Cotton Flower Salad

in #myanmar6 years ago

လက်ပံပွင့် အသုပ်

image

Hello , all my steemit member

steemit အဖွဲ့ဝင် များအတွက်

နွေဦးရာသီ မှာပင် ပေါများစွာ ရရှိတဲ့
" လက်ပံပွင့် " အားသုပ်စားရင်း " လက်ပံပွင့်သုပ် " ပြုလုပ်
ပုံ အကြောင်း ကို post တင် ရေးသားလိုက်ပါတယ်

ရာသီစာ ဖြစ်တဲ့ အတွက် ဆေးဖက်လည်းဝင် အရသာလည်း
ရှိလှတဲ့ " လက်ပံပွင့် " ကို အသုပ် သုပ်စားရင်းဖြင့် steemit
မှ fri များ အတွက် ပြုလုပ်စားသောက် ကြစေရန် ရေးတင်
လိုက်ပါတယ်

နွေဦးရာသီ ရဲ့နေ့လည်ခင်း အချိန်လေးမှာ ရာသီဥတုကလည်း
ခြောက်သွေ့စ ပြုချိန်မှာ လက်ပံပင်အောက်သွားကာ
လက်ပံပွင့်ကြွေ လေးမျိားအား ကောက်ယူ၍ လက်ပံပွင့်လေးများအား အသုပ်သုပ်၍ စားသောက်ဖြစ်တာကြောင့်
fri များလည်း အညာလက်ပံပွင့်သုပ်လေး အား စားကြည့်စေ
ချင်သော ကြောင့် လက်ပံပွင့်သုပ် ပြုလုပ်နည်း နှင့် အတူ
လက်ပံရဲ့ ဆေးဖက်ဝင် အသုံချနည်း များအား post တင်ရေးသားလိုက်ပါသည်

လက်ပံပွင့် ကိုအများအားဖြင့် အခုလို လက်ပံပွင့်များ လှိုင် လှိုင်
ပွင့်ချိန်မှာ ကောက်ယူကာ အခြောက်လှန်း ၍ သိမ်းဆည်းပြီး
လိုအပ်သည့် အချိန်မှသာ လက်ပံပွင့်ခြောက်လေးများအား
ရေစိမ် ရေစင်အောင်ဆေး၍ အသုပ် သုပ်၍ ၄င်း ထောင်း၍ ၄င်း ချဉ်ရည်ဟင်း အဖြစ်၎င်း အမျိုးစုံစွာ ပြုလုပ်စားသောက်ကြပါ
သည်

ယခုချိန်လို လက်ပံပွင့်များပွင့်ချိန် ကြွေချိန် မှာတော့လက်ပံပွင့်
အစိုလေးများအား စားသောက်ပါက လတ်ဆတ်သည့် အပြင်
လက်ပံပွင့်ခြောက် ထက်ပင် အရသာ ပိုမိုကောင်းမွန်စေပါတယ်

image

လက်ပံပွင့်သုပ်

ပါဝင်ပစ္စည်းများ

လက်ပံပွင့် (အစို / အခြောက် ) - ၂၀ ပွင့်

သံပုရာသီး - ၁ လုံး

ကြက်သွန်နီ - ၁လုံး

ကြက်သွန်ဖြူ - ၃ မွှာ

ဆီ - ၅ ကျပ်သား

မြေပဲ ဆားလှော် လ္ဘက်ရည် - ၁ ပုဂံ လုံး

ပုဇွန်ခြောက် ဟင်းစားဇွန်း - ၁ဇွန်း

ပဲမှုန့် ဟင်းစားဇွန်း -၁ဇွန်း

နှမ်းလှော် - အနည်းငယ်

အရသာမှုန့် -အနည်းငယ်

ဆား - အနည်းငယ်

နန္နင်း - အနည်းငယ်

ငရုတ်သီးစိမ်းတောင့် - ၅တောင့်

ကြက်သွန်ဖြူကြော် / အကြော်ဆန်

image

တို့ ပါဝင်ပါတယ်

လက်ပံပွင့်လေးများ၏ ပွင့်ဖတ်များအားဖယ်ရှားပါ
အလယ်မှအူတိုင် နှင့် ဝတ်ဆံ များကိုလည်းဖယ်ထားပါ

လက်ပံပွင့်ကို ရေစင်အောင်ဆေးကြောပြီး ရေနွေးဆူဆူ တွင်
ရေနွေးဖြောပေးပါ
(လက်ပံပွင့်ခြောက် ဆိုပါက ၅မိနစ်ခန့် အချိန်ကြာမြင့်စွာ ပြုပ်ပေးရပါမညါ )

