စိတ်‌နှလုံး‌အေးချမ်းပါ‌စေ

in #myanmar6 years ago (edited)

FB_IMG_1524973561560.jpg
crd.org.source
မင်္ဂလာပါ ပရိတ်‌သတ်‌ကြီး။ အားလုံး စိတ်‌နှလုံး‌အေးချမ်းပါ‌စေ။ ဒီစကားလုံး ဟာ ကျွန်‌‌တော်‌ အနှစ်‌သက်‌ဆုံး စကား ပါ။ ကျွန်‌‌တော်‌သာ ‌စေတစ်‌လုံးပိုင်‌ရှင်‌ဆိုရင်‌ လူသား‌တွေ ၊သတ္တဝါ‌တွေကို အ‌ပေးချင်‌ဆုံး လက်‌‌ဆောင်‌က စိတ်‌နှလုံး‌အေးချမ်းခြင်းပါဘဲ။ စိတ်‌‌အေးချမ်း‌နေရင်‌ မြင်‌မြင်‌သမျှဟာ လှပ‌သော ပန်းချီးကား‌တွေချည်‌ပါဘဲ။ သဘာဝရဲ့ အလှတရား‌တွေကို ‌ပျော်‌ရွှင်‌မှုနဲ့ ကြည့်‌ရင်‌ ပိုလှပါတယ်‌။လှတာထက်‌ ပို ခံစားလို့‌ကောင်းတာ‌ပေါ့ဗျာ။
စိတ်‌နှလုံး‌အေးချမ်း‌နေရင်‌ တစ်‌‌ယောက်‌တည်းလည်းရတယ်‌။ အထီးကျန်‌တဲ့ ခံစားမှု မဖြစ်‌‌ပေါ်‌စေပါဘူး။ အများနဲ့လည်းရတယ်‌ ၊ သည်းခံနိုင်‌တယ်‌။ စိတ်‌ရှည်‌မှု ကို ပို ဖြစ်‌‌စေတယ်‌‌ပေါ့ဗျာ။ မိတ်‌‌ဆွေ‌တွေ အ‌ပေါင်းအသင်း‌တွေ ‌တွေ့ရင်‌လည်း ကိုယ်‌က စပြီး နှုတ်‌ဆက်‌ဖို့ ဝန်‌မ‌လေးဘူး။ ထိုအချိန်‌မှာ မာန‌တွေ ၊‌ထောင်‌လွှားမှု‌တွေ လွင့်‌ပြယ်‌‌နေတယ်‌။ ‌နောက်‌ဆုံး ‌ရောဂါ‌ဝေဒနာ တစ်‌ခုခုခံစား‌နေရ‌တောင်‌ ထိုအခိုက်‌အတန့်‌မှာ သက်‌သာမှုတို့ ‌ဝေဒနာကို သီးခံနိုင်‌တာတို့ ဖြစ်‌‌ပေါ်‌စေပါတယ်‌။ ‌ပြောရရင်‌‌တော့ ‌ပြောစရာ‌တွေ မကုန်‌နိုင်‌ပါဘူး။

