Meditation For Mindfulness (11)
အားလုံးဘဲ မင်္ဂလာပါ။
လူအများစိတ်ဝင်စားမှုနည်းတဲ့ အကြောင်းကို ရေးသားရတာ တကယ်တမ်းပြောရရင် အခက်အခဲ ရှိပါတယ်။ ဒါဆိုဘာလို့ရေးနေလဲလို့ မေးစရာရှိတာပေါ့နော်။ မိတ်ဆွေတို့ ကျန်းမာစေဘို့ ဆေးခါးကြီး တိုက်တဲ့သဘောပါဗျာ။ နည်းနည်းသိ နည်းနည်းအကျိုးရှိစေချင်လို့ ဆက်လက်ရေးသားနေတာပါ။ ကျွန်တော့်ဆောင်းပါးတွေဟာ မိတ်ဆွေတို့အတွက် တစ်ခုခုတော့ အကျိုးဖြစ်ထွန်းအောင် စေတနာထည့်ပြီး ရေးသားလျက်ပါ။ ပုံမှန်အကြောင်းရေးရင် တစ်နာရီလောက်ဆို post တစ်ခုစာရေးလို့ပြီးပါတယ်။ ဒီလိုဘာသာရေးpost ရေးတာကြတော့ မလွယ်ကူတာအမှန်ပါ။ တစ်ခုခုပြောချင်ရင် ကိုးကားချက်ခိုင်လုံ မလုံ ၊ အချက်အလက်ရှာဖွေရပါတယ်။ စာဖတ်ရပါတယ်။ ဆိုလိုချင်တာက ပုံမှန်ရေးသားတဲ့postမျိုးထက် နှစ်ဆ သုံးဆလောက် အားပိုထည့်ရသလို အချိန်လည်းပိုပေးရပါတယ်။ သိပ်နားမလည်သေးရင် ကျွန်တော့်ရဲ့ညံ့ဖျင်းမှုအတွက် တောင်းပန်ပါတယ်။ ကျွန်တော်လည်းတိုးတက်အောင် ကြိုးစားရေးမှာဖြစ်သလို မိတ်ဆွေတို့လည်း တဖြည်းဖြည်းပိုသိလာမယ်လို့ မျှော်လင့်မိပါတယ်။လူတိုင်းသိသင့်တယ်ထင်လို့ ကြိုးစားတင်ပြနေခြင်း ဖြစ်ပါတယ်။ လောလောဆယ်မလုပ်နိုင်သေးတောင် အခြေခံသဘောတရားတွေကို သိနေစေချင်တာ ကျွန်တော့်ရဲ့ ဆန္ဒပါ။ ဒီနေ့လည်း ဆေးခါးကြီးကို နည်းနည်းသောက်ပေးပါဦးနော်။
ရုပ်နာမ်တို့ ဖြစ်တာပျက်တာတို့ဆို့တာ တရားဟောတဲ့အချိန် စကားလုံးအဖြစ်အသုံးပြုရပေမယ့် လက်တွေ့လုပ်ငန်းစဉ်မှာတော့ ဖိန်းဖိန်း၊ ရှိန်းရှိန်း၊ အေးကနဲ နွေးကနဲ ဖြစ်သွားတာကို မြင်ရသလိုပါ။ စာလိုပြောတော့ လက်တွေ့လုပ်ငန်းစဉ်နဲ့ မယှဉ်တွဲမိမှာစိုးလို့ပါ။ ရူပ နာမကို ရုပ်နာမ်လို့ ဘာသာပြန်ရေးကြတော့ နာမ်မှာ ပြဿနာမတက်ပေမယ့် ရုပ်မှာ နားလည်မှုအပိုင်း တစ်ချို့က လွဲတတ်ကြတယ်။ ရုပ်ကို ထိတွေ့ကိုင်တွယ်လို့ရတာလောက်ဘဲ ထင်နေကြတော့ တကယ့်သဘော အမှန် ပျောက်သွားတတ်တယ်။ ဥပမာဗျာ အနံ့တို့ အသံတို့ကိုရုပ်လို့ မထင်ကြဘူး။ လူငယ်တော်တော်များများကလည်း ရုပ်ဆိုတာ ကိုင်တွယ်ထိတွေ့လို့ရမယ့်အရာလို့ တွေးထင်ထားကြတာကိုး။ ဒီနေရာမှာသိတဲ့သူတွေအတွက် ကျော်သွားပေးပါ။ မသိတဲ့လူငယ်တွေအတွက် ဦးစားပေးတင်ပြပေးပါရစေ။ လူတစ်ယောက်ရဲ့အသိဟာ စကားလုံးနဲ့တွဲတွဲပြီး နာလည်သဘောပေါက်လေ့ရှိသလို မှတ်သားလေ့ရှိတယ်။