ပြုပ်ထားသော လက်ပံပွင်းများအားများ ဆယ်ယူ၍ ရေအေးတွင်ခေတ္တ စိမ်ထားပါ

ထို့နောက်ရေစင်အောင်ညှစ်ပြီး လက်ပံခေါင်းလေးများ လက်ပံ
ဝတ်ဆံ လေးများအား ခပ်သေးသေး ညှပ်ထားပါ
မြေပံ ဆံ ပုဇွန်ခြောက် ထောင်းထားပါ

သံပုရသီး လေးစိပ်စိပ်ထားပါ

ငရုတ်သီး စိမ်း လှီးထားပါ

ကြက်သွန် နီ / ဖြူ တို့အား အခွံ သင် လှီး ထောင်းထားပါ

ဆီ ကြက်သွန်နီ / ဖြူ တို့ အား နန္နင်း မှုန့် အနည်းငယ်ထည့်
ပြီး ဆီကျက် ချက်ထားပါ

image

နယ်မည့် ပုဂံ တွင် ကြက်သွန်နီ လက်ပံပွင့် ပဲမှုန့် ဆီချက်
နှမ်းလှော် ပုဇွန်ခြောက် မြေပဲဆံ ဆား အရသာမှုန့် တို့
အားလုံး ပေါင်းထည့် နယ်ပေးပါ
အပေါ်မှ သံပုရာသီး အရည်ညှစ်ထည့် ငရုတ်စိမ်းများ
ထည့် အရသာ အပေါ့အငံ မြည်း၍ တည်ခင်း စားသုံး
နိုင်ပါပြီ

လက်ပံပွင့်သုပ် ကိုထမင်းနှင့် တွဲ၍ ဟင်းအရံ တစ်ခွက်
အဖြစ် သုံးဆောင်ကြသလို နေ့လည်နေ့ခင်းစာ အသုပ်
အနေဖြင့် လည်း စားသောက် ကြပါတယ်

ရှေးလူကြီးများပြောသော လက်ပံပွင့်၏ဆေးဖက်ဝင်ပုံများ

လေးဖက်နာသမားအတွက် လက်ပံပင်အမြစ်ကိုသွေးပြီးသောက်ပါ ခြေဆစ် လက်ဆစ်ကို လိမ်းပေးပါ

ဆီးချိုးရောဂါ ဖြစ်ပွားပါက
လက်ပံပွင့်ကိုပြုတ်စားပါ လက်ပံပွင်ကိုဟင်းချိုချက်စားပါ

မီးယပ်ရောဂါ ဖြစ်ပွားပါက
လက်ပံအခေါက်ကို ပြုတ်ပြီးသောက်ပါ

သွေးတိုးရောဂါ ဖြစ်ပွားပါက
ဇီးသီးနဲလက်ပံပွင်ရောပြီးဟင်းချိုချက်စားပါ

လေးဖက်နားရောဂါ ဖြစ်ပွားပါက
လက်ပံပွင့်အမြစ်ကိုကျောက်ပျဉ်နဲသွေးပြီးဆားအနည်းငယ်
ထည့်ပြီးသောက်ပါ လေးဖက်နာပိုးများ သေစေပါသည်

သွေးလေးဖက်နာ ဖြစ်ပွားပါက
လက်ပံခါးပင်၏ အသားကိုအမှုန့်ကြိတ် ပျားရည်နှင့်နယ်
ကာ မနက်တစ်ဇွန်း ညတစ်ဇွန်းသောက်ပေးပါက အိပ်ရာထဲ
မထနိုင်အောင် လဲနေသူ ပင်အရှင်းပျောက်ကင်းသက်သာ
စေပါသည်

ရင်သာကင်ဆား ဖြစ်ပွားပါက
လက်ပံအခေါက်ကိုသွေးပြီး သောက်ပေးပါ ရင်သာအနားတစ်ဝိုက်လိမ်းပေးပါ

ဟူ၍ သက်ကြီးစကား သက်ငယ်ကြားဟူသည့် အတိုင်း
လေ့လာမှတ်သားမိပါသည်

ထို့ကြောင့် လက်ပံပွင့်များ လှိုင်လှိုင်ပွင့်ပြီး ပေါများချိန်တွင်
လက်ပံပွင့်လေးများ အားကောက်ယူသိမ်းဆည်း အခြောက်
လှမ်း ထားကြပြီး လိုသလို အသုံးပြု ကြစေရန် ရည်ရွယ်၍ ရေးသားလိုက်ပါတယ်

steemit မှ fri များလည်း ဆေးဖက်ဝင်ပြီး အရသာ ရှိတဲ့ အစားအသောက်များ စားသောက်ကြရင်း ကျန်းမာဝဖြိုး အလှတိုးကြပါစေဟု တောက်းဆု ပြုလိုက်ပါတယ်

