ကျနော့်အကြောင်း ပြောရရင်တော့ ဒါပါပဲခင်ဗျာ။ အယ့် ဒါပေမယ့် ကျနော့် Family Groupလေးကို ဆက်လက် မိတ်ဆက်ရင်း ကျနော့် Familyအဖွဲ့ကို ကျေးဇူးတင်စကား ပြောပ့ရစေအုံး။

နောက်ဆုံးအနှစ်ချုပ်ရရင် ဒီလို ဓါတ်ပုံရိုက်တာကို ဝါသနာကြီးတဲ့ စာရူးပေရူး ကဗျာရူးတစ်ယောက် Steemitလမ်းကြောင်းပေါ်ကိ ရောက်လာတာတော့ ဆန်းလှတယ် မဟုတ်ဘူးပေါ့နော့။
Steemitကို စရောက်တာနဲ့ ဝါသနာနဲ့ကိုက်ညီသော နယ်ပယ်တစ်ခုကို ခြေချမိလိုက်ပြီပဲလို့ သိလိုက်တယ်။
အာ့အတွက် တူမလေး သမီးလေး @pyaesone ပြည့်စုံခင်ခင်ကိုလည်း ကျေးဇူးအထူးတင်မိတယ်။
ဝါသနာပါတဲ့ လမ်းလျှေက်ပေါ်ကို ခြေချမိစေအောင် ကူညီစောင်မ ပေးခဲ့လို့ Thanksပါ သမီးလေးပြည့်ရေ။

ဟာ ဦးအင်းက ပြည့်စုံပဲလားလို့တော့ မပြောနဲ့လေနော့။
အဓိကကူညီပံ့ပိုးခဲ့သူ Mainပွိုင့်ကို အရင်ဆုံး အထူးတလည်ကျေးဇူးတင်ရမှာကိုးဗျ။ ပြီးမှ စပြီး သိကြရ ခင်ကြရတာ ရက်ပိုင်းဆိုပေမယ့် တကယ့်စိတ်ရင်းတွေနဲ့ ညီရင်းအကိုပမာ ဖြစ်စေလောက်အောင်ကို ရင်းနှီးဖေါ်ရွေကြသော MSCအဖွဲ့ကြီး။ အာ့အဖွဲ့ကြီးထဲကမှ ကျနော့်ရဲ့ Family G4 အဖွဲ့သူ အဖွဲ့သား အားလုံး အားလုံးကို ကျေးဇူးပါခင်ဗျ။ အားလုံး အာဘွား။

အစစ အရာရာ ကူညီသင်ပြ လက်တွဲခေါ်ကြလို့ တကယ့်တကယ်ကို ကျေးဇူးပါခင်ဗျ။ ဒီလို မိသားစုစိတ်ထားမျိုးရှိသောMSC ရဲ့အဖွဲ့ဝင် ဖြစ်ရတာ တကယ့်ကို ဂုဏ်ယူဝမ်းမြောက် မိပါတယ်။ လုံးဝ မသိတဲ့သူတွေဆိုတာ မေ့ပြီး ငယ်ထဲက ကွဲသွားတဲ့ ဆွေမျိုးတွေ ပြန်တွေ့ရသလိုကို ထင်မိမှားအောင်ကို ဖေါ်ရွေကြတာများ အမယ်လေးးလေးး အနားမှာသာ ရှိရင် အာဘွားတွေချည့် အခါ၁၀၀စီလောက် ပေးပစ်ချင်တာ တစ်ယောက်ချင်းစီကို။

ကဲ Steemitလမ်းပေါ်ကို လျှောက်မိပြီဆိုတာနဲ့ ရက်ပိုင်းအတွင်း MSC G4အဖွဲ့ ညီရင်းအကို မိသားစုတွေလည်း ရှိနေပြီ။ ဝါသနာဖြစ်သော စာပေကဗျာနဲ့ ဓါတ်ပုံတွေလည်း Steemitမှာ ချပြခွင့်ရပြီ။
ကဲ . . .ဘာလိုသေးလဲဗျာ။ ဒီSteemitလမ်းမထက်မှာ စည်းလုံးညီညာစွာနဲ့ ကျနော်တို့ G4မိသားစု အောင်မြင်မှုတွေ ရကို ရမယ်လို့ 100% ယုံကြည်တယ်။

Steemitဆိုတာ ကိုယ့်ရဲ့အတတ်ပညာတွေကို ချပြရင်း
တစ်ဦးနဲ့တစ်ဦး ရိုင်းပင်းကူညီမှုတွေနဲ့ သွားရတဲ့ စီးဆင်းရတဲ့လမ်းကြောင်းတစ်ခုပါ။ အခုချိန်မှာဆိုရင် ကျနော့်မှာ ရိုင်းပင်းကူညီပြီး နွေးထွေးစွာ ဆက်ဆံတက်သော MSC G4မိသားစုကြီးရှိနေပြီဖြစ်သလို
ကျနော့်ရဲ့ဝါသနာအရင်းခံ စာရူးပေရူးကဗျာရူးစိတ်နဲ့ ဝါသနာပါရာ ဓါတ်ပုံရိုက်မှုတွေကလည်း ရှိနေပြန်ဆိုတော့ ကဲ. . .ဘာလိုသေးလဲ။ ရှေ့အနာဂတ်မှာ လင်းလက်ခြင်းတွေ ယှက်ဖြာလို့ ။

ရောင်စဉ်တွေ ဖြာလင်းနေတဲ့ အနာဂတ်ကို မျှော်မှန်းကြည့်ရင်း စည်းလုံးညီညွှတ်စွာ ဝါသနာအရင်းခံ လက်တွဲသွားကြမယ့် ကျနော်တို့ရဲ့ G4 Family အောင်မြင်ပါစေသား။ MSCအဖွဲ့ကြီး အဓွန့်ရှည်ပါစေသားလို့ ဆုတောင်းရင်း . . .

