Playing Bean Leaf Salad ( Made For Winter Season )

in #myanmar7 years ago (edited)

ရာသီစာ အသီးအရွက်

ပဲကစားလီရွက် သုပ်


image

Hello , all my steemit member

steemit အဖွဲ့ဝင် များအတွက်

အေးချမ်းလှတဲ့ ဆောင်းရာသီ မှာပင် ပေါများစွာ ရရှိတဲ့
" ပဲကစားလီရွက် " အားသုပ်စားရင်း " ပဲကစားလီရွက်သုပ် "
ပြုလုပ် ပုံ အကြောင်း ကို post တင် ရေးသားလိုက်ပါတယ်

ပဲပင်၏ အရွက်ဖြစ်ပြီး အရွက်ဖတ် လေးများ၏ ပုံသဏ္ဌန် မှာ
မြက်ပင်ကဲသို့ ပုံစံ ဖြစ်ပြီး ကျမတို့ ဒေသ
အခေါ် ကတော့ ပဲကစားလီရွက် ဟု ခေါ်ကြပါတယ်
အခြားဒေသများတွင်တော့ အခေါ် အဝေါ် ကွဲပြားနိုင်ပါတယ်

အခုလို ဆောင်းရာသီ အချိန်၌မှာပင် ပေါများစွာ ရရှိသည့်
အပြင် ဈေးလည်းပေါပါတယ်

စစ်ကိုင်းမြို့ တစ်ဖက်ကမ်း ရွှေကြက်ရက်ရွာ တွင် အများဆုံး
စိုက်ပျိုး ကြသည် ကိုတွေ့ရှိရပါတယ်

တောင်သူလယ်သမား များအနေ ဖြင့် အပိုဝင်ငွေ ရရှိစေတဲ့
ဆောင်းတွင်း ရာသီစာ အသီးအရွက် လည်း ဖြစ်ပါတယ်

" ပဲကစားလီရွက် " ကို ဆာင်းရာသီ ရဲ့ ရာသီစာ ဟင်းတစ်ခွက်
အနေနဲ့ စားသုံး ကြ ပါတယ်

ပဲကစားလီရွက်အား ချဉ်ငံစပ် လေး သုပ်စားပါက
ပို၍ စားကောင်းစေပါတယ်

" ပဲကစားလီရွက် " ကို ဟင်းချို အနေနဲ့ အရည်သောက်
ပြုလုပ်စားသောက်ကြသလို အတို့ အမြုပ် အနေဖြင်းလည်း
ကောင်း အရွက်သုပ် ကို အချိုသုပ် ချဉ်ငံစပ်သုပ် စသည်ဖြင့်
စားသောက်ကြပါတယ်

ရာသီစာ ဖြစ်တဲ့ အတွက် ဆေးဖက်လည်းဝင် အရသာလည်း
ရှိလှတဲ့ " ပဲကစားလီရွက် " ကို အသုပ် သုပ်စားခြင်းဖြင့်
steemitမှ fri များ အတွက် ပြုလုပ်စားသောက် ကြစေရန်
ရေးတင်လိုက်ပါတယ်

" ပဲကစားလီရွက်သုပ် "

ပဲကစားလီရွက် - ၅၀ကျပ်သား

ခရမ်းချဉ်သီး - ၃လုံး

သံပုရာသီး - ၁ လုံး

ကြက်သွန်နီ - ၃လုံး

ကြက်သွန်ဖြူ - ၃ မွှာ

ဆီ - ၅ ကျပ်သား

မြေပဲ ဆားလှော် လ္ဘက်ရည် - ၁ ပုဂံ လုံး

ပုဇွန်ခြောက် ဟင်းစားဇွန်း - ၁ဇွန်း

ပဲမှုန့် ဟင်းစားဇွန်း -၁ဇွန်း

အရသာမှုန့် -အနည်းငယ်

ဆား - အနည်းငယ်

နန္နင်း - အနည်းငယ်

ငရုတ်သီးစိမ်းတောင့် - ၅တောင့်

တို့ ပါဝင်ပါတယ်

ပဲကစားလီရွက် များအား ရိုးတံ မှ အရွက် နှင့်ရိုးတံ အနုများ
အားသင်ထားခြွေထားပါ

ပဲကစားလီရွက် များ ကို အစိမ်းသုပ် မှာဖြစ်သည့် အတွက်
ရေစင်အောင် ဆေးပြီးရေ စစ်ထားပါ

ပဲကစားလီရွက်များ အား နုပ်နုပ်လှီးထားပါ

ခရမ်းချဉ်သီး ကို မီးဖုတ် / ပြုပ်ထားပြီး အပေါ်ရေခွံ များဖယ်
ပြီး ခြေထားပါ

မြေပံ ဆံ ပုဇွန်ခြောက် ထောင်းထားပါ

သံပုရသီး လေးစိပ်စိပ်ထားပါ

ငရုတ်သီး စိမ်း လှီးထားပါ

ကြက်သွန် နီ / ဖြူ တို့အား အခွံ သင် လှီး ထောင်းထားပါ

ဆီ လှီးထားသော ကြက်သွန်နီ တသ်ဝက်ခန့် ကြက်သွန်ဖြူ
တို့ အား နန္နင်း မှုန့် အနည်းငယ်ထည့်
ပြီး ဆီကျက် ချက်ထားပါ