Written & Made -

@mamamyanmar

MSC-070

Sort:  

ဝါးး စားချင်စရာ

war… လှန့်ထှာ

ဒီလိုလုပ်ရင်မကောင်းဘူးလားမမ...G4အကုန်အစုံဖိတ်လိုက်မယ်။အသုပ်အမျိုးမျိုးလုပ်ကျွေးမလား။စားချင်တယ်။မမနဲ့နေတဲ့အိမ်ကလူတွေတော့ အစားကောင်းတွေတော်တော်စားရမှာပဲ။မိုက်တယ်။

လာပါလာပါ… ကြွေးမှာပါ

ဝတ်ဆံနဲ့ပွင့်ဖတ်ကိုဖယ်ရှားပါလို့ပြောပြီးနောက်အပိုဒ်ကျ လက်ပံ့ဝတ်ဆံကလေးများကကြေးဖြင့်ညပ်ဆိုတော့ မရှင်းဘူး။ဘယ်ဟာကိုသုပ်ရမှာလဲ

Sorry , ဝတ်ဆံရဲ့ ထိပ် အပေါ်က မျက်ဆံ (မျက်ချေးလို့လည်းခေါ်တယ်လေ ) အာ့ အမှုန်ျလးတွေေ ခြွရမှာ ငယ်ငယ်က ကြားဖူးတာ အဲ့မျက်ချေးလေးတေကျ မစားကေင်းဘူးတဲ့
ဘာ့ကြောင့်လဲတော့မသိပါ

စားဖူးဘူး တခါမှ။အရသာရှိမဲ့ပုံပဲ။

လုပ် စားကြည့်

ဝတ်ဆံ ဆိုတာက ပွင့်ဖတ်ဖယ်လိုက်ရင် အတွင်းမှာ ရှိနေတဲ့
အမျှင်ချောင်း လေးတွေပါ အဲ့အမျှင်လေးတွေရဲ့ ထိပ်မှာရှိတဲ့
အဆံလေးတွေကို ဖယ်ပြစ် ရမှာပါ ( ကိုယ်တွေငယ်ငယ်ကတော့ အာ့တာလေးတွေကို မျက်ချေးလို့ခေါ်တာ)

တစ်​မျိုးပြီးတစ်​မျိုး မရိုး​အောင်​ လုပ်​​ကျွေးနိုင်​သူအစ်​​​မ ​ရေ ... မညာရဘူး​နော်​ .. ထမင်းဆိုင်​များဖွင့်​ထားလားဟင်​ ..မဖွင့်​ရ​သေးလည်း ..ဖွင့်​လိုက်​ဗျာ .. ​သေချာ​ပေါက်​​အောင်​မြင်​မှာ ..
ထမင်းတစ်​ပွဲ SBD ဘယ်​​လောက်​ဆိုပြီး ...😀😀

အဲ့လို လုပ်လိုက်ရမလား
ဝါသနာ ကြောင့်ပါ အချက်အပြုပ် အခြုပ်အလုပ် ချည်ထိုးပန်းထိုး အကုနါဝါသနာပါတယ်
ဒါပေမယ့် computer ရှေ့ထိုင်လိုက်ရင် ဇက်ထိုး ခေါင်းကိုက်ဖြစ်တော့တာ

အနားမှာ တစ်ပင်ရှိတယ် ခူးပြီး အဒေါ်ကို သုပ်ကျွေးဖို့ ပြောမှ ပါ ဒီနည်းအတိုင်း

စားပြိုက်

အဲ့လိုမျိုး​တော့ တစ်​ခါမှ သုပ်​မစားဖူးဘူးအမ

စားကြည့် …ကြည့်

နည်းနည်းချွဲလို့ သိပ်မကြိုက် လက်ပံခေါက်ချဉ်ရည်လေးတော့ စားဖူးတယ်

ချွဲချွှဲ ထုပ်ထုပ်လေး

ဒါမျိုးမြင်​​တော့ အ​မေနဲ့ရွာကို လွမ်းလာတယ်​ 😁

အာ့ဆို ရွာမှာရည်းစားရှိဘူးဘဲ

Coin Marketplace

STEEM 0.27
TRX 0.11
JST 0.030
BTC 70588.78
ETH 3814.59
USDT 1.00
SBD 3.51