ဖိအား

in #myanmar6 years ago

FB_IMG_1524973561560.jpg

မင်္ဂလာပါ ချစ်‌မိတ်‌‌ဆွေအ‌ပေါင်းတို့။ ဘယ်‌အလုပ်‌မဆို ဘယ်‌အ‌ကြောင်းအရာမဆို ‌နေရာ‌ဒေသ ၊အချိန်‌အခါ ၊ ဖြစ်‌ပျက်‌‌နေတဲ့လက်‌ရှိအ‌ခြေအ‌နေ ‌ပေါ်မူတည်‌ပြီး ‌ရှေ့ဆက်‌လုပ်‌ကိုင်‌ကြရပါတယ်‌။ မှန်‌တာ‌ပြောရင်‌ ရင်‌ ရွာ့ပြင်‌‌ရောက်‌တယ်‌ဆိုတဲ့စကားကို ကျွန်‌‌တော်‌ မနှစ်‌သက်‌ပါဘူး။ မှန်‌တာ‌ပြောလို့ မဟုတ်‌ပါဘူး။ မ‌ပြောတတ်‌တာပါ။ ‌ကောင်းဘို့ ‌ပြောတယ်‌ဆို‌ပေမယ့်‌ ကိုယ်‌‌ပြောမှ ပိုဆိုးဆိုးသွားရင်‌‌တော့ ပြဿနာအနည်းငယ်‌‌တော့ ရှိ‌နေပြီ။ တင်‌ပြပုံဘဲ မှားယွင်း‌နေတာလား၊ ချဉ်းကပ်‌ပုံဘဲ လိုအပ်‌‌နေတာလား။ အများ‌ကောင်းဘို့ ‌ပြောတာဘဲ ၊ ‌ပြောသင့်‌ရင်‌ ‌ပြောရမှာဘဲ ၊တို့က ‌ပြောစရာရှိရင်‌ မည်‌သူ့ကိုမှ အားမနာတတ်‌ဘူးဆိုတာ‌တွေဟာ အပြည့်‌အဝမမှန်‌ကန်‌ပါဘူး။ စည်းရုံးမှုပညာရပ်‌ဆိုတာ အလကားရပ်‌တည်‌‌နေတာမှမဟုတ်‌ဘဲ။ ပထမအချက်‌ စည်းရုံး‌ရေး ‌ကောင်းဘို့ကို ချန်‌ခဲ့ပြီး ဘယ်‌‌လောက်‌မှန်‌တာ‌တွေတင်‌ပြတင်‌ပြ အရာမ‌ရောက်‌ပါဘူး။ အခန့်‌မသင့်‌ရင်‌ ပြဿနာ‌တောင်‌ ဖြစ်‌ပွားနိုင်‌‌စေပါတယ်‌။

