Termite (white ant )

in #myanmar8 years ago

" ခြ " ဆိုသော သတ္တ၀ါ အကြောင်း

image

Hello ,
မင်္ဂလာပါ ရှင့်

ဒီနေ့ ကျမ အိမ် သန့်ရှင်းရေး ပြုလုပ်ရင်း " ခြ " ဆိုသော
သတ္တဝါ များအားတွေ့မြင် ပြီး ခြ သတ္တာဝါများ၏ အံသြဖွယ်
ရာ ရှင်သန်ပုံ များ ကို ရေးသား လိုက်ပါတယ်

လူတို့၏ အသုံးအဆောင်များ၊နေအိမ်များအား အများဆုံး ဖျက်ဆီးနိုင်သည့် ခြ သတ္တ၀ါ များသည် ဤကမ္ဘာမြေပြင် ပေါ်တွင် လွန်ခဲ့သော နှစ် သန်းပေါင်းများစွာ ကတည်းက ရှိနေခဲ့ကြပါ
သည်

မျိုးပွားမှု အမြန်ဆုံး နှင့် အများဆုံး သတ္တဝါ များလညါး ဖြစ်ကြပါတယါ

image

ခြတို့သည် အုပ်စုဖွဲ့နေလေ့ရှိသော အင်းစက်အမျိုးအစားများ
ဖြစ် ကြပါတယ်

ခြ သတ္တဝါ တို့သည် ကမ္ဘာပေါ်တွင် မျိုးတုံးသွားခဲ့ပြီဖြစ်သော ဒိုင်နိုဆော သတ္တ၀ါ များနှင့် အတူ ရှင်သန်ရပ်တည်ခဲ့ကြပြီး ခြများကို ကမ္ဘာ့နေရာအနှံ့တွင် ယနေ့ထိတိုင်မြင်နိုင် ပါတယ်

ခြ သတ္တဝဝါများသည် အတောင်ပံ များရှိကြသော်လည်း
နေထိုင်ရန် အသိုက်တစ်ခုရရှိသည်နှင့် ယင်းတို့၏ အတောင်များကို ခြွေချလေ့ရှိကြပါသည်
ခြများသည် တစ်ရက်လျှင် ၂၄ နာရီ တစ်ပတ်လျှင် ၇ ရက် မရပ်မနား အစာ စားနိုင်ကြသည်ဟု လည်း ဆိုပါတယ်

ဤကမ္ဘာမြေ ပေါ်တွင်ရှိရှိသမျှ သော လူအားလုံး နှင့် ရှိရှိသမျှသော ခြအားလုံးတို့ကို အလေးချိန် ချိန်တွယ်ပါက လူများ၏ အလေးချိန်ထက် ခြများ၏ အလေးချိန်က ပိုနေမည်ဟု သုတေသီတို့ကဆိုကြပါတယ်

ထိုမျှ များပြားသော ခြများ၏ ဖျက်ဆီး မှု ကြောင့် ကမ္ဘာပေါ် တွင် တစ်နှစ်လျှင် ဒေါ်လာ ၅ ဘီလျံခန့်ပျက်စီးဆုံးရှုံးနေကြ ပါတယ်

image

လူများကဲ့သို့ နယ်မြေချဲ့ ထွင်မှု ကြောင့် ခြများကို ကိုလိုနီ
များဟုလည်း ခေါ်ကြပါတယ်

ခြတို့သည် သစ်ပင်မှ ထွက်ရှိသော သစ်သားနှင့် သစ်ရွက်များကို အဓိက စားသုံးကြပြှီး မြေဆီလွှာများနှင့် တိရိစ္ဆာန် မစင်များကိုလည်းစားတတ်ကြပါတယ်

ဤကမ္ဘာပေါ်တွင် ခြမျိုးစိတ်ပေါင်း ၄၀၀၀ နီးပါးရှိသည့် အနက် ၁၀ ရာခိုင်နှုန်းခန့်သည် အဆောက်အအုံများ ကောက်ပဲ သီးနှံများ စိုက်ခင်းများ သစ်တောများကို ကြီးမားစွာ ဖျက်ဆီးနိုင်သည့် အဖျက်ပိုးမွှားများဖြစ်ကြသည်

