သင်တန်း
မင်္ဂလာပါ ချစ်မိတ်ဆွေအပေါင်းတို့။ ဒီနေ့ အလုပ်မှာ electrical သင်တန်းစတတ်ရတယ်။ အထူးသဖြင့် ကားနဲ့ပက်သက်တဲ့ လျှပ်စစ်အကြောင်း ပေါ့။ စာတွေဖတ်ရတော့မယ်။ ကိုယ်က အမှန်အတိုင်းပြောရရင် electrical တို့electronic တို့ အားနည်းတယ်။ သင်တန်းတက်ရပြီဆိုတော့ အားစိုက်မှရမယ်။ အခြေခံကို ကျောင်းမှာသင်ခဲ့တယ်ဆိုပေမယ့် မေ့တေ့တေ့ ဖြစ်နေပါပြီ။ ဒီနေ့က အခြေခံတင်တာတောင် တော်တော်ပြန်ဖတ်ရမယ်။ နောက်ပိုင်း ကားပြင်တဲ့နေရာမှာ စက်မှုပိုင်းတစ်ခုတည်း မရတော့ဘူး။ OBTတို့ လာပြီဆိုတော့ လျှပ်စစ်က မသိလို့ မကျွမ်းကျင်လို့ မရတော့ဘူး။ ကိုယ့်လိုင်းမဟုတ်ပါဘူးလို့နေရင် ကျန်ခဲ့လိမ့်မယ်။ အခုခေတ်က တစ်လိုင်းတည်းသွားလို့ မရတော့ဘူး။ အခုနောက်ပိုင်းကားတွေက နည်းပညာမြင့်လာပြီ။ စက်မှုပိုင်းက ဖြုတ်လဲရုံဘဲရှိတော့တယ်။ အဓိက က ကွန်ပြူတာနဲ့ချိတ်ဆက်ပြီး အပြစ်ရှာဖွေတတ်ဘို့ ၊sensor တွေ ကောင်းမကောင်း စစ်တတ်ဘို့ ၊ မကောင်းရင် အသစ်လဲတာများပါတယ်။ ပြုပြင်သုံးတဲ့ ခေတ် သိပ်မရှိတော့ဘူး။
သင်တန်းတတ်ရတာ ပျော် စရာတော့ ကောင်းတယ်ဗျ။ စက်ရုံမှာဘဲ ကျွမ်းကျင်တဲ့ဝန်ထမ်းတွေက သင်တန်းဆရာလုပ်တာဆိုတော့ ကိုယ့်သူငယ်ချင်းတွေဘဲပေါ့။ သင်တန်းဆရာမက ကိုယ့်အကြောင်းသိတော့ ကိုမဟော်မကြပ်နဲ့နော်တဲ့။ ကိုယ်ကလည်း လူစုံရင် စချင်နောက်ချင်တာဆိုတော့ မနည်းထိန်းနေရတယ်။ ဒီနေ့သင်တန်းမှာ ဘယ်လောက်ပျော်စရာကောင်းလဲဆိုတော့ သင်တန်းသားတွေထဲက တစ်ယောက်ပြီးတစ်ယောက်ထရှင်းပြနေလို့ သင်တန်းဆရာ ဆရာမတွေ ဘေးထွက်ထိုင်နေရတယ်။ ပျော်စရာကောင်းတယ်ဗျ။
ဒီနေ့က အခြေခံဘဲတင်တော့ postထဲထည့်မရေးတာ။ နောက် ကားနဲ့ကပ်သက်တဲ့လျှပ်စစ်အကြောင်းတွေပါရင် post အဖြစ်တင်ပေးပါမယ်။ sharing သဘောမျိုးပေါ့။ နည်းပညာအကြောင်းရေးရင် ဂရုစိုက်ရလို့ပါ။ သိပ်တော့မစိုးရိမ်ပါဘူး။ ချစ်တယ်လို့ မပြောဘဲ ရင်ခုန်နေတယ်လို့ ပြောမှာပေါ့နော်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့။ Postလည်းတင်ပြီးသားဖြစ် စာလည်းဖတ်ပြီးသားဖြစ်ပေါ့ဗျာ။
ကိုဟိန်းကတော့ ပြောတယ်၊လက်ရှိအလုပ်ကို ပျော်အောင်နေပါတဲ့။ ပျော်တာကတော့ ပြောနေစရာမလိုအောင်ပါဘဲ။ တစ်ခုဘဲစိုးရိမ်တာ ၊အပြင်လောကနဲ့ ယှဉ်ရင် ကျန်ခဲ့မှာဘဲစိုးရိမ်နေတာ။ ပျော်ရွှင်စရာ ဝန်ထမ်းဘဝလေးကို ဖြတ်သန်းရင်း .....နိဂုံးချုပ်လိုက်ပါတယ် မိတ်ဆွေတို့ရေ။
MSC -228
@mahaw
တက်အောင်သင်ပြီး ဝပ်ရှောင့်ထောင်ပြိုက်
Posted using Partiko Android
တစ်ချိန်တော့ ဖြစ်မှာပါ။ကျေးဇူးပါညီမရေ။
အတွေ့အကြုံ ကောင်းလေးတွေကို မျှဝေပေးပေါ့ဗျာ ကျွန်တော်တို့လည်း ဗဟုသုတ ရတာပေါ့ bro 😊
Posted using Partiko Android
ဟုတ်ကဲ့ bro.ကျေးဇူးပါနော်။
အလုပ်မှာပျော်ရွင်နေတာအကောင်းဆုံးပါ...အတွေ့အကြုံဝေမျှပေးရင်ဗဟုသုတရမှာပါ...
Posted using Partiko Android
ကျေးဇူးပါညီမရေ။
Good
Posted using Partiko Android
Thank u for your comment.
Happy job Happy mind..good luck😊
Posted using Partiko Android
I want to work with partiko.How work.
အစ်ကိုမဟော်ရေ ကျွန်တော်က electrical ပါခင်ဗျာ။ကားပိုင်းကတော့ လက်ရှိလုပ်နေတာမဟုတ်ပါ။ဗဟုသတရမှာဆိုတော့ အစ်ကိုရဲ့ သင်တန်းလေးကို စိတ်ဝင်စားလျက်ပါခင်ဗျာ။စောင့်မျှော်အားပေးနေပါ့မယ်။
ကောင်းနိုးရာရာလေးတွေ တင်ပေးပါ့မယ်ကိုသန့် ။ လောလောဆယ်တော့ အခြေခံဘဲ သင်တုန်းမို့ပါ။
ကျွန်တော်တောင် ဒီနေ့ သင်တန်းအကြောင်းရေးမလို့ ပဲ ဒါမယ့် ကို မဟော်ရေးမယ်လို့ တော့
စိတ်ကထင်မိတယ်လေ ရေးလည်း အကြောင်းအရာမတူဘူးဗျ ဟီး မနက်ဖြန်ဆုံကြတာပေါ့အကိုရေ ပျော်ဖို့ ကောင်းပါတယ်ဗျ
ရေးပါညီ။ တစ်ခါတည်း နှစ်လုပ်ပြီးတာပေါ့။
မိုက်တယ်ဗျာ အဲ့ဒီပညာ
Posted using Partiko Android
ဘဘတို့ဆို ပိုအဆင်ေ ပြတာပေါ့။
ကိုမဟော်တို့ကတော့စုံတယ်ဗျာ ပညာတွေ
မဟုတ်ရပါဘူးဗျာ။
ပညာလို အိုသည်မရှိ တဲ့ ကောင်းတယ်ဗျာ
Posted using Partiko Android
ကျေးဇူးပါကိုဟိန်းရေ။