ဝီရိယမှန်မှန် ဇွဲသန်သန်
မင်္ဂလာပါ ချစ်မိတ်ဆွေအပေါင်းတို့။ အလုပ်တစ်ခုကို ဝီရိယမှန်မှန် ဇွဲသန်သန် လုပ်တဲ့သူတွေဟာ အောင်မြင်ကြတာကို နည်းနည်းပြောချင်ပါတယ်။ ဒီစကားဟာ မဆန်းပေမယ့် သူတို့ရဲ့အကြောင်းလေးတွေဖတ်ရတော့ လေးစားစရာကောင်းတယ်။
ဥပမာ ကမ္ဘာ့အကောင်းဆုံးသမား ရော်နယ်ဒို။ သူဟာ အခုနှစ်မှာ ရီးယဲလိုအသင်းကြီးကနေ ဂျူဗီအသင်းကို ပြောင်းသွားခဲ့တဲ့။ အသက်ကြီးလာလို့ ဈေးရတုန်း ရောင်းလိုက်တယ်ပေါ့။ သူ့ရဲ့တန်ဘိုးဟာ သူမရှိတော့မှ ပိုသိသာလာတယ်။ အခုရီးယဲလ် တပ်ပျက်နေပြီ။ပွဲလာကြည့်တဲ့ ပရိတ်သတ်တွေက တော်တော်လျော့သွားပြီ။ ကမ္ဘာကျော်အသင်းကြီးဟာ ငဒိုတစ်ယောက်မရှိတာနဲ့ အဲဒီလောက်တောင် ဖြစ်ရတယ်လို့။ ပရိတ်သတ်တွေအော်နေကြတယ်၊ ရော်နယ်ဒို ရော်နယ်ဒို တဲ့။ သူဟာ ဂျူဗီမှာ သူ့သမိုင်းကို ဆက်ရေးနေပါတယ်။ အင်္ကျီရောင်းအားတင် သန်း ၆၀ကျော်သွားပြီတဲ့။ သူ့ကြောင့် နိုင်ပွဲတွေဆက်နေတယ်။ ဘောလုံးကစားသမားတစ်ယောက်ဟာ အသင်းပြောင်းရင် ယိုင်သွားတာ၊ခြေမပေါ်တော့တာများတယ်။ အသင်းသစ်နဲ့အံ့ဝင်ခွင်ကြ မဖြစ်ရင် နာမည်ကျသွားတဲ့ ကစားသမားတွေအများကြီးပါ။ ရော်နယ်ဒိုက သူ့ရဲ့တန်ဘိုးကို အလုပ်နဲ့သက်သေပြလျက်ပါ။ သူဟာ ဖာဂူဆန်လက်ထက်မှသည် အခုချိန်ထိ လေးစားစရာ တစ်ချက်က လေ့ကျင့်မှုကို ပြင်းပြင်းထန်ထန် လုပ်လေ့ရှိတယ်။ သူ့ရဲ့နှုန်းကို မပျက်ကွက်လေ့ကျင့်တယ်တဲ့။ တစ်ချို့ဆို နာမည်ကြီးသွားပြီဆို လေ့ကျင့်တာတွေသိပ် မလုပ်ကြတော့ပေမယ့် သူဟာ အခုချိန်ထိ တစ်စိုက်မတ်မတ် လေ့ကျင့်နေပါတယ်။ ဒါဟာ အောင်မြင်ခြင်းရဲ့အကြောင်းတရားဆိုတာ ပြောတာလွယ်ပေမယ့် ထိုစိတ်ရှိဖို့က ထင်သလောက်မလွယ်ဘူး။ မလွယ်လို့ လူတိုင်းမလုပ်နိုင်တာပေါ့။ သူနဲ့တွေ့ဆုံတဲ့နည်းပြတိုင်း ပြောလေ့ရှိတာတော့ သူာလေ့ကျင့်ခန်းဟာ ကြိုးစားတယ်ဆိုတာဘဲ။
နောက်တစ်ယောက် မေဝဲသာ။ အားကစားလောကမှာ အသုံးအဖြုန်းကြီးတဲ့သူလို့ နာမည်ကြီးတဲ့လက်ဝှေ့သမားပေါ့ဗျာ။ ငွေပုံကြီးတွေ၊ရွှေဆွဲကြိုးကြီးတွေနဲ့ ဓာတ်ပုံရိုက်လေ့ရှိတယ်။ သူ့ရဲ့ပုံမှန်လေ့ကျင့်နှုန်းကလည်း လေးစားစရာပါ။ အသုံးအဖြုန်းဘယ်လောက် ကြီးကြီး သူ့ရဲ့လေ့ကျင့်ခန်းကိုတော့ မပျက်လုပ်တယ်တဲ့။ဒိုက်ထိုးတာ တစ်နေ့တစ်ထောင်မပျက်ထိုးတယ်တဲ့။ လုပ်လိုက် မလုပ်လိုက်ဆိုတာ သူ့မှာမရှိဘူး။ ပုံမှန်လုပ်နေနိုင်တာတော့ လေးစားမိပါတယ်။
