Goa Bean Salad ( Made For Winter Season )

in #myanmar7 years ago

ရာသီစာ အသီးအရွက်

" ပဲစောင်းလျားသီး သုပ် "

image

Hello , all my steemit member

Steemit မှ မိတ်ဆွေ သူငယ်ချင်းများ အားလုံး မင်္ဂလာပါရှင့်

ဒီနေ့ ကျမ ရဲ့ steemit member များ ကို
အခုလို ဆောင်းရာသီ အချိန် ၌ မှာဘဲ ပေါများစွာ ရရှိတဲ့

" ပဲစောင်းလျားသီး" ကို သုပ်စားရင်း ဖြင့်

" ပဲစောာင်းလျားသီး"စားခြင်းဖြင့် ရရှိစေနိုင်တဲ့ အကျိုး
အာနိသင် အကြောင်း များကို post တင်ရေးသားမှာ
ဖြစ်ပါတယ်

ကျမတို့ အညာဒေသ မှာ အခုလို ဆောင်းရာသီ အချိန် တွင်
"ပဲစောင်းလျားသီး " များ ပေါများစွာ ရရှိ ပါတယ်

" ပဲစောင်းလျားသီး " အပင် မှ တူးဖော် ရရှိ သည့် ပဲမြစ် သည်
လည်း လူအများ နှစ်သက်စွာ စားသုံးကြပါတယ်

" ပဲစောင်းလျားသီး " ကို ဆာင်းရာသီ ရဲ့ ရာသီစာ ဟင်းတစ်ခွက်အနေနဲ့ စားသုံး ကြ ပါတယ်

လူအများ စားသုံးပေးခြင်းဖြင့် အကျိုး များစေသည့် ဓာတ်စာ
တစ်ခု ဖြစ်သည့် အပြင် အဟာရပြည့်ဝစေပြီး အရသာ ရှိလှတဲ့
ရာသီစာ အစားအစာဖြစ်ပါတယ်

image

" ပဲစောင်းလျားသီး " တွင် vitamin- D , calcium , magnesium , antioxidant ဓာတ် များစွာ ပါဝင်ပါတယ်

" ပဲစောင်းလျားသီး " ပင်၏ အသီး အရွက် အမြစ် အားလုံး
ကို စားသောက်လို့ ရပြီး ပဲစောင်းလျားသီး ပဲမြစ် တို့ ကိုစားသုံး
ခြင်း ဖြင့် ရရှိစေနိုင် တဲ့ အကျိုး အာနိသင်များကတော့

အမြင်အာရုံ အတွက် အားကောင်းစေခြင်း

ဆီးချို ရောဂါ ဖြစ်ပွားမှု ကိုကာကွယ်စေခြင်း

ပန်းနာ ရင်ကျပ် ရောဂါ မှ ကာကွယ်စေခြင်း

အိုမင်းရင့်ရော် ခြင်း ကို ကာကွယ်စေခြင်း

အဆီကျစေခြင်း

ခေါင်းကိုက် ခြင်းကို သက်သာစေခြင်း

ကိုယ်ဝန်ဆောင် များ ကိုယ်ဝန်ဆိပ် တက်ခြင်း မှကာကွယ်
စေခြင်း

စသည့် အကျိုး အာနိသင်များ ကိုရရှိစေပါတယ်

ပဲစောင်းလျားသီး ကို ပြုပ် သုပ် ချက် စားကြသလို အတို့ အမြုပ်
အနေ နဲ့ လည်း အစိမ်းစားကြပါတယ်

အေးချမ်းလှတဲ့ ဆောင်းရာသီ မှာပင် ပေါများစွာ ရရှိတဲ့
" ပဲစောင်းလျားသီး " ကို အသားငါး များနှင့် ရောနှော၍ ကြော်စား ကြ ချက်စားကြသလို အတို့ အမြုပ် အနေဖြင်း ၄င်း
သီးစုံ ချဉ်ရည် အဖြစ် ၄င်း စားသောက်ကြပါတယ်
ရာသီစာ ဖြစ်သည့် အပြင် ဆေးဖက်လည်းဝင် အရသာလည်း
ရှိလှတဲ့ " ပဲစောင်းလျားသီး " ကိုအသုပ် သုပ်စာရင်းဖြင့် steemit မှ fri များ အတွက် ပြုလုပ်စားသောက် ကြစေရန် ရေးတင်လိုက်ပါတယ်

" ပဲစောင်းလျားသီးသုပ် "

ပဲစောင်းလျားသီး - ၂၅ ကျပ်သား

သံပုရာသီး - ၁ လုံး

ကြက်သွန်နီ - ၁လုံး

ကြက်သွန်ဖြူ - ၃ မွှာ

ဆီ - ၅ ကျပ်သား

မြေပဲ ဆားလှော် လ္ဘက်ရည် - ၁ ပုဂံ လုံး

ပုဇွန်ခြောက် ဟင်းစားဇွန်း - ၁ဇွန်း

ပဲမှုန့် ဟင်းစားဇွန်း -၁ဇွန်း

နှမ်းလှော် - အနည်းငယ်

အရသာမှုန့် -အနည်းငယ်

ဆား - အနည်းငယ်

နန္နင်း - အနည်းငယ်

ငရုတ်သီးစိမ်းတောင့် - ၅တောင့်

တို့ ပါဝင်ပါတယ်

image

ပဲစောင်းလျားသီး ကို ရေနွေးဆူဆူ တွင် ၃ မိနစ် ခန့် ကြာအောင်
ပြုပ်ပါ
ပြုပ်ထားသော ပဲစောင်းလျားသီးများ အားဆယ်ယူ၍ ရေအေးတွင်ခေတ္တ စိမ်ထားပါ
ပဲစောင်းလျားသီး များ၏ ဘေးအကြောမျှင်များအား ဖယ်ရှား၍
ခပ်နုပ်နုပ်စဉ်း ၍ ပိုင်းဖြတ်ထားပါ

