စိတ်‌ချမ်းသာနည်း

in #myanmar6 years ago

FB_IMG_1524973561560.jpg

မင်္ဂလာပါ ချစ်‌မိတ်‌‌ဆွေအ‌ပေါင်းတို့။ ‌တွေး‌တောပူပန်‌ခြင်းသည်‌ လူကို အကျိုးမဲ့ဘဲဖြစ်‌‌စေပါတယ်‌။ စိုးရိမ်‌‌ကြောင့်‌ကြခြင်း ၊‌တွေး‌တောပူပန်‌ခြင်း၊ ‌သောက‌ရောက်‌ခြင်းစသည်‌တို့သည်‌ စိတ်‌ကိုပင်‌ပန်း‌စေသလို စိတ်‌ဒုက္ခ‌တွေလည်း ဖြစ်‌‌စေပါတယ်‌။ လူဘဲပူစရာရှိ ပူသလို ‌ကြောက်‌စရာရှိ ‌ကြောက်‌မှာဘဲလို့ လွယ်‌လွယ်‌‌ပြောရင်‌ လွယ်‌လွယ်‌စိတ်‌‌သောက‌တွေ‌ရောက်‌ကြတာ‌ပေါ့ဗျာ။‌နေထိုင်‌ရမယ့်‌လူ့ဘဝကို ဘယ်‌လို‌နေထိုင်‌ရင်‌ စိတ်‌ချမ်းသာမလဲ၊ ဘယ်‌လိုသိရင်‌ စိတ်‌‌သောက‌တွေ ‌လျော့ပါး‌စေမလဲဆိုတာ အမြဲကြံဆ‌နေရမှာပါ။ အသိတစ်‌ခုဟာ ‌အေးချမ်းမှု ငြိမ်း‌အေးမှုကို ဖြစ်‌‌ပေါ်‌စေပါတယ်‌။ ထို့အတူ မသိခြင်းဟာလည်း ဒုက္ခ‌တွေကို တိုးပွား‌စေပါတယ်‌။

