စာရေးခြင်း
အားလုံးဘဲ မင်္ဂလာပါ။ စာရေးခြင်းနဲ့ပက်သက်ပြီး အနည်းငယ် တင်ပြပါရစေ။ အထူးသဖြင့် Steemit Newbies များအတွက်ပါ။ စာရေးဆရာ တစ်ယောက်ဖြစ်ဖို့ စာရေးချင်တဲ့ဆန္ဒနဲ့ ကြိုးစားအားထုတ်မှုရှိဖို့ လိုအပ်ပါတယ်။ စာများများဖတ်ရင် စာရေးချင်လာပါတယ်။ ဒါပေမယ့် ကြိုးစားအားထုတ်မှု မရှိရင် စာရေးဆရာ ဖြစ်မလာနိုင်ပါဘူး။ စာရေးသားတဲ့နေရာမှာ အဓိက နှစ်ချက်လိုအပ်ပါတယ်။ ဒါဟာဘာလဲ ဆိုတော့ ဝေါဟာရ ကြွယ်ဝဘို့နဲ့ သဒ္ဒာနိုင်ဘို့ လိုပါတယ်။ ဝေါဟာရ များစွာသိဘို့ရန် စာများများ ဖတ်မှတ်လေ့လာသင့်ပါတယ်။ စကားပုံကျမ်းတွေ ၊များများဖတ်ရပါမယ်။ မိခင်ဘာသာစကားကို သူ့နေရာနဲ့သူ သုံးတတ်ဘို့ လိုပါတယ်။
Crd-org-source
စာရေးဆရာတစ်ယောက်ဖြစ်ဘို့ အရိုးရှင်းဆုံးဥပဒေသ ကတော့ စာဖတ်ခြင်းနှင့် အရေးအသားလေ့ကျင့်ခြင်းပါဘဲ။ စကားပြေအရေးအသားက လေ့ကျင့်ဖန်များလာမှ တိုးတက်လာမှာပါ။ ကျွန်တော့်ဖခင်ပြောဖူးတယ်၊ ဆရာကြီး ဘာနက်ရှော့ဒ်ဟာ တစ်နေ့ကို စာမျက်နာ ၅ မျက်နှာ အနည်းဆုံးရေးတယ်တဲ့။ မရေးချင်တဲ့နေ့လည်း ရအောင်ရေးတယ်တဲ့။ အမြဲ train လုပ်နေတာပေါ့။အောင်မြင်ကျော် ကြားတဲ့ စာရေးဆရာဖြစ်ဖို့ဆိုတာ လွယ်လွယ်နဲ့တော့ ဘယ်ရမလဲ။ နောက်ပြီးလိုအပ်တာတစ်ခုရှိသေးတယ်။ ကိုယ့်မှာ ပရိတ်သတ်ရှိဘို့လိုတယ်။ ကိုယ်ရေးထားတာကို ဖတ်မယ့်စာဖတ်ပရိတ်သတ်တော့ လူတိုင်းလိုချင်ကြတာ မဆန်းပါဘူး။ ဒါမှ ရေးချင်တဲ့စိတ်လည်းတိုးလာမှာပါ။ ကျွန်တော်တို့ steemit မှာ ပရိတ်သတ်က အမြဲရှိတယ်ဆိုတော့ ကျွန်တော်တို့ ကံကောင်းတာပေါ့။ steemit မှာ ဘယ်လောက်ကောင်းလဲဗျာ။ စာလည်းလေ့ကျင့်ဘို့ ရေးရတယ်၊ ဖတ်မယ့်စာဖတ်ပရိတ်သတ်လည်းရှိတယ် ၊စာလည်းဖတ်ရတယ် ၊ဝင်ငွေလည်း တိုးစေတယ် ၊ ဘာလိုသေးလဲဗျာ။ အပိုဆုပါသေးတယ် မိတ်ဆွေတွေလည်း တိုးစေတယ်ဗျ။ ကျွန်တော်ကတော့ ကိုယ်ရေးထားတာကို ဖတ်တဲ့သူ မှတ်ချက်ပေးတဲ့သူရှိတာလေးနဲ့တင် steemit ကိုကျေးဇူးတင်လှပါပြီ။
