Alter , Rection and Devotees ( Part - 3 )

in #myanmar7 years ago

ဆွမ်းတော်ကြီး အာရုံတော် ဝတ်အသင်း (အပိုင်း - ၃ )

Hello , all steemit member.

စစ်ကိုင်းမြို့နှင့် အနီးဝန်းကျင်မှ ဗုဒ္ဓဘာသာဝင်များသည် ဝါတွင်းကာလ ဥပုသ်နေ့တိုင်း ဘုရားစဉ်လှည့်၍ ဆွမ်းတော်ကြီး ကပ်လှူရာတွင် ရပ်ကွက်အလိုက် ရွာအလိုက် အရုဏ်တော် ဆွမ်းတော်ကြီးဝတ်အသင်းများဖွဲ့ပြီး စည်ကားသိုက်မြိုက်စွာ ပူဇော်ကြပါသည်

ဘုရားစဉ်လှည့်၍ ဆွမ်းတော်ကြီး လှူဒါန်းကြရာတွင်
စစ်ကိုင်းမြို့ပေါ်နှင့် စစ်ကိုင်းမြို့အနီး ဝန်းကျင်မှ ကျေးရွာများပါ ဆွမ်တော်ကြီး ဝတ်အသင်းများ ဖွဲ့စည်းကြပြီး သဒ္ဓါတရားထက်သန်စွာ ဆောင်ရွက်ကြပါသည်

image

ထိုသို့ပူဇော်ကြရာတွင် နေရာထိုင်ခင်း အခက်အခဲမရှိစေရန် မြို့နှင့်နယ်ဝတ်အသင်းများ တစ်လှည့်စီ ဆွမ်းကပ်လှူခြင်းဖြင့် အပြန်အလှန် ဧည့်ဝတ်ပြု ချစ်ကြည်ရင်းနှီးစေရန် ရည်ရွယ်၍ တောင်ဘီလူးချောင်ဆရာတော်က မြို့နှင့်နယ် ဝတ်အသင်းများကို ညှိနှိုင်းပြီး ဘုရားစဉ်အလှည့်ကို ခွဲခြားသတ်မှတ်ပေးခဲ့သည် ဟု ဆိုပါသည်

ထိုသို့ခွဲခြားသတ်မှတ်ချက်အရ မြို့အရုဏ်တော် ဝတ်အသင်းများ၏ ဆွမ်းတော်ကြီးကပ်ဘုရားစဉ်မှာ -
"ပုံ တောင် ဇေ ချမ်း ဥ နန်း နံ လေး ပ ထူ ရှင် အောင် ကောင်း"
"အမြှောင် ငါးထပ်ကြီး၊ အပြီး ကောင်းမှုတော်"ဟူ၍ ဖြစ်ပါသည်

ထိုဘုရားစဉ်အလင်္ကာအရ ဝါဆိုဘုရားစဉ်များကို ဝါဆိုလပြည့်မှ သီတင်းကျွတ်လပြည့်ထိ ဥပုသ်နေ့တိုင်း အရုဏ်ဆွမ်းကပ်လှူပွဲ ကျင်းပပူဇော်ကြသည်

ဘုရားစဉ်လင်္ကာပါ ဘုရားများမှာ -

ဆွမ်းဦးပုညရှင်စေတီ
တောင်ဖီလာစေတီ
ဇေတဝန်စေတီ
ချမ်းသာကြီးချမ်းသာရစေတီ
ဥမင်သုံးဆယ်စေတီ
ရှင်ပင်နန်းဦးစေတီ
ရှင်ပင်နံကိုင်းစေတီ
လေးကျွန်မာန်အောင်စေတီ
ပတ္တမြားစေတီ
ထူပါရုံစေတီ
ရှင်ဖြူရှင်လှစေတီ
အောင်မြေလောကစေတီ
ကာင်းမှုတော်စေတီ

တို့ ဖြစ်ပြီး အမြှောင်ငါးထပ်ကြီးဟူသည်မှာ ငါးထပ်ကြီးဘုရား ဆွမ်းတော်ကပ်လှူပွဲကို ဥပုသ်နေ့တွင်မဟုတ်ဘဲ သီတင်းကျွတ် လဆန်း(၄)ရက် (ကြားရက်)တွင် ကျင်းပ၍ ဖြစ်ပါသည် ထို့အတူ အပြီးကောင်းမှုတော် ဆိုသည်မှာ ကောင်းမှုတော်ဘုရား ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲကို သီတင်းကျွတ် လပြည့်နေ့ (ဝါတွင်းသုံးလ နောက်ဆုံးရက်)တွင် ကျင်းပ၍ ဖြစ်ပါသည်

image

နယ်အရုဏ်တော်ဝတ်အသင်းများ၏ ဘုရားစဉ်ကို -
" ကောင်း ပု ရှင် မင် မြား ဖီ မိ ဗော ချမ်း နန်း စေ လဲ ကောင်း" ဟူ၍ သတ်မှတ်ထားပါသည်

