ဆရာပြောသော ခရီးသည်
မင်္ဂလာပါ မိတ်ဆွေတို့။ ကျွန်တော် ကဗျာ တစ်ပုဒ်ကို မိတ်ဆက်ပါရစေ။ ဓမ္မာစရိယ ဦးဌေးလှိုင် တရားခွေထဲက ဆရာ သီချင်းလိုဆိုတဲ့ ကဗျာ လေးပါ။ ဆရာကတော့ 2005 တုန်းက ဆုံးသွားပါပြီ။ သူ့စာအုပ်တွေ ၊သူ့ တရားတွေက တန်ဘိုးရှိလွန်းလှပါတယ်။ ဆရာ ဦးဌေးလှိုင် အရမ်းကြိုက်တဲ့ ကဗျာလေးကို ရေးပြပါ့မယ်။
အထုပ်ကလေးတွေ
ကိုယ်စီထမ်းပါလို့
လာလမ်းကိုတော့
မျှော်သင့်တယ် ၊
နေမဝင်ခင်
ညောင်ညိုရိပ်မှာ
ချွေးသိပ်စို့ကွယ်----။
ကြည့်စမ်းဟယ်.......
ဟို ....အနောက်တောင်စွယ်မှာ
နေကွယ်လုပါပကော
အခွင့်ကောင်းတွေ
တရှောင်ရှောင်လွဲခဲ့ပြီမို့
ဝင်္ကပါ အမှောင်ထဲမှာလ
တစ်ယောက်တည်းယောင်လည်လည်နဲ့
ခရီးသည်......
အိုဘယ့်........သံသရာခရီးသည်။
ခရီးသည်......
သင်နောင်ရေးကို
တွေးရစိတ်မော........။ (ဓမ္မာစရိယ ဦးဌေးလှိုင်)
ဒီကဗျာလေးကို သီချင်းလိုဆိုတာ အရမ်းကောင်းတယ်ဗျာ။ ကျွန်တော်တို့ဟာ ကုသိုလ် ၊အကုသိုလ် အထုပ်တွေ ထမ်းပြီး လျှောက်လှမ်းနေကြတာပါ။ အချိန်တန်ရင် တောင်စွယ်မှာ နေကွယ်သလို ကျွန်တော်တို့ဟာလည်း တစ်ဖြည်းဖြည်းပျောက်ကွယ်ကြရဦးမှာ။ ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ ဘဝကို ကိုယ်ထင်သလို လျှောက်လှမ်းနေကြတယ်။ အသိတစ်ခုဟာ အရမ်းအရေးကြီးပါတယ်။ ကိုယ်သိထားတာဟာ မှန်ကန်ဘို့ လိုပါတယ်။ အချိန်မရှိမှ မှားမှန်းသိရင် နောင်တ ရဖို့ဘဲရှိပါတယ်။ အဖြစ်များတာ ကတော့ လတ်တလောအရေးကို ပိုဂရုစိုက်နေကြလို့ လုပ်သင့်တာတွေ မလုပ်ဖြစ်ကြတာပါ။ပညာရေးသော်လည်းကောင်း ၊ စီးပွားရေးသော်လည်းကောင်း ယခု ပစ္စုပ္ပန်ဘဲ ကြိုးစားရှာဖွေနေရတော့ လစ်ဟာမှုတွေ ရှိတာပေါ့။ အခွင့်ကောင်းတွေ တရှောင်ရှောင်လွဲခဲ့ပြီတဲ့။ ဟုတ်လား ညီအစ်ကိုတို့ရေ။ အစ်ကိုတို့တော့ မသိဘူး။ ကျွန်တော်ကတော့ ယောင်လည်လည် ဖြစ်တုန်းဘဲဗျာ။ သြော် အသက်ကြီးမှ ၊ နာမကျန်းဖြစ်မှ ၊ ဘဝ နေဝင်ချိန်ရောက်မှ မလုပ်ခဲ့လေခြင်း ဆိုရင်တော့ မကောင်းဘူးပေါ့ဗျာ။