သို့သော်လည်း ခြတို့သည် လူတို့အား အန္တရာယ်ဖြစ်စေနိုင်သည့် ရောဂါပိုးများ သယ်ယူခြင်းမရှိကြပါ

ခြများသည် အပူပိုင်းဒေသများနှင့် နွေးထွေးသောဒေသများတွင် အများဆုံး ရှင်သန်ပေါက်ပွားကြသည်

image

ခြ တို့ကို အဓိက အားဖြင့် အုပ်စု လေးခုခွဲခြားသတ်မှတ်
ထားကြပါတယ်

သစ်စိုစားခြ(Damp wood Termite)
သစ်ခြောက် စားခြ (Dry wood Termite)
ဖော်မိုဆာခြ(Formosan Termite)
မြေအောင်းခြ( Subterranean Termites)

ဟူ၍( ၄)မျိုး ခွဲခြားထားကြ ပါသည်

သစ်စိုစားခြ သည် စိုနေသာ သစ်သားများကို အဓိက စားလေ့
ရှိကြပြီး စွတ်စို ထိုင်းမှိုင်းသော နေရာများတွင်နေလေ့ရှိကြသည်

သစ်ခြောက်စားခြ သည် ခြောက်သွေ့နေသော သစ်သားများအပြင် နံရံကပ် စက္ကူများ ပလတ်စတစ်များ အပင်များမှ ထုတ် လုပ် ထားသည့် လျှော်မျှင်များကိုပါ စားလေ့ရှိကြ ပြီးခြောက် သွေ့
သော ပတ်ဝန်းကျင်တွင် နေလေ့ ရှိ ကြသည်
အိမ် အဆောက်အအုံတစ်ခုအတွင်းမှာပင် အသိုက်များ ပြုလုပ်ကာနေကြသည် အိမ်အတွင်း၌ လိုဏ် များ သဖွယ် လမ်းကြောင်းများဖောက်လုပ် နေထိုင်ကြသည်
ထို လမ်းကြောင်းများကို အိမ်၏ ရက်မတန်းနေရာများတွင် ပြုလုပ် လေ့ရှိကြသဖြင့် သစ်သား၏ တောင့်ခံအားလျော့နည်းလာကာ အဆောက်အဦကို ယိုင်လဲ ပြိုကျ လာစေနိုင်ပါတယ်

ဖော်မိုဆာခြ သည် တရုတ်နိုင်ငံ ဖော်မိုဆာ ဒေသကို အစွဲပြုကာ မှည့်ခေါ်ထားသောကြောင့် ဖော်မိုဆာခြ ဟု ခေါ်ပါသည်

မြေအောင်းခြများ သည် သစ်သားများ နံရံကပ် စက္ကူမျာပလတ်စတစ်များ သာမက အပင်များမှ ထုတ်လုပ် ထားသည့် လျှော်
မျှင်များကိုပါ စားကြသည်
မြေကြီးထဲတွင် အောင်းသော ခြမျိုးဖြစ်သဖြင့် မြေဆီလွှာ ကိုမှီ တွယ်ကာ ရှင်သန်ကြသည်
အပေါ်ယံ စိုစွတ်သော မြေလွှာ ၏ အောက်တွင် နေလေ့ရှိကြသည်အစာရှိရာ နေရာအထိ လိုဏ်များကို ဖောက်လုပ်ထားကြသည်

မြေအောင်းခြတို့သည် သစ်သားများကို အများအပြားစားပစ်နိုင်ကြပြီး နေအိမ် အဆောက်အဦများကို ကြီးမားသော ပျက်စီးမှုများကို ဖြစ်စေပါတယ်

အဆောက်အအုံများ၏ ပန္နက်ခုံများ ရက်မတန်းများ သာမက
ရှင်သန်နေသော အပင်များ ချုံနွယ်များ ကိုလည်း စားတတ်
ကြပါသည်