အားလုံးကို ချစ်ခင်လေးစားလျှက်
@masterinnwa
MSC-253

Sort:  

Welcome to Steemit!

ဟုတ်​ကဲ့ဦးအင်း​ရေeလိုမဖတ်​တတ်​​တော့မြန်​မာစာကိုပဲဖတ်​ပြီးမှတ်​ထားလိုက်​ပါ့မယ်​ခင်​ဗျာ😁😁😁😁

ရေးသာ ရေးလိုက်တာ။ ဘာသာပြန်ပြဆို မတက်ဘူးရယ် ဟီးး သူညားတွေ မသိစေနဲ့

အူးအင်းလဲ ပုန်းပ ထင်တယ် GG

အမယ် ပွင့်လိုက်တာမှ ဒလဟောတော်ရေ

ဘားပြောပြော ဂရုထဲ မာစတာတယောက်ရောက်လာတော့ အားဖြစ်ပါတယ် ဦးအင်းရေ။ဘ၀အကြောင်ကလည်း တော်တော်လေးပြည့်စုံပါတယ်။
အိမ်ထောင်ကျတာနဲ့ သားသမီးတွေအကြောင်းလည်း
ဖော်ပြပေးပါအူး..

ဟူးးး ဝေးပြီ ဘေဘီ . . .ဟိုးး အဝေးဆုံး :'(

အူးအင်း့််သိတ​တော့ကြာပါပြီအခုမှပုံမြင်​ဖူးတယ်

ဟီးး အမှန်အတိုင်း ပြောရရင် ဒီပုံကလည်း ကြာလှပြီ။ အခုပုံ မဟုတ်ဘူး။ ဘယ်သူမှ မသိစေနဲ့ လူရင်းတွေမို့ ပြောပြတာ ။

ဦးအင်းဆိုတော့ ကောင်းပါတယ် ဦးဇင်းနဲ့ ဦးအင်း တွဲလို့ ရဘီ ဒါပေမဲ့ တင်ထားတာကလည်း တတ်တူးနဲ့ ကတုံးဆိုတော့ ဖိုက်တာကြီးများလားလို့  ထင်ပြီး လန့် နေတာ

မဟုတ်ပါဘူးဘုရား လူလိမ္မာလေးပါဘုရား အထင်မလွဲပါနဲ့ဘုရား ဟီး

ဦးအင်း ကျွန်တော် သိသလောက် ပေါ့ tag list မှာ introduceyourself , introducemyself ဆိုတာ လေးထည့်ပေးရမှာ တစ်ချို့ $တော်တော်တက်ကြတယ်

$ရတာ မရတာထက် သိတဲ့သူကပြောတာ နားထောင်ရမှာပဲဗျ။ introducemyselfလိုက်ပြီဗျို့ ကျေးဇူးအထူးပါ

အ​ရေးအသားကလည်း ​ကောင်းပါဘိ ..
အာဇ္ဇဝန်း ကလည်း ရွှင်​ပါဘိ ...
ကိုယ်​​တွေ G4 မှာ ဒီလို ဒီလို ​တွေရှိပါလျှက်​ကယ်​နဲ့ ​ ​ပညာမယူ အူတူတူ လုပ်​​နေရင်​ဖြင့်​ အမိုက်​နင့်​ပြင်​ရှိအုံးမလား လို့ပင်​ ကိုယ့်​ကိုယ်​ကို ​မေးမိ​လောက်​​အောင်​ ​ရေးတတ်​ပါ​ပေ့ ဦးအင်း​ရေ ...

အမယ်လေး ကိုကိုမြန်မာပြည်သားရယ် ကိုကို့Postတွေ ဖတ်ပြီး ခုမှ ပြန်လာတာပါနော်ဗျာ။ ကျနော်က ပညာယူရမှာပါ

esteem ကနေရအောင်တင်ပါ အူးအင်းရေ
နောက်နေ့ပို့ စ်တွေကို easy လေးရေးပါ

Yes သမီးရေ အရင်ရက်က esteemက တင်တယ်။ ခုက introဝင်တာမို့ Proမှီအောင် ညက တစ်ခါတည်း ရေးတင်ရတာမို့။ esteemက နည်းနည်းအချိန်ပေးရတာ အဝိုင်းလည်တက်လို့။ Yes Sir ပါ

ဖတ်မိသမျှထဲ တော်တော်ကောင်းတဲ့ မိတ်ဆက်စာလေးပါ MSCမှ ကြိုဆိုပါတယ်

ဟုတ်ဗျ။ အခုလို နွေးနွေးထွေးထွေး ကြိုဆိုကြတာနဲ့တင် steemitလမ်းပေါ် လျှောက်ရတာ တန်သွား ပြီးပြည့်စုံသွားပါပြီခင်ဗျ။ ကျေးဇူးအထူးပါ

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.029
BTC 68462.20
ETH 2502.02
USDT 1.00
SBD 2.52