တစ်‌ခုခု‌တော့ လက်‌ကိုင်‌ထားပါ

in #myanmar6 years ago

FB_IMG_1524973561560.jpg

မင်္ဂလာပါ ချစ်‌မိတ်‌‌ဆွေ အ‌ပေါင်းတို့။ တည်‌ငြိမ်‌မှု ၊ရင့်‌ကျက်‌မှု၊ ကြံ့ခိုင်‌မှုစသဖြင့်‌ ထိုအရည်‌အချင်း‌တွေရှိ‌သော ပုဂ္ဂိုလ်‌‌တွေကို ‌လေးစားမိတယ်။တစ်‌ခုခုဖြစ်‌ရင်‌ ပျာယာမခတ်‌သလို စိုးရိမ်‌ပူပန်‌မှုလည်း ကင်းကြတယ်‌။ လူ့ဘဝကို ‌လျှောက်‌လှမ်းရတဲ့‌နေရာမှာ စိတ်‌ဓာတ်‌ကြံ့ခိုင်‌ဘို့ လိုအပ်‌လှပါတယ်‌။ အထူးသဖြင့်‌ ဒီလို‌ခေတ်‌ကြီးထဲမှာ‌ပေါ့။ စိန်‌‌ခေါ်မှု‌ပေါင်းများစွာ၊ ပြဿနာ‌ပေါင်းများစွာ၊ စိုးရိမ်‌ဖွယ်‌ရာ‌ပေါင်းများစွာ၊ ခြိမ်း‌ခြောက်‌မှု‌ပေါင်းများစွာ၊ စိတ်‌‌သောကဖြစ်‌စရာ‌ပေါင်းများစွာ စသဖြင့်‌ ကိုယ့်‌စိတ်‌ကိုရိုက်‌ခတ်‌မယ့်‌ အ‌ကြောင်းအရာ‌တွေက ဒုနဲ့‌ဒေးဘဲ။

images (6).jpeg
crd.org.source

လူသား‌တွေဟာ ပူပန်‌မှု ‌ စိတ်‌တိုင်းမကျမှု ၊သောက‌တွေနဲ့ ဘဝ‌တွေကို ဖြတ်‌သန်း‌နေကြရတယ်‌လို့ထင်‌ရ‌လောက်‌‌အောင်‌ လူတိုင်းမှာ ပြဿနာကိုယ်‌စီရှိကြတယ်‌။ ဘဝကို တည်‌တည်‌ငြိမ်‌ငြိမ်‌၊ ‌စိတ်‌ချမ်းသာသာနဲ့ ဖြတ်‌သန်းနိုင်‌ဘို့ အထူးလိုအပ်‌လှပါတယ်‌။ မသိလို့ မ‌ကြောက်‌တာထက်‌ သိပြီးမ‌ကြောက်‌တတ်‌‌အောင်‌ ‌နေထိုင်‌နိုင်‌ဘို့လိုပါတယ်‌။ ‌ကြောက်‌တယ်‌ဆိုတဲ့စကားလုံးကို ခြုံငုံမိ‌အောင်‌‌ရေးသားလိုက်‌တာပါ။ စိတ်‌ကတိက‌အောက်‌ဖြစ်‌စရာများလှတဲ့ လူ့ပတ်‌ဝန်းကျင်‌မှာ စိတ်‌ချမ်းသာစွာ‌နေတတ်‌ဘို့က ‌ကောင်းမွန်‌အားကိုး‌လောက်‌တဲ့ အရာတစ်‌ခုခုကိုလက်‌ကိုင်‌ထားမှ အဆင်‌‌ပြေမယ်‌ထင်‌တယ်‌။ ပုံမှန်‌အတိုင်းသွားလို့က‌တော့ စိတ်‌တိုင်းမကျစရာ‌တွေဘဲတိုးမယ်‌ထင်‌တယ်‌။ကိုယ်‌နှစ်‌သက်‌ရာကို‌ရွေးချယ်‌ပြီး ကိုယ့်‌ရဲ့အ‌ဖော်‌အဖြစ်‌ရှိထားသင့်‌တယ်‌။ ဘာလုပ်‌ပါ ညာလုပ်‌ပါလို့ မ‌ပြောလိုပါဘူး။ ကိုယ့်‌နဲ့သင့်‌‌တော်‌ရာကို မိမိဘာသာ‌ရွေးချယ်‌ပါ။ ဘာစိတ်‌ညစ်‌စရာဖြစ်‌ဖြစ်‌ ထိုအ‌ဖော်‌‌လေးက ‌ဖြေရှင်း‌ပေးနိုင်‌ဘို့ အဓိကပါ။ တည်‌တည်‌ငြိမ်‌ငြိမ်‌ဖြတ်‌သန်းနိုင်‌ဘို့ အားကိုးအားထားရှိစရာတစ်‌ခုခု‌တော့ လိုမယ်‌‌လေ။ ကြုံသလို‌လှော်‌ခတ်‌မယ်‌ဆိုရင်‌‌တော့ လှိုင်းဒဏ်‌ကို အလူးအလှဲ ပိုခံရမယ်‌။

