စကားဝိုင်း

in #myanmar6 years ago

ကိုင်း စာ‌ရေးမယ်‌ဆိုမှ ဘာ‌ရေးရမလဲ လို့ စဉ်းစားတုန်း။ ‌လော‌လောဆယ်‌ ‌ပြောချင်‌တာ တစ်‌ခု‌တော့ရှိတယ်‌ဗျ။ ကျွန်‌‌တော်‌က စာ‌ပေစကားဝိုင်းသ‌ဘောမျိုး စကား‌ပြောရတာ နှစ်‌သက်‌တယ်‌။ ဥပမာ ‌တော‌တွေမှာ လူကြီး‌တွေ ‌ရေ‌နွေးချမ်းနဲ့ ဝိုင်းဖွဲ့စကား‌ပြောကြတဲ့ ပုံစံမျိုး‌ပေါ့။ စကား‌ပြောရင်‌ မျက်‌နှာကြည့်‌ပြီး‌ပြောရမှအားရတာ။
FB_IMG_1462586428039.jpg

Steemit မှာခင်‌တဲ့သူ‌တွေက မမြင်‌ဘူး‌တော့ ကိုယ်‌ဘာသာ ပုံ‌ဖော်‌ပြီး ‌ပြော‌နေ ‌ရေး‌နေရတာ။ အစ်‌ကိုတို့ရဲ့စာ က အစ်‌ကိုတို့မျက်‌နှာ‌ပေါ့ဗျာ။မ‌နေ့ကဆို ဆရာတင်‌ရယ်‌၊ ကို‌ထွေးရယ်‌၊ကိုဒိုမီရယ်‌ ၊ ကိုမြင့်‌လွင်‌စိုးတို့ ကိုပြုံးတို့နဲ့ တရားအ‌ကြောင်း‌ခေါင်းစဉ်‌တပ်‌ပြီး ‌ဆွေး‌နွေးတဲ့သ‌ဘောမျိုး စကား‌ပြောရတာ အရမ်းနှစ်‌ခြိုက်‌မိတယ်‌။ ဗဟုသုတလည်း ရတယ်‌၊အသိ‌တွေလည်း ဖလှယ်‌ဖြစ်‌တာ‌ပေါ့။ လက္ဘ‌က်‌‌လေးစား ‌ရေ‌နွေးချမ်း‌လေး‌သောက်‌ပြီး စကား‌လေး‌ပြောရရင်‌ ဘယ်‌‌လောက်‌‌ကောင်းမလဲဗျာ။
FB_IMG_1524124487885.jpg

