Watercress

in #myanmar6 years ago (edited)

ကန်ဇွန်းရွက်

Hello , all my steemit member .

Steemit မှ မိတ်ဆွေ သူငယ်ချင်းများ အားလုံး မင်္ဂလာပါရှင့်

image

ဒီကနေ့ ကျမရဲ့ steemit မှ မိတ်ဆွေသူငယ်ချင်းများ အတွက်
" ကန်ဇွန်းရွက် " အား အသုပ်သုပ်စား ရင်းဖြင့် ကန်ဇွန်းရွက်
စားခြင်းဖြင့် ရရှိစေနိုင်သော ကျန်းမာရေး အတွက်ကောင်းကျိုး
ပေးစွမ်းစေနိုင်သော အကြောင်းအရာ များအား post တင်
ရေးသားလိုက်ပါသည်

ကျန်းမာရေး ကောင်းမွန်စေတဲ့ အစားအစာတွေထဲမှာ ကန်စွန်းရွက်လည်း ပါဝင်ပါတယ်

ကျန်းမာရေး ကောင်းမွန်ဖို့အတွက် အစားအစာတွေကနေ
ရရှိစေတဲ့ အာဟာရဓါတ်များ အကျိုးအာနိသင် ကောင်းမွန်တဲ့
ဗီတာမင်ဓါတ်များ ရရှိဖိုအတွက် လိုအပ်ပါတယ်

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ ဖြစ်ဖို့အတွက်တော့ သန့်ရှင်းလတ်ဆတ်ခြင်း ဓါတုဆိုးဆေးတွေ မပါဝင်ခြင်းနဲ့
သင်တင့်မျှတတဲ့ အရသာနဲ့ ချက်ပြုတ်ထားတဲ့ ဟင်းလျာဖြစ်စေဖို့လည်ူ လိုအပ်ပါတယ် ရှင့်

image

ကန်စွန်းရွက်ကို စာသုံးခြင်းဖြင့် ကိုလက်စထရော ကျစေခြင်းနဲ့ ခန္ဓာကိုယ်အလေးချိန်ကျစေဖို့ ကို အထောက်အကူပြုပါတယ်

အသီးအရွက်တွေရဲ့ အဓိက လုပ်ငန်းဆောင်တာကလည်း
ကိုလက်စထရောတွေကို လျော့ကျစေဖို့ပင် ဖြစ်ပါတယ်

ကန်ဇွန်းရွက် တွင် ဗီတာမင်အေ ဗီတာမင်စီ မဂ္ဂနီစီယမ်ဓာတ်အမျှင်ဓာတ် သံဓာတ် ရေဓာတ် စသည့် ကျန်းမာရေးအတွက် အတောက်အကူ ဖြစ်စေသည့် ဗီတာမင်ဓာ် များစွာပါဝင်ပါတယ်

ကန်စွန်းရွက်မှာ ဗီတာမင် အေ ပါဝင်ပြီး ဗီတာမင် အေက မျက်စိအာရုံကို ကောင်းမွန်စေပါတယ်။
မျက်စိအားကောင်းဖို့ ကြိုးစားနေတယ်ဆိုရင်လည်း ကန်စွန်းရွက်လေး စားပေးပါ

ကန်စွန်းရွက်မှာ ဗီတာမင် စီ လည်း များများပါဝင်တာကြောင့် နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေပါသေးတယ်။

ကန်ဇွန်းရွက်တွင် မဂ္ဂနီစီယမ်ဓာတ် ပါဝင်သည့်အတွက်နှလုံးထဖောက်ခြင်းတွေ မဖြစ်စေဘဲ သွေးဖိအား အတက်အကျကို ထိန်းထားပေးနိုင်ပါတယ်
ကန်စွန်းရွက်က ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ကိုလက်စထရော တိုးတာကို လျှော့ချပေးတဲ့အတွက် သွေးကြော ပိတ်ဆို့တာတွေ
မဖြစ်စေတော့ဘဲ နှလုံးရောဂ နဲ့ လေဖြတ်တာတွေ ကို လျှော့ကျစေပါတယ်

ကန်စွန်းရွက်မှာ အမျှင်ဓါတ်တွေ ပါဝင်ပြီး အစာခြေစနစ်ကို
ကောင်းမွန်စေတဲ့အပြင် အစာအိမ်လမ်းကြောင်းမှာ ပြဿနာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်
အမျှင်ဓ်ာတ် ကဝမ်းချုပ်တာကို ပျောက်ကင်းစေပါတယ်
ဝမ်းချုပ်တဲ့အခါမှာ ကန်စွန်းရွက်ကို ကြော်စားတာနဲ့ ရေလုံပြုတ်စားတာမျိုး ပြုလုပ်ပေးပါက သက်သာပျောက်ကင်းစေပါသည်

ကန်စွန်းရွက်မှာ ပါဝင်မှု အများဆုံးကတော့ သံဓါတ် ဖြစ်ပါတယ်
သံဓါတ် လုံလုံလောက်လောက် ရရှိမယ်ဆိုရင် သွေးအားနည်းရောဂါတွေ မဖြစ်စေနိုင်ပါ
သံဓါတ်ပြည့်ဝနေမယ်ဆိုရင် သွေးနီဥဆဲလ်တွေ ကောင်းမွန်စွာ လည်ပတ်ဖို့ အထောက်အကူပြုပါတယ်
သံဓါတ်က ကိုယ်ဝန်ဆောင် မိခင်များ အတွက် အထူး လိုအပ်ပါတယ်