တကယ်တမ်းပြာရရင် အချိန်တွေက မြန်လွန်းပါတယ်။ ကိုယ့် ကိုယ်ကို လူငယ်လို့ ထင်တုန်းရှိသေး လူလတ်ပိုင်း ရောက်နေပြီ။ ၄၀ ကျော် ပြီဆိုပေမယ့် ကိုယ်က လူငယ်စိတ်မပျောက်သေးဘူး။ နောက် ၁၀ နှစ်ဆို ရင် ၅၀ တဲ့။ လူ ကြီးဖြစ်ပြီတဲ့။ ၁၀ နှစ်ဆိုတာ ဟိုလှည့်ဒီလှည့်နဲ့ ပြည့်တော့မှာ။ ကုသိုလ် ရိက္ခာထုပ်က ခုထိမရှာရသေးဘူး။ ငါဟာ တော်တယ် ၊တတ်တယ်လို့ ထင်ခဲ့မိတာ ကုသိုလ်ဆိုလို့မယ်မယ်ရရ မရှိသေးပါဘူး။ ကိုယ်သတိမထားမိတဲ့ အကုသိုလ်တွေဘဲ ရှိမယ်။
အထုပ်ကလေးတွေ ကိုယ်စီထမ်းပါလို့
လာလမ်းကိုတော့ မျှော်သင့်တယ်။
နေမဝင်ခင် ညောင်ညိုရိပ်မှာ
ချွေးသိပ်စို့ကွယ်။
အေးချမ်းတဲ့နေရာလေးမှာ စိတ်လေးကိုအနားပေးသင့် ချိန်ရောက်ပါပြီ။သားမယားအတွက် စိတ်မောလူမော အချိန်တွေ ပေးခဲ့ရတာ တရားဓမ္မလေးနဲ့ အနားပေးသင့်ပါတယ်။ တရားလည်းထိုင် စီးပွားလည်းရှာရင် ပိုမကောင်းဘူးလား။ အခုတော့ ဘာသာရေးဟာ သီးသန့်တစ်ခုလို မြင်နေကြတယ်။
ကြည့်စမ်းဟယ်---
အနောက်တောင်စွယ်မှာ နေကွယ်လုပါပကော
ဇရာကထောင်း အိုလည်းအိုပြီ။ စုဆောင်းမိတဲ့ ကုသိုလ်ကလည်းမရှိ။ အချိန်ကလည်း မကျန်တော့ပြီ။ လုပ်လည်းမလုပ်နိုင်တော့ဘူး။
အခွင့်ကောင်းတွေ တရှောင်ရှောင် လွဲခဲ့ပြီမို့
သြော် သန်တုန်းမြန်တုန်း ငယ်တုန်းရွယ်တုန်းကတော့ အသိမှား အမြင်မှားမိခဲတယ်။ ပျင်းရိခဲ့တယ်။ ကိုယ်နဲ့မဆိုင်သလို နေခဲ့မိတယ်။ နောက်တော့ လုပ်တာပေါ့ဆိုပြီ ပေါ့တော့တော့ နေခဲ့မိတယ်။ ဘုန်းကြီးကျောင်းဆို မရောက်ဖူးသလောက် ၊ တရားခွေဆိုရင် ခွေစက်တောင်မထားတော့ မဖွင့်ဖြစ်ဘူး။ Tv channal တွေက ရာကျော်နေပြီလေ။ အချိန်တွေဟာ Tv ကြည့်တာနဲ့ ကုန်တာများတယ်။
ဝင်္ကပါ အမှောင်ထဲမှာလ
တစ်ယောက်တည်း ယောင်လည်လည်နဲ့
ကျွန်တော်တို့ဟာ ဘဝသံသရာ လျှောက်လှမ်းနေရတာကို မသိဘဲ ဒီဘဝတစ်ခုတည်း ဖြတ်သန်းရတယ်ပုံစံနဲ့ နေထိုင်နေကြတယ်။ သေရင် ပြီးရော ပုံစံနဲ့ ဖြတ်သန်းနေကြတယ်။ ကုသိုလ်ကို လုပ်ခွင့်ရတဲ့ ဘဝရှိသလို ၊လုပ်ခွင့်မရတဲ့ ဘဝရှိတယ်ဆိုတာ မသိကြဘူး။ လူ့ဘဝရောက်တုန်းလေး လုပ်ခွင့် ရတာပါ။ သတ္တဝါတွေရဲ့အိမ်ဟာ အပါယ်ဘုံတဲ့။ ကြောက်စရာမကောင်းဘူးလားဗျာ။ အသိမှားရင် ဒီဘဝတင် မကဘူး ၊ သံသရာတစ်ခုလုံး မှားတာနော်။ ဒါကို ကြပ်ကြပ်စဉ်းစားပါ မိတ်ဆွေတို့။
တို့ကတော့ မယုံဘူး။ ကိုယ်တွေ့မှယုံမယ်ဆိုရင်တော့
ခရီးသည်......