အခုကျွန်‌‌တော်‌ စကားနည်းနည်း‌ပြောမယ်‌ အစ်‌ကိုတို့ အစ်‌မတို့က ‌အခါးရည်‌‌သောက်‌ပြီး နား‌ထောင်‌‌ပေါ့ဗျာ။
‌ပြောချင်‌တာက လူ‌တွေ‌တော်‌‌တော်‌များများ ဟာ စိတ်‌ကို မထိန်းသိမ်းတတ်‌ကြတာကို ‌ပြောချင်‌တာပါ။ဥပမာဗျာ စိတ်‌တိုလွယ်‌တာ၊ စိတ်‌ဆိုးလွယ်‌တာ ၊ စိတ်‌လှုပ်‌ရှားလွယ်‌တာကို ‌ပြောချင်‌တာ။ တစ်‌ချို့လူကြီး‌တွေ အိမ်‌ကို သူစိမ်းတစ်‌‌ယောက်‌လာရင်‌ သူ့မှာ ‌နေစရာမရှိဘူး ၊ထမင်းမစားတက်‌ကြ‌တော့ဘူး။ ပုံမှန်‌ဖြစ်‌စဉ်‌ကနည်းနည်း‌လေးလွဲရင်‌ ‌နေရထိုင်‌ရတာ သူ့အတွက်‌အဆင်‌မ‌ပြေ‌တော့ဘူး။များ‌သောအားဖြင့်‌ အသက်‌ကြီးသူ‌တွေ အဖြစ်‌များတယ်‌။ တစ်‌ချို့လူငယ်‌‌တွေလည်း ဖြစ်‌တက်‌ပါတယ်‌။ ‌နောက်‌ပြီး အများနဲ့ ခရီးသွားရင်‌ သူတို့အတွက်‌အဆင်‌မ‌ပြေကြတာ များတယ်‌။ သူတို့ကြည့်‌ရတာ သက်‌‌တောင့်‌သက်‌သာ ‌ပေါ့‌ပေါ့ပါးပါးမရှိဘဲ စိတ်‌အလိုမကျတာ များ‌နေတက်‌တယ်‌။ ‌နောက်‌ပြီး သူတို့အကျင့်က ဇာချဲ့တက်‌ကြတယ်‌။ ဘာမဟုတ်‌တာ‌လေးကို ပုံကြီးချဲ့ပြီး ပြဿနာ မဟုတ်‌ ပြဿနာရှာကြတယ်‌။ အပျိုကြီး‌တွေ ပုံစံမျိုး‌ပေါ့ဗျာ။ စိတ်‌အလိုမကျတဲ့ ‌ရောဂါမျိုး‌ပေါ့။ ‌နောက်‌တစ်‌ခုက ‌ဒေါသ ကို အလွယ်‌တကူ ထွက်‌တက်‌တဲ့ သူ‌တွေ။ ထစ်‌ခနဲဆို ‌ဒေါသထွက်‌ကြပြီ။ ကိုယ့်‌ဝန်‌ထမ်း‌တွေ၊ကိုယ့်‌မိသားစု‌တွေဆိုရင်‌ ဘာမဟုတ်‌တာ‌လေးနဲ့ ‌ဒေါသကြီးပြီး ဆူရယ်‌‌ငေါက်‌ရယ်‌နဲ့ အပြင်‌လူတို့ ဘာတို့ဆိုရင်‌ ချက်‌ချင်းပြုံးတက်‌ကြတယ်‌ဗျ။ တကယ်‌‌ဒေါသကြီးရင်‌ ဘယ်‌သူလာလာ ဆက်‌ကြီး‌ပေါ့‌နော်‌။အခု‌တော့ သူမဟုတ်‌သလိုဘဲ။ ဆိုလိုချင်‌တာက ‌ပြောလို့ရရင်‌‌ပြောချင်‌တယ်‌၊ ‌ငေါက်‌လို့ရရင်‌ ‌ဘာမဟုတ်‌တာ‌လေးကို အပြစ်‌ရှာပြီး ‌ဆူချင်‌ကြတယ်‌။ လူကြီး‌တွေ ၊ အိမ်‌‌ထောင်‌ဦးစီး‌တွေ အဖြစ်‌များကြပါတယ်‌။ ‌
