သင်‌ ဘာလုပ်‌‌နေလဲ

in #myanmar6 years ago

ကျွန်‌‌တော်‌တို့သည်‌ အ‌ရေးမကြီး‌သော လုပ်‌ရပ်‌များဖြင့်‌ ဘဝကို ဖြတ်‌သန်း‌နေကြတယ်‌။ ကျွန်‌‌တော်‌တို့လို ဝန်‌ထမ်းဘဝ ‌တွေမှာ ပိုပြီးသိသာမြင်‌သာတယ်‌။ တကယ်‌တမ်း ‌တွေးကြည့်‌ရင်‌ အချိန်‌‌တွေ နှ‌မြောစရာ‌ကောင်းတယ်‌။ တစ်‌‌နေ့တစ်‌‌နေ့ မသိသာ‌ပေမယ့်‌ အလဟဿ ဖြစ်‌သွားတဲ့ အချိန်‌‌တွေဟာ မနည်းဘူး။
FB_IMG_1462586428039.jpg
ကျွန်‌‌တော်‌တစ်‌ခု အံ့သြမိတယ်‌။ လူ‌တွေဟာတစ်‌‌နေ့‌သေရမှာကို သိရဲ့နဲ့ ဘာမှပြင်‌ဆင်‌ခြင်း မရှိတာကိုဘဲ။ ကျွန်‌‌တော်‌အပါအဝင်‌ပါ။ လုံးဝမ‌သေ‌တော့မယ့်‌ပုံစံ ၊ ‌သေခြင်းတရားဟာ ကိုယ်‌နဲ့မဆိုင်‌သလို ဘဝကို ဖြတ်‌သန်း‌နေကြတယ်‌။ ကျွန်‌‌တော်‌တို့ဟာ သိသင့်‌သ‌လောက်‌ သိကြ‌ပေမယ့်‌ ‌ကြောက်‌သင့်‌သ‌လောက်‌ မ‌ကြောက်‌ကြဘူး။ ထို့အတူ လုပ်‌သင့်‌သ‌လောက်‌လည်း မလုပ်‌ကြဘူး။ ဒါဟာ အ‌ကြောင်းတစ်‌ခု‌တော့ ရှိမယ်‌လို့ထင်‌မိတယ်‌။ ဘယ်‌အရာ‌တွေက ကျွန်‌‌တော်‌တို့‌တွေကို တားဆီး‌နေတာလဲ၊ ဖုံးကွယ်‌‌နေတာလဲ ။ စဉ်းစားဖို့‌ကောင်းလှပါတယ်‌။ လွတ်‌‌မြောက်‌မှုဆိုတဲ့‌နေရာရှိမှန်းလည်းသိတယ်‌ ၊ လွတ်‌‌မြောက်‌မှုလမ်းစဉ်‌ကိုလည်း ‌တွေ့ထားတယ်‌ ၊ ယခုလက်‌ရှိလည်းမလွတ်‌‌မြောက်‌ဘဲ ဒုက္ခ ‌သောက‌တွေနဲ့ ကြုံ‌တွေ့‌နေရတယ်‌။ ဒါကို ဘာလို့ ရုန်းမထွက်‌ချင်‌ကြတာပါလိမ့်‌။ ဥပမာ‌ပေးရရင်‌ မီးဝိုင်း‌နေတဲ့ ‌ယောင်္ကျားလို‌ပေါ့။ ‌ပြေးထွက်‌ဖို့ လမ်းလည်းရှိတယ်‌ ၊နည်းလမ်းလည်းသိတယ်‌ ၊ဒါ‌ပေမယ့်‌ ဘာ‌ကြောင့်‌မ‌ပြေးထွက်‌ကြတာပါလိမ့်‌‌နော်‌။ ကံတရားဆိုတာ ဒါ လားဗျာ။ မိတ်‌‌ဆွေတို့ ကြပ်‌ကြပ်‌စဉ်းစားကြည့်‌ပါ။ အချိန်‌ရှိတုန်း အဓိကနဲ့ သာမည ကို ခွဲခြားနိုင်‌ပါ‌စေ။
FB_IMG_1511230106729.jpg
မသိမှု နဲ့ လိုချင်‌တပ်‌မက်‌ခြင်း ။ အဓိက တရားခံက သူတို့နှစ်‌‌ယောက်‌ဘဲ။ ကျွန်‌‌တော်‌တို့ကို ဒုက္ခ‌ပေး‌နေတာ သူတို့ဘဲ။ သံသရာရှည်‌‌စေပြီး ဒုက္ခ ‌သောက ‌တွေ ‌ပေး‌နေတာဒီနှစ်‌‌ယောက်‌။ မသိမှု ဆိုတဲ့ အရာကို အရင်‌ရှင်းကြစို့။ မသိတာ ၊ ဘာကို မသိခြင်းလည်း။ သစ္စာ ၄ ပါးကို မသိတာ။ ရှင်းရှင်း‌ပြောရရင်‌ အမှန်‌တရားကို မသိခြင်း‌ပေါ့။ မသိတာကို သိ‌အောင်‌လုပ်‌ဖို့က ပညာဆိုတဲ့ အသိ‌လေး ရှင်‌သန်‌ဖို့ လိုတယ်‌။ ပညာဆိုတဲ့ အပင်‌‌ပေါက်‌ဖို့ သီလဆိုတဲ့‌မြေ‌ကောင်း‌မြေသန့်‌‌ပေါ်မှာ သမာဓိဆိုတဲ့‌ရေနဲ့ စိုက်‌ပျိုးတတ်‌ဖို့ လိုတယ်‌။ အပင်‌တစ်‌ပင်‌ ပျိုး‌ထောင်‌ခြင်းမှာ မျိုး‌စေ့ဟာ အဓိက ကျပါတယ်‌။ မျိုး‌စေ့မှန်‌ရမယ်‌ ၊ မျိုး‌စေ့‌ကောင်းရမယ်‌။