စကားလုံး အသုံးအနှုန်းကြောင့် လိုရင်းသဘောတရားတွေ လွဲချော်တတ်တာတွေဖြစ်တတ်တယ်။ ဝိပဿနာမှာ ရှင်းပြနေလေ့ရှိတဲ့ ရုပ်ဆိုတာ ဖောက်ပြန်တဲ့သဘော ပါဘဲ။ ဒါဟာ ရုပ်ရဲ့အဓိကလိုရင်း အဓိပ္ပာယ်ပါဘဲ။ ဖောက်ပြန်နေတဲ့သဘောသက်သက်ကို မြင်မှ ရုပ်ကို မြင်တာပါ။ နာမ်ဆိုတာ သိတဲ့သဘောပါ။ အများကြီး ခက်ခက်ခဲခဲ မတွေးလိုက်ပါနဲ့။ သိရုံသက်သက်သဘောလေးကို စာလိုပြောတော့ နာမ်လို့သုံးနှုန်းလိုက်တာပါ။ ဖောက်ပြန်တဲ့သဘောကို ရုပ် ၊ သိတဲ့သဘောကို နာမ်။ သဘောဆိုတာ ကို မိမိရရ နားလည်ဘို့လိုတယ်။ ဥပမာ ဝင်လေထွက်လေ ကို မှတ်နေတယ်ဆိုပါစို့။ တရားဟောနည်းနဲ့ရှင်းပြရရင် ထိုအချိန်မှာ သုံးခု ဖြစ်ပေါ်တယ်တဲ့။ ဝင်လေထွက်လေရယ်၊ ဝင်လေထွက်လေ နှာခေါင်းဝမှာ ထိခတ်သွားတဲ့ ကာရဇကာယရယ်၊ ဝင်လေထွက်လေကိုသိလိုက်တဲ့စိတ်ကလေးရယ် ဆိုပြီး ဖြစ်ပေါ်တယ်တဲ့။ စောင့်ကြည့်နေရင်းနဲ့ ဝင်လေထွက်လေ နှင့် ကာရဇ ကာယလေးဟာ အမြဲပြောင်းလဲနေ ဖောက်ပြန်နေတဲ့သဘောမလို့ ရုပ်ဟုသတ်မှတ်ပါတယ်။ သူတို့မှာ သူတို့ကိုယ်သူတို့ မသိ ပါဘူး။ ဖောက်ပြန်ပြောင်းလဲနေတာဘဲ ရှိတယ်။ သူတို့အကြောင်းကို လိုက်မှတ်နေတဲ့စိတ်ကလေးက သိတာ။ အထက်မှာ ပြောခဲ့တဲ့ ဝင်လေထွက်လေသိတဲ့စိတ်ကလေးက သိလိုက်တာ။ထိုစိတ်ကို သိတတ်တဲ့သဘောရှိလို့ နာမ်လို့ ခေါ်ဆိုခြင်းဖြစ်ပါတယ်။ တရားဟောတဲ့နေရာ၊ စာအဖြစ်ပြောရမယ့်နေရာ မို့သာ ရုပ်နာမ်လို့ သုံးနှုန်းလိုက်ပေမယ့် တကယ့်လက်တွေ့ လုပ်ငန်းစဉ်မှာတော့ ရုပ်နာမ်ဆိုတာကြီး ထည့်တွေးစရာမလိုပါဘူး။ သဘောတရား နှစ်ခုကို အမြဲမှတ်နေရင်းနဲ့ ခွဲခြားသိမြင်လာပါတယ်။အဓိက က သတိကောင်းကောင်းနဲ့မှတ်နေဘို့ ကြည့်နေဘို့သာ တရားထိုင်သူရဲ့အဓိက အလုပ်ပါ။ တစ်ခြားဟာတွေက နားလည်လွယ်အောင် စာ အဖြစ် စကားလုံးအဖြစ် ရှင်းပြထားတာပါ။ သတိပဌာန်မှာ အဓိကလုပ်ရမှာက သတိကိုမပြတ်ထားနိုင်ဘို့ လိုရင်းပါဘဲ။
ကျွန်တော်ဖတ်ဖူးတဲ့ ဝေဒနာရှူနည်းလေးကို အနည်းငယ်တင်ပြပါရစေ။ ဆရာတော် နာမည်ကို သေသေချာချာ မမှတ်မိလို့ ဆရာတော့်နာမည် မထည့်တော့ဘူးနော်။ တရားစထိုင်တဲ့ သူတော်တော်များများ က နာတာကျဉ်တာ ကိုက်တာခဲတာတွေကို ဒုက္ခလို့ ထင်မှတ်နေကြတယ်။ ဝေဒနာနုပဿနာရဲ့ အဓိက လိုရင်းက ခံစားမှုကို အဓိက ရှူမှတ် သိမှတ် လေ့လာရမှာပါ။ တရားထိုင်နေရင်းနဲ့ ဒူးနာလာတယ်ဆိုပါစို့။ ဒူးနာတာကို