Sagaing Fruit (Part-3)

in #myanmar6 years ago

စစ်ကိုင်းသီး (or) တရုတ်ဇီးသီးအကြေင်း

Hello , all steemit member .

စစ်ကိုင်းသီး ခေါ် တရုတ်ဇီးသီးများ အသီးသီချိန် မှာတန်ခူလ ကဆုန်လတို့
တွင် အညွှန့်အဖူးလေးများ မှ သည် အသီးလေးများသီးလာ ကြပြီး ယခုလို
အချိန် ဝါဆိုလ ဝါခေါင်လ တို့တွင် အသီးများရင့်မှည့် ၍လာပြီး
ခူးဆွတ် စားသောက်လို့ရပြီ ဖြစ်ပါတယ်

တရုတ်ဇီးသီးပင်တို့ရှိ တရုတိဇီးသီးခိုင်မှ အသီးတို့သည် လေဒဏ် မိုးဒဏ်
မခံရပါက အသီးများဖြစ်ထွန်းအောင်မြင်ပြီး အခိုင်များမှာလည်းအသီးများ
ပြွတ်သိပ်၍ လှပပါသည်

image

အသီးမရင်မှီတွင် ငှက် ခြင် ယင် တို့မှကာကွယ်ရန် အသီးခိုင်များအား
စက္ကူအိတ် ခြင်းကျား များဖြင့် အိပ်စွပ် ထားကြပါသည်

တရုတ်ဇီးသီးများရရှိချိန်တွင် အပင်ပြတ်ဝယ်ထားသူများကတော့ ထိုသူတို့ ကြိုက်နှစ်သက်သည့် အသီးအရွယ်အစား ရောက်သည်နှင့် လာရောက် ၍ ကိုင်းချိုး ယူငင်ကြသည့်အတွက် အပင်ရှင်များအတွက် အပင်နာတတ်ပါသည်

တရုတ်ဇီးသီးခိုင် လိုက် ကိုပင်သီးသန့် ချိုးယူခြင်းမျိုးထက် အချိန်ကုန်သက်သာစေရန် အပင်တစ်ပင်လုံးနီးပါး ချိုင်သကဲ့သို့ ကိုင်းများပါ ချိုးကြသည့်
အတွက် သစ်ပင်ကိုင်းများ ကျိုးပဲ့ပျက်စီး သွားသည့်အတွက် အပင်နာသည်
ဟုခေါ်ပါသည်

ထိုတရုတ်ဇီးသီးပင် များအဖို့ လာမည့်နှစ်တွင် အသီးခိုင် ထွက်ရှိမှုမှာလည်း
နည်းပါးသွားစေပါသည်

အပင်ပြတ် မရောင်းသူများကတော့ မိမိ အပင် တရုတ်ဇီးသီးများ မရင့်မှည့်မှီ အချိန်ထိ စိတ်ကြိုက် လိုသလို ခူးယူ စားသောက်ကြပါသည်

အပင်ပေါ်သို့တက်၍ တရုတ်ဇီးသီး အခိုင် ချိုးမည့်သူ မရှိပါက အိမ်သားများထဲတွင်ယောင်္ကျားသား မရှိသူများ ကတော့ တရုတ်ဇီးသီးခူးဆွတ်သူများအား
အခကြေးငွေပေး ၍ ငှါးရမ်း ခူးဆွတ် ကြရပါသည်

တရုတ်ဇီးသီးအခိုင် ငှါးရမ်းခူးဆွတ်ခ ကတော့ ၁ ပိဿာ လျင် ၃၀၀ကျပ်မှ ၅၀၀ ကျပ်ပေး၍ ခူးဆွတ်ကြရပါသည်
ထိုနောက်တွင်တော့ ရောင်းလိုကရောင်းချခြင်း လှူတန်းခြင်း လက်ဆောင်ပေး
ခြင်းများ မိမိတို့စိတ်ကြိုက် အသုံးပြုကြပါသည်

အလုပ်ရှုပ် မခံလိုသူများကတော့ အပင်ပေါ်၌ ပင် ခြောက်သွေ့ကြွေကျသွားသည်မထိ ပြစ်ထားလေ့ ရှိကြပါသည်

အခုနောက်ပိုင်းတွင် တရုတ်ဇီးသီးပင် များကိုပင် ခြံများတွင် စီးပွားဖြစ် စိုက်ပျိုး လာကြပါတော့သည်

တရုတ်ဇီးသီး ဈေးကွက် တစ်ခု အဖြစ်ပင် ရောင်းချလာခဲ့ကြပါတော့သည်

ဟိုအရင်အချိန်က တရုတ်ဇီးသည်ပင် မရှိသော်လည်း စာချင်ပါက အပက်ရှင်အား ခွင့်တောင်း ၍ အပင်ပေါ်တက် ကြိုက်သလောက်ခူးဆွတ်စား ခဲ့ကြသည့်
စစ်ကိုင်းမြို့သူ / မြို့သားများပင်လျင် အပင်မရှိပါက ကိုဟ့်အပင်က အသီးမတင်ပါက ဝယ်ယူစားသောက်နေကြရပြီ ဖြစ်ပါသည်

ဆေးကျမ်းများတွင် နှလုံးသွေးကျောကျဉ်း ရောဂါ အတွက်တရုတ်ဇီးသီးပါဝင်ဖော်စပ် ညွှန်းဆိုထားသော ဆေးနည်းမှာ -

  • ကြွက်နားရွက်မှို နှစ်ကျပ်ခွဲသား
  • တရုတ်ဇီးသီး ငါးလုံး
  • ဂျင်း လက်တစ်ဆစ်ခန့် 
  • ဆားအနည်းငယ်

တို့ကို ရေဖန်ခွက် ၆ ခွက်ထည့် ၂ ခွက်ကျန်အောင်ကျို ပြီး မနက်တစ်ခွက် ညတစ်ခွက် သောက် ပါက နှလုံးသွေးကျောကျဉ်း ရောဂါ ပျောက်သည်ဟု ရေးသားထားကြပါသည်

… ဆက်ရန်…

@mamamyanmar

Sort:  

know buddy
your post is great
by. @adit123

We call it Longgan here in the philippines. They are yummy. Infact we have it in our yard ,but still have more years to go , for us to harvest the fruits of our labor. They are one of a kind fruit and a taste was splendid.

this fruit is very sweet and deliciousness.I think,
you too like and eat.

သိပ်ကြိုက်လွန်းလို့ အများကြီးစားတယ်လေ ချိုချိုလေးပေါ့နော်

ဟုတ်တယ်ဆို အားတိုင်းအပင်ပေါ်က ခူးပီးစားနေတာ ခုကို ရေးလိုက်စားလိုက် ဟိဟိ

I dont understand but I like the writing.

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 59531.52
ETH 2678.46
USDT 1.00
SBD 2.43