ကျွန်တော်တို့ proလေး နေ့တိုင်းရေးတင်နိုင်ဘို့ကို မနည်းလုပ်နေရတယ်။ နေ့စဉ်ပုံမှန်လုပ်တယ်ဆိုတာ ပြောတော့တာ လွယ်တာ၊ ရက်ရှည်ကိုလူတိုင်းမလုပ်ဖြစ်ကြဘူး။ ဘယ်အလုပ်မဆို ကြည့် ကြည့်ပါ။ ရက်ရှည်လရှည်နှစ်ရှည်ပုံမှန်လုပ်နေတဲ့သူ ၊လုပ်နိုင်တဲ့သူရှားတယ်။ အဓိက က စိတ်ထက်သန်မှုတွေလျော့ရဲလားလို့ ပျင်းလာကြတာပါ။ လုပ်ရမယ့်အချိန်ရောက်ရင် လုပ်ဖြစ်အောင်လုပ်ပါ။ ရက်ပျက်တာများလာရင် ထိုအလုပ်မလုပ်ဖြစ်ဘို့များလာပါတယ်။ လေ့လာမှုတစ်ခုလည်း ထိုနည်းတူစွာပါဘဲ။ကောင်းတဲ့အလေ့အကျင့်လေးတွေကို မပျက်အောင် အထူးဂရုစိုက်ရမှာပါ။ သန်းကျော်သူဌေးတွေတောင် သူတို့နေ့စဉ်လေ့ကျင့်ခန်းကို လုပ်နေကြတာဘဲ၊ကျွန်တော်တို့လည်း လုပ်သင့်ပါတယ်။ steemitမှာ တစ်နေ့တစ်ပုဒ် မှန်မှန်ရေးတင်နိုင်အောင် လေ့ကျင့်ကြိုးစားပါလို့ အကြံပြုရင်းနိဂုံးချုပ်လိုက်ပါတယ်။
MSC-228
@mahaw
တစ်နေ့ တစ်ပုဒ်တော့လုပ်ပါနဲ့ နှစ်နေ့ တစ်ပုဒ်တော့လုပ်ပါလို့
ပုံမှန်ရေးဖြစ်အောင်ကြိုးစားတာပေါ့ ဦးထွေးရေ။
ဆရာရဲ့ပညာပေးပိုစ်လေးတွေ ကောင်းပါတယ်
အားပေးလျှက်ပါ
Posted using Partiko Android
ကျေးဇူးပါဦးယုရေ။
ဝိရီယထားပြီးပုံမှန်လုပ်တာအကောင်းဆုံးပါ...တစ်ရက်ပျက်ရင်နောက်တစ်ရက်ပေါ့သွားတတ်ပါတယ်...
Posted using Partiko Android
ဟုတ်တယ်ညီမရေ၊ပုံမှန်လေးလုပ်နိုင်အောင်ကြိုးစားရမယ်။
ဝရိယတော့ထားရတယ်ဗျို့ စတီး မစ်က
သွေးမအေးကြေးနော်။
အားရတယ် ကျေနပ်တယ် ☺ တင်တဲ့ပို့စ်တိုင်းကိုသာ 1 ကျော် ဗို့ပေးမယ်လူရှိလို့ကတော့ဗျာ အားတိုင်းထရေး ထတင်နေမယ် ☺
မအားမှာဘဲ စိုးရိမ်နေမိတယ်ဦးစိုးရေ။
post mhan mhan yay naing thu twe yay kya par,hee.
မအားတဲ့သူတွေကိုလည်း ကိုယ်ချင်းစာပါတယ်။
ကြိုးစားပါ fighting
Posted using Partiko Android
ကျေးဇူးပါဦးမင်း။
ဒိုက်ထိုးတာ ကိုယ်က ဆယ်ချက်မရဘဲ တစ်ထောင်အား တွေ့လိုက်ရသောအခါ ။
total ဖြစ်မှာပါ ။ဒိုက်ထိုးတာက ရင်အုပ်လှစေတယ်။
ဝီရိယလည်းပျောက် ဇွဲလည်းမှောက်
Posted using Partiko Android
ဟုတ်တယ်ကိုမဟော်ရေ။ကျွန်တော်တို့လည်း ကြိုးစားရအုံးမှာဗျ။အစ်ကို့ကိုတော့ လေးစားအားကျရပါတယ်ခင်ဗျာ။