မနားစတမ်း

in #myanmar6 years ago

FB_IMG_1524973561560.jpg

မင်္ဂလာပါ ချစ်‌မိတ်‌‌ဆွေ အ‌ပေါင်းတို့။ အမှန်‌အတိုင်း‌ပြောရရင်‌ ကျွန်‌‌တော်‌ဒီရက်‌ပိုင်း မအားဘူး။ အခုတစ်‌‌လော စက်‌ရုံမှာ ကားနဲ့ပက်‌သက်‌တဲ့ပညာရပ်‌‌တွေကို sharing လုပ်‌‌နေကြတယ်‌။ ‌လော‌လောဆယ်‌ ကားလျှပ်‌စစ်‌ပိုင်းကို စာ‌တွေ့လက်‌‌တွေ့ သင်‌‌ပေး‌နေတယ်‌။ ပြီးရင်‌ အင်‌ဂျင်‌ပိုင်း ၊ဘရိတ်‌ပိုင်း‌တွေကို ဆက်‌လက်‌ sharingလုပ်‌မယ်‌။ ဆို‌တော့ သင်‌တန်းကာလက ကြာဦးမှာ ။ ရက်‌ကြာလာတာန့အမျှ ပညာရပ်‌‌တွေက မြင့်‌လာတယ်‌။ စာဖတ်‌ချိန်‌‌ပေး‌နေရတယ်‌ဆိုပါ‌တော့။ အခုလိုလုပ်‌‌ပေးတဲ့အတွက်‌ အထက်‌လူကြီး‌တွေကိုလည်း ‌ကျေးဇူးတင်‌မိပါတယ်‌။ အပြင်‌မှာသွားတတ်‌ဖို့ဆိုတာ အချိန်‌လည်းမရသလို ‌ငွေ‌ကြေးလည်း မနည်းကုန်‌ကျမှာပါ။ အခု‌တော့ သက်‌ဆိုင်‌ရာ ပညာရပ်‌သမား‌တွေက ဝန်‌ထမ်း‌တွေကို ပြန်‌Sharing လုပ်‌တဲ့သ‌ဘော‌ပေါ့။ ကျွန်‌‌တော်‌တို့စက်‌ရုံက ဒီနှစ်‌ကုန်‌ရင်‌ ‌မော်‌‌တော်‌ကား service center ဖွင့်‌မှာ‌လေ။ အခုကတည်းက ဝန်‌ထမ်း‌တွေကို train‌နေတဲ့သ‌ဘော‌ပေါ့။ ဒါ‌ကြောင့်‌ စာဖတ်‌‌နေရလို့ steemit မှာ လိုအပ်‌တာရှိခဲ့ရင်‌ ကြိုတင်‌‌တောင်းပန်‌ပါရ‌စေ။ အထူးသဖြင့်‌ cmပိုင်းကို ‌ပြောတာပါ။ postကို အတတ်‌နိုင်‌ဆုံး တင်‌ပါ့မယ်‌။ အရည်‌အ‌သွေးညံ့ခဲ့ရင်‌လည်း သည်းခံ‌ပေးပါညီအစ်‌ကိုတို့‌ရေ။ အဖြစ်‌‌တော့ ဘယ်‌‌တော့မှမတင်‌ပါဘူး။ massage တစ်‌ခုခု၊အသိတစ်‌ခုခုရ‌အောင်‌‌တော့ ကြိုးစား‌ရေး‌နေပါတယ်‌။