စာရေးသားတဲ့ နေရာမှာ ရေးသားဟန်ဆိုတာ ရှိတယ်။ပြောရမယ်ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် စာရေးသားတဲ့နေရာမှာ မတူကြပါဘူး။ ကိုယ်ပိုင် သင်္ကေတလေးတွေ ရှိတယ်။ စာဆိုတာ စိတ်ရဲ့ထွက်ပေါက်လေ။ လူ့စိတ်ဆိုတာ တစ်ဦးနဲ့တစ်ဦး တူတာမှတ်လို့။ ဒါကြောင့်သူများရေးသားဟန်ကို ခိုးမချသင့်ပါဘူး။ ကိုယ့်စတိုင်နဲ့ ကိုယ့်ဟန်ပေါ့ဗျာ။ လိုအပ်တဲ့ အချက်အလက်ကတော့ ရှာဖွေပြီး မှီငြမ်းရမှာပေါ့။ ပြီးမှ ကိုယ့် idea နဲ့ရေးပေါ့။
စာရေးသားနဲ့နေရာမှာ ဦးနှောက်ကို အတင်းဖိအားမပေးပါနဲ့။ ဥပမာ ဒီနေ့ pro post တင်ရမယ်။ ကိုယ့်မှာ ရေးထားတာလည်းမရှိ ၊post တင်ရမယ့်စိတ်ကစောနေတော့ စာရေးတဲ့အခါမှာ ခေါင်းကရေးစရာစာ ထွက်မလာတာ ကြုံဖူးကြမယ်ထင်ပါတယ်။ ရေးရတာ ခံတွင်းမတွေ့ဘူးပေါ့ဗျာ။ တကယ်တမ်းက ဦးနှောက်ကို ဖိအားပေးလိုက်လို့ပါ။ ရေးစရာမရှိဘူးဆိုတောင် ခေါင်းအေးအေးထားပြီး ကိုယ်အာသန်ရာကို ရေးချလိုက်ပါ။ တစ်ခုခုကိုရေးချလိုက်တာနဲ့ စာတွေ အစီစီ အရီရီထွက်လာပါတယ်။ စာဆိုတာ စိတ်ထဲရှိတာကို ရေးချတာဆိုတော့ ကိုယ့်ရင်ထဲရှိတာရေးတာ ပိုသွက်ပါတယ်။ဆိုလိုချင်တာက ဦးနှောက်နဲ့မရေးဘဲ ရင်ထဲရှိတာရေးပါ။ ရေးရင်းရေးရင်း သူ့အလိုလိုထွက်လာပါတယ်။ သီချင်းဆိုတာ ဝါသနာပါရင် သီချင်းအကြောင်းတို့ အဆိုတော်အကြောင်းတို့ ရေးစရာထွက်လာမှာပါ။ ကိုယ်ဝါသနာပါရာလိုင်းမှာ တစ်ခြားအရာတွေထက် ပိုသိတယ်လေ။ အဓိက က ကိုယ်သိတာ ရေးတာပိုကောင်းပါတယ်။ စာကောင်းမကောင်း ခေါင်းထဲ သိပ်မထည့်ပါနဲ့ ၊လတ်တလော ကိုယ်ဘာအကြောင်းရေးရေး ရင်ဘက်ထဲကရေးပါ။ စေတနာထည့်ရေးပါ။ အခုလိုဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။ အားလုံးကျန်းမာ ချမ်းသာကြပါစေ။
ကျမ်ကိုးစာရင်း- စာရေးခြင်းအတက်ပညာ( မြသန်းတင့်)
MSC -228
@mahaw
You got a 21.37% upvote from @th3voter thanks to: @mahaw!
Image Source cloudinary.com
This post has upvoted from @th3voter !For more information, click here!
