Chayote marrow leaf and Health

in #myanmar6 years ago

ဂေါ်ရခါးညွှန် နှင့် ကျန်းမာရေး

Hello , all steemit member.

အခုလို မိုးရာသီချိန် တွင် ဂေါ်ရခါး ပင်၌ ဂေါ်ရခါးသီးများ သာမက ဂေါ်ရခါးညွှန်းလေး များ လည်း အညွှန်တစ်လူလူ နှင့် လတ်ဆတ်စွာ ရရှိသည့်အပြင် ဈေးလည်းသက်သာပါသည်

မိုးရာသီဟာ အသီးအရွက်စိမ်းတွေ အရမ်းကို ဖွံ့ထွားလတ်ဆတ်တဲ့ ရာသီ ဖြစ်ပါသည်

မိုးတွင်းကာလမှာ တစိမ့်စိမ့်အေးပြီး စိုစွတ်နေတာကြောင့် သွေးလေ လှည့်ပတ်မှု နှေးကွေးတဲ့အပြင် ဘက်တီးရီးယားပိုးမွှား အန္တရာယ်လည်း များစေပါသည်

ထို့ကြောင့် ဂေါ်ရခါးသီး ဘူးသီး ကျောက်ဖရုံသီး စတဲ့ အသီးတွေအပြင် ဂေါ်ရခါးညွှန့် မြင်းခွာရွက် ဟင်းနုနွယ်ရွက် ဆူးပုပ်ရွက်စတဲ့ အရွက်တွေကိုလည်း ဟင်းခါး ချက်သောက်လိုက်ရင်တော့ နွေးထွေးသွားစေသည်သာမက ထမင်းမြိန်စေပြီး အစာလည်းကြေကာ နွေးထွေးကျန်းမာစေမှာ ဖြစ်ပါတယ်

ဒါကြောင့် မိုးအေးအေး နှင့်လ်ုက်ဖက်သည့်အပြင် ကျန်းမာရေးကို အထောက်အကူ ရစေသည့် ဂေါ်ရခါးညွှန်အား သောက်ဆမ်းလေးချက်စားရင်း ဂေါ်ရခါးညွှန့်စားပေးခြင်းဖြင့် ရရှိ စေနိုင်သည့် ကျန်းမာရေး ကောင်းကျိုးများအား ရေးသားလိုက်ပါသည်

image

ဂေါ်ရခါးညွန့် စားခြင်းဖြင့် ရရှိစေနိုင်သောကျန်းမာရေးကောင်းကျိုးများ

ဂေါ်ရခါးသီး ဂေါ်ရခါးညွှန်တို့တွင် ပါဝင်သည့် ကစီဓာတ် ဗီတာမင်စီ ဗီတာမင်ဘီနဲ့ အမိုင်နိုအက်ဆစ်ဓာတ် များသည် လူသားတို့း၏ကျန်းမာရေးကို ကောင်းစွာ အထောက်အကူ ပေးနိုင်ပါသည်

ဂေါ်ရခါးညွှန့်မှာ အမျှင်ဓါတ်များစွာပါဝင် သည့်အတွက် အူနှင့်သက်ဆိုင်သော လမ်းကြောင်းများကို သန်မာစေပြီး ၀မ်းကို မှန်စေပါသည်

ဓာတ်တိုးဆန့်ကျင်ဓါတ်များ ပါဝင် သည့်အတွက် ကင်ဆာရောဂါအပါအ၀င် လူကို အိုမင်းရင့်ရော်စေတတ်သောအရာများကိုလည်း တားဆီးပေးပါသည်

အရိုးပါးရောဂါ ဖြစ်ပွားခြင်း တို့ကိုလည်း တားဆီးပေးပါသည်

မဂ္ဂနီစီယမ်ဓာတ် ပါဝင်ခြင်းကြောင့် ခန္ဓာကိုယ်၏ ကြွက်သားများကို သန်မာစေပြီး ခွန်အားကိုလည်း တိုးစေပါသည် အမောကိုလည်း ခံနိုင်စေပါသည်

ဂေါ်ရခါးညွန့်၊ ဂေါ်ရခါးရွက်တို့ကိုလည်း မကြာခဏ ဟင်းချက်စားခြင်း အခြောက်လန်းထား၍ ရေနွေးခတ်သောက်ခြင်းဖြင့် သွေးတိုးရောဂါများတို တားဆီးပေးခြင်း ကျောက်ကပ်ကို အားကောင်းစေပြီး ဆီးရွှင်ခြင်း ဆီးကျောက်တည်ခြင်းကို တားဆီးခြင်း စသည့်ကောင်းကျိုးများကို ရရှိစေပါသည်

ဂေါ်ရခါး အညွန့်အရွက်တွေကို ပြုပ် ကြော်ပြီးစားပါ အစာလမ်းကြောင်းတစ်လျှောက်ရှိ အညစ်အကျေး များ ကို ဖယ်ရှားရှင်းလင်းစေပါသည်

အစာလမ်းကြောင်းတစ်ခုလုံး သန့်ရှင်း သွားသည့်အတွက် သွေးလည်ပတ်မှု့ကောင်းသည့် အပြင်အူတွေထဲမှာ အညစ်အကျေးချိုးကပ်မှုတွေကြောင့်  ဗိုက်ပူနေတဲ့သူတွေလည်း ဗိုက်ချပ်သွား စေပါသည်

image

ဂေါ်ရခါးညွန့်အရွက်တွေကို တမျိုးချင်းစီ ကြော်စားတာဖြစ်ဖြစ်၊ ရောပြီးကြော်စား တာဖြစ်ဖြစ် စားတဲ့အခါ ဗီတာမင်ဓါတ် များစွာရရှိမှာ ဖြစ်ပါတယ်
အရွက်တွေ ကို ရေသေချာဆေးဖို့နဲ့ အရမ်းနွမ်းသွားအောင် မကြော်ဖို့တော့ လိုအပ်ပါသည်

ငွေကုန်သက်သာပြီး အစာလည်းဆေး ဆေးလည်းအစာဖြစ်စေမည့်
ဂေါ်ရခါးညွှန့်ကို ဟင်းချက်စားခြင်းဖြင့် ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေဟု ဆန္နပြုလျက်

@mamamyanmar

Sort:  

အရမ်းကောင်း

ကြိုက်တယ်ပေါ့

ကြိုက်တယ်ဗျ

အန်တီတို့ကြိုက်သောဂေါာရဂါးညွန့်

nice post

Posted using Partiko Android

ဂေါ်ရခါးညွှန့် ကြော်ပူပူနွေးနွေးစားလို့ ကောင်း

စားလိုက်တော့

Congratulations! This post has been upvoted from the communal account, @minnowsupport, by mamamyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63211.44
ETH 2631.43
USDT 1.00
SBD 2.71