ထက်‌သန်‌စိတ်‌ကို နိုးထ‌စေ‌သော ‌စေ့‌ဆော်‌ခြင်း

in #myanmar6 years ago

မင်္ဂလာပါ မိတ်‌‌ဆွေတို့။ ဒီတစ်‌ပတ်‌Postကို ထက်‌သန်‌စိတ်‌ကို နိုးကြွ‌စေ‌သော ‌စေ့‌ဆော်‌စိတ်‌ အ‌ကြောင်းတင်‌ပြပါရ‌စေ။ ‌စေ့‌ဆော်‌စိတ်‌ဟာ ‌အောင်‌မြင်‌မှုအတွက်‌ မရှိမဖြစ်‌ လိုအပ်‌‌သော အရာပါ။ အခုတ‌လော steemit အဖွဲ့သား‌တွေ ‌သွေး‌အေး‌နေသလိုဘဲ။ တက်‌ကြွမှု ၊ ထက်‌သန်‌မှု သိပ်‌မ‌တွေ့ရဘူး။ ‌ဈေးကျ လို့ စိတ်‌ပျက်‌ပြီး ‌သွေး‌အေးတာပါဆိုရင်‌ ထိုအဆိုကို ငြင်းပယ်‌ချင်‌ပါတယ်‌။ တကယ်‌တမ်းက အရှိန်‌နည်းသွားတာပါ။
FB_IMG_1462586428039.jpg
စက်‌ဘီးစီးတဲ့ ဥပမာလို‌ပေါ့။ မြန်‌မြန်‌နင်းရင်‌ အရှိန်‌‌ကောင်းပြီး ၊‌ဖြေး‌ဖြေးနင်းတာတို့ မနင်းချင်‌နင်းချင်‌ တို့ ကြ‌တော့ အရှိန်‌‌နှေးတာ‌ပေါ့။ ‌စေ့‌ဆော်‌စိတ်‌ ‌ခြေ‌ထောက်‌နငှ်း ထားမှ ထက်‌သန်‌စိတ်‌ စက်‌ဘီးအရှိန်‌ဟာ မြန်‌လာမှာပါ။ ‌စေ့‌ဆော်‌စိတ်‌ဆိုတာဟာ ‌သွေး‌အေးမှုကို မီးထိုး‌ပေးတာပါ။ လုံ့လ‌လျော့ သွားခြင်းဟာ တွန်းအား‌လျော့သွားလို့ပါ။
‌စေ့‌ဆော်‌စိတ်‌အ‌ကြောင်း‌ပြောရင်‌ ပတ်‌ဝန်းကျင်‌ဆိုတဲ့ စကားလုံးဟာ အဓိကကြပါတယ်‌။ ဘာဆိုင်‌လို့လဲဆိုရင်‌ ကျွန်‌‌တော်‌ ရှင်းပြပါ့မယ်‌။ ပတ်‌ဝန်းကျင်‌ဆိုရင်‌ သက်‌ရှိလူနဲ့ လူ့အဖွဲ့အစည်းဘဲ ‌တွေးမြင်‌ကြတယ်‌။ တကယ်‌တမ်းက ဒီထက်‌မက ကျယ်‌ပြန့်‌ပါတယ်‌။ စာအုပ်‌စာ‌ပေ‌တွေ ၊ သတင်း‌တွေ ၊ ဂီတ အနုပညာ ‌ဖျော်‌ဖြည်‌‌ရေးစသဖြင့်‌ ကိုယ့်‌စိတ်‌ကို ရိုက်‌ခတ်‌တာမှန်‌သမျှ ကိုယ့်‌ပတ်‌ဝန်းကျင်‌ပါ။ တရားစာအုပ်‌ ဖတ်‌‌နေရင်‌ တရားထိုင်‌ချင်‌တယ်‌ ၊‌ဘေားလုံးစာအုပ်‌ ဖတ်‌ဖြစ်‌ရင်‌ ‌ဘောလုံးကန်‌ချင်‌တယ်‌။‌ ‌စေ့‌ဆော်‌မှုဆိုတာ စိတ်‌‌ကို အ‌ကြောင်းအရာ‌တွေနဲ့ ထိ‌တွေ့‌ပေးသလို မ‌မေ့‌အောင်‌ ထက်‌သန်‌‌အောင်‌ အသိ‌ပေး ‌နေ‌သောအရာပါ။