tS3Ye6Zo.jpg
crd.org.source
သူတစ်‌ပါးကို စိတ်‌‌နှလုံး‌အေးချမ်းပါ‌စေလို့ ဆု‌တောင်းခြင်း ၊ ဖြစ်‌‌ပေါ်‌စေချင်‌ခြင်းဟာ ဘာနဲ့တူသလဲဆို‌တော့ ပန်းကို ကိုယ်‌တိုင်‌ခူးပြီး လက်‌‌ဆောင်‌‌ပေးသလိုပါဘဲ။ ပန်းရဲ့ ‌မွှေးရနံ့ကို ကိုယ်‌ကဦးစွာ ခံစားရတာပါ။ ‌‌ပေးကမ်းစွန့်‌ကြဲ ခြင်းလို့‌ခေါ်တဲ့ ဒါနတို့ ကျင့်‌ကြံတဲ့ ဘာဝနာ တို့ကမှ အချိန်‌‌စောင့်‌ရဦးမယ်‌ ၊သူတစ်‌ပါးကို စိတ်‌ချမ်းသာ‌စေခြင်း ဟာ ချက်‌ခြင်းလက်‌ငင်းအကျိုးခံစားရတာပါ။ အတ္တလည်းနည်း‌စေပါတယ်‌။ သတ္တဝါ‌တွေရဲ့ အဓိက ရန်‌သူဟာ အတ္တပါ။ သူနည်းပါး‌လေ ‌ကောင်း‌လေ သူမရှိ‌လေ ‌ကောင်း‌လေပါ။ သူ့အ‌ကြောင်းကို ‌နောက်‌မှဘဲ ‌ဆောင်းပါး‌ရေးပြီး တင်‌ပြပါ့မယ်‌။
လူသားတိုင်း ၊သတ္တဝါတိုင်းအတွက်‌ များစွာအကျိုးရှိ‌စေ‌သော စိတ်‌နှလုံး‌အေးချမ်းမှုကို ဘယ်‌လိုဖန်‌တီးမလဲ၊ ဘယ်‌လိုရှာ‌ဖွေ မလဲ ဆိုတာကို ဆက်‌လက်‌တင်‌ပြပါ့မယ်‌။ စိတ်‌‌အေးချမ်းခြင်းဆိုတာ တကယ်‌တမ်း‌ပြောရရင်‌ အကျိုးတရားပါ။ သူ့ကို ဖြစ်‌‌ပေါ်‌စေတဲ့ အ‌ကြောင်းတရားများကို သိဘို့လိုပါတယ်‌။