images.jpeg

crd.org.source

ဒီလိုဖြစ်‌စ်‌စဉ်‌မျိုး‌တွေက ဖြစ်‌‌လေ့ဖြစ်‌ထရှိကြပါတယ်‌။ အဓိက ပြဿနာက မကိုင်‌တွယ်‌တတ်‌တာပါ။ မ‌ကောင်းတဲ့သူကို မ‌ကောင်းဘူး‌ပြောရုံနဲ့ တိုးတတ်‌မလာပါဘူး၊ သူကိုယ်‌တိုင်‌က ‌ပြောင်းလဲချင်‌စိတ်‌ ဖြစ်‌‌အောင်‌ ‌ပြောဆိုနိုင်‌မှ အရည်‌အချင်းပါ။ ဘာကိုသတိရမိလဲဆို‌တော့ ဝန်‌ထမ်း‌တွေမှာ ‌ဘေးတိုက်‌လိုက်‌တတ်‌တဲ့ လူတန်‌စား‌တွေပါ‌လေ့ရှိကြပါတယ်‌။ သူတို့ ‌ပြောဆိုတာ‌တွေကအမှန်‌‌တွေချည်‌ပါဘဲ။ ဒါ‌ပေမယ့်‌ အထက်‌နဲ့လည်းအဆင်‌မ‌ပြေ ‌အောက်‌နဲ့လည်းအ‌ဆင်‌မ‌ပြေ။ ‌ဝေဖန်‌တာ‌တွေ၊ကန်‌ကွက်‌တာ‌တွေ ၊စည်းကမ်းပိုင်း‌ထောက်‌ပြတာ‌တွေ အများအားဖြင့်‌ ‌ထောက်‌ပြ‌လေ့ရှိတယ်‌။ မမှန်‌ဘူးလားဆို‌တော့ မှန်‌ပါတယ်‌။ ဒါ‌ပေမယ့်‌ အားလုံးနဲ့အဆင်‌‌ပြေလားဆို‌တော့ မ‌ပြေ။ မိမိဖြစ်‌ချင်‌တာကို မတင်‌ပြတတ်‌ခြင်းဟာ အားနည်းချက်‌ ဖြစ်‌‌စေပါတယ်‌။ ဒီလို‌ပြောလို့ ‌ကောင်း‌စေချင်‌တဲ့သူကို အပြစ်‌တင်‌‌နေခြင်းမဟုတ်‌ပါ။ ဆိုလိုချင်‌တာက လုပ်‌နည်းလုပ်‌ဟန်‌ အချိန်‌အခါမကိုက်‌တာကို ‌ထောက်‌ပြတာပါ။
ကျွန်‌‌တော်‌တို့ စက်‌ရုံမှာ မနက်‌၈း၀၀ဆို တန်းစီရပါတယ်‌။ စည်းကမ်းရှိတဲ့ဝန်‌ထမ်းရှိသလို ‌နောက်‌ကျတဲ့ဝန်‌ထမ်း ၊ တန်‌စီးတာကို ပျက်‌ကွက်‌တဲ့ဝန်‌ထမ်း‌တွေလည်းရှိပါတယ်‌။ လူကြီး က စိတ်‌မကြည်‌လို့ ဆူ‌ငေါက်‌ကြရင်‌ စည်းကမ်းရှိတဲ့ ဝန်‌ထမ်း‌တွေဘဲ ဆူခံရတယ်‌။ ကြိတ်‌ခံရတယ်‌။ လူကြီးလမ်း‌ကြောင်းမှာ အလုပ်‌မလာတဲ့သူ က‌အေး‌အေး‌ဆေး‌ဆေးဘဲ ၊အလုပ်‌လာတက်‌တဲ့သူက‌တော့ ဆူခံရ ၊‌ငေါက်‌ခံရ ၊လုပ်‌ရပြီသာမှတ်‌‌ပေ‌တော့။ အခု‌ဆိုရင်‌ ပုံမှန်‌ postတင်‌တာဆိုလို ၁၀ ‌ယောက်‌‌လောက်‌ဘဲရှိပါတယ်‌။ ပွင့်‌ပွင့်‌လင်းလင်း‌ပြောရရင်‌ သိပ်‌မ‌ကောင်းဘူး‌ပေါ့ဗျာ။ ‌စာ‌ရေးဘို့ မအားတာလည်းဖြစ်‌နိုင်‌သလို ‌ရေးစရာ ကြပ်‌‌နေတာလည်းရှိမှာ‌ပေါ့။ ဒီ‌လောက်‌အ‌ခြေအ‌နေဆိုး‌နေပါတယ်‌ဆိုမှ ခ‌လေး‌တွေကို ဖိအား‌ပေးရင်‌ လုပ်‌နည်းလုပ်‌ဟန်‌ လွဲ‌နေ‌ကြောင်း ထ‌ပြောရခြင်းပါ။ ဒီလိုအချိန်‌မှာ ဘယ်‌လို‌ကောင်းတဲ့ အကြံပြုဖိအားမဆို မလိုချင်‌ပါဘူး။ MSCမှာ ဒီအချိန်‌ထိ အတူတူ တိုက်‌ပွဲ ဝင်‌တာနဲ့တင်‌ ‌ကျေးဇူးတင်‌ဘို့ ‌ကောင်း‌နေပါပြီ၊ ချီးကျူးဘို့ ‌ကောင်း‌နေပါပြီ။ အဓိက ခ‌လေး‌တွေထွက်‌ကြတာက ‌ဈေးကျလို့မဟုတ်‌ပါဘူး။ စာမ‌ရေးနိုင်‌‌တော့လို့ပါ။ ဘာမှမရတဲ့facebook ‌တောင်‌ ‌ရေး‌နေကြတာ။ facebook မှာက ဖိအားမရှိဘူး၊steemit မှာက ဖိအားရှိတယ်‌။ ဒါ‌ကြောင့်‌ အချိန်‌အခါကြည့်‌ပြီး ခ‌လေး‌တွေကို ဖိအားမ‌ပေးပါနဲ့လို့ ‌ပြောကြားရင်း နိဂုံးချုပ်‌လိုက်‌ပါတယ်‌။