ကန်စွန်းရွက်မှာ ရေဓါတ်များများ ပါဝင်တာကြောင့် ဆီးသွားစေဖို့ အထောက်အကူပြုစေပါတယ်
ကျောက်ကပ်ရောဂါ ရှိလို့ ဆီးသွားရာတွင် ပြဿနာတွေ ရှိနေတယ်ဆိုရင်လည်း ကန်စွန်းရွက် စားပေးပါက သက်သာပျောက်
ကင်းစေပါတယ်
ရေဓာတ်များစွာပါဝင်သည့်အတွက် ကျောက်ကပ်ရောဂါ ဖစ်ပွားခြင်း မှလည်း ကာကွယ်ပေးပါတယ်

image

ကန်စွန်းရွက်မှာ ပါဝင်တဲ့ အာဟာရဓါတ်များသည် အရေပြားဆဲလ်များ အသစ်ပြန်လည်ဖြစ်ပေါ်ဖို့အတွက် ကူညီပေးပါတယ်အရေပြားမှာ အမာရွတ်ဖြစ်နေပါက ကန်ဇွန်းရွက်ကိုသထ္တုရည်
ကြိတ်ပြီးလိမ်းပေးပါက သက်သာစေနိုင်ပါတယ်
အင်းဆက်ခြင်း ပိုးမွှားများကိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသော အဖု အပိန့်များပေါ် တွင် ကန်စွန်းရွက် အေးအေးလေး ကပ်ပေး
ပါကလည်း သက်သာစေပါတယ်

ထို့ကြောင့် steemit မှ မိတ်ဆွေသူငယ်ချင်းများအားလုံးလည်းကန်စွန်းရွက် က ပေးစွမ်းနိုင်တဲ့ အာဟာရတွေ နှင့် ကျန်းမာရေး ကောင်းကျိုး များကိုကို သိရပြီး
ကန်ဇွန်းရွက်ကို ကန်ဇွန်းပလိန်း ကန်ဇွန်းရွက်ချဉ်ဟင်း ကန်ဇွန်းရွက်ပြုတ် ကန်ဇွန်းရွက်ကို အသုပ်သုပ်၍ ၄င်း တို့စရာအဖြစ် ၄င်း အသား ငါးတို့နှင့် တွဲဖက်၍ ချက်ပြုပ်ကြော်လှော်၍ ၄င်း
စားပေး ကြစေရန် ရည်ရွယ် လျက် post တင် ရေးသား
လိုက်ပါသည်

ကန်ဇွန်းရွက် သုပ် ကိုတော့ နောက်လာမည့် post တွင် ရေးသားမှာ ဖြစ်သည့်အတွက် စောင့်မျှော်ကြည့်ရှု ပြုလုပ်စားသောက် ကြည့်ကြပါရန်ဟု ချစ်ခင် လေးစားစွာ ရေးသားလိုက်ပါသည်

Author-

@mamamyanmar

MSC-070

Sort:  

မနက်​​ကြော်​စားအုံးမယ်​ အစ်​မ​ရေ .. ည ဖက်​ ဖတ်​မိလို့ဗျာ .. ​နေ့လည်​ခင်းဆို ချက်​ခြင်းဝယ်​​ကြော်​စားပလိုက်​မှာ .. ဖတ်​ရင်း စားချင်​လာပြီ..

အဝ စားပလိုက် နော် ရေလဲ သေချာဆေးအုံး

နွေရာသီ မှာ ရေကန်စွန်းရွက် စားပေးရတယ်တဲ့ ကျွန်တော်ကြိုက်တာ မှိုကန်စွန်း ကြော် စားချင်တာ

မှိုကန်ဇွန်းကတော့ famous food ပေါ့

ကန်စွန်းရွက်သည် ကန်ဘောင်တွေရဲ့အစွန်းမှာပေါက်တဲ့အပင်မိုလို့ (ကန်စွန်း) ရွက်ဟုခေါ်ဝေါ်ခဲ့ကြတယ်လို့မှတ်သားဖူးပါသည်။

ကျေးကျေးပါ အဲ့ဒါတော့ ခုမှသိ

ကန်​စွန်းရွက်​အရမ်းကြိုက်

ဟုတ်တယ်နော်

ကန်စွန်းရွက်လေးကို ကြက်သွန်ဖြူလေးနဲ့ စိမ်းစိမ်းလေးကြော် ဘာဟင်းမှတောင်မလိုတော့ဘူး ကောင်းမှကောင်းဘဲ

အာ့ မျိုးဆို အရမ်းကြိုကိတာ

steemit ပေါ်မရောက်တော့ စားကောင်းသောက်ဖွယ်တွေတောင် မစားရ ကြာပေါ့

အာ့ကြောင့် လာပါဆိုနေမှ

မှိုကဇွန်းလေးတော့လုပ်ပါ

အာ့ဒါ ကအစားဖြစ်ဆုံး ဘဲ

ဒီနေ့ ကန်စွန်ရွက်ကြော်နဲ့ ထမင်းထုတ်ခဲ့တာပါဗျာ

ကျနးမာရေးအတွက်ကောင်းလို့ များများစားပေး

ကန်စွန်းရွက် သုတ်ရယ်လို့  မကြားဘူး မစားဘူးသေးတာ အမှန်ပါ နောက်ပို့ စ်ကျရင် သေချာပြောပြပါ တကယ်လုပ်စားမလို့ 

လာမယ်လေ
ကန်ဇွန်းရွက်သာ လယ်ကွက်ထဲ သွားခူးထားလိုက်တော့
ဦးဇင်းက ဝယ်မယ့်ပုံ မပေါ်တော့

အခုဘဲ ကန်​ဇွန်းရွက်​​ကြော်​နဲ့စား​နေတာ အမ​ရေ😂
တိုက်​တိုက်​ဆိုင်​ဆိုင်​ဘဲ

ကန်ဇွန်ရွက် သားတဲ့လူတေ များသား

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 59176.07
ETH 2667.95
USDT 1.00
SBD 2.42