‌နောက်‌တစ်‌ခုက သံသယနဲ့ ဆက်‌ဆံတက်‌ကြတယ်‌။ ‌ပေါင်းသင်းဆက်‌ဆံ‌ရေး အားနည်းတာ‌ပေါ့။ လူတစ်‌‌ယောက်‌ကို သူသတ်‌‌မှတ်‌‌ချင်‌သလို သတ်‌မှတ်‌ပြီး ဆက်‌ဆံတက်‌ကြတယ်‌။ သူထင်‌ချင်‌သလို ထင်‌ပြီး တစ်‌ဖက်‌သတ်‌အ‌တွေးနဲ့ စိတ်‌ဆင်းရဲ‌နေကြတယ်‌။ ကိုယ့်‌ဒုက္ခ ကိုယ်‌ရှာကြတဲ့ လူမျိုး‌တွေ‌ပေါ့ဗျာ။
ဒါ‌တွေဟာ ဘာ‌ကြောင့်‌ထင်‌သလဲ မိတ်‌‌ဆွေတို့။ အ‌ကြောင်းရင်းရှိပါတယ်‌။ အဖြစ်‌များတာနဲ့ နည်းတာဘဲ ကွာကြတာပါ။ လူ‌တွေြ7yစ်‌‌လေ့ဖြစ်‌ထရှိကြပါတယ်‌။လူတစ်‌‌ယောက်‌ ‌ဒေါသကြီးတယ်‌ ၊ ‌သောကဖြစ်‌တယ်‌ ၊ စိုးရိမ်‌ပူပန်‌တယ်‌ ဆိုတာ သူ့ရဲ့ခံနိုင်‌ရည်‌ limit ‌ကျော်‌သွားလို့ပါ။ လူတစ်‌‌ယောက်‌ နှင့်‌တစ်‌‌ယောက်‌ စိတ်‌ခံနိုင်‌ရည်‌ပမာဏ မတူ‌ပေမယ့်‌ စံ‌တော့ ရှိတာ‌ပေါ့။ လူတစ်‌‌ယောက်‌တည်းမှာကိုဘဲ စံ ပမာဏကို ‌ကျော်‌လွန်‌တာ ရှိသလို ‌လျော့နည်းတဲ့ အချိန်‌လည်းရှိပါတယ်‌။ ဆိုလိုချင်‌တာက ခံနိုင်‌ရည်‌အားမြင့်‌မား‌နေရင်‌ စိတ်‌‌အေးချမ်း‌နေပြီး ၊ခံနိုင်‌ရည်‌အားနည်းပါး‌နေရင်‌ စိတ်‌နဲ့ပက်‌သက်‌တဲ့ ‌နှောက်‌ယှက်‌မှုမျိုး ခံစားရမှာပါ။ စိတ်‌ရဲ့ ခံနိုင်‌ရည်‌အား ‌ခေါ်စိတ်‌ကြံ့ခိုင်‌မှုဟာ သင့်‌ လက်‌ထဲမှာ ရှိတယ်‌ဆိုတာ ‌ပြောချင်‌ပါတယ်‌။ မိတ်‌‌ဆွေတို့ အမြဲ‌ပြော‌နေတဲ့ သိပ္ပံနည်းကျဘဲ ရှင်းပြပါမယ်‌။
FB_IMG_1495850633634.jpg