မမှတ်ရပါဘူး၊ ဒူးနားတဲ့ ခံစားမှုသဘောကို မြင်အောင်ကြည့်ရမှာပါ။ မျက်စိရှုပ်သွားလားမသိ။ ဆရာတော်က ဥပမာနဲ့ ရှင်းပြထားပါတယ်။ အိမ်ရှင်မတွေ မီးဖိုပေါ်က ဟင်းရည်အရသာကို မြည်းရင် ဘယ်လိုလုပ်သလဲတဲ့။ ဟင်းရည်ပူတာကို အာရုံမညွှတ်ဘဲ အပေါ့အငန်အရသာဘယ်လိုရှိသလဲဆိုတာဘဲ စိတ်ရောက်ပြီး မြည်းပါတယ်။ ဒီလိုဘဲ နာတာကိုက်တာဆိုတဲ့ဟင်းရည်ပူပေါ်စိတ်မရောက်ဘဲ ခံစားမှုရဲ့သဘာဝကို အပေါ့အငန်မြည်းသလို ကြည့်ရမှာပါ။သုခဝေဒနာဖြစ်ဖြစ် ဒုက္ခဝေဒနာဖြစ်ဖြစ် ခံစားမှုရဲ့သဘောကိုမြင်အောင်ကြည့်ရမှာပါ။ အဓိကပြောချင်တာက လုပ်ရမယ့်အရာကို ရှင်းရှင်းလင်းလင်း မှန်မှန်ကန်ကန်သိစေချင်တာပါ။ လုပ်နည်းသိထားရင် ဘယ်အချိန်ထလုပ်လုပ် ရတယ်လေ။ လုပ်သာလုပ်နေပြီး လုပ်နည်းလွဲနေရင် တိုးတက်မှုဆိုတာ နှေးကွေးစေပါတယ်။ main အချက်အလက်တွေ သိထားဘို့အရေးကြီးပါတယ်။ ဒီနေ့တော့ ဒီလောက်နဲ့ဘဲ တင်ပြရင် ရပ်းနာပါရစေ။
အားလုံးကို ကျေးဇူးတင်ပါတယ်။
MSC-228
@mahaw
You got a 1.50% upvote from @booster courtesy of @mahaw!
NEW FEATURE:
You can earn a passive income from our service by delegating your stake in SteemPower to @booster. We'll be sharing 100% Liquid tokens automatically between all our delegators every time a wallet has accumulated 1K STEEM or SBD.
Quick Delegation: 1000| 2500 | 5000 | 10000 | 20000 | 50000
Congratulations @mahaw! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word
STOP
Do not miss the last post from @steemitboard:
Thank you very much.
ဟင်း ရည် မြည်းသလို ပူမှာကြောက်တဲ့
ဝေဒနာကို မရှု ပဲ အဖြစ်အပျက် သဘောသဘာဝကို
လိုက်ပြီး ရှုမှတ်ပွားများရမှာပေါ့လေ
လေးစားပါတယ် ကိုမဟော်
ကျေးဇူးပါညီ။
ဆေးခါကြီးပေမဲ့လည်းမြိုချမှာပါလေ
ဟုတ်ပါတယ်ဦးထွေးရေ။ကျေးဇူးပါနော်။
လူရယ်လို့စ ဖြစ်လာကတည်းက ဒုက္ခကိုရင်ဝယ်ပိုက်လာခဲ့ရတာဆိုတော့ ဒုက္ခကိုခံနိုင်ရည်ရှိအောင်ကြိုးစားရလိမ့် မယ်
လူ့ဘဝဆိုတာ ဒုက္ခ တောပါဘဲ ဗျာ။
လုပ်နည်းသိဖို့ပဲပေါ့ 😊
Posted using Partiko Android
ဖြေးဖြေးချင်းပြောမှရမယ်လေ ဟဲ ဟဲ။
တရားသဘောလေးတွေ မှတ်သားထိုက်ပါတယ် ကိုမဟော်
Posted using Partiko Android
ကျေးဇူးပါမတ်မတ်စုရေ။