MSC ကျောင်းတော်ကြီး
မင်္ဂလာပါ မိတ်ဆွေတို့ ။
လူတိုင်းလူတိုင်းဟာ အလုပ်တစ်ခုကို လုပ်တဲ့နေရာမှာ အကျိုးတရားပိုင်းကို မျှော်လင့်ကြစမြဲပါ။ ဒါဟာလည်းသဘာဝကြပါတယ်။ ဟုတ်ပြီ အကျိုးတရားပိုင်းကို ဆွေးနွေးကြည့်ရအောင်။ အကျိုးတရားဟာ ငွေးကြေး အသိပညာ အတတ်ပညာ မိတ်ဆွေ စီးပွားရေးအခွင့်အလမ်း ချစ်ခင်ဖေးမမှု အစရှိသဖြင့် မြောက်များစွာရှိပါတယ်။ ကျွန်တော်တို့  MSC မှာ စုပေါင်းပြီး steemitကို လုပ်ကိုင်ကြပေမယ့် အကျိုးအမြတ်ကို steemit တစ်ခုတည်းနဲ့ တန်ဘိုးဖြတ်လို့ မရပါဘူး။ နောက်ပြီး ငွေကြေးတစ်ခုတည်း တန်ဘိုးဖြတ်ရင်လည်း မမှန်ကန်ပါဘူး။ တကယ်တမ်းပြောရင် အကျိုးတရားဆိုတာ မြင်နိုင်တာပါသလို မမြင်နိုင်တာပါ ပါတယ်။
ဥပမာတစ်ခုပေးချင်ပါတယ်။ ကျွန်တော်တို့ ကျောင်းတက်တာဟာ ပညာသင်ဘို့ ရည်ရွယ်ချက်တူတွေ စုပေါင်းပြီး လာဆုံကြတာပါ။ ကောလိပ်တွေ တက္ကသိုလ်တွေတက်တာလည်း ပညာတတ်ဘို့  ဘွဲ့ တစ်ခုရဖို့  လာရောက်ပြီး တက်ကြတာပါ။ရည်ရွယ်ချက်ကတော့ ဘွဲ့ ရဖို့  ပညာတတ်ဖို့ ပါ။ ကျောင်းမှာအတူတူတက်ရင်း သူငယ်ချင်းတွေ ဖြစ် ဘဝလက်တွဲဖော်တွေဖြစ် လာကြပါတယ်။ ကျောင်းမပြီးဘဲ ဘွဲ့ မရဘဲထွက်သွားတာတောင် ငယ်သူငယ်ချင်းအဖြစ် မိတ်ဆွေကောင်းအဖြစ် ဆက်လက်ရပ်တည်ကြပါတယ်။ ကျောင်းတတ်တာကို ပညာရေးတစ်ခုတည်း အကျိုးတရားပိုင်းကို တန်ဘိုးဖြတ်လို့ မရပါဘူး။ ဗိုလ်ချုပ် ပြည်သူချစ်သောနိုင်ငံ့ခေါင်းဆောင်ဖြစ်တာဟာ ကျောင်းတတ်ခဲ့လို့ ပါ။ ဗိုလ်ချုပ် တက္ကသိုလ်တက်တာကို ပညာရေးတစ်ခုတည်းနဲ့ တန်ဘိုးဖြတ်ရင် မှားသွားမှာပေါ့။ တက္ကသိုလ်ကျောင်းကြီးမှာ ပညာရေး ထက်ကောင်းတဲ့ တန်ဘိုးမဖြတ်နိုင်တဲ့ အကျိုးတရားအခွင့်အလမ်းတွေ မြောက်များစွာရှိပါတယ်။ မြင်ရတဲ့ အကျိုးတရားတွေ ရှိသလို မမြင်ရတဲ့ သိမ်မွေ့ တဲ့အကျိုးတရားတွေလည်းရှိပါတယ်။ ရေးမယ်ဆို ကုန်နိုင်စရာ မရှိပါဘူး။ ကျွန်တော်ဆိုလိုချင်တာကို မိတ်ဆွေတို့  သဘောပေါက်မယ် ထင်ပါတယ်။
ဒီလိုဘဲ ကျွန်တော်တို့ MSC ကျောင်းတော်ကြီးမှာ ရည်ရွယ်ချက်တွေတူလို့  စုပေါင်းဖြစ်ကြတယ်။ အတူတူလုပ်ကိုင်ဖြစ်ကြတယ်။ ကျောင်းမှာ စာသင်ချိန်ပြေးပြီးတောင် ကဲကြသေးတာဘဲ။ စာမရေးလည်း သူငယ်ချင်းပါဘဲ post မတင်လည်း မိတ်ဆွေလို ကဲချင်တယ်ဗျာ။ MSC ကို steem ဈေးတစ်ခုတည်းနဲ့ တန်ဘိုးမဖြတ်ကြပါနဲ့ ။ ကျောင်းတော်ကြီးမှာ ကျောင်းမပြီးလို့ ထွက်သွားလည်း သူငယ်ချင်းက သူငယ်ချင်းပါဘဲ။ ဒီလိုဘဲ MSC ကျောင်းတော်ကြီးမှာလည်း