You can earn daily profit by delegating SP to our bot, 100% of earnings paid out to delegators. To do so, click below:
30SP, 50SP, 100SP, 250SP, 500SP, 1000SP, 5000SP, 10000SP,
Custom Amount
Make sure you have at least 15 SP left on your account.
Thank
ကျနော်လည်း ဆောင်းပါးရေးခါနီးရင် သင်ခန်းစာတွေကို ပြန်လေ့လာဖတ်ရှုရပါတယ် အချိန်ပေးရပေမယ့်အားပေးသူတွေရှိတော့ ပီတိဖြစ်ရပါတယ်
ကိုယ့်ရဲ့ စာဖတ်ပရိတ်သတ်က ကိုယ့်ရဲ့တွန်းအားပါ။ကျေးဇူးပါအစ်ကိုရေ။
ခုလိုပြောပြပေးတာကောင်းပါတယ်...စာရေးရမှာလည်းစိတ်ထဲပေါ့ပါးနေဖို့လိုတာပေါ့နော့...
ရေးစီးကြောင်းလေး အလိုက်သင့်ဖော်သလို ပေါ့ပါးစွာရေးသင့်ပါတယ်။ကျေးဇူးပါ ညီမ။
ဒီတစ်ခါတော့ ဘန်းကြီးမဝတ်ခိုင်းတော့ပါဘူးလေ
ဘုန်းကြီးစာ ရေးဘို့ သွေးနေတာ။
Pro တင်ခါနီးဆို အာ့လိုပဲ ဘာရေးရမှန်းမသိဘူး 😆😆
အရေးကြီးပြီဆို ခေါင်းက မထွက်တော့ဘူး။တစ်ခါတလေ Proတောင် နားချင်မိတယ်။ ဖြစ်တက်တာကို ရေးလိုက်တာပါ။စိတ်ကိုလျှော့ပြီးတစ်ခုခုကို ချရေးလိုက်တာနဲ့ auto ထွက်လာပါတယ်။ကျေးဇူးအစ်ကိုရေ။
အခုတောင် တွေးမိတာလေးရေးတာ😁
ညီရေးထားတာကောင်းပါတယ်။
ဆောင်းပါးကောင်းတစ်ပုဒ်ရေးနိုင်ဖို့ဆိုတာ ခုချိန်မှာခလေးတစ်ဖက်နဲ့ဆိုတော့ ညီမအတွက် အချိန်ရောဝမ်းစာရော အများကြီးလိုအပ်ပါသေးတယ်
ဒါပေမယ့် ရေးပြီဆိုရင်လည်း စာဖတ်သူအတွက် တစ်ခုခုကျန်ခဲ့စေမယ့် အကြောင်းအရာတွေကိုဘဲ အချိန်ပေးပြီး အားထည့်ရေးခြင်မိတာပါ
ယုံပါတယ် ။ညီမ Postတွေက သက်သေဘဲလေ။
ရေးခါနီး ဟိုဖတ်ဒီဖတ်လုပ်မှ အကြံကထွက်တာခက်နေတယ်
ဆောင်းတွင်း အင်ဂျင်နှိုး သလိုပေါ့၊
ကျွန်တော်ဆို post တင်ခါနီး အမြဲဖြစ်တယ် ရေးစရာမရှိလို့ 
အမှန် တော့ စိတ် ဖိအားပေးနေမိတာ
အေးဆေးရေးရင် ရေးနိုင်မှာပါ
ကျေးဇူးပါ အကိုမဟော်
အားလုံးအတွက်အကျိုးရှိတဲ့  post ကောင်းတစ်ခုပါ
ကိုတို့လည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်ရေးလိုက်တာပါ။ကျေးဇူးဘဲညီ။
Beep bop, this is @pushbot.
I just received a signal from the Mother Ship that you may require a push.
You just got a 10.40% upvote courtesy of @mahaw!
Message from the Mother Ship:
You can earn daily profit by delegating SP to make @pushbot stronger. Delegators receive a share in 95% of the earnings.
10 SP • 20 SP • 50 SP
100 SP • 200 SP • 500 SP
1000 SP • 2000 SP • 5000 SP
Any Other Amount