မဟာသမယသုတ်တော်

in #myanmar6 years ago

FB_IMG_1524973561560.jpg

မင်္ဂလာပါ မိတ်ဆွေအပေါင်းတို့ ။
ကျွန်တော်ဟာ မနက်ဆို စောစောထပြီး စာရေးလေ့ရှိပါတယ်။ မနက် ၃နာရီ ၄ နာရီဝန်းကျင်ခန့် ထလေ့ရှိပါတယ်။ စာ ရေးတဲ့အချိန်ဟာ တစ်နာရီခွဲဝန်းကျင်ကြာပါတယ်။ ကျွန်တော်ပွင့်ပွင့်လင်းလင်း ပြောရရင် ဘာသာရေးကို စိတ်ဝင်စားပေမယ့် ရွတ်ဖတ်မှုအပိုင်းမှာ အားနည်းပါတယ်။ တစ်ခါတလေ အဓိဌာန်ဝင်လို့ ရွတ်ဖတ်သရဇ္ဈာယ် တာရှိပေမယ့် နေ့စဉ် တော့ မလုပ်ဖြစ်ဘူး။ လူတွေအိပ်ချိန်ထလေ့ရှိတော့ မဟာသမယသုတ် ရွတ်ဖတ်ချင်စိတ် ပေါ်လာမိတယ်။ မဟာသမယသုတ် ၇ သုတ်ရှိပေမယ့် ပထမဆုံး သုတ်ကိုဘဲ ရွတ်ဖြစ်မှာပါ။ ဒီအတိုင်းဆို ပျက်ရက်ရှိလာနိုင်တဲ့အတွက် အဓိဌာန်လေးထားပြီး လုပ်မယ်လို့ စိတ်ကူးမိတယ်။ ကိုယ်နိုင်သလောက်က စ ရမှာပေါ့။

images (14).jpeg

crd.org.source

မဟာသမယသုတ် ရွတ်ဖတ်ခြင်းအကျိုးတရားတွေကို ဖတ်ဖူးတာ တော်တော်များပါတယ်။ ကိုယ့်တွေ့ ထူးခြားချက်တွေကို ပြောပြကြတာလည်း fb မှာ အလွယ်တကူရှာတွေ့ နိုင်ပါတယ်။ အကျိုးလိုလို့ ရွတ်ဖတ်တာမဟုတ်ပေမယ့် ထူးခြားမှုတွေကိုတော့ တွေ့ ဖူးချင်တယ်။ မဟာသမယသုတ်ဆိုတာ နတ်ချစ်တဲ့ သုတ်ပါ။ တစ်ခုခုလုပ်တော့မယ်ဆိုရင် သူရဲ့အကျိုးတရားကို အရင်ရှာလေ့ရှိပါတယ်။ ကျွန်တော်ပြောနေကြစကားန့ဲပြောရရင် လောင်စာထည့်ဖို့ ပေါ့။ စိတ်အားထက်သန်အောင် မီးမွှေးတဲ့သဘောပေါ့။ fbမှာ မဟာသမယသုတ် ရွတ်ဖတ်ခြင်းအကျိုး ကိုရိုက်ပြီး ရှာခဲ့ပါတယ်။ ကိုယ်တွေ့ တွေတင်ပြထားတာတွေ့ သလို သမိုင်းမှတ်တမ်းတွေကိုလည်း ဖတ်ခဲ့ရပါတယ်။ကျွန်တော် ရွတ်ဖတ်ဖို့ အားဖြစ်စေပါတယ်။ အဓိက က ရေရှည်လုပ်ဖြစ်ဘို့ ကြိုးစားရမှာပါ။ ဖြစ်နိုင်ရင် မိတ်ဆွေတို့ ကိုလည်း ရွတ်ဖတ်စေချင်လို့  ဒီpostကိုရေးသားခြင်းဖြစ်ပါတယ် ။ မဟာသမယသုတ်ကို ရွတ်ဖတ်သရဇ္ဈာယ်ထားတဲ့ဆရာတော်တွေရဲ့ အသံဖိုင်မြောက်များစွာရှိပါတယ်။ ကိုယ်နှစ်သက်တဲ့ဆရာတော်ရဲ့အသံဖိုင်ကို နားရည်ဝအောင် အရင်နားထောင်သင့်ပါတယ်။ ပါဠိတွေက နည်းနည်းခက်တယ်။ စာသားကော အသံကောပါတဲ့ vedio ဖိုင်တွေရှိပါတယ်။