နယ်မည့် ပုဂံ တွင် ကြက်သွန်နီ ခရမ်းချဉ်သီးနှစ် ပဲကစားလီရွက်
ပဲမှုန့် ဆီချက် နှမ်းလှော် ပုဇွန်ခြောက် မြေပဲဆံ ဆား
အရသာမှုန့် တို့ အားလုံး ပေါင်းထည့် နယ်ပေးပါ
အပေါ်မှ သံပုရာသီး အရည်ညှစ်ထည့် ငရုတ်စိမ်းများ
ထည့် အရသာ အပေါ့အငံ မြည်း၍ တည်ခင်း စားသုံး
နိုင်ပါပြီ

image

အခုလို ဆောင်းရာသီ မှာ ပဲကစားလီရွှက် သုပ်
ငပိတစ်ချက် ပဲနှပ်အိအိ လေးဖြင့်
စားလိုက်ပါက ထမင်းမြိန် စေမှာ သေချာပါတော့တယ်

ပဲ ကစားလီရွက် သုပ် ကိုထမင်းနှင့် တွဲ၍ ဟင်းအရံ တစ်ခွက်
အဖြစ် သုံးဆောင်ကြသလို နေ့လည်နေ့ခင်းစာ အသုပ်
အနေဖြင့် လည်း စားသောက် ကြပါတယ်

Steemit မှ fri များ အားလုံး လည်း ရသီစာ အစားအစာ
အား စားသောက်ပေးခြင်း ဖြင့် ကျန်းမာရေးနှင့် ညီညွတ်ပြီး
အဟာရဓာတ် များစွာ စေရန် ရည်ရွယ် ၍ post တင်ရေးသားလိုက်ပါတယ်

နောက်လာမည့် ကျမရဲ့ postများကိုလည်း ဝိုင်းဝန်း ၍ vote
ပေးအားပေကြပါဦးရှင့်

အားလုံးသော steemit member များ အားလုံးလည်း

ကျန်းမာရွှင်လန်းကြပါစေလို့ တောင်းဆုပြုလိုက်ပါတယ်

steemit မှ မိတ်ဆွေ များလည်း ဆောင်းရာသီ နှင့် လိုက်ဖက်
တဲ့ ပဲကစားလီရွက် သုပ် ကို စားပေးကြပါလို့ ရေးသားရင်း

ကျန်းမာ ရွှင်လန်း ကြပါစေ

written & made

@mamamyanmar

msc-070

Sort:  

စားချင်တယ် စားချင်တယ်

စားသာစား

တစ်ခါမှမစားဖူးဘူး .. ပဲကစားလီရွက် ဆိုတာ ခုမှကြားဖူးတယ် . . ဘယ်တွေမှာရတတ်လဲဗျ

စစ်ကိုင်းမှာပေါ

အစ်မအစားတစ်လိုင်းပဲဗျ ဟေဟေး ( ပဲကစားလီရွက်) ခေါ်ရတာထောက်ထောက်ကြီးရယ် ပွေးမယ်ဇယ်လီရွက်တော့သိတယ် ငယ်ငယ်ကပေါက်လို့လေ ဟီး အိမ်လာလည်ရင်သုပ်ကျွေးမလားပြောကြည့်

နာလည်း ငယ်ငယ် မြက်ပင် ကိုသုတ်တယ်မှတ်နေတာ

ဟီး မစားဘူးဘူး။စာကြည့်အုံးမယ်။

စားကြည့်ပါ

တစ်ခါမှမကြာဖူးသေးဘူး၊အဲ့အရွက်
အခုမှသိ

အဲ့ဘက် မရှိဘူးလားစစ်ကိုင်း မန်းလေး မှာတော့
တစ်အားပေါတယ်

ခုမှကြားဖူးတာရယ်
ပုံစံလေးက စားချင်စရာပါ မမရေ

စားချင်​လာ ပြီ ကွယ်​။

စားကောင်းတယ်

စားဖူးဘူး။စစ်ကိုင်းကလား။

ဟုတ်တယ် အခုကို ထပ်သုပ်စားမို့ ဝယ်လာခဲ့
ပါဆယ်ပို့ပေးရမား

မစားဖူးဘူး ပဲကစားလီရွက်သုပ်

ကြွေးချင်တာ စားကောင်းတယ်

စားချင်တယ် စစ်ကိုင်လာခဲ့အုံးမယ်

welcome စစ်ကိုင်းဘုရားတွေကလည်း တန်ခိုးကြီး၏
စစ်ကိုင်းသူလေးတွေကလည်းလှ၏

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63657.90
ETH 2656.15
USDT 1.00
SBD 2.84