MSCရဲ့‌ခေါင်း‌လောင်းသံ

in #myanmar6 years ago

FB_IMG_1524973561560.jpg

မင်္ဂလာပါ ချစ်‌မိတ်‌‌ဆွေတို့။ 19.8.2018 တနင်္ဂ‌နွေ‌နေ့ ည ၈း၀၀မှာ MSC အစည်းအ‌ဝေး ကျင်းပခဲ့ပါတယ်‌။ ပုံမှန်‌အစည်းအ‌ဝေးထက်‌ နက်‌နဲတဲ့ အစည်းအ‌ဝေးပါ။ ရှင်းရှင်း‌ပြောရရင်‌ MSC ရဲ့ အနာဂတ်‌ကို အ‌ဖြေထုတ်‌မယ့်‌ အစည်းအ‌ဝေးဆိုရင်‌ မမှားပါဘူး။ ဘာ‌ကြောင့်‌ ဒီလို‌ပြောရလည်းဆိုရင်‌ ကျွန်‌‌တော်‌တစ်‌ချက်‌ခြင်း ‌ဆွေး‌နွေးတင်‌ပြပါ့မယ်‌။
meeting.jpg
crd.org.source

ကျွန်‌‌တော်‌တို့ရဲ့ MSC ချစ်‌မိတ်‌‌ဆွေmember ‌တော်‌‌တော်‌များများ မ‌နေ့က အစည်းအ‌ဝေးမှာ မတက်‌‌ရောက်‌ဖြစ်‌ကြဘူး။ အ‌ကြောင်းအမျိုးမျိုးရှိ‌ပေမယ့်‌ ယခု Post‌လေး‌တော့ ‌တွေ့‌စေချင်‌တယ်‌။ မ‌နေ့က အစည်းအ‌ဝေးဟာ ပုံမှန်‌ အစည်းအ‌ဝေး မဟုတ်‌ပါဘူး။ အဖွဲ့အစည်း တိုးတက်‌ရာတိုးတက်‌‌ကြောင်း ဖြစ်‌‌စေဘို့ leaderနဲ့ adm များဟာ planအသစ်‌ စည်းကမ်းချက်‌အသစ်‌‌တွေ ချမှတ်‌ခဲ့ပါတယ်‌။ ဖြစ်‌‌ပေါ်လာတဲ့အ‌ခြေအ‌နေ‌ပေါ်မူတည်‌ပြီး ‌ခေါင်း‌ဆောင်း‌တွေလည်း အ‌ကောင်းဆုံးလုပ်‌‌နေရတာပါ။ ဆိုလိုချင်‌တာက လိုအပ်‌မယ်‌ထင်‌လို့ လုပ်‌ကြတာပါ။plan တစ်‌ခုဟာ ‌ကောင်းခြင်း ဆိုးခြင်း ဆိုတာ ဒွန်‌တွဲ‌နေမှာပါ။အ‌ရေးကြီး ဆုံး အချက်‌ကို ကျွန်‌‌တော်‌‌ပြောပါ‌တော့မယ်‌။ smart card မလုပ်‌တာနဲ့ မိတ်‌‌ဆွေကို MSC ကထုတ်‌ပယ်‌ပြီးသား ဖြစ်‌သွားပါလိမ့်‌မယ်‌။‌နောက်‌တစ်‌‌ခေါက်‌ထပ်‌‌ပြောပါ့မယ်‌၊MSC smart cardနဲ့ အတူ လူ‌တွေ ဖြုတ်‌ထုတ်‌သတ်‌လုပ်‌ပါ‌တော့မယ်‌။ MSC ရဲ့မဟာ အ‌ပြောင်းအလဲ ကြီးကို