" Potato " For Cooking And Eating ( Part -3 )

in #myanmar6 years ago

အားလူးသီး ကိုအသုံးပြု၍ စားသောက်ဖွယ်ရာ များ


ပြင်ဆင် ပြုလုပ်နည်းများ ( အပိုင်း-၃ )


image

"အာလူးကြက်မြစ်ကြက်သဲဆီပြန်ဟင်း "


Hello , all my steemit member

Steemit မှ မိတ်ဆွေ သူငယ်ချင်း များအားလုံး မင်္ဂလာပါ

ကျမ ရဲ့ steemit တွင်ရေးသား post တင်မယ့် အကြောင်းအရာ ကတော့ " အာလူးသီး ကို အသုံးပြု၍ စားသောက်
ဖွယ်ရာများ ပြင်ဆင်ပြုလုပ် ချက်ပြုပ်နည်း အကြောင်းအရာ
များ " ထဲမှ

" အာလူးကက်သလစ်ကြော် " ပြင်ဆင်ချက်
ပြုပ်နည်း အကြောင်း ရေသားမျှဝေ ပေးမှာ ဖြစ်ပါတယ်

" အာလူး " ကို ဟင်းလျာ အနေနဲ့ အမျိုးမျိုး ချက်ပြုပ်
စားသောက်ကြ သလို မုန့် ပဲ သရေစာ အနေနဲ့ နည်းမျိုးစုံ
ပြုလုပ် စားသောက်ကြပါတယ်

" အာလူးသီး " ကို အသုံးပြု ၍ စားသောက်ဖွယ်ရာများ
ပြင်ဆင် ပြုလုပ်ကြရာတွင်

အားလူးပြုပ် အားလူးကြော် အာလူးထောင်း အာလူးဟင်းရည်
အာလူးထောင်းကြော် အာလူးအကြွတ်ကြော် အားလူးခပတ်
အာလူးချက် အာလူးမဆလာနှပ်

စသည်ဖြင့် " အာလူးသီး " ကို ပင် သီးသန့် ချက်ပြုပ်ကြော်
လှော် စားသောက်ကြသလို

အသားငါး များဖြင့် ရောနှော၍ အာလူးနှင့်ကြက်သား အာလူး
နှင့်ဝက်သား အာလူးနှင့်ဆိတ်သား အာလူးနှင့်ငါး အာလူးနှင့်
ကြက်ဥ အာလူးနှင့်ပုဇွန် အာလူးနှင့် အသီးအရွက်စုံ

စသည်ဖြင့် ချက်ပြုပ်စားသောက်ကြသလို

မုန့်ပဲ သရေစာ အဖြစ်ဖြင့်

အာလူးဆန္နင်းမကင်း အာလူးကိတ် အာလူးပူရီ အာလူစမူဆာ
အာလူးကော်ပြန့် အာလူးသုပ် အာလူးအစာသွပ်
အာလူးကပ်သလိပ် အာလူကုလားပဲသုပ် အာလူးဟင်းထုပ်

စသည်ဖြင့် ပြုလုပ်စားသောက်ကြပါတယ်

" အာလူးကြက်မြစ်ကြက်သဲဆီပြန်ဟင်း " သည် ပြုလုပ်ရ
လွယ်ကူစေသလို အရသာမှာလည်း အထူးကောင်းမွန်ပါတယ်

image

"အာလူးကြက်မြစ်ကြက်သဲဟင်း "

ပါဝင်သော ပစ္စည်းများ

1- အာလူးအနေတော် -၅လုံး

2- ကြက်မြစ်ကြက်သဲ- ၃စုံ

5-ခရမ်းချဉ်သီး -၁လုံး

4-ကြက်သွန်နီ -၂လုံး

5-ကြက်သွန်ဖြူ - ၃မွာ

6-ဂျင်း - လက်တစ်ဆစ်

7-ဆီ- ၅ကျပ်သား

8-ဆား - အနည်းငယ်

9-နန္နင်းမှုန့် -အနည်းငယ်

10-အရသာမှုန့် -အနည်းငယ်

11- ပျဉ်းတော်သိမ်ရွက် -၃ညွန့်

12-မဆလာ - အနည်းငယ်

တို့လိုအပ်ပါတယ်

image

ပြုလုပ်နည်းအဆင့်ဆင့်

အားလူး ကိုရေစင်အောင်ဆေး ၍ ထက်ခြမ်း ခြမ်းထားပါ

ကြက်မြစ်ကြက်သဲ ကို အသဲ နှင့် အမြစ် တို့ကို သီခြားစီ ခွဲ
ထုပ်ပြီး အမြစ်တုံးများအား ဓားနဲ့ ထက်ပိုင်း ပိုင်းပြီး အတွင်းမှ
အညစ်အကြေးများအား ဖယ်ရှား ပါ
အမြစ်တုံးများအား ဆားနဲ့ နယ် ရေဆေးပါ

ထို့နောက် ကြက်မြစ်ကြက်သဲ တုံးများအား ရေစင်အောင်
ဆေး ၂ပိုင်းပိုင်း ရေစစ်ထားပါ

ရေစစ်ထားသော ကြက်မြစ်ကြက်သဲ တုံးများကို ဆား နန္နင်း
မှုန့် အရသာမှုန့် တိုနှင့် နယ်ပြီး ၁၀မိနစ်ခန့် နှပ်ထားပါ

