Steemit မှာလူကြီးဖြစ်ဖို့  အရေးကြီးတယ်။

in #myanmar6 years ago

FB_IMG_1524973561560.jpg

မင်္ဂလာပါ မိတ်ဆွေအပေါင်းတို့ ။
ကျွန်တော်လည်း အခုတစ်လော ဘာသာရေးpost ရေးတာစိပ်နေတယ်။ မကြိုက်ရင်လည်း နည်းနည်းသည်းခံပေးပါနော်။ အရှိန်ကောင်းတုန်းလေး လိမ့်လိုက်ဦးမယ်။ steem ဈေးကျမှဘဲ ရေးကောင်းနေတယ်။ ဖတ်မယ့်သူလည်း မရှိသလောက်ပါဘဲ။ မိမိကိုယ်ကို အားပေးရင်း ရေးချင်တာရေးချနေတယ်ဗျို့ ။ ကျွန်တော်တို့ စာရေးတာ လေ့ကျင့်တယ်လို့ ဘဲသဘောထားကြတာပေါ့ဗျာ။ ကိုယ်ရေးထားတာ သဘောကျရင် fbမှာ sharing လုပ်လိုက်ပေါ့။ steemit သည် ကျွန်တော်တို့ ကလောင်သွေးရာနယ်မြေဆို မမှားပါဘူး။ ဘာစိတ်ဓါတ်ကျစရာရှိလည်းဗျာ။ ကိုယ့်အရေးအသားကောင်းချင်ရင်တော့ ကိုယ်ကြိုးစားဖို့ လိုတာပေါ့နော်။ vote ရတယ်ဆိုတာ အပိုဆုရတယ်လို့ ဘဲသဘောထားပါ။ တစ်ခုတော့ သတိထားမိတယ်။

images (15).jpeg
crd.org.source

fb နဲ့ steemit ကွာခြားချက်ကို သတိထားမိတာပါ။ fbမှာက ပထမဦးစွာ စာအရေးအသား ကောင်း မကောင်း တင်ပြပုံစိတ်ဝင်စားမှုရှိ မရှိ ပိုအာရုံစိုက်ကြတယ်။ ပြီးမှ like လုပ်တာ။ steemit မှာက စာ အရေးအသားပိုင်းကို သိပ်ဂရုမစိုက်ကြဘူး။ ခင်မင်မှုနဲ့  vote တန်းပေးလိုက်ကြတယ်။ စာအရေးအသား ကောင်းခြင်း မကောင်းခြင်းဟာ vote န့ဲမပက်သက်ဘူးဖြစ်နေတယ်။ ငါ့ဆီလာရင် သူ့ ဆီသွားမယ်ပုံစံမျိုးဖြစ်တယ်။ steemit တစ်ခုလုံး ဖြစ်နေတာပါ။ အခုဆို post ကို နေ့ စဉ်တင်သူဦးရေ ဟာ တစ်နိုင်ငံလုံးအင်အားနဲ့တွက်ရင် MSC တစ်ဖွဲ့ လုံးန့ဲတွက်ရင် မပြောပလောက်တဲ့ ပမာဏပါ။ proရှိလို့ သာ cm တွေ တွေ့ ရတာပါ။ Pro မတင်တဲ့တစ်ခြားpost တွေ သတိထားမိရင် သိနိုင်ပါတယ်။ အထူးသဖြင်း ကျွန်တော်တို့  မြန်မာpostတွေ ပြောတာပါ။ တစ်ချို့ လေးစားဖို့ ကောင်းတယ်။ ဘယ်သူမှမန့် မယ့်သူမရှိ ဖတ်မယ့်သူမရှိတာတောင် နေ့ စဉ်တင်နေတာတွေ တွေ့ ရပါတယ်။ ကျွန်တော်တို့  MSC က တော်ပါသေးတယ်။ pro တင်ရင် မကောင်းတတ် ကောင်းတတ် မန့် လေးတွေ လာပါသေးတယ်။ ကျွန်တော်ပြောနေတာ ဟာ အပြစ်တင်နေတာမဟုတ်ပါဘူး။ steemit ပုံစံဟာ ဒီအတိုင်းပါဘဲ။ ဒါကြောင့်ကျွန်တော်ပြောတာပေါ့။ လေ့ကျင့်ရာ နယ်မြေလို့ ဘဲ သဘောထားပါ။ သူတစ်ပါးလာခြင်း မလာခြင်းကို အာရုံသိပ်မစိုက်သင့်ပါဘူး။ လာရင်လည်း အပိုဆုရတယ်လို့ ဘဲ သဘောထားပါ။

