Myanmar physician hate of Tree

in #myanmar6 years ago

သမုန်းပင် (သမားမုန်းပင် )

Hello , all my steemit member.

Steemit မှမိတ်ဆွေ သူငယ်ချင်းများအားလုံး မင်္ဂလာပါရှင့်

image

ဒီနေ့ဆေးဖက်ဝင် သမုန်းပွင့် ကိုအသုပ်သုပ်စားရင်း steemit မှ မိတ်ဆွေမျာအား သမားတော်များကပင် မုန်းလောက်အောင်
ဆေးစွမ်းထက်လှသည့် သမုန်းပင် ( သမားမုန်းပင်) အကြောင်းအား ဗဟုသုတ ရရှိစေရန် post တင်ရေးသားလိုက်ပါသည်။

သမုန်းပင်ကို လူအများ အသုံးပြု ခြင်းဖြင့် ရောဂါဟူသမျှ
ကင်းစင်ပြီ့း သမားတော်ကြီးများဆေးကုသခွင့်မရအောင်
ဆေးစွမ်ထက် သည့်အတွက်သမားတော်ကြီးများ မုန်းသော
ကြောင့် သမားမုန်းပင် (သမုန်းပင်)ဟုခေါ် ဆိုခဲ့ကြပါသည်

သမုန်းပင်သည် အပင်ကြီးမျိုး ဖြစ်ပြီးအညာဒေသတွင်တွေ့ရပါ
သည် အုပ်စုလိုက်မတွေ့ရဘဲဟိုနားမှာတပင် ဒီနားမှာတပင်
သာတွေ့ရတတ်ပါတယ်

အညာဒေသတွင် နေထိုင်သူများကတော့ သမုန်းပင်
အကြောင်း နှင့်ဆေးဖက်ဝင် သစ်ပင် တစ်ပင် အဖြစ် သိရှိကြ
သော်လည်း အချို့သောသူများ မြင်တွေ့သိရှိပြီး အသုံးချတတ်
ကြစေရန် ဖြစ်ပါသည်

ဤအပင်ကိုအရပ်အခေါ်အားဖြင့်သမုန်းပင် စာအားဖြင့်
သမားမုန်းပင် ဟုခေါ်ပါသည်

သမုန်းပင်ဟာ ဆေးဖက်ဝင်လွန်းပြီး ရောဂါတော်တော်များကို
ပျောက်ကင်းစေသောကြောင့် ရှေးလူကြီး များက ကျန်းမာရေးဓာတ်စာ အနေနဲ့ စားသုံးခဲ့ကြပါသည်

" သမုန်းပင် " မှရရှိသော

သမုန်းပွင်

သမုန်းသီး

သမုန်းရွက်

သမုန်းခေါက်

သမုန်းမြစ်

ပဉ္စငါးပါးလုံး အားလုံး အသုံးဝင်ပါသည်

image

သမုန်းပင်၏ ဆေးဖက်ဝင် အာနိသင်များကတော့

သမုန်းရွက်သည်
ခါးသက်သက်ရှိ၏သလိပ်ကိုနိုင်၏ ရင်ပြည့် ရင်ကျပ်အကြော
အောင့် အကြောတက် အညောင်းအညာများသောသူတို့အဖို့
အရွက်ကိုပြုတ်၍သုတ်စားခြင်း အရည်ညှစ်၍သောက်ခြင်း
ပြုရာ၏

သမုန်းဥသည်
ခါး၏ စဉ်းငယ်ပူ၏ ညောင်းကိုက် ထုံကျင် ခြေဖျားလက်ဖျား
အေး ဖောရောင် မျက်စေ့မှုန် ကိုယ်လက်
လေးလံခြင်းများကိုပျောက်ကင်းစေနိုင်၏

ဟူ၍ ရှင်နာဂသိန် ၏ ဆေးကျမ်း မှာဖော်ပြထားပါသည်

ဝက်ခြံဖု များအား သမုန်းဖု ကိုသွေးလိမ်းပါကလည်းပျောက်
ကင်း ပါသည်
သမုန်းဖုက အဖုအပိန့်တွေ ပါးစေ့ရောင်တာတွေကို ပျောက်
ကင်းသည်ဟုဆိုပါသည်

သမုန်းပင်သည် နတ်တော်လ ပြာသို လ တိုမှစတင်ကာ
အညွန်လေးမှ အဖူး အပွင့် ထွက်သည် သမုန်းပွင့်တွင် အသီး
လေးများပါပြီး အပွင့်ကိုစား ခြင်းဖြင့် ရောဂါကင်း၍ အနာ ရောဂါ
ဖြစ်ပွားခြင်း ကိုကာကွယ် ပေးသည် ကျန်းမာစေသည်ဟု
ရှေးလူကြီးများကယုံကြည်စွာ စားသောက်ခဲ့ကြပါသည်။