သု‌တေသန စစ်‌တမ်း‌တွေအရ လူတိုင်းမှာ အ‌ရောင်‌အလင်းရှိပါတယ်‌။ စိတ်‌စွမ်းအားများရင်‌ ပိုလင်းပြီး ၊ နည်းရင်‌ အ‌ရောင်‌မှိန်‌ပါတယ်‌။သူတို့ထင်‌တာက စိတ်‌ကအ‌ရောင်‌ထွက်‌တယ်‌‌ပေါ့ဗျာ။ ဒါကို ကျွန်‌‌တော်‌ မငြင်းချင်‌ပါဘူး။ ကျွန်‌‌တော့်‌အမြင်‌‌လေး‌တော့ ‌ပြောပါရ‌စေ။ စိတ်‌ဆိုတဲ့အရာ‌လေးဟာ နှလုံးအိမ်‌လို့‌ခေါ်တဲ့ ဟဒယ ချိုင့်‌‌လေးထဲမှာ ကိန်းဝပ်‌တည်‌တာပါ။ လက်‌တစ်‌ဆုပ်‌စာ ‌သွေးကြည်‌‌လေး‌ပေါ်မှာ တည်‌တာပါ။ ပြီးမှ အဆို့ရှင်‌က ‌နေ ‌သွေးလွှတ်‌‌ကြောတို့ ‌သွေးပြန်‌‌ကြောတို့က‌နေပြီး လူကို လှည့်‌ပတ်‌စီးဆင်းတာပါ။ ဟဒယ‌နေရာ‌လေးကို ဘဝင်‌လို့လည်း‌ခေါ်ပါတယ်‌။ စိတ်‌ကြည်‌ရင်‌ မ‌နောကြည်‌ပါတယ်‌ ၊မ‌နောကြည်‌ရင်‌ ဘဝ‌လေ ကြည်‌ပါတယ်‌ ၊ဘဝင်‌‌လေကြည်‌ရင်‌ ‌သွေးကြည်‌ပါတယ်‌။ ‌သွေးကြည်‌ရင်‌ အ‌ရောင်‌ထွက်‌ပါတယ်‌။ သမာဓိရတယ်‌ ၊နိမိတ်‌ရတယ်‌ဆိုတာ ‌သွေးကြည်‌လို့ပါ။မိတ်‌‌ဆွေတို့ ဖတ်‌ဖူးမှာပါ၊ ‌ဒေါသကြီးသူ‌တွေရဲ့‌သွေးဟာ မည်းတာ ၊ရာဂကြီးတဲ့သူ‌တွေရဲ့‌သွေး ဟာ ဘာအ‌ရောင်‌ဆိုပြီး ကြားဖူးကြမှာပါ။အဓိက က စိတ်‌‌ကြောင့်‌ ဟဒယမှာရှိတဲ့‌သွေးအ‌ရောင်‌က ‌ပြောင်းတာ။စိတ်‌တည်‌ငြိမ်‌ရင်‌ နှလုံးအိမ်‌မှာရှိတဲ့ ‌သွေးကကြည်‌တယ်‌။ ‌ စိတ်‌‌ပျော်‌ရွှင်‌တဲ့ ‌ဟော်‌မုန်း ၊စိုးရိမ်‌ပူပန်‌မှု‌လျော့‌စေတဲ့ ‌ဟော်‌မုန်း ၊စိတ်‌‌ကြောင့်‌ ဖြစ်‌တဲ့ ‌ဟော်‌မုန်း‌တွေ ‌ဆေးပညာမှာ ရှိပါတယ်‌။ဒါ‌တွေကို စိတ်‌တည်‌ငြိမ်‌‌အောင်‌ပြုလုပ်‌ခြင်းဖြင့်‌ ကိုယ်‌တိုင်‌ထုတ်‌လို့ရပါတယ်‌။တရားထိုင်‌လို့ ကျန်းမာ‌ရေး‌ကောင်းသွားတာဆိုတာ ထိုအချက်‌‌တွေ‌ကြောင့်‌ပါ။ စိတ်‌နှလုံး‌အေးချမ်း‌စေတဲ့ အင်‌‌ဒေါ်ဖင်‌ ဟာလည်း စိတ်‌တည်‌ငြိမ်‌မှု‌ကြောင့်‌ရတဲ့အကျိုးရလာဒ်‌ပါ။
နိဂုံးချုပ်‌အ‌နေနဲ့‌ပြောရရင်‌ သင့်‌စိတ်‌ခံနိုင်‌ရည်‌အား မြင့်‌မား‌နေဖို့ လိုပါတယ်‌။ စိတ်‌ ခံနိုင်‌ရည်‌အား မြင့်‌မားဖို့ စိတ်‌ တည်‌ငြိမ်‌ရပါမယ်‌။ ‌နောက်‌တစ်‌ခုက သင်‌ ဘာပဲဖြစ်‌ဖြစ်‌ သင့်‌မှာ ‌ပြောင်းလဲပိုင်‌ခွင့်‌ ရှိပါတယ်‌။ အားလုံး နား‌ထောင်‌ရတာ ကြာသွားပြီ၊ ‌ရေ‌နွေးချမ်း‌လေး ‌သောက်‌ပါဦးဗျာ။လက်‌ဘက်‌‌လေးလည်း စားပါဦး။
photo - facebook
MSC-228
@mahaw

