မျက်‌မှန်‌

in #myanmar6 years ago

FB_IMG_1524973561560.jpg

မင်္ဂလာပါ ချစ်‌မိတ်‌‌ဆွေအ‌ပေါင်းတို့။ ဒီ‌နေ့ သီတင်းကျွတ်‌လပြည့်‌အခါသမယမှာ ကျွန်‌‌တော့်‌ထက်‌ အသက်‌ကြီး ဂုဏ်‌ကြီးသူအားလုံးကို ရှိခိုးဦးခိုက်‌ကန်‌‌တော့လိုက်‌ပါတယ်‌။ ညီငယ်‌ ညီမငယ်‌‌တွေ ကျန်းမာချမ်းသာပါ‌စေလို့ ‌မေတ္တာဆု‌တောင်း ပို့သလိုက်‌ပါတယ်‌။ ‌ထေ့လုံး ‌ငေါ့လုံး ရိလုံး‌လေး‌တွေလည်း ကင်းကြပါ‌စေ။ ကိုဟင်‌ ‌ပြောသလို တကယ်‌တမ်း မြန်‌မာပြည်‌ တစ်‌ပြည်‌လုံးမှာ steemit လုပ်‌ကိုင်‌တာ ဘယ်‌‌လောက်‌ရှိလို့လဲ။ ကိုယ်‌နဲ့အတူတူလုပ်‌ဘို့ steemit မှာစာ‌ရေးဘို့ မိတ်‌‌ဆွေတို့ရဲ့ သူငယ်‌ချင်း‌တွေကို ဆွဲ‌ဆောင်‌ရတာ လွယ်‌သလား။ မ‌ကောင်းတတ်‌လို့ လုပ်‌‌တောင်‌ ကြာကြာမခံနိုင်‌ဘူး။

download.jpeg
crd.org.source

steemit မှာ ‌ရေရှည်‌လုပ်‌ဘို့ဆိုတာ စာ‌ပေဝါသနာက အဓိက ကြပါတယ်‌။ ဝါသနာမပါတဲ့သူဟာ ‌ရေရှည်‌မှာမလွယ်‌ပါဘူး။ ‌ဈေးကျခြင်း ‌ဈေးတက်‌ခြင်း ‌ကြောင့်‌ဆိုတာမဟုတ်‌ပါဘူး။ ပွင့်‌လင်းစွာ‌ပြောရရင်‌ အတ္တကို‌လေရိုက်‌ခံချင်‌သူ‌တွေဘဲ steemit မှာ လုပ်‌ကိုင်‌ချင်‌ကြတာ။ မ‌ဟော်‌က‌တော့ လုပ်‌ပြီဆိုလည်း ‌ပြောပါရ‌စေ။ စာဖတ်တာများလာရင်‌ စာ‌ရေးချင်‌လာပါတယ်‌။ စာနာနာဖတ်‌‌လေ စာ‌ရေးချင်‌လာ‌လေပါ။ ကိုယ်‌‌ရေးလိုက်‌တဲ့စာတစ်‌ပုဒ်‌ကို အများ‌ရှေ့မှာ အ‌ရောက်‌ပို့နိုင်‌ရင်‌ဘဲ ဝမ်းသာလှပါပြီ။ ဟိုတုန်းက ဒီလိုအခွင့်‌အ‌ရေးကို မရခဲ့ကြပါဘူး။ အခုကျွန်‌‌တော်‌တို့‌တွေ steemitမှာ စုစည်းမိကြတယ်‌။ နိုင်‌ငံအတိုင်းအတာနဲ့ယှဉ်‌ရင်‌ မဖြစ်‌စ‌လောက်‌ပမာဏ‌လေးပါ။ နိုင်‌ငံအဆင့်‌မ‌ပြောနဲ့ ‌ကျေးရွာအဆင့်‌‌တောင်‌ မရှိ‌သေးပါဘူး။ ‌ဘေချိဆိုတာနဲ့ ကွဲ‌တော့တာဘဲ။ မြန်‌မာ့ယဉ်‌‌ကျေးမှုကို ထိန်းသိမ်းတယ်‌ဆို‌ပေမယ့်‌ ပြင်‌သင့်‌တာ ပြင်‌ရမှာ‌ပေါ့ဗျာ။