နယ်ဘုရားစဉ်ပါ ဘုရားများမှာ -

ကောင်းမှုတော်စေတီ
ဆွမ်းဦးပုညရှင်
ရှင်ဖြူရှင်လှစေတီ
ဥမင်သုံးဆယ်စေတီ
ပတ္တမြားစေတီ
တောင်ဖီလာစေတီ
ရွှေမြင်းမိစေတီ
ဗောဓိကျိုက်ပဒိုင်စေတီ
ချမ်းသာကြီးချမ်းသာရစေတီ
ရှင်ပင်နန်းဦးစေတီ
အောင်မြေလောကစေတီ
လဲလျောင်းသိမ်ဘုရားနှင့်
ကာင်းမှုတော်စေတီ

တို့ ဖြစ်ပါသည်

ထိုသို့ မြို့နှင့် နယ်ဝတ်အသင်းများ ဝါတွင်းကာလ ဥပုသ်နေ့များတွင် အရုဏ်ဆွမ်းကပ်သွားရာတွင် အတီးအမှုတ် အကများဖြင့် ရှေ့ဝင်းနောက်ဝင်းခင်းကာ သွားလေ့ရှိကြပါသည်
ထိုသို့ ဝင်းခင်း၍ ကပ်လှူသည့် အရုဏ်တော် ဝတ်အသင်းများကို (ဝင်းခင်း) အရုဏ်တော်ဆွမ်းတော်ကြီးအသင်း (သို့) အုပ်စုံကပ်အသင်း ဟုခေါ်ကြပါသည် အတီးအမှုတ် အကများနှင့် ရှေ့ဝင်း နောက်ဝင်း မခင်းဘဲ အရုဏ်ဆွမ်း လှူသည့်အသင်းကို (အုပ်ထိုး) အရုဏ်တော်ဆွမ်းတော်ကြီး ဟုခေါ်ပါသည်

ဝါတွင်းကာလ ဥပုသ်နေ့များ၌ အရုဏ်တော် ဝတ်အသင်းများ၏ ဆွမ်းကပ်လှူရန် သွားကြသည့် စေတနာ သဒ္ဓါထက်သန်မှုကို ကြည်နုးဖွယ် အားကျဖွယ် ကောင်းပုံတို့ကို စစ်ကိုင်းမြို့၌ ယနေ့တိုင်အောင် တွေ့မြင်နိုင်ပါသည်
ဆွမ်းကပ်သွားရသည့် ခရီးဟာမနီး လျှောက်နေရသည့်လမ်းသည် မချောမွေ့သော်လည်း နေပူပူထဲတွင် အရုဏ်ဆွမ်းကပ်လှူသွားမည့် အသင်းသားများသည် အဂါရဝ မဖြစ်စေရန် ဖိနပ်မစီး ထီးမဆောင်းဘဲ အထပ်အောက်ပိတ်ဖြူစင်ကျယ် ဝတ်ဆင်လျက် ခြေကျင် သွားကြသည်ကို တွေ့မြင်ကြရမည် ဖြစ်ပါသည်

စစ်ကိုင်းမြို့ ရပ်ကွက်အသီးသီးမှ ဆွမ်းတော်ကြီးကပ်လှူသည့် အရုဏ်တော်ဝတ်အသင်းများတွင် ဆွမ်းတော်ကြီးအဆောင်အယောင် ပစ္စည်းများမှာ

(၁) သာသနာ့အလံ
(၂) အရုဏ်အသင်းဆိုင်းဘုတ်
(၃) ကန်တော့ပွဲအုပ်
(၄) သိုင်း နှစ်လက်
(၅) ကျိုင်း နှစ်လက်
(၆) ဆွမ်းတော်သပိတ်
(၇) ယပ်တော်များ
(၈) ဆွမ်းတော်အုပ်
(၉) ကြေးစည်
(၁၀) မောင်း
(၁၁) ထီးဖြူတော် လေးလက်
(၁၂) ဗျော ဗုံတောင် အိုးစည်
(၁၃) ရေတကောင်း ပန်းတောင်းကလပ် ကွမ်းအုပ် ထွေးခံ အုပ်လုံး စသည်တို့ပါဝင်သည်