blogger-image-339484116.jpg
crd.org.source

ယခုကျွန်‌‌တော်‌‌ပြောတဲ့ အသိဟာ ဘာသာ‌ရေးအသိမဟုတ်‌‌သေးပါဘူး။ လူ‌တွေရဲ့စိတ်‌မှာ ဖြစ်‌တတ်‌တာ‌လေးကို တင်‌ပြရုံပါ။ကြိုတင်‌စိုးရိမ်‌ပူပန်‌တဲ့အရာ‌တွေဟာ မဖြစ်‌တာကများပါတယ်‌။ မဖြစ်‌‌ပေါ်‌ပေမယ့်‌ ကြိုတင်‌ စိုးရိမ်‌‌ကြောက်‌လန့်‌ခြင်း‌ကြောင့်‌ စိတ်‌ဒုက္ခကို လက်‌ငင်းခံစားရ‌နေပါတယ်‌။ တစ်‌ခုခုကိုစိုးရိမ်‌‌ကြောက်‌လန့်‌‌နေရင်‌ အမှားအမှန်‌လည်းမခွဲခြားနိုင်‌သလို လုပ်‌သင့်‌ မလုပ်‌သင့်‌လည်း မစဉ်းစားနိုင်‌ဘူး။ လူ့သဘာဝက ခက်‌သား။ ကိုယ်‌မဖြစ်‌ချင်‌တာ မ‌တွေ့ချင်‌တာ ရင်‌မဆိုင်‌ချင်‌တာကိုမှ စိတ်‌က ‌တွေး‌တော‌နေတတ်‌တယ်‌။ ဥပမာ ‌ရောဂါတစ်‌ခုခု ဖြစ်‌မှာ ‌ကြောက်‌တယ်‌စိုပါဆို့။ ထို‌ရောဂါနဲ့ပက်‌သက်‌တဲ့ အ‌ကြောင်း‌တွေဘဲ ‌တွေး‌နေမိတတ်‌တယ်‌။ ထို‌ရောဂါလက္ခဏာ‌တွေက ငါနဲ့များတူ‌နေမလား ဘာလားနဲ့ ‌တွေး‌တော ‌ကြောက်‌လန့်‌ ‌နေတတ်‌တယ်‌။ ‌ကောင်းပြီ ထားပါ‌တော့ ‌ကြောက်‌စရာမလို့ ‌ကြောက်‌‌နေပြီ၊ စိုးရိမ်‌စရာမလို့ စိုးရိမ်‌‌နေပြီ၊ ‌သောကဖြစ်‌စရာမလို့ ‌သောကဖြစ်‌‌နေပြီလို့ဘဲ ထားလိုက်‌ပါ။ ထိုအချိန်‌မှာ စိတ်‌ပူ‌လောင်‌မှု‌တွေ ခံစား‌နေရမှာပါ။ ထိုအ‌ခြေအ‌နေမှလွတ်‌‌မြောက်‌‌အောင်‌ စိတ်‌သက်‌သာရာရ‌အောင်‌ စိတ်‌‌အေးချမ်း‌အောင်‌ လုပ်‌ရမှာပါ။ ‌
‌လောကသဘာဝအရ အပူကိုကိုင်‌ရင်‌ ပူမှာဖြစ်‌သလို အ‌အေးကိုကိုင်‌ရင်‌ ‌အေးမှာပါ။ သင်‌ ပူ‌နေလား‌အေး‌နေလား ကိုသင်‌ဘာကိုင်‌‌နေလဲဆိုတာက အ‌ဖြေ‌ပေးပြီးသားပါ။ လူ့စိတ်‌ဆိုတာမျိုးက တစ်‌ချိန်‌တည်းမှာ တစ်‌ခုဘဲကိုင်‌ခွင့်‌ရှိတာပါ။ ကိုယ်‌ကိုင်‌ထားတာ ပူ‌နေရင်‌ လွှတ်‌ချလိုက်‌ပါ။ အ‌အေးနဲ့ အစားထိုး‌ပေးပါ။ ဒါက‌တော့ ရုပ်‌ဝတ္ထုဆန်‌ တဲ့ ဥပ‌ဒေသတစ်‌ခု‌ပေါ့ဗျာ။ ဒါကိုလက်‌‌တွေ့ကျင့်‌သုံးနိုင်‌ဘို့က အ‌လေ့အကျင့်‌လိုတယ်‌။ စိတ်‌ခံစားမှုကို အခုလုပ်‌ အခုအကျိုးဖြစ်‌ထွန်း‌စေချင်‌လို့မရဘူး။ ဟုတ်‌ပြီဘာကို‌လေ့ကျင်‌ရမှာလဲ။ ‌မေး‌စရာ‌ပေါ်လာပါပြီ။ စိတ်‌ကို ကိုယ်‌ထားချင်‌တဲ့‌နေရာမှာ ကိန်းဝပ်‌နိုင်‌‌အောင်‌‌လေ့ကျင့်‌ရမှာပါ။ ဒါက အ‌ရေးကြီးဆုံးအချက်‌ပါ။ ဒုတိယအချက်‌ကအ စားထိုးတတ်‌ဘို့ပါ။ ကိုယ်‌ဖြစ်‌ချင်‌တာနဲ့ အစားထိုးတတ်‌ဘို့ လိုပါတယ်‌။ ထို‌အ‌လေ့အကျင့်‌‌တွေရှိ‌နေရင်‌ သင်‌ဟာ စိတ်‌ချမ်းသာစွာ ‌နေထိုင်‌နိုင်‌ဘို့ ဖြစ်‌လာပါပြီ။

images (4).jpeg

crd.org.souce

အ‌ရေးကြီးဆုံး ဥပ‌ဒေသက သင့်‌စိတ်‌ကို လိုရာမှာထားနိုင်‌‌ရပါမယ်‌။ စိတ်‌တည်‌ငြိမ်‌ရပါမယ်‌။ ဒုတိယက လိမ္မာပါးနပ်‌စွာ အစားထိုးတတ်‌ဘို့ လိုပါတယ်‌။ ကျွန်‌‌တော်‌တို့ ဗုဒ္ဓမြတ်‌စွာဘုရားက ဓဇဂ္ဂသုတ်‌မှာ ‌ကြောက်‌လန့်‌ခြင်းကို ‌ဖြေ‌ဖျောက်‌နိုင်‌တဲ့နည်းလမ်း‌‌ဟောကြားထားပါတယ်‌။ ‌ကြောက်‌လန့်‌‌နေရင်‌ ‌ကြောက်‌စိတ်‌ကိုဖြစ်‌‌ပေါ်‌စေတဲ့ကိ‌လေသာ မရှိသူကို အာရုံပြုရတယ်‌တဲ့။ အရိုးရှင်းဆုံး‌ပြောရရင်‌ မြတ်‌ဗုဒ္ဓရဲ့ဂုဏ်‌‌တော်‌‌တွေကို အာရုံပြုရတယ်‌။ရွတ်‌ဆိုရတယ်‌၊နှလုံးသွင်းရတယ်‌။ တစ်‌ခုခုစိုးရိမ်‌‌ကြောက်‌လန့်‌‌နေရင်‌ ဂုဏ်‌‌တော်‌ပွားလိုက်‌ပါ မိတ်‌‌ဆွေ။ ဂုဏ်‌‌တော်‌ပွားလိုက်‌တာနဲ့ အ‌ကောင်းဆုံး စိတ်‌အစားထိုးမှုလည်း ဖြစ်‌‌ပေါ်‌စေပါတယ်‌။ ဗုဒ္ဓနုဿတိဘာဝနာဟာ ကမ္မဌာန်း၄၀ထဲမှာ အမြတ်‌ဆုံး ဘာဝနာပါ။ အ‌လေ့အကျင့်‌‌တော့လိုပါတယ်‌။ လျှပ်‌စစ်‌ပါဝါကြီးမှ လိုသလို အသုံးချနိုင်‌သလို သင့်‌စိတ်‌ပါဝါကြီးမှ ထားချင်‌တဲ့‌နေရာမှာ အလွယ်‌တကူထားနိုင်‌မှာပါ။ လုပ်‌‌နေကြ အရှိန်‌‌လေး‌တော့ လိုတာ‌ပေါ့။ ခလုတ်‌ထိမှ အမိတရင်‌ အကျိုးတရားပိုင်းနည်းတာ‌ပေါ့ဗျာ။ ထို‌ကြောင့်‌ မိတ်‌‌ဆွေတို့ကို ဂုဏ်‌‌တော်‌‌လေး အမြဲနှလုံးသွင်းတဲ့အကျင့်‌‌လေး စွဲမြဲ‌အောင်‌ ‌လေ့ကျင့်‌ပါလို့ ‌ပြောကြားရင်း နိဂုံးချုပ်‌လိုက်‌ပါတယ်‌။

