မကျန်ရစ်စေချင်

in #myanmar6 years ago

FB_IMG_1524973561560.jpg

မင်္ဂလာပါ မိတ်ဆွေအပေါင်းတို့ ။
နိုင်ငံခြားသားတွေ အခုတစ်လော meditation postတွေတင်တာတွေ့ ရတော့ ဝမ်းသာမိတယ်။ ဝိပဿနာ centre တွေကို မိတ်ဆက်တင်ပြပေးနေကြတယ်။ သူကိုယ်တိုင် လောလောဆယ်မလုပ်နိုင်သေးပေမယ့် မဝေးတော့မယ့်အနာဂတ်မှာ လုပ်မယ်ဆိုတဲ့အကြောင်းတွေဖတ်ရတော့ ကြည်နူးမှုဖြစ်စေခဲ့တယ်။ အခုအချိန်မှာ ကမ္ဘာတစ်လွှားဝိပဿနာစင်တာတွေ အမြောက်အများ တည်ရှိနေပါပြီ။ တရားထိုင်နည်းကို website တွေမှာ လွှင့်တင်ထားပါတယ်။ ပြောရမယ်ဆိုရင် နည်းပညာကြောင့် အလွယ်တကူသင်ယူလို့ ရနေပါပြီ။ ဘာသာအခက်အခဲလည်း နည်းပါးစေပါပြီ။ ယခင်တုန်းကဆို မြန်မာပြည်ကို တကူးတကလာမှ အဆင်ပြေပေမယ့် အခုအချိန်မှာ မိမိမြို့ မိမိနိုင်ငံတွင်းမှာဘဲ လုပ်ချင်ရင်နရနေပါပြီ။ ထိုအခြေအနေဟာ ကမ္ဘာသူ ကမ္ဘာသားတွေအတွက်သတင်းကောင်းပါ။ အေးချမ်းခြင်းတရားကို အလွယ်တကူ လုပ်လို့ ရတာ ကံကောင်းစေပါတယ်။ ယခင်တုန်းက ရပ်ပြစ်ရှစ်ပါးထဲမှာပါတဲ့ သာသနာမထွန်းကားတဲ့နေရာဒေသတွေမှာတောင် သာသနာဟာ ပျံ့ နှံ့ နေပါပြီ။ မြတ်စွာဘုရားရဲ့ အဆုံးအမကို သာသနာလို့ ခေါ်ဆိုတာပါ။ အနောက်နိုင်ငံသားတွေ တရားထိုင်နေတဲ့မြင်ကွင်းမြင်တိုင်း ကျွန်တော်တို့ နိုင်ငံသားတွေကို ပိုလုပ်စေချင်တဲ့စိတ် ဖြစ်မိတယ်။ သူတို့ တောင် အကျိုးတရားတွေ ခံစားနေကြပြီ။ သူတို့ က တကယ်အကျိုးရှိမှန်းသိလို့  တကယ်လုပ်နေကြပြီ။

20476467_1999323816964728_8775771982746756293_n.jpg

crd.org.source

သူတို့ အလိုချင်ဆုံးက စိတ်ဖိစီးမှုကို လျှော့ချချင်တာ။ ငွေကုန်လည်းသက်သာ တကယ်လည်းစိတ်ဖိစီးမှုလျှော့စေတဲ့အတွက် သူတို့ သိပ်ကြိုက်သွားကြတယ်။ သူတို့ ဆီမှာ စိတ်ဖိစီးမှု stress များတဲ့သူ များလွန်းတော့ တရားထိုင်ဘို့ ကို ခက်ခက်ခဲခဲ ဆွယ်တရားမဟောရပါဘူး။ တကယ်လုပ်တကယ်သက်သာစေတော့ နှစ်သက်ကြတယ်။ အနောက်နိုင်ငံမပြောနဲ့  ဂျပန်မှာတောင် စိတ်ဖိစီးမှုများပြီး နေ့စဉ် ကိုယ့်ကိုယ်ကို စီရင်ကြတာ မနည်းမနော။ ကျွန်တော်တို့ နိုင်ငံက ဆင်းရဲတယ်ဆိုပေမယ့် နိုင်ငံသားတိုင်း အဲဒီလောက် stress မရှိဘူး။ တရားဘဲအားထုတ်နေရင်တောင် ထမင်းမငတ်တဲ့နိုင်ငံပါ။ စိတ်ဖိစီးမှုနည်းပါးတော့ သိပ်မလုပ်ချင်ကြဘူး။ ကောင်းမှန်းတော့ သိတယ် လောလောဆယ်မလုပ်ချင်ကြသေးဘူး။ အနောက်နိုင်ငံသားတွေမှာကြတော့ တကယ်ပူလောင်နေပြီလေ။ ငွေကြေးအဆင်ပြေပေမယ့် စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေရှိနေတော့ စိတ်တွေပူလောင်နေကြတယ် သောကတွေဖြစ်နေကြတယ်။ဥပမာပြောရရင် တောသားနဲ့မြို့ သားလိုပေါ့။ မြို့သားတွေက ကောင်းကောင်းဝတ်နိုင်စားနိုင် နေနိုင်ပေမယ့် သူတို့ မှာ တောသားတွေလောက် ကျန်းမာရေးမကောင်းဘူး။ တောသားတွေမှာ သဘာဝလတ်ဆက်တဲ့လေ နေ့စဉ်လှုပ်ရှားမှု စိတ်သထေား ရိုးရှင်းမှုတွေကြောင့် မြို့သားတွေထက် ကျန်းမာကြတယ်။ ရောဂါတကယ်ဖြစ်လာရင် ဆေးသောက်ဘို့ လိုအပ်လာပါတယ်။ ရောဂါသည်ကိုယ်တိုင်လည်း ဆေးကိုလိုက်ရှာကြတော့တယ်။