ထို့ကြောင့်ပင် ရှေးအခါက လူအများတွင် ကင်ဆာ
အပါအဝင် ရောဂါကြီးများမရှိ ကြ မဖြစ်ကြ ခြင်း ဖြစ်မည်
ထင်ပါသည်

သမုန်းပွင့် ၏ အရသာမှာ ဆိမ့်သည် အစိုဖြစ်ပါကအညွန့်ပါစားလို့ရသော်လည်း အခြောက်ဖြစ်ပါက ပြုတ်ပြီး အညွန့်
ခြောက်ဖယ်ရပါသည်။

နောက်လာမည့် post တွင် "သမုန်းပွင့်သုပ်" ပြုလုပ်နည်း
အကြောင်း ကို ရေးသားမှာ ဖြစ်ပါသည် ရှင့်

Steemit မှမိတ်ဆွေများအားလုံးလည်း ကျန်းမာရေး အတွက်
ဆေးဖက်ဝင် အသီးအရွက် နှင့် သစ်သီးသစ်ဥ အစားအစာ
များအကြောင်း သိရှိပြီး ကျန်းမာရေး အတွက် အထောက်အကူ ရရှိစေရန် ရေးသားမျှဝေ လိုက်ပါသည်

ကျန်းမာ ရွှင်လန်းကြပါစေ

Author -

@mamamyanmar

MSC-070

Sort:  

resteem ပီလေ သမားတော်တောင် မုန်းတဲ့အပင်

သမားတော် တွေမုန်းပေမယ့် ကျန်းမာရေး လိုက်စားသူတွေကတော့ ချစ်တယ်လေ သုပ်တောင်စား

သမား​တော်​​တွေမုန်း​လောက်​​အောင်​ ​ဆေးစွမ်းထက်​လို့ သမုန်းပင်​လို့​ခေါ်တာကိုး

အသုပ်သုပ်စား ဆေးဖက်ဝင်ဒယ်

သမုန်းပွင့်သုပ်အုံးမယ်ဟုတ်လား။သုပ်ပြီးလာမပို့ကြည့်တွေ့မယ်။ဘယ်တော့မှမပို့ပဲသွားရည်ကျအောင်လုပ်နေတာ။

လိပ်စာပေး စာတိုက်ကနေ ပို့လိုက်မယ်

သမုန်းပင် အောက်ဒေသတွေမှာ သိပ်မတွေ့ရဘူး

အောက်ပိုင်းဒေသ တွေ ရှိလောက်ဘူး

အခုမှ စားရမှန်းသိတယ် မမမြန်မာရေ မြင်ဘူးတယ် စားရတယ် မထင်မိဘူး

ငယ်ကတည်းက အဖိုးအဖွားတွေ သုပ်စားကြပြီး
ဆေးဖက်ဝင်တယ်လို့ ပြောထားတော့ သိနေတာ

မြန်​မာ့ အစားအစာ​တွေက ​ဆေးဖက်​ဝင်​တာ များတယ်​​နော်​ အစ်​မ .. သိသူ​ဖော်​စား​ပေါ့​လေ ..

ဒါပေါ့နော် အစားတစ်လိုင်းတေ ဘဲ သိတာ

သမုန်းပင် ခုမှပဲသိတယ် တကဟ်ကိုမသိခဲ့တာ
သိခွင့်ရတာကျေးဇူးပါ

အေးနော် သမုန်းပွင့် သုပ်ျကြွချင်တာ

တကယ် အခု ထမင်းစားရင်း ဝင်မန့် နေတာ စိတ်က သမုန်းပွင့် သုတ် ကို ရောက်နေတယ် ။ သွားရည်ကျ ရပြန်ပြီပေါ့ @mamamyanmar

အေးဟယ် ကြွေးချင်တာ

သမားမုန်း​ သမုန်းပွင့်​ သုတ်​ကြိုက်​တယ်
စားတယ်​ဗျာ

စားသာစား

အမရေ အဲ့ ဆေးပင်လိုချင်နေတာ လိုချင်တယ် မျိုးရမလား

ဒီဘက် မှာတော့ သဘာဝ အတိုင်း ပေါက်နေတာ
မျိုးလိုချင်ရင် မေးပေးမယ် နော်

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.029
BTC 58118.57
ETH 2462.81
USDT 1.00
SBD 2.38