FB_IMG_1522848359014.jpg
ကျွန်‌‌တော့်‌ကိုယ်‌‌တွေ့‌လေး ‌တွေ အနည်းငယ်‌ ‌ပြောပြရ‌စေ။ ကျွန်‌‌တော်‌ဟာ ဘာသာ‌ရေးကို မိဘ‌တွေရဲ့‌ကျေးဇူး‌ကြောင့်‌ ငယ်‌ငယ်‌ကတည်းက ထိ‌တွေ့ခွင့်‌ရခဲ့ပါတယ်‌။ ငယ်‌ငယ်‌ကဆိုရင်‌ ဘိုးဘိုး‌အောင်‌သမိုင်း‌ရေးထားတဲ့ ကာတွန်းစာအုပ်‌‌တွေဖတ်‌ပြီး အရမ်းအားကျတာ။ စာအုပ်‌ဖတ်‌ပြီးစရက်‌ ‌တွေမှာ ပုတီးကို စိပ်‌သလားမ‌မေးနဲ့။ အင်း ရက်‌နည်းနည်းကြာသွားရင်‌ မလုပ်‌ဖြစ်‌‌တော့ဘူး။ အ‌ဖေ့ စာအုပ်‌‌တွေထဲက ဂန္ဗီရစာအုပ်‌‌တွေ ငယ်‌ငယ်‌က လိုက်‌ဖတ်‌ဖြစ်‌တယ်‌။ အထူးသဖြင့်‌မန္တန်‌ပုရပိုက်‌ အ‌ကြောင်း‌တွေ၊ဘယ်‌ပုဂ္ဂိုလ်‌က ဘယ်‌ဂါထာ ၊ဘယ်‌‌လောက်‌ရွတ်‌လို့ ထွက်‌ရပ်‌‌ပေါက်‌ ဖြစ်‌သွားတယ်‌ဆိုရင်‌ မ‌ဟော်‌တို့ လိုက်‌စိပ်‌တာဘဲ။ ငယ်‌ငယ်‌က အဖြစ်‌ကို‌ပြော‌နေတာပါ။ အားကျပြီး လိုက်‌လုပ်‌ချင်‌‌နေတာ။ ‌စာအုပ်‌ဖတ်‌ပြီး‌နောက်‌‌နေ့ ပုတီးစိပ်‌ပြီး ရွတ်‌ပြီးသားဘဲ။ တစ်‌ခါတ‌လေ မန္တန်‌ပုရပိုက်‌ဖတ်‌ပြီး ဘယ်‌ဂါထာကို ရွတ်‌ရမှန်းမသိဘူး။ ဟိုဂါထာက ဘယ်‌လိုစွမ်းတာ ၊ဒီဂါထာ ကဘယ်‌လိုစွမ်းတာ နဲ့နည်း‌တွေကများ‌တော့ ဘာလုပ်‌ရမှန်းမသိဘဲ ‌ရွေးရခက်‌‌နေတယ်‌။ ဟိုဂါထာလည်း ရွတ်‌ချင်‌ ဟိုကျင့်‌စဉ်‌လည်း ကျင့်‌ချင်‌ဖြစ်‌‌နေတာ။ ဒါ‌ပေမယ့်‌ တစ်‌ခါလုပ်‌ရင်‌ တစ်‌လထက်‌ မပိုဘူး။ ဆိုလိုချင်‌တာက စာအုပ်‌ဖတ်‌စ တုန်းက‌‌တော့ ထက်‌သန်‌စိတ်‌‌တွေ ပြင်းပြပြီး ဟိုဟာလုပ်‌ချင်‌ ဒီဟာလုပ်‌ချင်‌ ဖြစ်‌‌နေပြီ စာအုပ်‌လည်းမဖတ်‌ဖြစ်‌‌ရော ‌သွေး‌အေးပြီး ထက်‌သန်‌စိတ်‌မရှိ ၊ ဝီရိယ မရှိဖြစ်‌သွားတယ်‌။ အခု ကြီးလာ‌တော့လည်း ဒီအတိုင်းဘဲ။ ဘာသာ‌ရေးလုပ်‌တဲ့သူငယ်‌ချင်းနဲ့ ‌တွေ့ရင်‌ ထိုရက်‌‌တွေမှာ ဘုရားတရားလုပ်‌ဖြစ်‌တယ်‌။ တရား‌ခွေ‌တွေနား‌ထောင်‌ရင်‌ တရားထိုင်‌ဖြစ်‌တယ်‌။ လုပ်‌ရမယ်‌ဆိုတာသိ‌ပေမယ့်‌ ‌စေ့‌ဆော်‌တာ မရှိရင်‌ ထက်‌သန်‌စိတ်‌‌မဖြစ်‌ဘူး။ ထက်‌သန်‌စိတ်‌မရှိ‌တော့ ပျင်း‌နေတာ‌ပေါ့ဗျာ။ သူငယ်‌ချင်းနဲ့မ‌တွေ့ ၊တရားစာအုပ်‌‌တွေ မဖတ်‌ဖြစ်‌ရင်‌ မလုပ်‌ဖြစ်‌‌တော့ဘူး။ အဲ့ဒီလို ဖြစ်‌ရင်‌ ‌စေ့‌ဆော်‌စိတ်‌ကို ရှာ‌ဖွေရတယ်‌ ‌မွေးမြူရတယ်‌။ ဥပမာ ကျွန်‌‌တော်‌ တရားထိုင်‌သင့်‌မှန်း သိရဲ့နဲ့ မလုပ်‌ချင်‌ဘူးဆိုပါစို့။ ‌ပြောရရင်‌ ပျင်း‌နေတယ်‌‌ပေါ့ဗျာ။ ကျွန်‌‌တော်‌က အာနာပါန အ‌ကြောင်းဆိုရင်‌ အရမ်းစိတ်‌ဝင်‌စားတယ်‌။ အထူးသဖြင့်‌ အာနာပါန အကျိုးတရားကို နား‌ထောင်‌တိုင်း၊ ဖတ်‌ရတိုင်း သ‌ဘောကြတယ်‌။ တရားကို မထိုင်‌ဖြစ်‌တာကြာပြီ ၊ပျင်း‌နေတယ်‌ဆိုရင်‌ ကိုယ်‌နှစ်‌သက်‌တဲ့ အာနာပါနအ‌ကြောင်းပါတဲ့ ‌တရားတစ်‌ပုဒ်‌‌လောက်‌ကို ဖွင့်‌ပြီးနား‌ထောင်‌‌နေလိုက်‌တယ်‌။ မကြာပါဘူး ထက်‌သန်‌စိတ်‌‌တွေ နိုးကြွလာတယ်‌။ အဓိက က ‌စေ့‌ဆော်‌မှု‌ကြောင့်‌ ထက်‌သန်‌စိတ်‌ဖြစ်‌‌ပေါ်တာကို ‌ပြောချင်‌တာပါ။
FB_IMG_1517843107240.jpg