ဒီအချိန်‌ ဒီအခါမှာ လုပ်‌ရတာဟာ စွန့်‌စားရာ‌တော့ကြတယ်‌။ ဒါကလည်း အဖွဲ့အစည်းတိုးတက်‌ရာတိုးတက်‌‌ကြောင်းအတွကိ leaderကိုယ်‌တိုင်‌ ဆုံးဖြတ်‌လိုက်‌တာပါ။activeမဖြစ်‌သူများ‌တော့ နိုင်‌ငံခြားရpro ကိစ္စမှာကြ မျက်‌နှာပျက်‌စရာ‌တွေ ဖြစ်‌လာတယ်‌‌လေ။ အကျိုးအမြတ်‌ရမှထ‌ရေးတာတို့ ‌ဈေးတက်‌မှ ထလုပ်‌တာတို့က member‌တွေလုပ်‌လို့ရ‌ပေမယ့်‌ နိုင်‌ငံခြားproယူထားတဲ့ leader ကြ အဲ့ဒလို လုပ်‌လို့မရဘူး‌လေ။ ‌နောက်‌ပြီး leader က pro တိုးတက်‌မှုနှုန်းအတွက်‌ report ‌ရေးရပါတယ်‌။သူများဆီက အကူအညီယူထားရတာဆို‌တော့ လုပ်‌ငန်းစဉ်‌‌လေး‌တွေ အစီအရင်‌ခံရပါတယ်‌။ activeမဖြစ်‌တဲ့သူ များ‌တော့ Pro listစာရင်းဟာ leaderအတွက်‌ မျက်‌နှာပျက်‌စရာဖြစ်‌လာပါတယ်‌။‌ဈေးကျလို့ proမယူ‌သေးဘူးဗျာ ‌ဈေးတက်‌မှpro ‌ပေးပါလို့ member ‌တွေလုပ်‌သလို သူ့မှာ လုပ်‌လို့မရပါဘူး။ MSCရဲ့အချက်‌‌ပေး‌ခေါင်း‌လောင်းသံကြီးကို မထိုးချင်‌ဘဲ ထိုးလိုက်‌ရတာပါ။ ‌ခေါင်း‌ဆောင်‌နဲ့ လူကြီး‌တွေက မလုပ်‌ချင်‌ထွက်‌သွားပုံစံမျိုးနဲ့ ဒီစည်းကမ်းချက်‌ကို ထုတ်‌ရတာမဟုတ်‌တဲ့အ‌ကြောင်းရှင်းပြတာပါ။ ‌ရောင်းသူဝယ်‌သူ အသံတူ ဆိုတာရှိ‌တော့ မလုပ်‌ချင်‌ထွက်‌သွားဆို ထွက်‌တယ်‌ကွာ ၊ကြီးကြီးကျယ်‌ကျယ်‌‌တွေလာလုပ်‌‌နေတယ်‌လို့ ဖြစ်‌မှာစိုးရိမ်‌လို့ ကျွန်‌‌တော်‌ရှင်းပြရခြင်းဖြစ်‌ပါတယ်‌။မိတ်‌‌ဆွေတို့ကိုနှင်‌ထုတ်‌‌နေခြင်းမဟုတ်‌ပါ ၊‌ရှေ့ဆက်‌ရမယ့်‌PLAN ၊လက်‌ရှိအခက်‌အခဲအတွက်‌ စု‌ပေါင်းအားကို ‌ပေါင်း‌ဖော်‌‌နေခြင်းသာဖြစ်‌ပါတယ်‌။
images.jpeg
crd.org.source