images (7).jpeg
crd.org.source

တစ်‌ခုခုကို လက်‌ကိုင်‌ထားရင်‌ မိမိကိုယ်‌ကို ယုံကြည်‌မှုလည်းတိုး‌စေတယ်‌။ ယုံကြည်‌မှုဆိုတာ ကိုယ့်‌ရဲ့ကိုယ်‌ခံအားပါဘဲ။ အထုအ‌ထောင်းများလှတဲ့ ‌လောကကြီးမှာ ‌လျှောက်‌လှမ်း‌ဘို့ ကိုယ်‌ခံအား ‌ကောင်းဘို့ လိုအပ်‌လှပါတယ်‌။ သူတစ်‌ပါးကို ကူညီနိုင်‌ဘို့ ဖြည့်‌‌တွေး‌ပေးနိုင်‌ဖို့ဆိုတာ ကိုယ့်‌ပါဝါက မြင့်‌‌နေမှ အဆင်‌‌ပြေမှာပါ။ကိုယ့်‌စိတ်‌က ချွတ်‌ခြုံကျ‌နေရင်‌ အကူအညီဘဲ‌တောင်း‌နေရမှာပါ။ကိုယ်‌က ဖြည့်‌‌ပေနိုင်‌မှာမဟုတ်‌ပါဘူး။ကိုယ့်‌ရဲ့စိတ်‌စွမ်းအာ‌တွေ မြင့်‌မား‌နေဖို့ ၊ကိုယ့်‌ရဲ့စိတ်‌ကြံ့ခိုင်‌‌နေဖို့ မိတ်‌‌ဆွေတို့ နှစ်‌သက်‌ရာကို လက်‌ကိုင်‌ထားကျင့်‌‌ဆောင်‌ပါလို့‌ပြောကြားရင်း နိဂုံးချုပ်‌လိုက်‌ပါတယ်‌။

MSC-228
@mahaw

Sort:  

All is well
All is well
All is well
အားလုံးကောင်းသွားမှာပါဗျာ

ဟုတ်‌ကဲ့ပါ ဦး‌ထွေး‌ရေ ၊‌ကျေးဇူးပါဦး။

This post has received a 3.13 % upvote from @boomerang.

ကိုယ်ကတော့ မရင့်ကျက်သေးပါကွယ်😁

ဘဝတူ‌တွေပါ။ ဒါ‌ကြောင့်‌ အားကိုးလို့ရ‌အောင်‌ တစ်‌ခုခုကို လက်‌ကိုင်‌ထားပါလို့ အကြံ‌ပေးလိုက်‌တာ။‌ကျေးဇူးကိုဟိန်း။

သိပ်ကောင်းတဲ့ စာစုလေးပါဘဲ ကိုမဟော်

‌ကျေးဇူးပါ ညီမ။ gathering မှာ‌တော့ ကဗျာကို pro အတွက်‌ ခွင့်‌ ပြုထားတယ်‌။ကြုံတုန်းေ ပြာလိုက်‌တာ။

ခွင့်ပြုထားတယ်ဆိုရင် memberတွေ အားလုံးကို အသိပေးသင့်ပါတယ်

စိတ်ကလေ့ကျင့်ပေးရင် ကြံ့ခိုင်လာတတ်ပါတယ်။ အဓိကတော့ လောကကြီးကဘာမှမဟုတ်ဘူး။ ကောင်းတဲ့လူရောမကောင်းတဲ့လူရော နောက်ဆုံး ပြောက်ကွယ်ပြီးဆုံးသွားကြမှာပါ။ ဘာမှမဟုတ်ပါဘူးဆိုတာ နားလည်နေဖို့ပါပဲ

ဘဝကို စိတ်‌‌အေးချမ်းသာစွာ ဖြတ်‌သန်းနိုင်‌‌စေချင်‌တာပါ။‌ကျေးဇူးပါဦးမင်း။

ကူညီရသောသူ အမြန်ဖြစ်ချင်ပီ😊

ဖြစ်‌ပါ‌စေဗျာ။‌ကျေးဇူးပါညီမ။

ရင့်​ကျက်​ဖို့၊တည်​ငြိမ်​ဖို့ဆိုတာအ​တော်​​လေ့ကျင့်​ရမယ်​...​ကောင်း​သောပိုစ့်​ပါ....

စိတ်‌ကြံ့ခိုင်‌ဘို့ တစ်‌ခုခု‌လေးလုပ်‌‌စေချင်‌လို့ တင်‌ ပြလိုက်‌တာပါ။ တ ဖြည်း ဖြည်း‌လေ့ကျင့်‌ယူရှာပါ။‌ကျေးဇူးပါ ညီမ။

လူ့ဘဝကြီးက ပညာရပ်​တခုခုကိုကိုင်​ထားမှ
ဒီပညာသင်​လိုက်​ ဟိုပညာသင်​လိုက်​ဆို အဆင်​မ​ပြေဘူး
သင်​လိုမကုန်​နိုင်​ဘူး

ဦးယု‌ရေ ကျွန်‌‌တော်‌ဘယ်‌လို ပြန်‌မန့်‌ရမှန်း‌တောင်‌ မသိ‌တော့ဘူး။ ‌ကျေးဇူးပါ ဦးယု။

ယုံကြည်မှု ဆိုတာ လူတွေရဲ့ အိပ်မက်ပါပဲ အိပ်မက်မရှိတော့ရင် ရှင်ရက်နဲ့သေသလိုဖြစ်သွားမှာပေါ့ ကိုင်တော့ ကိုင်ထားတယ် မြဲမြဲကို ဆုပ်ကိုင်ထားတာ Steemit ကိုပါ ☺

ဦးစိုးတို့က အ‌တွေ့အကြုံများ‌တော့ အားကိုးပါတယ်‌။လမ်း ပြ‌ပေးပါဗျာ။

ဘဝမှာကြံ့ခိုင်သူများသာ ဘဝကိုပျော်ရွှင်မှုနဲ့ဖြတ်နိင်ပါလိမ့်မည်

သိပ်‌မှန်‌တဲ့စကားပါ ကို‌အေး‌ရေ။‌ကျေးဇူးပါ‌နော်‌။

Coin Marketplace

STEEM 0.17
TRX 0.14
JST 0.028
BTC 58083.18
ETH 2578.52
USDT 1.00
SBD 2.42