Mango Fruit Flat (Made)
##သရက်ပျဉ်
Hello , all steemit member .
သရက်သီးမှည့် များ စားလို့မကုန်နိုင်အောင် ရှိနေသည့် အတွက် တာရှည်ခံ
အထားခံစေပြီး နေ့ခင်းနေ့လည် သရေစာ အဖြစ် ပြုလုပ်စားသောက်ရန်အတွက် သရက်ပျဉ် ပြုလုပ်စားသောက်ရင်း ပြုလုပ် နည်းလေးအား ရေးသားမျှ
ဝေ လိုက်ပါသည်
သရက်ပျဉ် ပြုလုပ်နည်း
သရက်သီး အမှည့် များအား အခွံခွာ အစေ့ဖယ် သရက်သီးအသားများသက်သက်ကို Blender တွင်ထည့်ကြိတ် ပါ
ရလာသည့် သရက်သီး အနှစ်များအား ဒယ်အိုးအတွင်း ထည့်ကြို အဆက်
မပြတ် မွှေပေးပါ
သရက်သီး အနှစ်များ ပြစ်လာပါက လင်ဗန်းတွင် ဖြန့်ခင်းထည့် အအေးခံပြီး
နေပူပူတွင် ၂ရက်ခန့် နေလှန်းပေးပါ
သရက်ပျဉ် များ ပြန်ခွာသည့် အချိန်တွင် လွယ်ကူပြီး သရက်ပျဉ်များ ကပ်
မနေစေရန် လင်ဗန်းတွင် ဆီအနည်းငယ် သုံပ်လိမ်းထားရန် လိုအပ်ပါတယ်
သရက်ပျဉ်များ ခြောက်သွေ့သွားပါက တာရှည်အထားခံစေရန် ထုတ်ပိုး သိမ်းဆည်း ပြီး နှစ်ပေါက်စားသောက်လို့ရပါသည်
သရက်သီးစားသုံး ခြင်းဖြင့် ရရှိလာစေမည့် ကျန်းမာရေး ကောင်းကျိုးများ
ကတော့
- ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါသည်
- မျက်စိကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါသည်
- ဆီချိုရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါသည်
- အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေပါသည်
- သွေးအားနည်းရောဂါကို ကာကွယ်ပေးပါသည်
- မှတ်ဥာဏ်စွမ်းရည်ကို တိုးတက်စေပါသည်
- ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့သံဓာတ်ကိုပေးစွမ်းနိုင်ပါသည်
- ကိုယ်ခံစွမ်းအားစနစ်ကို တိုးတက်ကောင်းမွန်စေပါသည်
- ကယ်လိုရီများတဲ့အတွက် ကိုယ်အလေးချိန်တိုးတက်စေပါသည်
- မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ချပေးပါသည်
- အိုမင်းရင့်ရော်မှုကို လျော့ကျ စေပါသည်
- ဝက်ခြံများကိုသက်သာစေပြီး အသားအရည်ကို ကြည်လင်စေပါသည်
ရာသီပေါ်အသီးအနှံ ဖြစ်သည့် အပြင် ကျန်းမာရေးအတွက် အထောက်အကူ
ဖြစ်စေသည့် သရက်သီးကို အခုလို ရာသီအချိန် မှာ ပေါပေါများများ ရရှိစေနိုင်တဲ့အတွက် စားသောက်ပေးကြစေရန် နှင့်
စား၍ မကုန်သော သရက်သီးမှည့်များအား အလေအလွင့်မရှိအောင်
သရက်ပျဉ် ပြုလုပ်ထားပြီး စားသောက်ကြစေရန် ရည်ရွယ်လျက် post တင်
ရေးသာလိုက်ပါသည်
ကျောင်းမှာတစ်ခါစားရတယ် မည်းတူးပြီး ချဉ်တာလွန်ပါရော
အဲ့ဒါ မလုပ်တတ်လို့နေမှာ ဘုရား လုပ်တတ်ရင် အရသာ အလွန်ကောင်း
တပည့်တော်လို pro တွေလုပ်တဲ့သရက်ပျဉ်က very good မို့ ဦးဇင်းကို
ကပ်ချင်ပါ့ ဘုရား
ပြုလုပ်ပုံပြောပြပေးတာကျေးဇူးပါ
လုပ်စားကြည့်နော်
တို့ရဲ့ စားစရာတွေက အကုန်ဆေးဖက်ဝင်တယ်နော်
အစာလည်းဆေး ဆေးလည်းအစာတဲ့
အာ့ကြောင့် စားနော်