MSC-228
@mahaw

Sort:  

မှန်ပါတယ်။steemitမှာက ဖိအားရှိပါတယ်။လူတကာဖတ်ဖို့ စာကောင်းတစ်ပုဒ်ရေးရတာ မလွယ်ပါဘူး။

Posted using Partiko Android

ဟုတ်‌ကဲ့ပါဗျ။‌ပေါ့‌ပေါ့ပါးပါး‌လေး ‌ရေးပါဗျာ။

ဖိအားများ​လေ​လေတွန်းကန်​​လေ​လေ​ပါ့
ဖိအားကိုမခံနိုင်​ရင်​​တော့​သေပြီဆရာပါ့

Posted using Partiko Android

ဖိအားက သူ့‌နေရာနဲ့သူဘဲ‌ကောင်းပါတယ်‌။

ကျုပ်တို့က​တော့ဖရီးဖရွတ်​ပါ့ ဘာမှအာယုံမထား ကိုယ်​ ကြိုက်​တာကို​ရေး အချိန်​တန်​ ဘုပ်​မန့်​​ပေးမယ်​ သူများအဖွဲ့​တွေ ကို့်​ယ့်​အဖွဲ့​လောက်​အင်​အားမ​ကောင်းဘဲလူ​တွေညီ​နေကြတယ်​ ဒို့အဖွဲ့ကလည်း
ရှေ့သို့လှမ်းချီ MSC​ပေါ့

ကျွန်‌‌တော်‌တို့လည်း ညီ‌အောင်‌ လုပ်‌ရမှာ‌ပေါ့ဗျာ။

အမှန်ပါဘဲ ။

‌ကျေးဇူးပါကိုဒို။

ကောင်းလှပါတယ်အစ်ကို။မန်ဘာဝင်တွေရဲ့ အကြံညဏ်ကောင်းတွေဟာ အဖွဲ့အစည်းတစ်ခုအတွက် လိုအပ်သောအချက်ပါ။အစ်ကိုရဲ့ အဖွဲ့အစည်းပေါ်ထားတဲ့ စေတနာကိုလည်း တွေ့မြင်နေရပါတယ်ခင်ဗျာ။ဖိအားဆိုတဲ့နေရာမှာ ကိစ္စရပ်တစ်ခုကို အောင်မြင်အောင် ဖော်ဆောင်လုပ်ကိုင်ကြတဲ့အခါ ဖိအားတွေကတော့ ရှိနေနိုင်တာပဲလေ။ဘယ်လိုဖိအားမျိုးတွေက မန်ဘာတွေ အထွက်များစေတာလဲ ဆိုတာ သိချင်ပါဘိ။နောက်တာနော်အစ်ကို။ပျော်ရွှင်ပါစေခင်ဗျာ။

အားလုံး‌ပျော်‌ရွင်‌စွာ စည်းစည်းလုံးလုံး‌လေး ဖြစ်‌‌စေချင်‌လို့ပါ။

ဟုတ်​ကဲ့...ဆက်​ပြီး​ရှေ့ဆက်​လှမ်းပါ့မယ်​...ဖိအားကိုကြိုးစားဖို့တွန်းအားအဖြစ်​သက်​​ရောက်​သွားရင်​လည်း​ကောင်းပါတယ်​...