ညောင်ရမ်းခေတ်မှ စတင်၍ သီတင်းကျွတ်လတွင် ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားကြီးသို့ ဆွမ်းတော်ကြီး အာရုံတော်ဝတ်အသင်းများမှ မြတ်စွာဘုရားရှင်အားရည်မှန်၍ ဆွမ်းတော်ပွဲများ ဆီမီးများ ကပ်လှူသွားကြရာတွင် ဆင်လေးစီးနှင့်တကွ ဗျော စည် အတီးအမှုတ်များဖြင့် ရာဇာဝင်း ဒေဝါဝင်းများ ခင်းကျင်းကာ ခမ်းနားစွာ တက်ရောက် ပူဇော်ခဲ့ကြကြောင်း သိရှိရပါသည်

စစ်ကိုင်းမြို့၏ ဝါတွင်းဘုရားစဉ်များ နှင့် သီတင်းကျွတ်လပြည့်နေ့တွင် ကျရောက်သည့် နောက်ဆုံးနေ့ပွဲတော်ကြီးဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့တွင် ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားပွဲတော်ကြီးအား စစ်ကိုင်းမြို့အတွင်းရှိ ရပ်ကွက်အသီးသီးရှိ ဆွမ်းတော်ကြီး အရုဏ်တော် ဝတ်အသင်းများမှ ခမ်းနားစုံညီစွာ စည်ကားသိုက်မြိုက်စွာဖြင့် နှစ်စဉ်နှစ်တိုင်း စီတန်းလှည်လည် ပူဇော်ကြလေ့ရှိပါသည်

image

ထို့ကြောင့် ဗုဒ္ဓဘာသာဝင် နွယ်ဝင်သူတော်စင်တို့မွေ့လျော်ရာ ကျောင်းကန် စေတီပုထိုး သူတော်စင်သူတော်ကောင်းတို့ မွေ့ပျော်ရာ ဇေယျာရွှေပြည် စစ်ကိုင်းမြေမှ ဝါဆိုဆွမ်းတော်ကြီးကပ်ဓလေ့သည် သရဏဂုံတရား အမြစ်တွယ်ရှင်သန်စေရန် တီထွင်ခဲ့ကြသည့် ရှေးမြန်မာဘိုးဘွားများ၏ အမြော်အမြင် ကြီးမားသည့် ဓလေ့တစ်ခုဟု ဆိုချင်ပါသည်

@mamamyanmar

Sort:  

It looks like a religious procession. Buddhism?

Dear , welcome my hometown.

Thank you. I wonder the name of your hometown.

စစ်ကိုင်းမြို့အကြောင်းအများကြီးသိရပါတယ် ညီမရေ။ ကြုံရင် လာလည်ဦးမယ်နော်။ ကျွန်တော့်ရဲ့ပိုစ့်ကို ဖတ်ပြီး အကြံညာဏ်တွေပေးခဲ့ပါဦး။ ကျေးဇူးတင်ပါတယ်။

ဟုတ်ကဲ့ရှင့်

ကြည့်ရ မြင်ရ ဖတ်ရတာကြည်ညို
ကြည်နူးမိပါတယ်ဗျာ

နက်ဖန် လာခဲ့လေ မုန့်ဆီကြော် နဲ့ ဇီးဖြူသီးဆားရည်စိမ် ငပိကြော် ကြွေးမယ်

စစ်ကိုင်းဘုရားပွဲစဉ်နဲဆွမ်းတော်ကြီးဝတ်အသင်းဘုရားစဉ်ကိုသိရတဲ့တွက်ကျေးဇူးပါ

ဟုတ်ကဲ့

သာဓုခေါာဆိုပါသည်

လာလည်စေချင်ပါသည်

is that like holy week in your country dear?

Posted using Partiko Android

Tomorrow , buddhist ceremony and illumination ceremony for every years. Welcime my hometown dear fri.

upvotebank ကို ပြန်ဖြုတ်ဖို့အတွက် သူ့ရဲ့ ပိုစ့်တစ်ခုခုမှာ leave ဆိုတဲ့ comment ရေးပြီး ခဏစောင့်ကြည့်ပါ။ ဘယ်လိုလုပ်ရတယ်ဆိုတာကို သူပြောမှာဖြစ်ပါတယယ်။

Congratulations! This post has been upvoted from the communal account, @minnowsupport, by mamamyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

အလျူအတန်းများသောဒေသကိုသွားရောက်လျူချင်ပါသည်

Coin Marketplace

STEEM 0.13
TRX 0.33
JST 0.034
BTC 110163.42
ETH 4272.25
USDT 1.00
SBD 0.83