Member အင်‌အား 300 ‌ကျော်‌ကို proတင်‌တာ တစ်‌‌နေ့ ၁၀‌ယောက်‌ဆို‌တော့ စဉ်းစားသာကြည့်‌‌ပေ‌တော့။ active ဖြစ်‌ခြင်း မဖြစ်‌ခြင်းထက်‌ ဆက်‌လုပ်‌ကိုင်‌လို မလုပ်‌ကိုင်‌လိုကို Smart card နဲ့ စီစစ်‌လိုက်‌တဲ့သ‌ဘောပါ။ဒီလိုလုပ်‌မှလည်း ပြုလုပ်‌ချင်‌သူနဲ့ မလုပ်‌‌တော့တဲ့သူ ကွဲကွဲ ပြားပြား သိမှာ‌လေ။ ‌ရှေ့ဆက်‌ရမယ့်‌ အစီအစဉ်‌ ‌တွေဆွဲရမှာ ဖြစ်‌တဲ့အတွက်‌ smart card အချက်‌အလက်‌‌ပေးဘိုကို တစ်‌ပတ်‌ဘဲအချိန်‌‌ပေးပါ‌တော့တယ်‌။ ‌တောင်းထားတာလည်း ကြာပြီ‌လေ။ ထို့‌ကြောင့်‌ ကိုယ့်‌groupရဲ့sl‌တွေကို အချက်‌အလက်‌နဲ့ ဓာတ်‌ပုံ‌တွေကို အမြန်‌ဆုံးပို့ကြပါလို့ ‌တောင်းဆိုပါတယ်‌။ ‌နောက်‌ပြီး smart card ရတာ ဂုဏ်‌ယူစရာပါ။Standardဆိုတာကို ပုံ‌ဖော်‌‌နေတဲ့သ‌င်္ကေတ‌လေးပါ။ ကဒ်‌‌လေးရ‌တော့ မိတ်‌‌ဆွေ‌တွေနဲ့ မိသားစုဝင်‌‌တွေကို ထုတ်‌ပြလို့ရသလို့ ကြွားလို့လည်းရတာ‌ပေါ့။ please sl‌တွေက ကိုယ့်‌member‌တွေကို တစ်‌‌ယောက်‌ခြင်းဆီစာပို့‌ပေးပါ။ smart card ‌ဒေတာမ‌ပေးရင်‌ MSC က ထုတ်‌ပြီးသားဖြစ်‌သွား‌စေတဲ့အ‌ကြောင်း ညင်‌သာစွာနားလည်‌‌အောင်‌ ထပ်‌‌ဆော်‌သြ‌ပေးပါလို့ ဒီ‌နေရာက ‌တောင်းဆိုပါရ‌စေ။ ‌နောက်‌စည်းကမ်းပိုင်းဆိုင်‌ရာ‌တွေကို လူကြီးပိုင်း‌တွေ စာထွက်‌ ပါလိမ့်‌မယ်‌။
မိဘတိုင်းဟာ သားသမီးတိုင်းကို မရိုက်‌နက်‌၊ မဆူ‌ငေါက်‌ ၊မနှင်‌ထုတ်‌ချင်‌ပါဘူး။ လိုအပ်‌လာလို့ ‌‌ပြောဆိုရတာပါ။ဒီ‌နေရာမှာ ဖြစ်‌တတ်‌တာ‌လေးတစ်‌ခု‌ပြောချင်‌ပါတယ်‌။ မိဘ‌တွေဟာ သားသမီးကို လိုအပ်‌လို့ ဆိုဆုံးမတဲ့‌နေရာမှာ ခ‌လေးအရွယ်‌ဆို နာခံကြ‌ပေမယ့်‌ ကြီး‌ကောင်‌ဝင်‌ရင်‌ ပြန်‌‌ပြောတာတို့ အိမ်‌ကထွက်‌သွားတာတို့ လုပ်‌ချင်‌ကြတယ်‌။တစ်‌ခုခုဆို ‌ခြေရာတိုင်းလာကြတယ်‌။ သူတို့အတွက်‌‌ပြောတာကို အသိမဝင်‌ဘဲ လက်‌တ‌လောရိုက်‌နှက်‌‌ပြောဆိုမှုကိုဘဲ အပြစ်‌မြင်‌ကြတယ်‌။ ငါ ထွက်‌လို့ ရတာဘဲ ၊ထမင်း‌လောက်‌‌တော့ ရှာ‌ဖွေစား‌သောက်‌လို့ရတာဘဲဆိုပြီး အိမ်‌ကထွက်‌သွားချင်‌ကြတယ်‌။မိတ်‌‌ဆွေတို့ဟာ အတိုင်းအတာတစ်‌ခုအားဖြင့်‌ လူကြီးပိုင်း‌ရောက်‌ပါပြီ။ တစ်‌ခုခု ဆုံးဖြတ်‌တဲ့‌နေရာမှာ ခ‌လေးအ‌တွေးမ‌တွေးပါနဲ့။ အခုလိုအချိန်‌မှာ ကိုယ်‌ဘာသာလုပ်‌လည်းရ‌နေတာဘဲ၊ မင်းတို့စည်းကမ်း‌တွေ အာရုံ‌နောက်‌တယ်‌၊ကိုယ့်‌ဘာသာ လုပ်‌ချင်‌လုပ်‌မယ်‌လို့ မဆုံးဖြတ်‌သင့်‌ဘူး။တာဝန်‌နဲ့ဝတ္တရားဆိုတာ လူပီသတဲ့သူတိုင်းမှာ ရှိရမယ့်‌တရားပါ။ အချိန်‌တန်‌လို့ ‌ခြေကန်‌ရင်‌‌တော့ ထိုသူဟာဘာလဲဆိုတာ မြင်‌သာပါတယ်‌။ဘယ်‌လိုအ‌ကြောင်းနဲ့မှ ကျွန်‌‌တော်‌ တို့ရဲ့MSC member ‌တွေကို မ‌လျော့‌စေချင်‌တာပါ။ ကျွန်‌‌တော့်‌စေတနာကို စကား‌လေး‌တွေက‌ဖော်‌ပြ‌နေတာမိတ်‌‌ဆွေတို့ မြင်‌မှာပါ။
အချုပ်‌‌ပြောရရင်‌ leaderနဲ့ adms ‌တွေလည်း မိဘကဲ့သို့ လုပ်‌သင့်‌လို့ လုပ်‌ချိန်‌တန်‌လို့ ဒီစည်းမျဉ်းကို ထုတ်‌ရတာပါ။ မိတ်‌‌ဆွေတို့လည်း MSC Smart Card ကို လုပ်‌ဖြစ်‌‌အောင်‌လုပ်‌ကြပါလို့‌ပြောကြားရင်း နိဂုံးချုပ်‌လိုက်‌ပါတယ်‌။
အားလုံးဘဲကျန်းမာချမ်းသာကြပါ‌စေ။

