Mandalay Rice Boiled

in #myanmar6 years ago

မန္တလေး ထမင်းပေါင်း

Hello , all steemit member .

ယမန်နေ့ ကရန်ကုန်ထမင်းပေါင်း ပြုလုပ်စားသောက်သည့်ဘအတွက် ပြုလုပ်နည်းလေးအား ရေးသား post တင်ပြီးသည့်နောက် ဒီနေ့တော့ မန္တလေး ထမင်းပေါင်း ပြုလုပ်နည်းလေးအား ရေးသားလိုက်ပါသည်

အစားအသောက် တို့၏ အခေါ်အဝေါ် များသည် ပုံစံတူ ပါဝင်သည့် အမျိုးအမည်များ တူသော်လည်း ဒေသအလိုက် အခေါ် အဝေါ် မတူကြပါ

ထို့အတူ မန္တလေးထမင်းပေါင်း ဆိုသည်ကို မန္တလေးအနီတဝိုက်ဒေသ နေသူများနှင့် စားဖူးသူများ သိရှိကြမည် ဖြစ်သော်လည်း တစ်ခြားဒေသ မှလာရောက်၍ စားသောက်သူများ ဆိုလျှင်တော့ ဂျင်းထည့်ခံရသည်ဟု ထင်မြင်မိကြမှာဖြစ်ပါသည်

အဘယ့်ကြောင့် ဆိုသော် မန္တလေးထမင်းပေါင်းသည် ရန်ကုန်ထမင်းပေါင်း တရုတ်ထမင်းပေါင်းတို့နှင့် မတူကွဲပြား သောကြောင့်ဖြစ်ပါသည်

ကျမတို့ စစ်ကိုင်းမြို့အခေါ်နှင့် ပြောမည် ဆိုလျှင် ထမင်းသုပ်သာ ဖြစ်ပါသည်
သုပ်ထားသောထမင်းနီနီရဲရဲ ပေါ်တွင် အသားပြား ဝက်ခေါက်ကြော် ဝက်အူချောင်း ကြက်ဥ မြေပဲဆံ စသည်တို့အပေါ်မှတင်ပေးထားပြီး မုန်ညှင်းချဉ် ဟင်းချိုရည် တို့နှင့် စားသောက်ရသည် ကို မန္တလေးထမင်းပေါင်းဟု ခေါ်ဝေါ်ခြင်းဖြစ်ပါသည်

ကျမကိုဟ်တိုင်ပင် မန္တလေးထမင်းပေါင်းကို စားဖူးသည့် အချိန်တုန်းကဆိုလျင်
ဒါ ထမင်းသုပ် ဘဲ မှာထားတာက ထမင်းပေါင်း ဟူ၍ ပင် ဆိုင်မှာ အခြေအတင် ဖြစ်ဖူး ခဲ့ပါသည်

image

မန္တလေး ထမင်းပေါင်း ( ၄ ယာက်စာ )

  • နို့ဆီဘူး ၁ဘူးစာဆန်ကောင်းနှင့်ချက်ထားသော ထမင်း
  • ကြက်/ ဝက် ( ကင်ထားသောအသာပြား) - ၂၀ သား
  • ကြက်/ ဝက် အူချောင်းကြော် ၅ ကျပ်သား
  • ဝက်ခေါက်ကြာ် ၅ ကျပ်သား
  • ပဲငံပြာရည် လ္ဘက်ရည်ပုဂံ ၁လုံး
  • ပဲငပိ အချို ၅ ကျပ်သား
  • အရောင်တင် ဆီချက် လ္ဘက်ရည်ပုဂံ ၁လုံး
  • အရသာမှုန့် ဟင်းစားဇွန်ူ ၁ဇွန်း
  • ကြက်ဥပြုပ် ၁ လုံး
  • မြေပဲဆံကြော် လ္ဘက်ရည်ပုဂံ ၁လုံး
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ဆား အနည်းငယ်
  • တရုတ်နံနံ
  • မုန်ညှင်းချဉ်

နယ်မည့်ပုဂံ တွင် အိုးထဲမှာထမင်းပူပူနွေးနွေး အားခြေထည့်ပါ
ထို့နောက် ငရုတ်ဆီချက် ပဲငံပြာရည် ပဲငပိချို အရသာမှုန့် တို့ထည့်၍နှံစပ်အောင် နယ်ပြီး စားမည့်ပုဂံတွင်ထည့်၍ အပေါ်မှ လှီးထားသော အသားပြားများ အသားချောင်းကြော် ဝက်ခေါက်ကြော် ကြက်ဥပြုပ် မြေပဲဆံ တရုတ်နံနံ တို့ ထည့်ပြီး စားသောက် ရပါသည်

အစပ်ကြိုက်ပါက ငရုတ်အနှစ် ငရုတိချဉ် တို့နှင့် စားရပါသည်

အချဉ် အနေနဲ့ကတော့ မုန်ညှင်းချဉ် နှင့်စားသောက်ကြ ပြီး

ဟင်းချို ကတော့ အသားပြုပ်ရည် ပူပူတွင် ဆား အရသာမှုန့် ငရုတ်ကောင်းမှုန့် တရုတ်နံနံ တို့ခပ်ထားသည့် ဟင်းချိုရည် နှင့် တွဲဖက်စားသောက်ကြပါသည်

@mamamyanmar

Sort:  

Just came back from gym and it's looks so tasty! Ummmmn yummy

Congratulations! This post has been upvoted from the communal account, @minnowsupport, by mamamyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ငယ်ငယ်က ရွှေနဂါးရုပ်ရှင်ရုံမှာကြည့်ပြီး အပြန်ရုပ်ရှင်ရုံနဲ့
မျက်စောင်ထိုး မှာရောင်းတဲ့ ထမင်းပေါင်း အကင်တွေစားခဲ့တာ သတိရမိပ

ခုလည်း သွားစားလေ
ကိုဒေကတော့ မန်းလေး တက္ကသိုလ် တက်နုန်းက စားသာက်ဆိုင်မှာ ထမင်းပေါင်းမှာတာ ထမင်းသုပ်လာချ ပေးလ်ု့ စားပွဲထိုးနဲ့ ရန်ဖြစ်ခဲ့သေးတာ

စားချင်စရာ

ဟုတ်ကဲ့

ရန်ကုန်ထမင်းပေါင်း ပီးတော့ မန်းလေးထမင်းပေါင်းတဲ့
နိပေါင်းတဲ့ထမင်းပေါင်းကောလာအူးမား

အာ့ဆို နာမည် ပြန်ပြောင်း ပလိုက်မယ် မမထမက်းပေါင်း ဆိုပီး ဟိဟိ

Wow it must be delicious

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62827.81
ETH 2583.62
USDT 1.00
SBD 2.73