MSC-228
@mahaw

Sort:  

ကောင်းပါတယ်​ဗျာ ​ငွေ​ကြေးချမ်းသာဘို့ထက်​ စိပ်​ချမ်းသာ​ဘို့အ​ရေးကြီးတာပါ

သိပ်‌မှန်‌တဲ့စကား‌ပေါ့ ဦးယု‌ရေ။

တစ်ခါတစ်လေ စိုးရိမ်စိတ်တွေ
အားငယ်စိတ်တွေက ဝင် ဝင်လာတတ်တာ
စိတ်ကိုတည်ငြိမ်အောင် မလုပ်နိုင်သေးတာ
အလ့အကျင့်ကောင်းတွေ လိုအပ်နေပြီ အကိုမဟော်ရေ

အစ်‌ကိုေ ပြာတဲ့အတိုင်းလုပ်‌ကြည့်‌လိုက်‌ပါ ။

သိပ်ကောင်းတဲ့စာပဲ
ဟုတ်တယ် ဘုရားဂုဏ်တော်တွေရွတ်နေရင် အနည်းဆုံးတော့ အကုသိုလ်မဖြစ်ဖူးပေါ့

ဟုတ်‌ကဲ့အန်‌တီ၊‌ကျေးဇူးပါ‌နော်‌။

ကျေးဇူးပါဗျာ မှတ်​သားသင့်​ပါတယ်

Posted using Partiko Android

ဟုတ်‌ကဲ့ပါ‌ကျေးဇူး၊၊

များသောအားဖြင့် လူတွေက ထိတ်လန်ကြောက်ရွံ့လာလျှင် အားကိုးရာရှာကြသည်။

‌သြော်‌

ဘဝမှစိတ်ချမ်းသာဖို့က အဓိကပါ

Posted using Partiko Android

မှန်‌ပါတယ်‌ကို‌အေး။‌ကျေးဇူးပါဗျာ။

လိုချင်တာတွေ နည်းသွားရင် ပိုစိတ်ချမ်းသာမလားပဲ😁

Posted using Partiko Android

ဘ၀ အခက်အခဲတွေကို ခံနိုင်ဖို့အတွက် စိတ်ကို သီးသန့်အချိန်ယူလေ့ကျင့်ပါအုံးမယ် ကိုမဟော်ရေ

လုပ်‌ရင်းကိုင်‌ရင်းလည်း လုပ်‌လို့ရပါတယ်‌ဦး ၊‌နောက်‌မှ‌နောက်‌မှက မလုပ်‌ဖြစ်‌တာ များတယ်‌‌လေ။

စိတ်​ချမ်းသာဖို့ကအဓိကပါ...အရာရာစိတ်​က​ဆောင်​တာပါ...​ကောင်းမွန်​​သောပိုစ့်​ပါ...

Posted using Partiko Android

ဟုတ်‌ပါတယ်‌ ၊‌ကျေးဇူးပါညီမ။

ဒီကိစ္စကျားမမရွေးဖြစ်တတ်ပေမယ့် အမျိုးသမီးတွေမှာပိုမယ်ထင်တယ် သူများတွေးနေမလား ထင်နေမလား ကအစပူတတ်ကြတယ်

Posted using Partiko Android

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.028
BTC 63064.93
ETH 2468.39
USDT 1.00
SBD 2.55