အကြောင်းအမျိုးမျိုးကြောင့်ထွက်သွားလည်း သူငယ်ချင်းက သူငယ်ချင်းလို ဖြစ်စေချင်တယ်ဗျာ။ steemit မလုပ်တာနဲ့  MSC မှာ လက်တွဲခဲ့တာတွေကို ခဝါမချစေချင်တာ ကျွန်တော့်ရင်ထဲက ဆန္ဒပါ။ ဈေးကျလို့ မရေးချင်တောင် MSCမှာ ကျောင်းတတ်စေချင်မိတယ်။ ကျွန်တော်တို့ လည်း ကျောင်းသွားပြီး အတန်းလစ်ခဲ့တာပါဘဲ။ စာသင်ခန်းတော့ မဝင်ဘူး ကဲန်တင်းတော့ ထိုင်ဖို့ သွားပါတယ်။ သယ်ရင်းတို့ လည်း လောလောဆယ်စာမရေးချင်တောင် MSC ကဲန်တင်းတော့ လာစေချင်တယ်။ရင်းနှီးမှုတိုးအောင် ဗရုတ်ကြ ကြတာပေါ့။ ကံကောင်းရင် ဘဝလက်တွဲဖော်တောင် ရနိုင်တယ်နော်။ ယခင်တုန်းက ကျွန်တော်တို့ G3 မှာပွဲစည်တာ အကြောင်းရှိတယ်။ ငယ်ငယ်ချောချောလေးတွေရှိတော့ noti တွေ တစ်တောင်တောင်ပေါ့ဗျာ။ စာသင်ခန်းမလာပေမယ့် G3 ကဲန်တင်းတော့လာကြတယ်။ လူစည်တော့ ပျော်စရာကောင်းတာပေါ့။ ကိုဒွန့်ကို အကြံပေးရဦးမယ်။ ငယ်ငယ်ချောချောလေးတွေ memberထဲထည့်ပေးပါလို့ ပြောရဦးမယ်။ ပထမ G3 နောက်G2 ပြောင်းတဲ့အထိ ပွဲစည်ခဲ့တယ်။ ရယ်စရာ အဖြစ်ပြောတာပါ။ ဘယ်လိုဘဲဖြစ်ဖြစ် လူစည်ဘို့ အရေးကြီးတယ် ထက်သန်တက်ကြွနေဖို့ အရေးကြီးပါတယ်။ ကျောင်းပြီးပေမယ့် ကိုယ့်ဘဝတက်လမ်း အလုပ်အကိုင်အတွက် ကျောင်းတုန်းကသူငယ်ချင်းတွေန့ဲ ချိတ်ဆက်ပြီး လုပ်ကိုင်ကြ အောင်မြင်ကြတာ ဒုန့ဲဒေးပါ။ MSC ကျောင်းတော်ကြီးကိုလည်း ထိုနည်းအတိုင်း အကောင်အထည်ဖော်ချင်တာ။ ကဏ္ဍစုံချိတ်ဆက်လုပ်ကိုင်စေချင်တယ်။ စာ ရေးတာ postတင်တာက တစ်ပိုင်း ဘဝအတွက်ကွက်လပ်တွေက တစ်ပိုင်းပေါ့။ တစ်ခုတော့ရှိတာပေါဗျာ။အတန်းလစ်တယ်ဆိုပေမယ့် ကျောင်းခေါ်ချိန်လေးတော့ ဂရုစိုက်ရတာပေါ့နော့်။ MSC ကျောင်းတော်ကြီး မွမ်းမံအဆင့်မြှင့်တင်ဖို့  မိတ်ဆွေတို့ လည်း အကြံဉာဏ်လေး ရေးခဲ့ပါဦးလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
MSC-228
@mahaw
Msc က စည်းကမ်းကြီးတယ်ဗျ😁
Pro မတင်တော့ comment မပြောနဲ့ upvote တောင် မလာချင်ဘူးရယ်😁
အပြင်လူတွေကမှ အသွားအပြန် ပိုရှိသေးဗျ😁
ကိုယ်တော့ လုပ်စရာရှိတာ လုပ်ဆဲပါပဲ😁
Posted using Partiko Android