image

ခြတောင်ပို့ များကတော့ ဂမ္ဘီရ သမားများ အတွက် အသုံးဝင်တယ် လို့ဆို ကြပါသေးတယ်

ငါးပေလောက်ရှိတဲ့ တောင်ပို့အခြေကို ခေါက်ကြည့်ရင် လှိုဏ်သံပေါက်နေရင် အထဲမှာ ခြနန်းတော်ရှိနေ၏
တောင်ပို့အလယ်တည့်တည့်တွင် ခြနန်းတော် ရှိပြီး ခြဘုရင် နေ၏
ခြဘုရင်သည် သာမန်ခြများထက် အဆ သုံးဆယ်ကြီးပြီး
ကိုယ်လုံးကြီး၍ ခြေတံ လက်တံများ တုတ်ပြီး တိုကာ
သာမန်ခြများလို မြန်မြန်မသွားနိုင် ခြ မိဖုရား နှစ်ကောင်နှင့် နေ
သည်ဟုဆိုကြပါတယ်
၎င်းခြဘုရင်၏ နန်းတော်ဗဟို၌ ခြမဏ္ဍိုင်သံတည်၏။ခြဘုရင် သည် ခြမဏ္ဍိုင်သံ၏ အဆီအနှစ်ကို စား၍ အသက်ရှည်စွာဖြင့် ၎င်း ခြမဏ္ဍိုင်သံကို ရစ် ပတ်၍ သွားနေ၏
၎င်းသံသည် ခြဘုရင်၏အပူနှင့် ရစ်ပတ်သွားနေမှုကြောင့် လုံးဝန်းသထက် လုံးဝန်းကာ ဓါတ်လုံးကဲ့သို့ တည်၏ မိုးရေတိုက်စား၍ ခြတောင်ပို့ ပျက်သော် ထိုက်သောသူသည်
၎င်းခြသံဓါတ်လုံး သည်သိဒ္ဓိပြီးမြောက်စေ၏
၎င်း ခြမဏ္ဍိုင်သံကိုတွေ့သည်ရှိသော် တံငါသည်တို့ တွင် ဆရာတစ်ဆူဖြစ်၏
၎င်းသံဖြင့် ငါးမျှားချိတ်လုပ်သော် ငါးစာတပ်စရာမလိုပဲ ငါးတို့ အလိုလိုပြေးဟက်ကြကုန်ကြ၏
ဆေးပညာအရ ခြဘုရင်ကို ကြော်စားသော် မွေးရာပါ ပန်းနာရင်ကျပ်ရောဂါပင် ယူပစ်သလို ပျောက်ကင်း၏

ဟု ၍ ဂမ္ဘီရဆေးကျမ်းများမှာရေးထားသည်ကို မှတ်သားမိပါ
သည်

ခြတောင်ပို့များကို နေရာအနှံ့တွင် မြင်တွေ့နိုင် ပါတယ်
ယင်း ခြတောင်ပို့များအားတို့ကို ခြလုပ်သားများက တည်ဆောက်ကြရသည် ခြတို့သည် တောင်ပို့များကို မြေဆီလွှာများ ရွံ့များ တံတွေးရည်များ မစင်များဖြင့် ပေါင်းစပ်ပြုလုပ်ကြတာ
ဖြစ်ပါတယ်

ခြတောင်ပို့ တစ်ခု အတွင်း ဥမင်တစ်ခုသဖွယ် လိုဏ်လမ်
ကြောင်းများ ထွက်ပေါက်များ ဖြင့် လေ၀င်လေထွက်ကောင်းမွန်စေရန် ပြုလုပ်နိုင်ကြ သည်
ခြ တောင်ပို့များကို မြေအောက်တွင် ပြုလုပ်ကြရာမှ မြေပေါ်တို့ မြင့်တက် ထိုးထွက်လာလေ့ ရှိသကဲ့သို့ အပင်များအတွင်း သစ်ခေါင်းများ အတွင်းတို့တွင်လည်း ပြုလုပ်တတ်ကြပါသည်

ခြ သတ္တဝါ တို့နှင့် ပတ်သက်သည် စကားပုံ များကတော့

အကျက့်ပျက် ခြစား

ခြတောင်ပို့ ကဲ့သို့

လောကနီတိ ၌ လည်းအကြားအမြင်ပညာ ကိုနည်း၏ ဟူ၍
မထီမဲ့မြင် မပြုရာ စိတ်၌ ကောင်းစွာ မှတ်သားထားရာ၏
ခြတောင်ပို့တို့ သည် ၄င်း မိုးရေပေါက်တို့သည် ၄င်း
ကာလ ကြာသော် မို့မောက်ပြီး ကြီးထွားပြည့်လျံ သကဲ့သို့
တည်း
ဟူ၍ ခြတောင်ပို့နှင့် ဥပမာ ပေး ခိုင်းနိုင်း ကြပါတယ်