FB_IMG_1487234011504.jpg
မှန်‌ကန်‌တဲ့ မျိုး‌စေ့ ဖြစ်‌ဖို့ ဒိဌိ နှင့်‌ ဝီစိကိစ္ဆာကို အရင်‌‌လေ့လာသင့်‌တယ်‌။ ဒိဌိဟာ ၆၂ မျိုးရှိ‌ပေမယ့်‌ အဓိက ၃ မျိုးကို သိရင်‌ အကျုံးဝင်‌ပါတယ်‌။
၁။သက္ကာယဒိဌိ- ငါ ၊သူတစ်‌ပါး ၊ ‌ယောင်္ကျား မိ‌န်းမ ဟု ထင်‌မှတ်‌မှား‌သောအယူ
၂။သဿတ ဒိဌိ- ခန္ဓာ ၅ ပါး ကို ခိုင်‌တယ်‌ မြဲတယ်‌လို့ ထင်‌မှတ်‌မှားတဲ့ အယူ
၃။ ဥ‌စ္ဆေဒဒိဌိ- ‌နောင်‌ဘဝမရှိဘူးဟု ထင်‌မှတ်‌မှား‌သောအယူ
မှား‌သောအယူ‌တွေကို အမှန်‌သိဖို့လိုသလို ၊ ကိုယ်‌သိထားတာ‌တွေကို ဝီစိကိစ္ဆာလို့ဆိုတဲ့ သံသယ ကင်းဘို့လည်း လိုပါတယ်‌။အ‌ကြောင်းအရာတစ်‌ခု ၊အဖြစ်‌အပျက်‌တစ်‌ခုကို ‌လေ့လာချင်‌ရင်‌ သူ့ကို‌စောင့်‌ကြည့်‌ခြင်းဟာ အမှန်‌ကန်‌ဆုံးနဲ့ အထိ‌ရောက်‌ဆုံးပါ။ သူ့ရဲ့သ‌ဘောသဘာဝကို သိမှမှန်‌ကန်‌စွာ သုံးသပ်‌နိုင်‌မှာပါ။
FB_IMG_1502424455621.jpg
ဒီ‌နေရာမှာ ၂ ပိုင်း ခွဲပြီး ‌ပြောပါ့မယ်‌။ ကြည့်‌ရှူသူအပိုင်းနဲ့ ကြည့်‌ရှူခံ အပိုင်းဆိုပြီး နှစ်‌ပိုင်းရှိပါမယ်‌။ ကြည့်‌ရှူခံအပိုင်းမှာ သူ့ရဲ့ သဘာဝလက္ခဏာ ကို မြင်‌‌အောင်‌ ကြည့်‌‌ပေးရမယ်‌။ ကိုယ်‌ပိုင်‌ လက္ခဏာ‌ပေါ့။ ဥပမာ ဝင်‌‌လေထွက်‌‌လေ ကို ‌စောင့်‌ကြည့်‌တယ်‌ဆိုရင်‌ ဝင်‌သ‌ဘော ထွက်‌သ‌ဘော ကို‌သေချာမြင်‌‌အောင်‌ကြည့်‌ပါ။စုံ‌ထောက်‌တစ်‌‌ယောက်‌က ‌ထောက်‌လှမ်းသလို သူစိမ်းပြင်‌ပြင်‌ ‌စောင့်‌ကြည့်‌ပါမယ်‌။ ကြည့်‌ပါများရင်‌ မြင်‌လာပါတယ်‌။ သူ့ရဲ့ သဘာဝလက္ခဏာကို ‌စောင့်‌ကြည့်‌တာများလာရင်‌ မတည်‌ငြိမ်‌ပုံ ၊မမြဲပုံ ၊ ‌ပြောင်းလဲ‌နေပုံ ၊ ပျက်‌ဆီး‌နေပုံ ၊သူ့သ‌ဘောသူ ဖြစ်‌‌နေပုံ‌တွေလို့‌ခေါ်တဲ့ အများဆိုင်‌ဖြစ်‌တဲ့ သာမည လက္ခဏာ‌ခေါ် အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ ကို မြင်‌လာမှာ ဖြစ်‌ပါတယ်‌။
ကြည့်‌ရှူသူ အပိုင်းမှာ သဲသဲကွဲကွဲ မြင်‌ဖို့ သမာဓိ အား‌ကောင်းဘို့ လိုပါတယ်‌။ သူ‌ကောင်းရင်‌ ‌ကောင်းသလို ကြည့်‌ရှူခံ ရဲ့ သ‌ဘောသဘာဝကို မြင်‌‌စေပါတယ်‌။ တရားရှာ ကိုယ်‌မှာ‌တွေ့ တဲ့။ သင်‌ ဘယ်‌မှာ ရှာချင်‌သလဲ ၊ဘာကို ‌စောင့်‌ကြည့်‌ချင်‌သလဲ ၊ စိတ်‌လား ရုပ်‌လား။ ကိုယ်‌အာသန်‌ရာကို ‌စောင့်‌ကြည့်‌နိုင်‌ပါတယ်‌။ တစ်‌ခုသိရင်‌ အကုန်‌သိပါတယ်‌။
ဖတ်‌ရတာ နားမဝင်‌‌တောင်‌ အလုပ်‌သင့်‌ဆုံးမို့ မကြာမကြာ ဖတ်‌‌ပေး ပါ။ တရား‌ခွေ‌တွေကို နား‌ထောင်‌‌ပေးပါ။ လူငယ်‌‌တွေ ရိပ်‌သာ‌တွေကို မကြာမကြာ သွား‌ရောက်‌‌လေ့လာ‌ပေးပါ။
အားလုံးကျန်းမာချမ်းသာပါ‌စေ။
photo- facebook
@mahaw
MSC- 228