Posted using Partiko Android

ယုံကြည်‌ပါတယ်‌ညီမ။

ဖိပါများရင် ပြားသွားတတ်တယ်

Posted using Partiko Android

ထို့‌ကြောင့်‌ ဖိအား‌လျှော့ဖို့ကြိုးစား‌နေပါတယ်‌ဗျာ။

အခြေအနေနှင့်အချိန်အခါ အလိုက်...ကောင်းပါတယ်
ထိတယ်ဗျာ

Posted using Partiko Android

‌ကျေးဇူးပါကိုဟိန်း။

အမှန်တော့ ဘယ်သူကမှ ဘယ်သူ့ကိုမှဖိအားမပေးပါ ၊သို့သော်လည်း ဒီစကားလုံးလေးမြင်တိုင်း ငါ့ကိုပြောပြန်ပြီလို့ ထင်နေတာက... ခက်နေတာ တကယ်က ဒီပို့စ်ကို english လိုရေးခဲ့တာ ဘာမှလည်းမဖြစ်ခဲဘူး၊ဘယ်သူမှလည်းမပြောခဲ့ဘူး ။မြန်မာပြန်လိုက်ကာမှ ကိုယ့်ပြောပြန်ပြီထင်နေတော့ ငါတောင်စာရေးရကျပ်လာပြီ၊ပြောရရင် သူများရေးတာ ငါမဝေဖန်ပဲ ငါ့ကိုဟိုလိုမရေးပါနဲ့ ဒီလိုမရေးပါနဲ့ဆိုပြီးဖိအားလာပေးနေကြတာလား

Posted using Partiko Android

ကျွန်‌‌တော်‌ဒီpostကို‌ရေးတာ အ‌ကြောင်းရှိပါတယ်‌ဦးမင်း။ အေ ခြအ‌နေက ဆိုးသထက်‌ဆိုးလာလို့ပါ ။ဦးမင်း မရည်‌ရွယ်‌ဘဲ ‌ရေးခဲ့တာကို ကျွန်‌‌တော်‌ယုံကြည်‌ပါတယ်‌ ။ဒါ‌ပေသိ ဦးရဲ့ က‌လောင်‌က ကျတဲ့‌ဆေးစက်‌က ခ‌လေး‌တွေကို ထိတ်‌လန့်‌‌စေတယ်‌။ အရိုက်‌ခံရတဲ့ ခ‌လေးဟာကြိမ်‌လုံး မြင်‌တိုင်းကြိမ်‌သံကြားတိုင်း လန့်‌တတ်‌တာ သဘာဝပါ ။ဒီကိစ္စမှာ ဦးမမှားပါဘူး ။မသိသလို‌နေ‌ပေးဖို့ဘဲ ‌တောင်းဆိုပါရ‌စေ ။ ကျွန်‌‌တော့်‌ရဲ့ ‌ရေးသားချက်‌ အမှားပါခဲ့ရင်‌ ‌တောင်းပန်‌ပါတယ်‌။အားလုံး စည်းစည်းလုံးလုံး ဖြစ်‌‌စေချင်‌ပါတယ်‌ဦး။

မိမိလိုတဲ့အကြောင်းအရာကို တင်ပြသွားတာ မိုက်တယ်

Posted using Partiko Android

‌ကျေးဇူးပါ ကို‌အေး ။

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63630.04
ETH 2656.44
USDT 1.00
SBD 2.81