ခြ များရန် မှ ကင်းဝေးစေရန် အတွက်

သစ် ခြောက် စား ခြများ မလာစေရန် ထင်းနှင့် အခြားသစ်တိုသစ်စများကို အိမ်မှ ဝေးဝေး ထားခြင်းဖြင့် လည်းကောင်း၊ သစ်သား များ၏ ကွဲကြောင်း ဟကြောင်းများ အားလုံးကို ခြများမ၀င်နိုင်စေရန် ခြမစားနိုင်သည့် သံပြားကဲ့သို့သော ပစ္စည်းများ
ဖြင့် ပိတ်ဆို့ ထားခြင်းဖြင့် လည်းကောင်း ကာကွယ်နိုင် မှာ
ဖြစ်ပါသည်

ကမ္ဘာပေါ်တွင်ပေါက်ပွားမှု အများဆုံးနှင့် အမြန်ဆုံးဖြစ်သော ခြမျိုးစိတ်များကို လူတို့ကနည်းမျိုးစုံဖြင့် နှိမ်နှင်းကြသည့် တိုင် မျိုးသုဉ်းသွားနိုင်ဘွယ် မရှိသည့်အပြင် ကမ္ဘာကြီးတည်ရှိနေသ၍ ရှိနေကြဦး မည်ဖြစ်သကဲ့သို့ ယင်းတို့၏ ဖျက်ဆီးမှုများ သည်လည်း နှစ်စဉ် တိုးတက်များပြားလျက်ရှိနေဦးမည်သာ ဖြစ်
ပါသည်

steemit မှ member များကို လည်း
ခြ သတ္တဝါ များအား တွေ့မြင် မိပြီး ကျမ post တင် ရေးသား
ရခြင်း တွင် ပေးချင်သော message မှာ

ခြ ဆိုသော သတ္တဝါများသည် လူတို့၏ အိုးအိမ် တိုက်တာ
အဆောက်အဦး ပရိဘောဂ အသုံးအဆောင် များကို
ဖျက်စီး နိုင်သောကြောင့် မိမိတို့၏ ဥစ္စာ ပစ္စည်းများ လေလွင့်
ဆုံးရှုံး မှု မဖြစ်ပေါ်စေရန် ကြိုတင်သတိထား ထိန်းသိမ်း ကြ
စေရန် ရည်ရွယ်ပါတယ်

ထို့အပြင် ခြ ဆိုသော သတ္တဝါ များသည် အကောင်ပင်သေး
လင့်ကစား စုပေါင် အင်အားဖြင့် ခြတောင်ပို့ကြီးများ ဖြစ်ပေါ်လာအောင် အိမ် အလုံးလိုက် ပြို ကျပိက်ဆီးစေအောင် အများအား ဖြင့် ပေါင်းစု ပြီး လုပ်ကိုင်ကြသည် စည်းလုံး ကြပုံ
စွမ်းဆောင်နိုင်ကြ ပုံ တို့ကို အတုယူ ကြစေရန် ရည်ရွယ်
ပါတယ်

MSC အဖွဲ့သား အားလုံးသည် ခြ အကောင်လေး များကဲ့သို့

MSCအဖွဲ့ ဆိုသော ခြတောင်ပို့ကြီး

ကြီးသထက် ကြီးမားလာအောင်
ခိုင်မာသည်ထက် ခိုင်မာလာအောင်
အောင်မြင်သည်တက် အောင်မြင်လာအောင်

ဝိုင်းဝန်း ကြိုးစားအားထုတ် ကြစေရန် ရည်ရွယ်လျက်
post တင်ရေးသားလိုက်ပါတယ်

steemit မှ မိတ်ဆွေ သူငယ်ချင်းများ အားလုံး ကျန်းမာ
ရွှင်လန်း ကြပါစေ

author -

@mamamyanmar

MSC -070

Sort:  

စု​ပေါင်းညီညာ ​အောင်​​ကြောင်းဖြာ​စေဖို့ ခြများကိုပမာပြု sp စုကြပါစို့ ဗျာ ..