မြေပံ ဆံ ပုဇွန်ခြောက် ထောင်းထားပါ

သံပုရာသီး လေးစိပ်စိပ်ထားပါ

ငရုတ်သီး စိမ်း လှီးထားပါ

ကြက်သွန် နီ / ဖြူ တို့အား အခွံ သင် လှီး ထောင်းထားပါ

ဆီ ကြက်သွန်နီ / ဖြူ တို့ အား နန္နင်း မှုန့် အနည်းငယ်ထည့်
ပြီး ဆီကျက် ချက်ထားပါ

နယ်မည့် ပုဂံ တွင် ကြက်သွန်နီ ပဲစောင်းလျားသီး ပဲမှုန့်
ဆီချက် နှမ်းလှော် ပုဇွန်ခြောက် မြေပဲဆံ ဆား အရသာမှုန့်
တို့ အားလုံး ပေါင်းထည့် နယ်ပေးပါ
အပေါ်မှ သံပုရာသီး အရည်ညှစ်ထည့် ငရုတ်စိမ်းများ
ထည့် အရသာ အပေါ့အငံ မြည်း၍ တည်ခင်း စားသုံး
နိုင်ပါပြီ

image

အခုလို ဆောင်းရာသီ မှာ ပဲစောင်းလျားသီးသုပ် ခရမ်းချဉ်သီး
ပန်ထွေဖြော် ငါးခြောက်ဖုတ်ဆီဆမ်း လေးဖြင့် စားလိုက်ပါက
ထမင်းမြိန် စေမှာ သေချာပါတော့တယ်

ပဲစောင်းလျားသီးသုပ် ကိုထမင်းနှင့် တွဲ၍ ဟင်းအရံ တစ်ခွက်
အဖြစ် သုံးဆောင်ကြသလို နေ့လည်နေ့ခင်းစာ အသုပ်
အနေဖြင့် လည်း စားသောက် ကြပါတယ်

ပရိုတင်းဓာတ်တွေ ပါဝင်သည့် အတွက် သတ်သတ်လွတ်
စားသူများအတွက် ပို၍ သင့်တော်စေပါတယ်
ဗီတာမင် အေ စီ ကယ်လစီယမ် သံဓာတ် နှင့်တစ်ခြားအင်ဇိုင်းဓာတ်များပါဝင် ပြီး
ကယ်လစီယမ်ဓာတ်သည် အရိုးစနစ်ကို ကောင်းမွန်စေသည့် အပြင် ရောဂါပိုးများ ဝင်ရောက်မှု ကို ကာကွယ်ပေးသည့်
အတွက် ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေသော
အသီး အနှံ ဖြစ်သည့် ပဲစောင်းလျားသီး ကို စားပေးသင့်ပါတယ်

image

Steemit မှ fri များ အားလုံး လည်း ရသီစာ အစားအစာများ
စားသောက်ပေးခြင်း ဖြင့် ကျန်းမာရေးနှင့် ညီညွတ်ပြီး
အဟာရဓာတ် များစွာ စေရန် ရည်ရွယ် ၍ post တင်ရေးသားလိုက်ပါတယ်

နောက်လာမည့် ကျမရဲ့ postများကိုလည်း ဝိုင်းဝန်း ၍ vote
ပေးအားပေကြပါဦးရှင့်

အားလုံးသော steemit member များ အားလုံးလည်း

ကျန်းမာရွှင်လန်းကြပါစေလို့ တောင်းဆုပြုလိုက်ပါတယ်

written and made -

@mamamyanmar

MSC-070

Sort:  

အလွန်ကောင်းလေပြီ

စားနော်

ဒီအတိုင်း​တော့မစားဖြစ်​ပါ.ငပိ၇ည်​နဲ့မှ တို့စရာအ​နေနဲ့ စားပါးတယ်​.

သုပ်စားကျိ ရမ်းကောင်းတယ်

လုပ်စားပီလေ

လုပ်လိုက်တော့

စားချင်တယ်

စားပြိုက်

သုပ်​ပြီး ​ရေ​နွေးကြမ်းနဲ့စားချင်​တာ အမရာ

စားပေးနော်

အခုလို မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်

မယ်တော်ကို လုပ်ကျွေးခိုင်းမယ်

ကောင်းပါ့ ဘုရား

မမမြန်​မာက​တော့ သ​ရေကျ ​အောင်​လုပ်​ပြန်​ပြီ 😋😂

ကျပါနဲ့အေ လုပ်စားပလိုက်

အစ်​မ​ရေ ငါးပိ​ရေကျိုနဲ့ပဲ တို့စားဖူးတာ
အဲ့ဒီလို စားရမှန်း အခုမှသိတယ်​ဗျို့

အင်း နော် အာဆို လုပ်စားကျိ ရမ်းကောင်းတယ်

ပြုတ်စားတာတော့ ကြိုက်တယ်

ပြုပ်ထားတာလေးကို ကပ်ကျေးလေးနဲ့ညှပ်ပီး
သုပ်စား ကြည့်ပါလား ဟယ်

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 68236.23
ETH 2643.41
USDT 1.00
SBD 2.70