images (12).jpeg
crd.org.source

ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားတွေက ရောဂါသိပ်မကျွမ်းသေးတော့ ဆေးလိုက်မရှာသေးသလို ဆေးရဲ့ အစွမ်းသတ္တိလည်း အသုံးမချရသေးတော့ မသိသေးဘူး ဖြစ်နေကြတယ်။ အဓိက က အလေ့အကျင့်ပါဘဲ။ လုပ်စ ရှိရင် လုပ်ဖြစ်ပါတယ်။ မထိုင်ဖြစ်တောင်အလုပ်လုပ်နေရင်း ဝင်လေထွက်လေမှတ်စိတ်လေးကို သတိထား ထားပေရင် အကျိုးများလှပါတယ်။ နောက်ဆုံး အိပ်ယာဝင်ရင် အိပ်မပျော်ခင် ဝင်လေထွက်လေမှတ်တဲ့စိတ်နဲ့အိပ်ပါ။ သူ့ ဘာသာ အိပ်ပျော်သွားပါလိမ့်မယ်။ အိပ်ယာထရင်လည်း မထသေးခင် နှာခေါင်းဝမှာ ဝင်လေထွက်လေကိုသတိထားပေးပါ။တစ်ခုထူးခြားစေတာက ညအိပ်ဝင်ကို မှတ်တဲ့စိတ်နဲ့အိပ်ရင် နိုးလာတဲ့အချိန်မှာ မှတ်တဲ့အလေ့အထ သူဖာ့ သာသူဖြစ်စေတယ်။ တစ်နေ့  ၅မိနစ်ရရ ၁၀မိနစ်ရရ ထိုင်ပြီးအားထုတ်စေချင်တယ်။ ငယ်တုန်းလုပ်တာပိုကောင်းတယ်။ ကြီးမှလုပ်ရင်ခန္ဓာရဲ့ ဒုက္ခပိုခံရတယ်။ ငယ်တုန်း မိမိရရတစ်ခါလောက် လုပ်ထားရင် ဘယ်လောက်အလုပ်လုပ်များများ မှတ်တတ်သွားတယ်။ နောက်မှနောင်တရတာတို့  အချိန်လွန်မှ မလုပ်ခဲ့လေခြင်းတို့ မဖြစ်ပေါ်စေချင်လို့ ထပ်ခါတလဲလဲ တိုက်တွန်းနေခြင်းဖြင့် နိဂုံးချုပ်လိုက်ပါတယ်။

MSC-228
@mahaw

Sort:  

ရန်ကုန်မြို့ကဘုရားပေါ်ရန်ကုန်သားအချို့မရောက်ဖူးလို့ လ်ုက်ပို့ကြသတဲ့၊ ပုပ္ပါးနားကရွာကလေးတစ်ရွာ ပုပ္ပါးက်ုမရောက်ဖူးတဲ့သူတွေရှိနေတယ်။ဒီလိုပါပဲ ရွားကမြက်ရွားနွားမစားဆိုတာလည်းရှိတော့

Posted using Partiko Android

ဧည့်သည်လာရင် အိမ်ရှင်က ဘာမှမသိဘူးဆို သိပ်မဟန်မှာစိုးလို့ ပါ။

ဟုတ်တယ် ရန်ကုန်နားနေပြီး ရွှေတိဂုံကို တစ်နှစ်တစ်ခါ မဖူးဖြစ်တာလေ

ကျွန်တောတော့ အများကြီး တည်ဆောက်ရဦးမယ်

လုပ်ချင်စိတ်ရှိရင် ဖြစ်လာမှာပါ။

ကျန်​ရစ်​ပါဘူးဗျာ

Posted using Partiko Android

ယုံပါတယ်ဗျာ။

ဖိစီးမှုကင်းပြီးစိတ်​ကို​ပေါ့ပါး​စေ​အောင်​​နေနိုင်​တာကတန်​ဖိုးရှိလှပါတယ်​....

Posted using Partiko Android

မှန်ပါတယ်ညီမ။

ကြိုးစားတော့လုပ်နေပါတယ် ကိုမဟော်

လေ့လာရင်း ကြိုးစားရင်းပေါ့ ဦးထွေးရေ။ကျေးဇူးပါ။

၅မိနစ်လောက်လေးဘဲ တရားထိုင်တဲ့နေ့က စိတ်အရမ်းကြည်လင်တယ်

လုပ်စရှိရင် လုပ်ဖြစ်ပါတယ်။အဓိက က နေ့ စဉ်လုပ်ဖြစ်ဖို့ အရေးကြီးပါတယ်။ ကျေးဇူးပါ မစု။

ဒီလိုပါဘဲ မလိုက်​ခြင်​တဲ့သူကို ​ခေါ်လို့မရပါဘူး

ဟင့်အင် ခေါ်မှာဘဲ။

သိပေမယ် မလုပ်တာတွေ ရှိနေတာပျဲလ

Posted using Partiko Android

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63099.62
ETH 2555.59
USDT 1.00
SBD 2.83