Sort:  

ကျနော်ခရီးပန်းလာလို့ဗျာ စကားဝိုင်းမှာ အိပ်ငိုက်သွားတယ်

အညာ ပြန်‌‌တော့ ငယ်‌ရည်းစား‌လေး ‌တွေ့ခဲ့လား။ညီမ မရှိတုန်း ‌မေးကြည့်‌တာပါ ။ ပြန်‌မေ ပြာပါဘူးဗျ။

ကိုမဟော် ပြောတာကောင်းလို့ နားထောင်ကောင်းနေရော ရေနွေးတောင်အေးနေပီရော သွားအသစ်ထည့်လိုက်အုံးမယ် နောက်ထက် ပြောပြပါအုံး😊

အလဲ့ ‌ပြောတတ်‌လိုက်‌တာ။‌နောက်‌တစ်‌ခါဆို ထမင်းပါ‌ကျွေးမယ်‌။လာရင်‌ ‌ကျွေးပြီးသား‌နော်‌။

မှတ်​သားစရာများနှင့်​ဗဟုသုတရပါတယ်​...​ကျေးဇူးပါ...

ကိုယ့်‌ညီမ Comment ‌တွေက ထပ်‌‌နေတယ်‌။စိတ်‌မဆိုးရဘူး‌နော်‌။

ဟုတ်​​ကဲ့...​​နောက်​တစ်​ခါသတိထားလိုက်​ပါ့မယ်​😁

ကောင်းတယ်ဗျာ ကျနော့်ကိုဆေးညွန်းပေးပါအုန်းကျနော်အရမ်းဒေါသကြီးတယ်ဗျ တကယ်ပြောတာ ကိုမဟော်

‌ဒေါသ က ထွက်‌စရှိရင်‌ ထွက်‌ ချင်‌တယ်‌ဗျ။ ‌ဒေါသကြီးရင်‌ ကိုယ်‌‌ရော ကိုယ့်‌ပတ်‌ဝန်းကျင်‌ပါ ပူ‌လောင်‌တယ်‌။‌ဒေါသ ထွက်‌ရင်‌ အာရုံ ‌ပြောင်းလိုက်‌ပါ။စိတ်‌ဆိုတာ တစ်‌ချိန်‌မှာ တစ်‌စိတ်‌တည်း ဖြစ်‌တဲ့အတွက်‌ ‌ဒေါသစိတ်‌ဟာ ‌လျော့ပါလိမ့်‌မယ်‌။‌ဒေါသကို အနိုင်‌ဆုံးသူက‌တော့ ‌မေတ္တာ ‌ပေါ့ဗျာ။ဆရာလုပ်‌တာ မဟုတ်‌ဘူး‌နော်‌ ၊‌ဒေါသဟာ ‌နောင်‌တကိုဘဲ ဖြစ်‌‌စေတယ်‌။

လ္ဘက်စားဖို့မေ့သွားတယ်..နားထောင်လို့ကောင်းလိုက်တာ။
ဆက်ပြောပါဦး...။

‌ကျေးဇူးပါ အန်‌တီ။လာ အား‌ပေးလို့ ဝမ်းသာမိတယ်‌။ အန်‌တီ့ဆီ မ‌ရောက်‌ဖြစ်‌တာ ‌တောင်းပန်‌ပါတယ်‌။

အြုးရှိလိုက်ပါပေ့ဗျာန်တော်ကတော့ အတတ်နိင်ဆုံး စိတ်ချမ်းသာစွာနေတယ်လေ😊😊

စိတ်‌ချမ်းသာစွာ‌နေနိုင်‌ရင်‌ ဘဝမှာ အပိုဆု ရတာဘဲ အစ်‌ကို‌ရေ။အမြဲ‌ပျော်ွှင်‌ပါ‌စေဗျာ။

pholoတွေလား

‌ရေးဟန်ေ ပြာင်းကြည့်‌တာ။‌ကျေးဇူးပါအစ်‌ကို။

ရေနွေးကြမ်းသောက်ရင်း Comment မထပ်အောင်
ညီလည်း တစ်ခုခု ပြောဖို့ အစမပြုခင်မှာ လက်ဖက်တစ်စွန်း စားလိုက်မိတယ်
စိတ်ဆိုတာ တစ်ကယ်လေ့လာရင် အတော်ကို ဆန်းကြည်တဲ့  စိတ္တဇနာမ် ပဲဗျာ
တရားသဘောအရ စိတ္တဇနာမ်သုံးလို့ ရ မရ သိချင်ပါတယ်အကို

ညီ့အ‌ရေးအသား‌တွေ ကို လိုက်‌လို့မမှီဘူး။သဒ္ဒါ ကို မကျွမ်းဘူး။Commentက အ‌ရေးမကြီးပါဘူး။လာအား‌ပေးတာကိုဘဲ ‌ကျေးဇူးတင်‌လှပါပြီညီ။

ဟုတ်ကဲ့ ကိုကြီး

စကား​ပြောရင်း လ္ဘတ်​သုတ်​စားတာ အရမ်းကြိုက်​တယ်

‌ကျေးဇူးပါ ညီမ။

လဘက်တွေစားပီး အိပ်မပျော်ဘူးတော်

‌နောက်‌‌နေ့လာစားဦး။‌နောက်‌တစ်‌မျိုး‌ကျွေးမယ်‌။‌ကျေးဇူးပါညီမ။

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 62804.67
ETH 2444.00
USDT 1.00
SBD 2.71