Cricket and Fired

in #myanmar6 years ago

ပုရစ်ကြော်

Hello , sll steemit member .

မင်္ဂလာပါ

အခုလို မိုးရာသီ မျိုးတွင် ပုရစ်များ လှိုင်လှိုင် ရရိ ပြီ ဖြစ်ပါတယ်
ပုရစ် ကြော် ကို ကြိုက်နှစ်သက်သူများ ရှိသလို မကြိုက်သူများ မစားရဲသူများလည်း ရှိကြပါတယ်

image

စစ်ကိုင်းတိုင်း အထက်ပိုင်း အင်းတော်နယ် ဘက်မှ လာသောမိတ်ဆွေ များမှ
ပုရစ်များ လက်ဆောင်ပေးသည့် အတွက် ပုရစ်ကြော် ပြုလုပ်စားသောက်ရင်း
ပုရစ် အကြောင်း ရေးသား post တင်လိုက် ပါသည်

ပုရစ်ဆိုတာ အင်းဆက် မျိုးစုဝင် အကောင်တစ်မျိုးဖြစ်ပါသည်

ပုရစ်ရဲ့ သက်တန်းဟာ အသက် တစ်နှစ်သာရှည်ပြီး တစ်နှစ်မှာ သုံးခါ ပေါ်
လေ့ရှိကြပါတယ်

ပုရစ်တွေသည် တွင်းတူးပြီး နေတတ်တဲ့ အကောင်မျိုး ဖြစ်ပါသည်

ပုရစ် ပေါ်ချိန်များကတော့ နွေဦးပေါက်ရာသီ မိုးဦးကျရာသီနဲ့ ဆောင်းဦး ရာသီတွေမှာ ပေါ်လာ သည်ဟု သိရှိရပါသည်

image

ပုရစ် ပေါ်ချိန်တွင် ပုရစ်များ၏အသံ မှာ စူးပီးအသံကျယ်လောင်ပါတယ်
မိုးရာသီ ပုရစ်ကျချိန်ထက် ဆောင်းရာသီ ပုရစ်ကျချိန်မှာ အကောင်ပိုများပြီး နားလည်းပိုငြီးပါတယ် ညနေစောင်းချိန် ရောက်ပါက စူးဝါးလှသည့် ပုရစ်အော်သံ
များကြားရလေ့ ရှိပါသည်

ညဘက်မှာ ဓာတ်မီးတိုင်အောက်မှာ ပုရစ်ဖမ်း နည်း
မနက်ဖက်မှာ ပုရစ်တွင်းတွေကိုလိုက်ရှာပြီး ဖမ်းနည်း စသည်ဖြင့်
ပုရစ် ဖမ်းနည်း အမျိုး မျိး ရှိကြောင်း လည်း သိရပါတယ်

တွင်းထဲက ပုရစ်ကို ဖမ်းတဲ့ အခါမှာ
တွင်းကို အစဆုံး လိုက်တူးတာ ပုရစ်တွင်းကို ရေလောင်းတာ ပုရစ်တွင်းထဲ သို့ အုန်းလက် အတံ ထိုးထည့်နည်း တို့ ဖြင့် ပုရစ်ဖမ်း ကြပါတယ်
တွင်းထဲတွင် အောင်နေသော ပုရစ် ကို တွင်းအပြင် ထွက်လာအောင်လုပ်ပြီး
ထွက်လာသောပုရစ်အား ဖမ်းကြခြင်း ဖြစ်ပါတယ်

ပုရစ် အထီးအမ ခွဲခြားတဲ့ နည်းလမ်းကတော့ နှစ်နည်းရှိပါတယ်
အထီးတွေရဲ့ အတောင်ပံမှာ တွန့်ကြေနေပြီးတော့ အမတွေရဲ့ အတောင်ပံဟာ ပြောင်ချောနေပါတယ်

ဗိုက်ဘက်ကို လှန်ကြည့်လိုက်ရင် အထီးတွေမှာ မဲမဲ အတိုင်အရှည်လေး မပါပါဘူး အမတွေမှာ မဲမဲ အတိုင်ရှည်လေး တစ်ခုပါပါတယ်