cmက MSC တစ်ခုတည်းမဟုတ်ပါဘူး ကိုဟိန်းရေ။ Steemit တစ်ခုလုံးပါ။ fbနဲ့ steemit ကွာခြားချက်ကို post တင်ထားပါတယ်။ MSC ကစည်းကမ်းကြီးလို့ မဟုတ်သလို ဒါတွေဟာ လူ့ သဘာဝပါ။ နောက်ပြီး my feedကို မကြည့်ဖြစ်တာလည်းပါ ကြမှာပါ။ postတင်တဲ့သူက နေ့ စဉ်တင်တဲ့ လူနည်းစုဘဲရှိတော့် my feedဆီ အရောက်နည်းကြတာလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲပြောပြော MSC မှာ cm voteထက် တန်ဘိုးရှိသောအရာတွေကို ဖော်ထုတ်ချင်ပါတယ်။ ကိုဟိန်းက စိတ်ပညာပိုင်း တက်ကျမ်းပိုင်း ကျွမ်းကျင်တော့ အားကိုးပါတယ်ဗျာ။ MSC ကျောင်းတော် ကြီးဟာ ပညာတစ်ခုတည်း ရတဲ့နေရာမဟုတ်ပါဘူး။ cm voteကိစ္စက ကိုဟိန်းတစ်ယောက်တည်း ဖြစ်တာမဟုတ်ပါဘူး။ MSC တစ်ခုတည်းလည်းဖြစ်တာမဟုတ်ပါဘူး။ ဒါက Steemit ရဲ့သဘာဝပါ။ ကိုဟိန်းနဲ့  ရှေ့ဆက် စီးပွားရေး လုပ်စရာရှိပါတယ် ။နောက်မှအေးအေးဆေးဆေးဆွေးနွေးတာပေါ့။ယခုထိရှိပေးလို့ ကျေးဇူးတင်ပါတယ်ကိုဟိန်း။
လူတွေရဲ့ သဘောထားကို ဖွင့်ကြည့်ကြည့်ရတာပေါ့😁
MSC က ပရို ရနေတော့ အပြန်အလှန် လေးစားအားထုတ်မှုမှာ အခြားလူတွေအော့ လျော့ကျနေသလိုပဲ ထင်တယ်။😁
Posted using Partiko Android
ကိုဟိန်းရေ ကိုဟင့် post တောင် ဘယ်နှစ်ယောက် cm vote လာလို့ လဲ။ မလာချင်လို့  မလာကြတာကို မပြောတာဘဲ ကောင်းပါတယ်။ ကိုယ်ပေးတာက ကိုယ့်အပိုင်း ကိုယ့်သမိုင်းပေါ့ ကိုဟိန်းရာ။
အဲ့ မငယ်လဲ ကျနော်ချောမိတာ အပြစ်လားဗျာ
ကိုသက်လာရင် ပွဲစည်တာ ဒါကြောင့်ကိုး။
အကြံပေးရှင်းပြတာကျနော် ရေးတော့ကိုဒွန်ပနာမည်ပဲ မကျေနပ်ဘူး
@donjaun ဆိုတဲ့ကွီးက စာလုံးပေါင်းမမှန်တဲ့သူကြီးဗျ
အချောအလှကြ ကိုသက်က မရွေးတတ်လို့ ပါ ဟဲဟဲ။ဒါမျိုးက လူပျိုတွေ ရွေးခိုင်းတာ ပိုမိုက်တယ်လေ။ ကိုသက်က အိမ်ထောင်သည်နဲ့ အသက်ကြီးသူဘဲရွေးတာကိုး ဟားး။
ပြော ပြလိုက်စမ်းပါ ကိုမဟော်ရယ် 😂
ဒါပဲလေ ရတာအမြတ်တွေကြီးပဲ ရင်ခုန်သံတွေတူနေကြမှာပါ
ဟုတ်ဦးထွေး ။ ကျေးဇူးပါ။
စာလိုက်မလုပ်နိင်ပေမဲ့ကျောင်းခေါ်ချိန်ပြည့်နေစေချင်တဲ့သဘောပေါ့နော့....
Posted using Partiko Android
ကျောင်းခေါ်ချိန်ပြည့်ရင် လူစည်တာပေါ့ နော်။ မယွန်းတို့ ကို အားကိုးရမှာဘဲ။
ဘယ်လိုဖြစ်နေနေ စိတ်ညိမ်တာပေါ့ ဗျာ
ကျေးဇူးပါဦးယု။
နေရာတိုင်းမှာ အဖော်ကောင်းလိုပါတယ်
Posted using Partiko Android
ပျော်ပျော်ရွှင်ရွှင် ကျောင်းတက်ကြပါစို့ဗျာ။
လိုအပ်နေတာလေးကို ဖြည့်စွပ်ကြရအောင်ဗျာ။
G1 က အခု သရဲခြောက်နေပြီ G3 က အခုထိရှိသေးလား
Posted using Partiko Android
Pro နေ့ စဉ်တင်သူ တော်တော်များများ ယခင် G3 ယခု G2 သူတွေများတယ်။ ဦးယု ကိုချမ်းအေး ကျွန်တော် ကိုလွမ်းဝေ ကိုသက်နိုင်မင်း ဝင်းကိုကိုအောင် မယွန်း မယ်ကြည်။ active အဖြစ်ဆုံးအဖွဲ့ လေးပါ။