" Egg " For Cooking And Eating ( Part -2 ) Boiled Egg

in #myanmar7 years ago (edited)

ကြက်ဥ ( Egg ) - အပိုင်း ( ၂ )


Steemit member များ နှင့် friend များကို ဒီနေ့
ကြက်ဥ ( egg ) နဲ့ ပတ်သက်တဲ့ စားသောက် ဖွယ် ရာ
များထဲ မှ post တင် ပြီး ချက်ကြွေးချင်တဲ့ စားစရာကတော့
ကြက်ဥ ပြုပ် နည်း အမျိုးမျိုး အကြောင်း ကိုရေးသားမျှဝေ
ပေးပါ့မယ်
image
ကြက်ဥပြုပ် ပြုလုပ်တာဟာ တကယ့်ကို လွယ်ကူ ရိုးရှင်းစွာ
ပြုလုပ်ရ လွယ်ကူသလို အချိန်ကုန် ငွေကုန်လည်း သက်သာ
စေတဲ့ စားစရာ ပါ

လူတစ်ကိုယ် အကြိုက်တစ်မျီူး ဆိုသလို ကြက်ဥပြုပ် ကိုပင်
တစ်ချို့က ကြက်ဥ ပုံပျက်တယ်ဆိုရုံ ကြက်ဥပြုပ် ရေနွေးဖျော
ကြက်ဥပြုပ် မကျက်တကျက် ကြကဥ အကျက်ပြုပ်
စသဖြင့် အကြိုက် အမျိုးမျိုးနဲ့ ပါ

တစ်ဦး တစ်ယောက် ချင်းစီ ရဲ့ အကြိုက်လိုက်ပြီးတော့လည်း
ကြက်ဥပြုပ်ကို နည်းလမ်းများစွာ ပြုပ်နည်းမျာစွာရှိတဲ့ ထဲကမှ
ကျမ သိသောနည်းလမ်းများကို တင်ပြပေးပါမယ်

ကြက်ဥပြုပ် ပြုလုပ်ရန် အတွက် ရေ နှင့် ထည့်ပြုပ်မယ့် အိုး
( သို့မဟုတ် ) rice cooker တို့ လိုအပ်ပါတယ်

ကြက်ဥ အရည်မပျက် အကာကျက် ရုံ ပြုပ်


ကြက်ဥ ကို ရေနွေးပွက်ပွက်ဆူ တွင် ၃ မိနစ် ထည့် ပြုပ်ပါ
ပြီးရင် ရေအေးထဲ ထည့် အအေးခံ စားလို့ ရပါပြီ

ကြက်ဥ အနှစ် ပျော့ပျော့ လေးပြုပ်


ကြက်ဥ ကို ရေနွေးပွက်ပွက်ဆူ တွင် ၆ မိနစ် ထည့် ပြုပ် ပါ
ပြီးရင်ရင် ရေအေးထဲ ထည့် အအေခံ စားလို့ရပါပြီ
image

ကြက်ဥ အရည် ထဲ့ မကျက်တကျက် ပြုပ်


ရေဆူ ခါနီးတွင် ရေထဲသို့
ဗင်နီဂါ လဘ္ဘရည်ဇွန်း ၁ ဇွန်းထည့်ကြက်ဥ
ဖောက်ထည့်ပြီး၂ မိနစ် လောက်ထား
ဆယ်ယူပြီး စားလို့ရ ပါ ပြီ
image

ကြက်ဥ အကျက် ပြုပ်


ကြက်ဥ ကိုရေအေး ထဲတွင် ထည့်ပြုပ်
ရေဆူပြီး ၁၀ မိနစ် ကြာအောင် ထား
အအေးခံ ပြီး စားလို့ရပါပြီ image

ကြက်ဥ အငံ ပြုပ်


ကြက်ဥကို ရေနွေးပွက်ပွက် ဆူတွင် ၃ မိနစ်ထည့်ပြုပ်ပါ
ပြီး ရင်ကြက်ဥ အကာ ကို ခရင်း ( သို့မဟုတ် )အချွန်
တစ်ခုခု ဖြင့် နေရာ အနှံ့ ထိုးဆွပေးပါ
ရေနွေးပွက်ပွက်ဆူ လဘ္ဘရည် ပုဂံ လုံး တစ်လုံးခန့် တွင်
ဆား ဟင်းစားဇွန်း ၂ ဇွန်း ထည့် ဆွထားသော ကြက်ဥ
ထည့် ပြီး ရေခမ်း သည်အထိ ပြုပ်ပါ
ရေခမ်း သွားပါက ဆယ်ယူအအေးခံ ပြီး
စားလို့ ရပါပြီ

ကြက်ဥ လ္ဘက်ခြောက်ခပ် ပြုပ်


ကြက်ဥကို ရေနွေး ပွက်ပွက်ဆူတွင် ၃ မိနစ်ထည့်ပြုပ်ပါ
ပြီးရင် ကြက်ဥ အကာကို ခရင်း ( သို့ မဟုတ်) အချွန်
တစ်ခုခု ဖြင့် နေရာအနှံ ထိုးဆွပေးပါ
ရေနွေးပွက်ပွက်ဆူ လ္ဘက်ရည် ပုဂံလုံး ၃ လုံးခန့်တွင်
လဘ္ဘက်ခြောက် ဟင်းစားဇွန်း ၃ ဇွန်းထည့် ဆွထားသော
ကြက်ဥ ထည့်ပြီး ရေခမ်းသည် အထိ ပြုပ်ပါ
ရေခမ်းသွားပါက ဆယ်ယူ အအေးခံ ပြီး
စားလို့ရပါပြီ
image

Steemit မှfri များ အားလုံး လည်း လွယ်ကူ အဆင်ပြေ
အရသာ ရှိစွာ လုပ်စားကြပါလို့

written and made
@mamamyanmar
image

Sort:  

ကြက်ဥ ပဒေသာပါလား။

ဒီရက်ပိုင်း မမမြန်မာ အိမ်၌ ဥ ဟင်းသာ ချက်သည်။
😁😁😁

ကြက်​ဥ အရမ်းကြိုက်

Thank you for sharing this.

ကြက်ဥ steemit ပုံ စံ ဘိုလုပ်စားရမလည်းခည 😄

ဥ ဆိုသိပ်သိပ်ကြိုက်

မမမြန်မာ တားတို့ကို မျိုးစုံ ကျွှေးနေသည်

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 64785.95
ETH 3471.44
USDT 1.00
SBD 2.51