20180925_084705.jpg

အခုဘဲအလုပ်‌ထဲက ဆရာတစ်‌‌ယောက်‌ Englishသင်‌တန်း သူနဲ့အတူတူတက်‌ဘို့ လာ‌ပြောတယ်‌။ ည ၇း၀၀ မှ၉း၀၀ထိ။ မနက်‌ဖြန်‌ည အင်းတ‌ကော်‌ကို သွားတက်‌ရမယ်‌။ လှ‌တော့လှ‌နေပြီ။ ဘာ‌ပြောရမှန်းကိုမသိ‌တော့။ အမှန်‌တိုင်း‌ပြောရရင်‌ English သင်‌တန်းက အ‌စောကတည်းတက်‌ဘို့ပါ။ steemitမှာ စာ‌ရေးပျက်‌မှာစိုးရိမ်‌လို့ရယ်‌၊ တစ်‌‌ယောက်‌တည်းသွားတက်‌ရမှာ ပျင်းတာရယ်‌‌ကြောင့်‌ အချိန်‌ဆွဲထားတာ။ တက်‌မယ်‌တက်‌မယ်‌နဲ့အခုမှဘဲ ဆရာ့‌ကြောင့်‌ တက်‌ဖြစ်‌‌တော့တယ်‌။ ကိုင်း မ‌ဟော်‌‌ရေ ‌ကျောင်းသားဘဝပြန်‌‌ရောက်‌‌တော့မယ်‌။ စာ‌တွေ လုပ်‌ရ‌တော့မယ်‌။ အနည်းဆုံး သင်‌တန်းက ၄လ‌တော့ ကြာမယ်‌ထင်‌တယ်‌။ အခွင့်‌အ‌ရေးရတုန်း ‌လေ့လာလိုက်‌ဦးမယ်‌ဗျာ။ ယခင်‌က ဟို‌ယောင်‌‌ယောင်‌ဒီ‌ယောင်‌‌ယောင်‌လုပ်‌ခဲ့‌တော့ အခုမှအတိုးချ ‌လေ့လာ‌နေရတယ်‌။ အိမ်‌ရှင်‌မက‌ပြောတယ်‌၊ စက်‌ရုံကသင်‌တန်းရယ်‌၊ English သင်‌တန်းရယ်‌ steemitရယ်‌ ဘယ်‌လိုလုပ်‌မလဲ ‌စောင့်‌ကြည့်‌ဦးမယ်‌တဲ့။ တစ်‌ခုဘဲရှိတယ်‌ ၊အိပ်‌ချိန်‌‌လျှော့ရမှာ‌ပေါ့ဗျာ။ တာတို‌လေးဘဲ။ ရုန်းရမှာ‌ပေါ့။ မိတ်‌‌ဆွေတို့‌ရေ ဘယ်‌လိုအ‌ခြေအ‌နေမျိုး ဖြစ်‌ဖြစ်‌ အတူတူ ကြိုးစားကြမယ်‌‌နော်‌။ မအားလည်း အား‌အောင်‌လုပ်‌ရမှာ‌ပေါ့ဗျာ။ မိတ်‌‌ဆွေများအားလုံး ကျန်းမာချမ်းသာကြပါ‌စေလို့ ဆု‌တောင်းရင်း နိဂုံးချုပ်‌လိုက်‌ပါတယ်‌။

MSC-228
@mahaw

Sort:  

အမြဲကြိုးစားနေကြရမှာပါ

ဟုတ်‌ကဲ့အန်‌တီ။‌ကျေးဇူးပါ။

အားပေးပါတယ်ဗျာ လက်တွေ့ဘ၀က ပိုအရေးပါပါတယ်

postတင်‌နိုင်‌‌အောင်‌ကြိုးစားမှာပါ ဦးစိုး‌ရေ။

ဟုတ်​ပါတယ်​...လုပ်​ရင်​လည်းဖြစ်​သွားပါတယ်​...အချိန်​မရှိသင်​တန်းတစ်​ဘက်​၊စာ​ရေးတစ်​ဘက်​ဖြစ်​ပါ့မလား​​​တွေးရင်​လည်းတကယ်​လည်းမလုပ်​ဖြစ်​​တော့ဘူး...​ကောင်းပါတယ်​.. .

Posted using Partiko Android

သင်‌တန်းက ခဏပါ။steemitက ‌ရေရှည်‌planပါ ။‌လော‌လောဆယ်‌ အချိန်‌‌တော့ လုရာမှာ‌ပေါ့။

ကိုယ်တော့ ယောင်လို့ကောင်းတုန်းပဲ

Posted using Partiko Android

ကျွန်‌‌တော်‌‌ယောင်‌ခဲ့တာကြာပြီကိုဟိန်း‌ရေ။

ချချကြိုးစားအင်္ဂလိပ်​စာလဲ အခု​ခေတ်​မှာတအားလိုတယ်

e လို postတင်‌နိုင်‌ချင်‌တယ်‌ ဦးယု‌ရေ။

Time management ရှိဖို့လိုတာပါ။

Posted using Partiko Android

ဟုတ်‌ကဲ့ပါဦးမင်း။

လူတော့မသိဘူး ပုံတော့စောင်းနေပြီနော မဟော်

ဟုတ်‌တယ်‌ဆရာ‌ရေ၊ ‌ခေါင်း‌တွေလည်း လည်‌‌နေပြီ။ ဟိုဟာလည်း ပါတာ‌ပေါ့ ဆရာရယ်‌။

တသ်ခါတစ်လေ ကျောင်းသားပြန်လုပ်ရရင် အရမ်းပျော်ဖို့ကောင်းတာ

e ဘက်ကို လှည့်ကို မလှည့်နိုင်သေးဘူး အသက်တွေ ကြီးလာလို့ အငြိမ်းစားရတဲ့အချိန် steemများရှိသေးရင် အင်္ဂလိပ်လို ဆောင်းပါးတွေ ရေးချင်သေးတယ်

Posted using Partiko Android

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 62432.37
ETH 3003.22
USDT 1.00
SBD 3.78