ကြက်သွန်နီ အခွံသင် ပါးပါး လှီးထားပါ

ဂျင်း ကြက်သွန်ဖြူ အခွံသင် ကျေညက်စွာထောင်းထားပါ

ခရမ်းချဉ်သီး ရေဆေး အစေ့များဖယ် ထုပ်ပြီး အတုံးသေးများ
လှီးထားပါ

ပျဉ်းတော်သိမ်ရွက်များ ကိုလည်း ရေစင်အောင်
ဆေးကြော ပြီး နုပ်နုပ်စင်ထာပါ

ပါဝင်ပစ္စည်းများ အားလုံး အဆင်သင့် ဖြစ်ပြီဆိုပါက

ဒယ်အိုအတွင်းဆီထည်ပြီး ဆီပူလာပါက လှီးထားသော
ကြက်သွန်နီ / ကြက်သွန်ဖြူ တစ်ဆင့်ခြင်းထည့် ကြော်ပါ
ကြက်သွန် များအရောင်ပြောင်းသွားပါက

ခရမ်းချဉ်သီးထည်ရေ အနည်းငယ်ထည့် ပြီး အဖုံးအုပ်ထားပါ
ထည့်ထားသောရေ ခမ်းပါက အနှစ်အားကြေအောင် ခြေပေးပါ

ထို့နောက် ကြက်မြစ်ကြက်သဲ တုံးများ အားလူး များးထည့်
မွေပေးပါ ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ထားပါ

ရေခမ်းပြီး ဆီပြန်လာပါက ပျဉ်းတော်သိမ်ရွက် မဆလာ များ
အုပ် ပြီး ပြင်ဆင် စားသောက်နိုင်ပြီ ဖြစ်ပါတယ်

image

မှတ်ချက် - အာလူးသီး ကိုအသုံးပြု၍ စားသောက်ဖွယ်ရာများ
ပြင်ဆင်ပြုလုပ်ရာတွင် ကျမ ကိုယ်တိုင် ပြုလုပ်စားသောက်ဖူး
သောနည်းလမ်းများ အတိုင်းရေးသား ထားသောကြောင့်
လိုအပ်ချက်များ မတူကွဲပြားမှုများ ရှိပါကလည်း နားလည်
ဖြည့်စွက် အကျန်ဥာဏ် များပေးကြပါ လို့ မေတ္တာ ရပ်ခံ အပ်
ပါတယ်

Steemit member များအားလုံးလည်း ကျန်းမာရေး နှင့်
ညီညွတ်သည့် စားသောက်ဖွယ်ရာ များ စားသောက်သုံးဆောင်
ခြင်း ဖြင့် အဟာရပြည့်ဝပြီး ကျန်းမာ ရွှင်လန်း အေးချမ်းသာယာ
ရှိကြပါစေ လို့ တောင်းဆုပြုရင်းဖြင့်

နောက် post တင်ရေးသားမည့် " အာလူး " ဟင်းလျာ နှင့်
မုန့်များ ကိုလည်းအားပေးကြပါ ရန် လေးစားစွာ post တင်
ရေးသားရင်း

အားလုံးသော steemit member များ အားလုံးလည်း

ကျန်းမာရွှင်လန်းကြပါစေလို့ တောင်းဆုပြုလိုက်ပါတယ်

written and made -

@mamamyanmar

MSC-070

Sort:  

ဟင်းပန်းကန်လေးကြည့်ပီး ထမင်းစားတော့မယ်ဝေ့
ဘာမှမစားရသေးဘူးဆိုမှ အာလူးဟင်းကောင်းနဲ့လာတိုးနေပီ😁😁

ကြည့် ပီး စားနော် ပုံ

Congratulations @mamamyanmar! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of posts published

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

အာလူးဟင်းလေးတွေ့မြင်ရပြန်တော့လည်း
စားချင်စိတ်ကထိန်းလို့မရနိုင်
ဆိတ်သားဟင်းကိုတစ်နေ့တစ်မျိုးမရိုးနိုင်အောင်ချက်ပြုပ်တင်ဆက်လာခဲ့ပါသောမမ
ယခုလည်းအာလူဟင်းကိုနည်းပညာမျိုးစုံလင်စွာနဲ့တင်ဆက်လာခဲ့သာအပိုင်း(၃)ကိုရောက်ရှိလို့လာခဲ့ပြီနော်။သတိတရနဲ့ခင်မင်စွာဖြင့်(သူရ)

အာလူး ကြိုက်ဖူးလား

ပင်ပန်းကြီးစွာ
ချက်ပြုပ် ကြော်လှော်
မမမြန်မာ မြန်မာမမ
မမချက်သော
ထိုဟင်းလျှာကို
ဒီတစ်သက်မှာ
တစ်ကြိမ်တစ်ခါ
စားဖူးချင်စိတ်
ရင်၌ ဖြစ်ပေါ်
ခဲ့ပါတယ်။
ချက်ကျွေးမယ်ဆို
ခလေးလေးလို
ခုန်ပေါက်ပျော်မြူး
ပျော်ရွှင်မှာတော့
အမှန်ပါပဲမမရယ်……………
မေ့မရပါသော(သူရ)

အာလူးဆိုတော့ ကြိုက်ပြီလေ အသဲမြစ်ပါထည့်ထားတော့ ပိုgood

အကုန်စားလိုက်နော်

ခုထိအာလူးပြုတ်တုန်းလားအေ

အမုန်းကြွေး မှာ

ကြိုက်​ဒယ်

အာ့ဆို စားလေ

စားရမယိ hehe

ကြွေးတယ်ရယ် စား

ဗိုကိတေညငိဆာလာဘီ

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.031
BTC 61665.59
ETH 2884.57
USDT 1.00
SBD 3.62