‌စေ့‌ဆော်‌မှုဟာ သက်‌ရှိဖြစ်‌နိုင်‌သလို သက်‌မဲ့လည်း ဖြစ်‌နိုင်‌ပါတယ်‌။ သင်‌‌ရွေးချယ်မှု ၊သင့်‌ရည်‌မှန်းချက်‌နဲ့ပက်‌သက်‌တဲ့ အရာ‌တွေကို သင့်‌ပတ်‌ဝန်းကျင်‌မှာ အမြဲရှိ‌အောင်‌ လုပ်‌ထားပါ။ ကိုယ့်‌ကို အမြဲ‌စေ့‌ဆော်‌နိုင်‌‌အောင်‌ ပြုလုပ်‌ခြင်းပါ။ ဝီရိယမ‌လျော့‌အောင်‌၊ မပျင်း‌အောင်‌ ပြုလုပ်‌ခြင်းသ‌ဘောပါ။ ဆရာလုပ်‌ပြီး ‌ရေးပြခြင်းမဟုတ်‌ပါ။ ကိုယ့်‌ကိုယ်‌ကို ဦးတည်‌ပြီး ‌ရေးခြင်းဖြစ်‌ပါတယ်‌။ ‌ရေတက်‌ငဇင်‌ရိုင်း ဖြစ်‌မှာဆိုးလို့ပါ။ ကျွန်‌‌တော်‌တို့ Steemit ‌ရောင်းရင်း‌တွေလည်း ဝီရိယမှန်‌မှန်‌ ဇွဲသန်‌သန်‌ နဲ့ အတူတူ‌လျှောက်‌လှမ်းကြရ‌အောင်‌ဗျာ။ အရှိန်‌‌လျော့ရင်‌ ‌စေ့‌ဆော်‌‌စေမယ့်‌ အ‌ကြောင်း‌လေး‌တွေ ‌ပြောကြ‌ရေးကြတာ‌ပေါ့။ အထူးသဖြင့်‌ အကျိုးတရား‌လေး‌တွေ ‌ပြော‌ပေးကြပါလို့ ‌တောင်းဆိုပါတယ်‌။ chat group ‌တွေမှာ စကားဝင်‌‌ပြောခြင်းဟာ ‌စေ့‌ဆော်‌စိတ်‌ ၊ထက်‌သန်‌စိတ်‌ကို ဖြစ်‌‌စေပါတယ်‌။ ကျွန်‌‌တော်‌လည်း Chat group ‌တွေမှာ ဝင်‌‌ရောက်‌ စကား‌ပြောပါ‌တော့မယ်‌။ ‌ရောင်းရင်း‌တွေလည်း သူစိမ်းပြင်‌ပြင်‌ မ‌နေကြပါနဲ့‌နော်‌။ အားတဲ့အချိန်‌‌လေး‌ပေါ့။ ဥပမာ ညပိုင်းခဏ‌ပေါ့။ group ကို မလာတဲ့ ‌ရောင်းရင်း‌တွေကို ‌ပြောတာပါ။ ‌တော်‌‌တော်‌များများက လာကြပါတယ်‌။ ယခင်‌က ကျွန်‌‌တော်‌ ဝင်‌မ‌ပြောတာကိုလည်း ‌တောင်းပန်‌ပါတယ်‌။ စာရိုက်‌‌နှေးလို့ ဝင်‌မ‌ပြောဖြစ်‌တာပါ။
FB_IMG_1518615158160.jpg
နိဂုံးချုပ်‌‌ပြောရရင်‌ မိတ်‌‌ဆွေတို့ ရည်‌မှန်းချက်‌ ၊ဝါသနာ‌တွေကို ပန်းတိုင်‌ထိ‌ရောက်‌‌အောင်‌ သူနဲ့ပက်‌သက်‌တဲ့‌စေ့‌ဆော်‌‌သောအရာများ ကို များများဖန်‌တီးထား‌စေချင်‌ပါတယ်‌။အားလုံးကို ‌ကျေးဇူးတင်‌ပါတယ်‌။ ကျန်းမာ ချမ်းသာကြပါ‌စေ။