Get yourself some STEEM POWER.png

crd.org.source

steemit မှာ နောက်တစ်ခုထူးခြားတာရှိသေးတယ်။ ကိုယ်ရောက်နေတဲ့အဆင့်အတန်းဘဲ။ ကိုယ့်ရဲ့ပါဝါကြီးဘို့ လိုအပ်တယ်။ ခလေးအဆင့်ဆိုရင် သိပ်အဖက်မလုပ်ချင်ကြဘူး။ sp မြင့်နေမှ rp မြင့်နေမှ စကားလက်ခံပြောချင်ကြတယ်။ နိုင်ငံခြားသားတွေဆို ပိုတောင်ဆိုးသေး။ အမြဲ vote ပေး cmပေးတာတောင် reply မလာကြဘူး။ ဒါကြောင့် steemit မှာ ရေရှည်လုပ်မယ်ဆို sp rp မြင့်မားဖို့ လိုပါတယ်။ မဟုတ်ရင် တန်ဘိုးမထားချင်ကြဘူး။ ဒါကြောင့် ကြိုးစားရေးနေတာပါ။ sp rp မြင့်မားတဲ့သူဟာ steemitမှာ လူကြီးဖြစ်ပါပြီ။ ကျွန်တော်တို့ က ကလေး အဆင့်ဘဲ ရှိပါသေးတယ်။ Steemit မှာ လူရာဝင်ဘို့  ကြိုးစားရဦးမယ်။ နေ့ စဉ်ရေးသားခြင်းဖြင့် တည်ဆောက်နေပါတယ်။ ကိုယ်လုပ်မှဘဲ sp 500 လောက်ကို အချိန်တစ်နှစ်ကျော်ပေးနေရတယ်။ ဝယ်တော့ မထည့်ချင်သေးဘူးဗျာ။ ကိုယ့်လုံ့ လအား ဘယ်လောက်ရှိလည်းဆိုတာ သိချင်သေးတယ်။တစ်နှစ်သက်တမ်းပြည့်ရင်တော့ ဝယ်ထည့်ဖို့ စိတ်ကူးရှိပါတယ်။ ရောမရောက်ရင် ရောမလို ကျင့်ရမှာပေါ့ဗျာ။ အရေးအသားတစ်ခုတည်းနဲ့ sp rp တိုးဖို့ ဆိုတာ ပါးပါးလေးဘဲရမယ်။ ယခုအချိန် ကျွန်တော်တို့ ခုလိုရေးအားနဲ့  ဝယ်ထည့်ပြီး boot ရင် sp 1000 ကျော်ဟာ ခဏလေးပါ။ တစ်နှစ်ပြည့်ရင် အခြေအနေကြည့်ပြီးလုပ်မယ်လို့ တော့စိတ်ကူးထားတယ်။ steemit မှာ ခလေးလိုတော့ မနေချင်ဘူးဗျာ။ အခုတော့ အူဝဲလေးပါဘဲ။ လူကြီးဖြစ်ဖို့ ကြိုးစားနေပါတယ်လို့  ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

MSC -228
@mahaw

Sort:  

ကလေး လေးပါပဲ ကလေး လေးပါပဲ ကလေးလေးမို့ရေးနေချင်သေးတယ်ပေါ့ဗျာ 😁

ရေးကောင်းတုန်း ရေးကြမယ်ဦးထွေးရေ။ကျေးဇူးပါနော်။

Boot တာကလည်း သိပ်မကျွမ်းတော့ ရှိတဲ့ steem မပါအောင်
ထိန်းသိမ်းနေရတယ်အကိုရေ

မရှုံးပါဘူး။ sp တိုးစေပါတယ်ညီ။

ဟုတ် အကို အခုထိတော့ ဘုဖူးဘူး

This post has received a 6.62 % upvote from @boomerang.

စာရေးကောင်းလို့ မန့်ပေမယ့် reply မပြန်တော့ ဆက်မမန့်ဘဲ ဖတ်ရုံသာ ဖတ်ဖြစ်တာ ရှိတယ်ဗျာ

Posted using Partiko Android

ကျွန်တော် reply မပြန်ဖြစ်ရင် တောင်းပန်ပါတယ်။ နောက် ဂရုစိုက်ပါ့မယ်။ တစ်ခါတလေကျ postဟောင်းကို မကြည့်ဖြစ်လို့ ။ မန့် လာရင် လူတိုင်းပျော်ပါတယ်ဗျာ။

ကိုမဟော်မဟုတ်ဘူးဗျ အပြင်လူပါ

Posted using Partiko Android

တော်ပါသေးရဲ့။လိုအပ်တာရှိရင် ညီအစ်ကိုလို ရင်းရင်းနှီးနှီး ပြောပါနော်။

ကျုပ်​က​တော့ Reply ပြန်​ချင်​ပြန်​ မပြန်​ချင်​​နေ မန့်​လိုက်​တာဘဲ
မန်​ပြီးရင်​လည်း သူ့ reply ပြန်​လားမပြန်​လားကို ပြန်မ​ကြည့်​ဖြစ်ေ​တာ့တာ ​အေး​ရော့

အတတ်နိုင်းဆုံးပြန်ပါတယ်။ အရမ်းမအားမှ မကြည့်ဖြစ်တာပါ။ကျေးဇူးပါဦးယု။

လူအကြီးကြီးဖြစ်အောင် ကြိုးစားမယ်
ကိုမဟော်

ယုံကြည်ပါတယ်ညီ။ တို့ ညီအစ်ကိုတွေ ဒီတစ်ခါတွေ့ ရင် ပိုပျော်စရာ ကောင်းမှာပါ။ မနှစ်က သိပ်မသိတော့ ခပ်စိမ်းစိမ်းဖြစ်နေကြတာ။ လာမယ့်နှစ်တော့ ကဲပြီဗျာ။

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 54523.93
ETH 2291.82
USDT 1.00
SBD 2.35