IMG_20150603_124523.JPG
crd.org.source

ဖြစ်နိုင်ရင် မိတ်ဆွေတို့ ရဲ့ fb မှာ အကျိုးတရားပိုင်းတွေ ရှာဖတ်စေချင်ပါတယ်။ ကျွန်တော်ရေးရင် Copy ဖြစ်မှာကတစ်ကြောင်း စုံလင်အောင်လည်း တင်ပြနိုင်မှာမဟုတ်လို့ ပါ။ Post တွေ မြောက်များစွာ ရှိပါတယ်။ ဗဟုသုတ သဘောဖြစ်ဖြစ် ဖတ်ကြည့်စေချင်ပါတယ်။ အလုပ်တစ်ခုဟာ တွေးနေတာစဉ်းစားနေတာထက် တကယ်လုပ်ဖြစ်ဖို့ အရေးကြီးပါတယ်။ ပြီးမြောက်သွားရင် ယုံကြည်မှုတွေတိုးစေပါတယ်။ မိတ်ဆွေတို့ ကို အကြံပေးချင်တာက တစ်ခုခုလုပ်တော့မယ် ဆိုရင် သူ့ ရဲ့  အကျိုးတရားပိုင်းတွေ အရင်ရှာပြီးလေ့လာထားသင့်ပါတယ်။ ထိုအလုပ်အပေါ် လုပ်ချင်စိတ် strong ဖြစ်ဘို့ ပါ။ မြတ်စွာဘုရားဟာ အာနာပါနကျင့်နည်းကို အရင်မဟောဘဲ အာနာပါန အကျိုးတရားပိုင်းကို အရင်ဟောပါတယ်။ ထက်သန်စိတ်တွေ နိုးဆွတဲ့သဘောလို့  ထင်မိပါတယ်။ မဟာသမယသုတ်တော်ကို ညဘက် တိတ်ဆိတ်ချိန်ရွတ်ရင် ပိုကောင်းပါတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ နတ်တွေ နာကြားချင်တဲ့သုတ်ဖြစ်ပြီး နတ်တွေဟာ ညဘက် မှ လူပြည်ကို လာလေ့ရှိလို့ ပါ။ ဗန်မော်ဆရာတော်ဘုရားကြီးဆို ပဌာန်းဒေသနာတော်မြတ်ကြီးကို ည ၁ နာရီခန့်  ထရွတ်လေ့ရှိပါတယ်။ ကိုယ်ခန္ဓာသန့် ရှင်းဘို့ လိုသလို အချိန်မှန်ရွတ်ဖို့  အရေးကြီးပါတယ်။ လာနေကျ အချိန်မှာ လာရောက်နာယူလေ့ရှိတယ်တဲ့။ ကိုယ်က ရွတ်လိုက် မရွတ်လိုက် နောက်ပြီး အချိန်ကိုတစ်သမတ်တည်းမထားဘဲ ကိုယ်အဆင်ပြေသလို ရွတ်ချင်သလို ရွတ်ရင်လည်း သိပ်မကောင်းဘူးတဲ့။ အခေါက်ရေများဘို့ ထက် တစ်ခေါက်တည်းကို ဖြေဖြေမှန်မှန် ရွတ်ဖတ်ဖို့  အရေးကြီးပါတယ်။ တစ်ချို့က အခေါက်ရေများချင်တော့ အမြန်ရွတ်တတ်ကြတယ်။ ဘေးကလူ နားမလည်လောက်အောင်မြန်ရင် ပရိတ်တရားလာရောက်နားထောင်တဲ့ နတ်မြတ်နတ်ကောင်းတွေ ဘယ်နားလည်မလဲ။ မရွတ်ဖတ်ခင် ပင့်ဖိတ်ပြီး ရွတ်ဖတ်သရဇ္ဈာယ်ပြီးရင် အမျှဝေ ဆုတောင်းနတ်ပို့  ပေးရပါတယ်။ ပါဠိတွေမရလည်း ကိုယ်နားလည်သလို ပြောဆိုပြီး အမျှဝေလို့ ရပါတယ်။ ဆရာတောကြီးက နေ့စဉ်အချိန်မှန်ရွတ်ဖို့  အဓိက ဟောကြားပါတယ်။ ပဌာန်းတရားအကြောင်းပြောပေမယ့် မဟာသမယသုတ်ကိုရွတ်ရင်လည်း ထိုနည်းအတိုင်း ပြုလုပ်သင့်ပါတယ်။ မိတ်ဆွေတို့ လည်း အချိန်ရရင် အဆင်ပြေတယ်ဆိုရင် ရွတ်ဖတ်သရဇ္ဈာယ်ပေးပါလို့  အကြံပေးရင်း နိဂုံးချုပ်လိုက်ပါတယ်။

MSC-228
@mahaw

Sort:  

ကြိုးစားကြည့်ပါ့မယ်ဗျ။

ဟုတ်ကဲ့ပါ။ ကျေးဇူးပါညီ။

This post has received a 6.45 % upvote from @boomerang.

သာဓု သာဓု သာဓု

ကျေးဇူးပါ အစ်မ။

မဟာသမယသုတ်​ကရွတ်​ဖို့ လို​သေးတယ်​ဗျာ့

လုပ်ကြည့်ပါဦးယု။

ဘာသာရေးစာတွေ ဖတ်ရတာ စိတ်အေးလှပါတယ် ကိုမဟော်

Posted using Partiko Android

အခုလို တိုက်တွန်းတာ ကျေးဇူးပါ

Posted using Partiko Android

ကျနော်တော့ အဲ့ဒီသုတ်ကို မရွတ်ဖတ်ဖြစ်ဘူး
မေတ္တာသုတ်နဲ့ အရှေ့ကျွန်းလားအနောက်ကျွန်းလား၊တောင်လားမြောက်လားမသိတဲ့ သမ္ဗုဒ္ဓေဂါထာတော်ကိုပဲရွတ်လေ့ရှိတယ်
အကျိုးထူးတွေဘယ်လိုရှိတယ်လည်းမသိဘူး
အိပ်ခါနီးမှပဲအမြဲရွတ်တက်တယ်
ကိုမဟော်ပြောမှ မမြန်ပဲပုံမှန်ရွတ်ဖို့ရယ် အချိန်မှန်ရွတ်ရမယ်ဆိုတာရယ်သိတော့တယ်။ကျေးဇူးအစ်ကို။

Posted using Partiko Android

ဘာရွတ်ရွတ် ကောင်းပါတယ်။ ကျေးဇူးပါကိုမိုးဇော်။

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.027
BTC 60654.57
ETH 2343.25
USDT 1.00
SBD 2.48