55.jpg
crd.org.source
စိတ်‌ဟာ ‌ရေနဲ့သ‌ဘောသဘာဝခြင်းတူပါတယ်‌။ ‌ရေဟာ အနည်‌များ‌နေရင်‌ လှိုင်းဂယက်‌ထ‌နေရင်‌ မကြည်‌လင်‌ပါဘူး။ သူ့ကို အနီ‌ရောင်‌ဆိုးလိုက်‌ရင်‌ အနီ‌ရောင်‌ ဖြစ်‌တယ်‌၊ အပြာ‌ရောင်‌ဆိုးလိုက်‌ရင်‌ အပြာ‌ရောင်‌ဖြစ်‌‌စေတယ်‌။ ‌ရေ‌အေးနဲ့‌ပေါင်းရင်‌ ‌အေးတယ်‌ ၊‌ရေ‌နွေးနဲ့‌ပေါင်းရင်‌ ‌ရေပူ ဖြစ်‌‌စေတယ်‌။ ပတ်‌ဝန်းကျင်‌‌ပေါ်မူတည်‌ပြီး လိုက်‌‌လျောညီ‌ထွေ ဖြစ်‌‌ပေါ်‌စေတယ်‌။ ‌ရေကို ကြည်‌လင်‌‌စေချင်‌ရင်‌ အနည်‌ထိုင်‌‌အောင်‌ လုပ်‌ရပါတယ်‌။ ‌ရေအိုးထဲက ‌ရေကိုအနည်‌ထိုင်‌‌အောင်‌ ‌ရေကို တည်‌ငြိမ်‌‌အောင်‌ အရင်‌လုပ်‌ရပါတယ်‌။ဒီလိုပါဘဲ စိတ်‌အနည်‌ထိုင်‌ခြင်း ‌နောက်‌ကျိခြင်း ဖြစ်‌‌ပေါ်ရင်‌ စိတ်‌ကိုတည်‌ငြိမ်‌‌အောင်‌ အရင်‌လုပ်‌ရပါတယ်‌။စိတ်‌လှုပ်‌ရှားခြင်းဟာ စိတ်‌ကြည်‌လင်‌ခြင်းကို ‌နှောက်‌ယှက်‌‌စေပါတယ်‌။
ထို့‌ကြောင့်‌ စိတ်‌နှလုံး‌အေးချမ်းခြင်းရဲ့ ပထမဆုံးလိုအပ်‌ချက်‌က စိတ်‌တည်‌ငြိမ်‌ရပါမယ်‌။ကျွန်‌‌တော်‌တို့လူသား‌တွေကို စိတ်‌တည်‌ငြိမ်‌မှု ပျက်‌ပြား‌စေ‌သော အဓိက တရားခံက လူသား‌တွေရဲ့ အ‌တွေးပါ။ စိတ်‌ရဲ့ လျင်‌မြန်‌နှုန်းကို တိုင်းတာလို့မရပါဘူး။ ‌ဖော်‌ပြနိုင်‌တဲ့ ဂဏန်းအက္ခရာလည်းမရှိပါဘူး။ သူက မြန်‌လွန်းအားကြီးတယ်‌လို့ဘဲ အကြမ်းဖျဉ်း မှတ်‌သားကြပါစို့။အင်‌မတန်‌မြန်‌တဲ့ အ‌တွေး‌တွေဟာ ဦး‌နှောက်‌ထဲမှာ အချိန်‌တို‌င်းနီးပါး စုန်‌ချီ ဆန်‌ချီ ‌ပြေးလွှား‌နေတာ သဘာဝအားဖြင့်‌ တည်‌ငြိမ်‌ဘို့ ဆိုတာ ‌တော်‌‌တော်‌ခက်‌မှာဘဲ။သူ့ရဲ့လှိုင်းဂယက်‌‌တွေက ရိုက်‌ခတ်‌ကြတာ‌ပေါ့။ဒါ‌ကြောင့်‌ ဒုတိယအချက်‌အ‌နေနဲ့ အ‌တွေးကို ထိန်းချုပ်‌ရမှာပါ။ အ‌တွေးကို အတိတ်‌နဲ့ အနာဂတ်‌မှာ မသွား‌စေဘဲ ပစ္စုပ္ပန်‌တည့်‌တည့်‌မှာ‌နေ‌စေခြင်းဟာ စိတ်‌တည်‌ငြိမ်‌ဘို့ အ‌ထောက်‌အကူပြုပါတယ်‌။
တတိယအချက်‌က နှလုံးသွင်းမှန်‌မှု။ နှလုံးသွင်းမှန်‌ဘို့ ဘာလိုလဲဆို‌တော့ အသိဆိုတဲ့ ပညာလိုတယ်‌။ ‌ကျွန်‌‌တော်‌တို့ လူသား‌တွေ ထက်‌ တိရစ္ဆာန်‌‌တွေ သာတဲ့ အချက်‌တစ်‌ချက်‌ရှိတယ်‌။ အတိ‌တ်‌နဲ့ အနာဂတ်‌‌ကြောင့်‌ ‌တွေးမပူတက်‌ခြင်းဘဲ။ လက်‌ရှိဘဝ လက်‌ရှိအချိန်‌ ‌မှာဘဲ စိတ်‌ကိုထားတယ်‌။စိုးရိမ်‌ပူပန်‌ခြင်းရဲ့ ၉၀ ရာခိုင်‌နှုန်းဟာ မဖြစ်‌‌ပေါ်ပါဘူးတဲ့။