Sort:  

တစ်နေ့ပီးတစ်နေ့ ကိုယ်ဟာကိုယ် ဘာတွေလုပ်နေမှန်းကို သိဘူးရယ် ဟိဟိ

ကျွန်‌‌တော်‌ တို့က ‌ခေါင်းစဉ်‌ ‌ပျောက်‌ သလို ဖြစ်‌‌နေတယ်‌။

မွန်​မြတ်​ခြင်းပါပဲအကို​ရေကြိုးစားကာလုပ်​ယူကြည့်​ရမှာ​ပေါ့​နော်

အလုပ်‌သင့်‌ဆုံးမို့ မလုပ်‌ချင်‌လည်း လုပ်‌ရမှာဘဲ ညီ‌ရေ။‌ကျေးဇူးပါညီ။

အားလုံးက အမှန်တော့ သေဖို့ ရက်ပိုင်းသာ လိုတော့တာပါ

ကိုယ်‌ အံ့ သြတာ အဲ့ဒါ။ ကို လည်းအတူတူပါဘဲ။သိ‌ပေမယ့်‌ မ‌ကြောက်‌ ကြဘူး။

ကောင်းမွန်​တဲ့post ​​လေးပါဗျာ။

ကြိုးစားပါ့မယ်‌ ညီ။‌ကျေးဇူးပါBRO

ဗဟုသုတရပါတယ်​...

အသိတစ်‌ခုတိုးရင်‌ ဘဲဝမ်းသာပါတယ်‌။လိုအပ်‌လို့ပါ ညီမ။‌ကျေးဇူးပါ။

ဟုတ်​တယ်​သူငယ်​ချင်း အချိန်​​တွေကုန်​တာအရမ်းများ​နေပြီ

ဖုံးပွတ်နေတာကိုး

ကိုယ့်‌အဖြစ်‌ကို ကြည့်‌ပြီး ‌ရေးဖြစ်‌တာပါ။တို့က ဖြုန်းသလို ဖြစ်‌‌နေတယ်‌။

ဟုတ် ကြိုးစာကြည့်ပါမယ်ရှင့်😊

အလုပ်‌သင့်‌ဆုံးမို့ ပါညီမ။

အကျိုးရှိစေသော အရေးအသားလေးတွေပါဗျာ။ ကျွန်တော်တို့ ကျင့်ကြံနေထိုင်နိုင် အောင်ကြိုးစားရပါမယ်

နည်းနည်းခြင်းလုပ်‌ပြီး မှန်‌မှန်‌ လုပ်‌ဖြစ်‌ဖို့ဘဲ လိုတာပါ။ဖတ်‌‌ပေးလို ‌ကျေးဇူးပါ ။

အရမ်းကိုမှန်ပါတယ်
အလုပ်သင့်ဆုံးအလုပ်ပါ

ကျွန်‌‌တော်‌တို့ အချိန်‌ဖြုန်းတာ များ‌နေပြီ။

အချိန်တောင် ဘယ်လိုကုန်လို့ ကုန်မှန်းမသိဘူး

ဂိမ်း‌ဆော့‌နေရလို့လားညီ။ကုသိုလ်‌ ပညာ ဥစ္စာ တစ်‌ခုခု‌တော့ တိုးသင့်‌တယ်‌။

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64768.36
ETH 3436.88
USDT 1.00
SBD 2.51