photo -Facebook
MSC-228
@mahaw

Sort:  

ဟိ😁 အမှန်တိုင်း ပြောရမယ်ဆိုရင် ကိုးနဝင်း ခနခန ပုတီးစိတ်တယ် ခရီးသွားလို့ ဖြစ်ဖြစ် တခြား ကိစကြာင့် ဖြစ် ဖြစ် ခနခန ပြတ်တယ်😊

ဖြစ်‌တက်‌ပါတယ်‌ညီမ။

ကျွန်တော့်အတွက်အသိတစ်ခုတိုးသွာုပါတယ်ခင်ဗျကျေးဇူးပါအာုပေးနေပါတယ်

‌ကျေးဇူးပါ ကိုသာ‌အေး။ကြိုးစားပါမယ်‌အစ်‌ကို‌ရေ။

မည်သည့်သည့်ပညာရပ်ကိုပဲလေ့လာပါစေ၊ တစ်ခုခုကို အရင်ပေါက်မြောက်အောင်မြင်စွာလုပ်ပြီးမှ နောက်တစ်ဆင့်တက်မှ အဆင်ပြေတာပါဗျာ။ ဝိဇ္ဖာလမ်းစဉ်(၄)ရပ်ရှိပါတယ်၊ ကရဏိရအောက် ဝလုံးရောက်၊ ထောင့်လေးထောင့်မှာတွေ့အောင်ရှာ၊ ဂဏန်း(၉)လုံးမှာ၊ အင်းလဲသည်မှာ၊ ဆေးလည်းသည်မှာ၊ ခေမာအမတ၊ နိဗ္ဗာန်သို့ ရနိုင် သည်သာတဲ့။ေဲပာရင်ရင်ရှည်ပါတယ်၊ အကောင်းဆုံး လမ်းစဉ်က အရိယာဝိဇ္ဖာ လမ်းစဉ်ပါပဲ၊ အဲဒီလမ်းစဉ်ကိုသွားဖို့ နည်းလမ်းကတော့ အာယတန(၆)ပါးမှာ တစ်ပေါက်ချန်ပြီး သစ္စာ(၄)ပါးဆိုဒ်အောင်သွားတဲ့လမ်းပါပဲဗျာ။

အရမ်းကောင်းတဲ့ပို့စ်လေးပါဗျာ လူတစ်ယောက်ရဲ့စိတ်နိုးကြားထက်သန်ဖို့ စေ့ဆော်မှုက အရမ်းအရေးပါပါတယ်

အောင်မြင်မှု အတွက် .. စေ့ဆော်မှု
စိတ်အားထက်သန်မှု က.. အရေးကြီးပါတယ် ..

မှန်‌ပါတယ်‌ အန်‌တီ။ ‌ကျေးဇူးပါ။

ဟုတ် အကိုရေ
ညီတို့ လည်း ကိုယ်ဝါသနာပါရာပန်းတိုင်ကြိုးစားရှာဖွေပါ့မယ်

‌လေး ဖြူ သီချင်းလို‌ပေါ့ ၊ခရီးဆုံးထိ ‌လျှောက်‌

တစ်​ခါတစ်​​လေကျရင်​ စိတ်​သွားတိုင်းကိုယ်​မပါနိုင်
သလိုမျိုးကြီး

ကောင်းပါတယ်​ဗျာ ဘာသာ​ရေးက​တော့လိုက်​စားနိုင်​ရင်​အ​ကောင်းဆုံးပါ

‌ကျေးဇူးပါအစ်‌ကို။

ဗဟုသုတရပါတယ်​...​ကောင်း​သောပို့စ်​ပါ...

‌ကျေးဇူးပါညီမ။

အစ်ကိုရယ် စေ့ဆော်ခြင်းအကြောင်းဖတ်ရတာ အရမ်းတန်ဖိုးရှိပါတယ်ဗျာ ကျွန်တော်တို့က ကောက်ရိုးမီးလို လူတွေဆိုတာကို မီးမောင်းထိုးလိုက်တော့ ပြန်လည်ပြင်ဆင်ဖို့အတွက် အလင်းရသွားတာပေါ့ဗျာ ကျေးဇူးပါ ကိုမဟော်

ညီရဲ့ Comment ‌တွေ ဖတ်‌ရတာ စာ‌ရေး ခြင်းကို ‌စေ့‌ဆော်‌စိတ်‌ ဖြစ်‌‌စေတယ်‌။တစ်‌ဘက်‌လူ ဝမ်းသာ‌အောင်‌ ‌ပြောတက်‌ပါ့ညီ။‌ကျေးဇူးပါညီ‌ရေ။

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.030
BTC 57951.98
ETH 3051.79
USDT 1.00
SBD 2.26