MSC-228
@mahaw

Sort:  

MSC တိုးတတ်ရေး လူညီစိတ်ညီရွေး

ဟုတ်‌ကဲ့ ကိုဟိန်း။‌ကျေးဇူးပါ ဗျာ။

MSC Smart Card
လုပ်ကြရမှာပေါ့ဗျာ

အတူတူကြိုးစားကြတာ‌ပေါ့ဗျာ။‌ကျေးဇူးပါ bro.

ကောင်းပါတယ်၊လူစစ်သွားတာပေါ့

ဟုတ်‌ကဲ့ ဆရာ။‌နေ‌ကောင်းသွားပြီလား ဆရာ။ကျန်းမာပါ‌စေလို့ ဆု‌တောင်းလိုက်‌ပါတယ်‌။

အ​စောကြီးကတည်းကdata​ပေး ပြီးပါပြီရှင်​။

ဟုတ်‌ကဲ့ အမြဲactive ဖြစ်‌တဲ့ မမကိုသတိထားမိပါတယ်‌။

ပုံလှလှလေးမရိုက်ရသေးလို့ data မ ပို့ရသေးဘူး 😁

bro က လှပြီးသားပါ။

card လုပ်ကြမယ်

ဟုတ်‌ကဲ့ bro.

Smard card လုပ်ဖို့ dataပေးပြီးပါပြီ။

ဟုတ်‌ကဲ့ပါ ခင်‌ဗျ၊‌ကျေးဇူးပါဗျ။

Msc အစည်းအဝေးနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာရေးသားထားတဲ့ ပိုလ့်ပါဘဲ

မိတ်‌‌ဆွေ‌တွေ ကျန်‌ခဲ့မှာလည်း စိုးရိမ်‌တယ်‌၊မလုပ်‌လို့လည်း မဖြစ်‌ဘူး‌လေ။ အမြင်‌‌လေး‌တွေ ရှင်း‌စေချင်‌တယ်‌။

ကျေးဇူးတင်ပါတယ်ဗျာ

ရပါတယ်‌ ဦးစိုးကလည်း ၊ေ ပြာစရာမဟုတ်‌တာ။

လုပ်ကြရမှာပေါ့ဗျာ

အတူတူ ‌ရှေ့ဆက်‌ကြိုးစားကြတာ‌ပေါ့။

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 63725.17
ETH 2619.74
USDT 1.00
SBD 2.82