သင့်နောင်ရေးကို တွေးဆရင်မော တယ်လို့ဘဲ ပြောပါရစေ။ သတ္တဝါအားလုံး ကျန်းမာချမ်းသာကြပါစေ။
Photo- facebook
MSC-228
@mahaw
သံဝေဂရမိလေသည်
အသိလေးတစ်ခုရရင် ကျေနပ်ပါတယ်အစ်ကိုရေ။
သံဝေဂရစရာ ကဗျာလေး နော် ကိုမဟော်။
ဟုတ်တယ်ကိုထွေးရေ။တောင်စွယ်မှာ နေမကွယ်ခင် လုပ်သင့်တာ လုပ်ကြရအောင်။ကျေးဇူးပါ ကိုထွေး။
ကိုယ်တွေလည်းသံသရာခရီးသည်ပါပဲလေ
မှန်ပါတယ် အစ်ကိုရေ။ခရီးသွားရင်း ကုသိုလ်တွေစုကြတာပေါ့ဗျာ။
မှန်တယ်။အသိပညာတိုးစေပါတယ်
ကျေးဇူးပါ bro.
ဆရာကြီးရဲ့တန်ဖိုးရှိစာပေတွေအများကြီးထဲကပြန်လည်
တူးဖော်ပေးတဲ့အတွက် ဗဟုသုတရစေပါတယ်
အသိလေးတစ်ခုလောက် တိုးရင် ဝမ်းသာပါတယ်။
ဗဟုသုတရပြီးအရမ်းကောင်းတဲ့ကဗျာပါ....
ကျေးဇူးပါညီမ။
အရမ်းကောင်းတဲ့ ကဗျာလေးပါ
အလွန်ထိရောက်တဲ့ ကဗျာလေးပါ။ကျေးဇူးပါညီ။
ဖတ်လို့အရမ်းကောင်းပီး..အနှစ်သာရပြည့်နှက်နေသော
စကားတွေပါ။တနေ့ထက်တနေ့အိုမင်းလာပီ..။သေခြင်းစီသို့..လူတိုင်းလူတိုင်းတရွေ့ရွေ့သွားနေကြတာ။ဒါကိုလူတွေကသတိမမူမိကြဘူး..။နောင်မှ..နောက်မှဆိုတာ
မသေခြာဘူး..သိတဲ့လက်ရှိပစ္စပ္ပူ န်အချိန်ဟာ..အကောင်း
ဆုံးဖြစ်ပီးအသုံးချတတ်ကြဖို့လိုပါတယ်။
မှန်ပါတယ်အန်တီ။အလုပ်သင့်ဆုံးကို လုပ်ကို လုပ်ရမှာပါ။ကျေးဇူးပါ အန်တီ။
Sorry ကိုမဟော်ရေ၊ လေးဆယ်ဆိုတာဘဝစတဲ့အရွယ်ပါကွာ၊ ဆရာကတော့ စိတ်ကမြန်သေးတယ်၊ လူကမလိုက်ချင်တော့ဘူး။
၄၀ဆိုတာ ဘဝစတယ်ဆိုပေမယ့် တရားအသိက မူကြိုဘဲ ရှိသေးလို့ ဆရာရေ။ရေးဖြစ် တယ်ဆိုတာလည်း ကိုယ့်အကြောင်း ဦးတည်ရေးလိုက်တာပါ။ဆရာက ကျန်းမာရေးကောင်းပါတယ်။ဒိထက် ကျန်းမာချမ်းသာပြီး အသိတွေ ဝေမျှပေးပါနိုင်ပါစေ။
ကောင်းတယ်ဗျာ လူတွေက
ဒီဝဲထဲက မထွက်နိုင်ဘူးဖြစ်နေတယ်
ဘဝသံသရာက ရုန်းထွက်ဘို့ ကြိုးစားရမှာက ကျွန်တော်တို့ရဲ့ တာဝန်ဘဲလေ။ကျေးဇူးပါ bro.