ဒါပေါ့ကွယ်

အိမ်မှာ ခြတွေဝင်သွားတာ တစ်အိမ်လုံး ဖြိုချ လုနီးပါးပဲ့ မရေ.သစ်တွေအစား အုတ်တွေ ပြန်အစားထိုးနေရတယ်.ခေါင်လည်း လဲပစ်လိုက်ရတယ် ဆိုးပါ့

အိမ် ၁ လုံး တောင် ဖြိုချ လိုက်ရပေါ့

ခြ​တွေ​တော့​ကြောက်​တယ်​အမ ကျွန်​​တော်​တို့အိမ်​လည်း ​တော်​​တော်​​လေး ပျက်​​နေပီ အာ့ခြ​တွေ​ကြောင့်​😢😢

သူတို့ရဲ့ အစွမ်းက လူတေထက် သာတယ်

ခြတောင်ပို့ လေးဖြစ်အောင်
Sp တွေ စုထားမယ်ဗျို့ 

good ပါအေ

ခြကမကောင်းပေမယ့် ခြလိုကျင့်ရင်တော့ကောင်းတယ်နော်။ဖြည်းဖြည်းချင်းစုနည်းနည်းစီ။

အေးဆို

ဒီမှာတော့ ခြတွေ တမင်မွေးချင်လို့  သစ်တုံးဆွေးတွေနဲ့ ထားပေးရတယ် ဘာလို့ လဲဆိုတော့ ခြတောင်ဘို့  ရှိတဲ့နေရာမျိုးမှာဆို မှိုတွေ တအားပေါတာလေ ဒါကြောင့် မှိုစားရဖို့  ခြမွေးရတာ

အာဆို ဦးဇင်းက ခြမွေးမြူရေးလုပ်နာပေါ့

ကောင်းတယ်ဗျဒါပေမဲ့ ခြ က လူကို ကိုက်တတတ်တယ်။ တုတ်တယ်ခေါ်မလားပဲ။ တို့  MSC မှာတော့ ခြ ကို အတု ယူဖို့  မမမြန်မာ ရေးထားတာ Good

ဟုတ်တယ် ကိုက်ရင်အသေ နာတာ

Vote တစ်ခုပေးဖို့ကို နှစ်မိနစ်လောက်ကြာတယ် မမမြန်မာရယ်။
လိုင်းမကောင်းဘူး။

ခြတွေမရှိရင် ဂေဟစနစ်ပျက်စီးသွားနိုင်တယ်တဲ့။
ကျွန်တော်တို့အိမ်မှာ ရှိတဲ့ ပရိဘောဂတွေထဲမှာ ကမ္ဘာကြီး သာယာ သန့်ရှင်းလာစေဖို့ မြေဆီကောင်းတွေ ဖြစ်လာစေမယ့် ဓာတ်တွေကိန်း နေတယ်တဲ့။
အဲဒီသစ်တွေကို ခြတွေကကိုက်ပြီး တောင်ပို့ကို ယူသွားတယ်။
တောင်ပို့ရောက်တော့မှ စိုက်ခင်းမှာ အဲဒီသစ်ကနေ မှိုဖောက်တယ်။ခြတွေက အဲ့ဒီမှိုတွေကိုစားပြီး အသက်ရှင်ကြတယ်တဲ့။
ခြအသိုက်တစ်ခု ပျက်သွားလို့ရှိရင် အဲ့ဒီ ခြတောင်ပို့မှာ ကျန်ခဲ့တဲ့ မြေဆီ အကောင်းတွေဟာ ဂေဟစနစ်ထဲကို ပြန် ဝင်သွားပြီးတော့ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေ လာစေဖို့ အလုပ်လုပ်တယ် လို့ဖတ်ဖူးပါတယ်။

ဆိုတော့ သူလည်း အဆိုးကြီးပဲတော့ မဟုတ်ဖူးပေါ့နော်။တစ်ဖက်တစ်လမ်းကနေ ကမ္ဘာကြီးကို
အကျိုးပြုနေတာပေါ့...

အလဲ့ နောက်ထပ် ဗဟုသုတ ထပ်ရလိုက်တယ်

ခြတွေရဲ့ ဇွဲရှိပုံကတော့ ၇လွှာအထိကို တက်ပြီး ကိုက်တယ်

ဟောတော်

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.097
BTC 63547.19
ETH 1834.86
USDT 1.00
SBD 0.38