Small Tamarind (Pound)

in #myanmar8 years ago

ရာသီစာ မန်ကျည်းသီးစိမ်း ထောင်းကြော်

Hello , all steemit member .

ရာသီစာ အစားအစာများသည် သူ့ရာသီ အချိန်အခါ၌ ပင်ရရှိစေနိုင်သည့်
အတွက် အရာသာလည်းရှိ ဆေဖက်လည်းဝင် စေသည့်အတွက် စားသောက်
သင့်ကြပေသည်

မန်ကျည်းသီး အမှည့်ကတော့ ရာသီအချိန်မရွေး နှစ်ပေါက် ရရှိစေနိုင်သော်လည်း မန်ကျည်းသီးစီမ်း နုနု လေးများကတာ့ အခုလို အချိန်ဝါဆိုလ ဝါတွင်း ကာလ လောက် တွင်သာ အသီးနုလေးများ ရရှိသည့် အတွက်
ယခု အချိန်တွင် ထိုမန်ကျည်းသီးစိမ်းလေးများအား ထုထောင်း၍ မန်ကျည်းသီးစိမ်းထောင်းကြော် မန်ကျည်းသီးစိမ်းချက် စသည်ဖြင့် ပြုလုပ်စားသောက်
ကြပါသည်

ရင့်မှည့်သွားသော မန်ကျည်းသီးစိမ်း များကိုတော့ အများအားဖြင့် ချဉ်ရည်
ဟင်း ချက်ရာတွင်သာ အသုံးပြု များပါသည်

ထို့ကြောင့် ရာသီစာ မန်ကျည်းသီးတောင့်နုနုလေးများအား ကြော်စားရင်း ပြုလုပ်နည်းလေးအား ရေးသားpost တင်လိုက်ပါသည်

image

မန်ကျည်းသီးစိမ်း ထောင်းကြော်

ပါဝင်ပစ္စည်းများ

  • မန်ကျည်းသီးစိမ်း တောင့် နုနု - ၁၅ ကျပ်သား
  • ကြက်သွန်နီ အနေတော် - ၃ လုံး
  • ကြက်သွန်ဖြူ - ၃ မွာ
  • ငပိ - ဟင်းစားဇွန်ူး - ၁ဇွန်း
  • ငရုတ်ကြမ်းမှုန့် -ဟင်းစားဇွန်း - ၂ဇွန်း
    (သို့)
  • ငရုတ်သီး အစိမ်းတောင့် - ၁၀ တောင့်
  • ဆီ - ၅ ကျပ်သား
  • ဆား - အနည်းငယ်
  • အရသာမှုန့် - အနည်းငယ်

တို့ လိုအပ်ပါသည်

ပြုလုပ်နည်းကတော့

မန်ကျည်းသီးတောင့် လေးများအား ရေစင်အောင်ဆေး ပါ (အပေါ်ယံ အပွေးလေးများအား တိုက်ချွတ်ဆေပါ ) ထိုအပေါ်ယံ အပွေး လေူများသည် ရင်ကြပ်စေနိုင်ပါသည် ထို့နောက်ရေစစ်ထားပါ

ရေစစ်ထားသော မန်ကျည်းသီးစိမ်းလေးများအား ငရုတ်ဆုံ တွင် ဆားအနည်းငယ် ထည့်ပြီး ညက်နေအောင် ထောင်းပါ

ထောင်းသည့် အချိန်တွင် ဆားထည့်ထောင်းပါမှ အစိမ်းရောင် အတိုင်း အရာင်မပျက် ရစေမှာ ဖြစ်ပါသည်

ကြက်သွန်နီ အခွံသင် ပါးပါးလှီး ကြက်သွန်ဖြူ ထောင်းထားပါ

ပါဝင်ပစ္စည်းများ အရံသင့် ဖြစ်ပါက
ဒယ်အိုး အတွင်း ဆီထည့် ပြီး ကြက်သွန်နီ / ဖြူ တို့အားတစ်ဆင့်ခြင်း ထည့်ကြော် ကြက်သွန် အရောင်ပြောင်းပါက ငပိ ငရုတ်သီးမှုန့် မန်ကျည်းသီး
စိမ်း ထောင်းတို့အားထည့်မွှေ ကြော် ဆီဝေ့လာပါက အရသာမြည်း
သုံးဆောင်နိုင်ပြီ ဖြစ်ပါသည်

မန်ကျည်းသီးစိမ်းကြော် မန်ကျည်းသီးစိမ်းချက် တို့ကို မျှစ် ပုဇွန် တို့နှင့်လည်း
ရောနှော၍ ချက်ကြော် ၍ လည်းစားကြပါသည်

မန်ကျည်းသီးစိမ်းချက် ငပိကောင်ကြော် ပဲဟင်းချို တိ့နှင့် တွဲဖက်စားပါက
လိုက်ဖက်သောဟင်ူအတွဲလေး ဖြစ်တာကြောင့် ထမင်းမြိန်စေပါသည်

ယခု ချိန်ခါ ရာသီစာ ဖြစ်တာကြောင့် ဝါဆိုဟင်း ဟုပင်ဆိုရမည် ဖြစ်ပါတော့
သည်

@mamamyanmar

Sort:  

ဒီနေ့မိုးဝေတို့ကိမ်တွင်လည်းမန်းကျည်းသီးထောင်းကြော်စားပါသည်အိမ်

အာ့ဆို me too ပေါ့

စားချင်စရာကြီး

စားပြိုက်

မန်ကျည်းသီးစိမ်းထောင်းလေးနဲ့ ဒညင်းသီးပြုတ်ကလေးနဲ့ အရမ်းကို လိုက်တယ် မမမြန်မာရေ

ဟုတ်ပ အကြိုက်တူ လိုက်တာ

တကယ့်ကို ကြိုက်လှတယ်သမီးရေ
စားချင်လိုက်တာ

ထမင်းမြိန် တာမှ

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.103
BTC 64150.00
ETH 1866.15
USDT 1.00
SBD 0.35