ပုရစ်ကြော်နည်း

အတောင်ပံ များအား ကပ်ကျေးဖြင့်ညှပ် ၍ ဖယ်ရှားပါ
ပုရစ်အောက်ခြေ နေရာ မှ ချီးများညှစ်ထုတ်ပစ်ပါ
ထို့နောက် ပုရစ်များအားရေစင်အောင် ဆေးကြောပါ
ရေစစ်ထားသော ပုရစ်များအား ဆား အရသာမှုန့် နန္နင်းမှန့် တို့နှင့်နယ်ပေးပါ
ဂျင်း ကြက်သွန်ဖြူ များအား ညက်နေအောင်း ထောင်းပြီး ပုရစ် ဗိုက်ထဲ ထည့်သိပ် ပေးပါ
ထိုနောက် ဆီပူပူ တွင် ကြွပ်နေအောင် ကြော် ပါ
ပုရစ်များ ကြွပ်ရွ ပြီး အနံ့ မွှေးကြိုင်လာပါက ဆယ်ယူ စိတ်ကြိုက် ပြင်ဆင် စားသောက် နိုင်ပြီ ဖြစ်ပါသည်
အစပ်ကြိုက်သူများကတော့ ငရုတ်သီး မှုန့်ပါ ထည့်ကြော်၍ စားကြပါတယ်

ပုရစ်ကြော် ကို တမင်းနှင့်တွဲ၍ ဟင်းလျာ အနေနဲ့သာမက သရေစာ အနေနဲ့
လည်း စားသုံးကြပါသည်

မှတ်ချက် -
ပုရစ်သည် တွင်းအောင်း သတ္တဝါ ဖြစ်သောကြောင့်
အကြောတက်တတ်သူများ သွေးတိုး ရှိသူများအနေနဲ့ ချင့်ချိန်၍ စားသင့်ပါ
တယ်

အခုလို မိုးဦးကျ ရာသီ ပုရစ်ပေါ်ချိန် တွင် steemit မှ မိတ်ဆွေများလည်း
ရာသီစာ ပုရစ်ကြော်စားပေးကြစေရန် ရည်ရွယ် လျက် ရေးသား မျှဝေလိုက်ရပါသည်

@mamamyanmar

Sort:  

မွန်ပြည်နယ်တွင်ဈေးကြီးပါသည်

စစ်ကိုင်းတိုင်း အထက်ပိုင်းကျပေါတယ် မန္တေးတင်ပို့ပီးရောင်းကြတော့
ဈေးကောင်းရတယ်

အရမ်းကြိုက်တယ် ပရစ်ကျော်ဆိုရင် သီတင်းကျွတ်လဆို သူတို့တွေ ပေါ်ပီ

ဒီမှတော့ ခုလည်းရတယ် ဆောင်းတွင်းဆို ပိုပေါတယ်

ရောင်းတမ်းပုရစ်တွေက မကောင်းတာများတယ်၊ကိုယ်တိုင်ဖမ်းကြော်မှစားကောင်းတာ

ကိုယ်တိုင်တော့ ဖမ်းရဲဘာပုလေ
ပုရစ်အစိမ်း ကိုဘဲ ဝယ်ကြော်စားတာတောင် ဟိုတုန်ကဆို စားသာစားချင်တာလုပ်ရဲဘူး ခုမှသာ

သိပ်ကြိုက် အရမ်းကြိုက် တယ်သမီးရေ

ဘီဘီနက်မြည်းလိုက်လို့ကတော့ ဟွင်းဟွင်း

ကြွေးချင့်တာ… အေးးးးးး

ပုရစ်ကြော် ရွရွလေး အရမ်းကြိုက်

အကြိုက်ခြင်း တူလိုက်တာ ကြက်သွန်ဖြူ ကြော် မွှေးမွှေးလေးနဲ့

Facebook user name please 🙂

မမမြန်မာ ပါ

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 62339.62
ETH 2444.37
USDT 1.00
SBD 2.62