‌နောက်‌တစ်‌ချက်‌တင်‌ပြချင်‌တာက စိတ်‌ဆိုတာ တစ်‌ချိန်‌မှာ တစ်‌စိတ်‌ဘဲ ဖြစ်‌ခွင့်‌ရှိတာပါ။ ဘယ်‌စိတ်‌ဖြစ်‌ချင်‌လဲ ဆိုတာ သင်‌‌ရွေးချယ်‌ခွင့်‌ လုပ်‌ပိုင်‌ခွင့်‌ရှိပါတယ်‌။ သူ့ကို ဒီအတိုင်းလွှတ်‌ထားလို့ သူသွားချင်‌ရာသွား‌နေတာပါ။ ထိန်းရမှာကို မသိတာလည်းပါတာ‌ပေါ့။ အရမ်း‌ဆော့တဲ့က‌လေးကို အလုပ်‌တစ်‌ခု‌ပေးထားလိုက်‌ပါ။ ‌ပြောရဆိုရသက်‌သာပါတယ်‌။ထို့‌ကြောင့်‌ စတုတ္ထ္ထအချက်‌က စိတ်‌ကိုအလုပ်‌တစ်‌ခု‌ပေးထားပါ။ကိုယ်‌အာသန်‌ရာခိုင်းထား‌ပေးပါ။
‌နောက်‌တစ်‌ချက်‌‌တင်‌ပြချင်‌တာက စိတ်‌ချမ်းသာချင်‌ရင်‌ တကယ်‌စိတ်‌ချမ်းသာဘိသကဲ့သို့ ‌နေလိုက်‌ပါတဲ့။ "ဘိသကဲ့သို့" ဆိုတဲ့လုပ်‌နည်း‌လေးက စာအုပ်‌တစ်‌အုပ်‌မှာ ဖတ်‌ဖူးတာဗျ။ ‌တော်‌‌တော်‌အသုံးဝင်‌တဲ့နည်း‌လေးပါ။ အနီးစပ်‌ဆုံးဥပမာ‌ပေးရရင်‌ အနုပညာသရုပ်‌‌ဆောင်‌‌တွေကို ပြရမှာဘဲ။ စိတ်‌ဆိုးတဲ့အခန်း‌တွေ ၊ ငို‌ကြွေးတဲ့အခန်း‌တွေ ၊‌သောကဖြစ်‌‌နေတဲ့အခန်း‌တွေကို သရုပ်‌‌ဆောင်‌တဲ့အခါမှာ mood သွင်းပြီးသရုပ်‌‌ဆောင်‌ရတာ‌လေ။ ဟန်‌‌ဆောင်‌ဘဲငိုငို ၊ တကယ်‌ဘဲငိုငို သူ့ခန္ဓာရဲ့ ‌သွေးသား‌တွေ ‌ပြောင်းလဲသွားကြတယ်‌။ စိတ်‌ထားတဲ့အတိုင်း ခန္ဓာကိုယ်‌အစိတ်‌အပိုင်း‌တွေ ‌ပြောင်းလဲလာပါတယ်‌။ ‌လော‌လောဆယ်‌ မ‌ပျော်‌ရွှင်‌‌နေတာ‌တောင်‌ ငါအခု အရမ်း‌ပျော်‌‌နေတဲ့ ပုံစံ ‌နေကြည့်‌လိုက်‌ရင်‌ ‌ပျော်‌ရွှင်‌ခြင်းရဲ့ရသကို သင်‌ခံစားလာရမှာပါ။ သင့်‌မှာ‌ရွေးချယ်‌ပိုင်‌ခွင့်‌ရှိတာကို မ‌မေ့ပါနဲ့ မိတ်‌‌ဆွေ။ထို့အတူပါဘဲ သူတစ်‌ပါးကို စိတ်‌နှလုံး‌အေးချမ်းပါ‌စေ ၊စိတ်‌ချမ်းသာပါ‌စေ ၊ စိတ်‌‌ပျော်‌ရွှင်‌ပါ‌စေလို့ ထပ်‌တလဲလဲ ရွတ်‌ဆိုခြင်း ဟာသင့်‌စိတ်‌ကို ချက်‌ချင်း‌အေးငြိမ်‌‌စေတာ ထိုအချက်‌‌တွေ‌ကြောင့်‌ပါ။ ထို‌ကြောင့်‌ ပဉ္စမအချက်‌အ‌နေနဲ့ စိတ်‌နှလုံး‌အေချမ်းတဲ့ ပုံစံအတိုင်း အမြဲ‌နေ‌ပေးပါမိတ်‌‌‌ဆွေ။
ဒီ‌လောက်‌ဆိုရင်‌ ကျွန်‌‌တော်‌နိဒါန်းမှာ ‌ပြောခဲ့တဲ့ ကျွန်‌‌တော်‌အ‌ပေးချင်‌ဆုံး အရာဟာ စိတ်‌နှလုံး‌အေးချမ်းမှုပါဆိုတာ မိတ်‌‌ဆွေတို့ မြင်‌‌လောက်‌ပါတယ်‌။တကယ်‌ရင်းထဲကဆန္ဒနဲ့ ‌ရေးတာပါ။ဤမှန်‌ကန်‌‌သောသစ္စာစကား‌ကြောင့်‌ ယခုစာဖတ်‌‌နေ‌သောသူသည်‌ စိတ်‌နှလုံး‌အေးချမ်းပါ‌စေသတည်း။

n68wonl3r2.jpg
crd.org.source

MSC - 228
@mahaw

Sort:  

စိတ်ထားတတ်ပြီး စိတ်ရှင်းနေရင် စိတ်အေးချမ်းမှုကလည်း အလိုလိုရလာမယ်လို့ ထင်ပါတယ် အစ်ကိုပြောပြသွားတဲ့ဥပမာလေးကလည်း အရမ်းထိမိပါတယ်

ဆရာ့ စိတ်ကောင်းနှလုံးကောင်းကြောင့် ဖတ်သူလဲ အေးမြစေပါတယ်လို့😊

ဖတ်လို့ ကောင်းတဲ့ပိုစ့်တခုပါဘဲရှင်

‌ကျေးဇူးပါ ညီမသက်‌လျာ။

စိတ်အေးချမ်းသာယာမူကသာ အဓိကပါလေ😊😊

မှန်‌ပါတယ်‌ဗျာ။‌ကျေးဇူး‌နော်‌ ကိုလွမ်း။

စိတ်အေးချမ်း ရင် မြင်မြင်သမျှက ကိုယ့်အတွက်နိဗ္ဗာန်သဖွယ်ဘဲဗျာ
အကိုပြောသလိုဘဲ လူတွေက ရွေးချယ်လို့ရတာကို မေ့နေကြတာဗျာ
စိတ်ညစ်နေချိန်မှာ
ပျော်အောင် စိတ်ထား လိုက်ရင်ပျော်လာတယ်ဆိုတာ ကို မေ့နေကြတယ်ဗျာ
ညီလည်းအပါအဝင်ပေါ့
အတတ်နိုင်ဆုံးကြိုးစားပြင်ရမှာပေါ့ဗျာ

ဒီလို cm ‌တွေ ဖတ်‌ရတာ ‌ရေးရကျိုးနပ်‌ပါတယ်‌ဗျာ။‌ကျေးဇူးပါ ညီ‌ရေ။

အရမ်းကောင်းမွန်တဲ့postလေးပါ

ဝမ်းသာမိပါတယ်‌ ၊‌ကျေးဇူးပါညီ။

စိတ်​​အေးချမ်းမှ သာယာ၊ သာယာမှ ​ပျော် ရွှင်​၊ ​ပျော်​ရွှင်​မှ ကျန်းမာ...☺☺

အမှန်‌ပါဘဲ ညီ‌ရေ။‌ကျေးဇူးပါ။

ငါ့အတွက်တော့အချိန်တော်တော်များများဟာ စိတ်မချမ်းမြေ့မှုကများ
တယ် ဒါကြောင့်တရားဓမ္မသာ အားကိုးရာပါ။

‌ပြောင်းလဲလို့ ရပါတယ်‌အစ်‌ကို‌ရေ။

သိတယ် ဘုန်းကြီးသာ အပြီးဝတ်လိုက်ပါလား

ဟင်‌ ! ဘာ‌ရေး‌ရေး ဘုန်းကြီးဘဲ ဝတ်‌ခိုင်း‌နေတယ်‌။win ko ဆီ cm‌ရေးနည်းသွားသင်‌။

bro ပြုံး Comment တွေ က က ဂျုံး ဂျုံးကျနေပြီ 39 ဗိုက်ပူကြီးလို

စိတ်​ကို​ရေနှင့်​ဥပမာပြပြီး​ပြောပြသွားတာ​ကောင်းပါတယ်​...သရုပ်​​ဆောင်​တစ်​​ယောက်​ရဲ့ဗျူးတစ်​ခုမှာဖတ်​ဖူးတယ်​...သူတို့အလုပ်​ကစိတ်​ထဲရှင်း​နေမှရတယ်​တဲ့...ဒါမှလိုချင်​တဲ့moodထည့်​လို့ရတယ်​ဆိုလားဘဲ.....

‌ကျေးဇူးအထူးတင်‌ပါတယ်‌ညီမ။

စိတ်ဟာ ရေနဲ့သဘာဝခြင်းတူတယ်။စိတ်ကိုအလုပ်တစ်ခုခိုင်းပါ။သင့်မှာရွေးချယ်ပိုင်ခွင့်ရှိတယ်..စသည်ဖြင့် ပြောပြသွားတာ မှတ်သားစရာကောင်းပါတယ်။စိတ်နှလုံးအေးချမ်းပါစေဆိုတဲ့ စကားလက်ဆောင်းလေးဟာလည်း မေတ္တာဓါတ်တွေပြည့်ဝနေတာတွေ့ရပါတယ်အစ်ကို။

Bro က cm‌ရေးတာ‌တော်‌တယ်‌ဗျာ။‌ကျေးဇူးပါ ဗျို့။

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 62260.20
ETH 2431.98
USDT 1.00
SBD 2.64