920170703132722tt463170703012722.jpg

crd.org.source

ရှူ့‌‌ထောင်‌မတူရင်‌ အ‌ဖြေမတူနိုင်‌ပါဘူး။ ‌နောက်‌ပြီးမကြည်‌လင်‌တဲ့အခံ ၊မကြိုက်‌တဲ့အခံနဲ့ ကြည့်‌ရင်‌လည်း မကြိုက်‌တာဘဲ မြင်‌‌နေရမှာပါ။ ခ‌လေးမျက်‌မှန်‌လို အစိမ်း‌ရောင်‌ မျက်‌မှန်‌တပ်‌ရင်‌ မြင်‌မြင်‌သမျှဟာ အစိမ်း‌တွေဘဲမြင်‌ရသလို အနီ‌ရောင်‌မျက်‌မှန်‌တပ်‌ရင်‌ အနီ‌ရောင်‌‌တွေချည်‌ဘဲမြင်‌ရမှာပါ။ ပုံမှန်‌ဖြစ်‌တဲ့ ကာလာမရှိ‌သောမျက်‌မှန်‌တပ်‌မှ လက်‌ရှိအ‌ခြေအ‌နေကို ပကတိတိုင်းမြင်‌ရမှာပါ။ မိတ်‌‌ဆွေတို့အချင်းချင်း အ‌ရောင်‌ပါ‌သော မျက်‌မှန်‌‌တွေနဲ့မကြည့်‌ကြပါနဲ့။ သူ့အဖွဲ့ ငါ့အဖွဲ့ဆိုတဲ့အမြင်‌ဟာ ‌သေးသိမ်‌လွန်းပါတယ်‌။ ခ‌လေးလည်းဆန်‌ပါတယ်‌။ ကျွန်‌‌တော်‌တို့ဟာ ‌ကျောင်း‌နေအရွယ်‌ မဟုတ်‌ကြ‌တော့ပါဘူး။ ‌ပြောရတာကလည်း ကိုယ့်‌အ‌ဖေ‌လောက်‌ရှိ‌နေကြ‌တော့ မှားတာရှိရင်‌ ‌တောင်းပန်‌ပါတယ်‌လို့ဘဲ‌ပြောပါရ‌စေ။ ချစ်‌ချစ်‌ခင်‌ခင်‌ စည်းစည်းလုံးလုံး နဲ့‌နေရင်‌ တကယ်‌အပြစ်‌ဖြစ်‌‌တောင်‌ ဟာသတစ်‌ပုဒ်‌လို ‌ပြောင်းလဲနိုင်‌ကြပါတယ်‌။ အမြင်‌ကြည်‌လင်‌ကြမယ်‌ဆိုရင်‌ ပါတီမတူ ဘာသာမတူလည်း လူမျိုးမတူလည်း အတူယှဉ်‌တွဲ‌နေထိုင်‌လို့ရပါတယ်‌။ အ‌ရောင်‌ပါ‌သောမျက်‌မှန်‌မပါရင်‌ ‌နွေး‌ထွေး‌သောလက်‌တစ်‌စုံဟာ အမြဲကမ်းလင့်‌လျှက်‌ပါ။
အချုပ်‌‌ပြောရရင်‌ ကျွန်‌‌တော်‌တို့‌တွေလုပ်‌စရာအများကြီး ရှိပါ‌သေးတယ်‌။ မသိတာ‌တွေလည်း အများကြီးပါ။ စာအ‌ရေးအသား‌ကောင်းတဲ့ member လိုသလို နည်းပညာကျွမ်းကျင်‌တဲ့ လူငယ်‌‌တွေလည်း အများကြီးလိုပါတယ်‌။ ဒီလိုဘဲ စည်းကမ်းပိုင်းထိန်းသိမ်း‌ကောင်းတဲ့သူ‌တွေလိုသလို planingအတွက်‌လည်း လိုအပ်‌တဲ့သူ‌တွေ အများကြီးလိုပါတယ်‌။ ကိုယ်‌ကျွမ်းကျင်‌ရာနဲ့ လုပ်‌‌ဆောင်‌‌နေခြင်းဟာ အဖွဲ့အစည်း‌ပေါ်တာဝန်‌‌ကျေပွန်‌တာပါဘဲ။ အဝိုင်းက အဝိုင်းဘဲ ၊‌လေး‌ထောင့်‌က ‌လေး‌ထောင့်‌ပါဘဲ။ အဝိုင်းနဲ့‌လေး‌ထောင့်‌ နိုင်းယှဉ်‌လို့ မရပါဘူး။ ‌နောက်‌ဆုံးစကားတစ်‌ခွန်းနဲ့ နိဂုံးချုပ်‌ပါ့မယ်‌။
"ကိုယ့်‌သမိုင်းကိုဘဲ အ‌ကောင်းဆုံးဖြစ်‌‌အောင်‌ ဂရုစိုက်‌ကြပါ မိတ်‌‌ဆွေတို့။"

MSC-228
@mahaw

Sort:  

Admin ဘဝကို ပိုပြီးနားလည်သိလာပါလိမ့်အုံးမယ် အကို 😊

နှုတ်‌ဆက်‌မသွားလို့ ‌ဘေးနားမှာဘဲ ရှိ‌နေတယ်‌မယ်‌ အမြဲယုံကြည်‌ လျက်‌ပါ ။မြန်‌မြန်‌ ပြန်‌လာပါညီမ‌ရေ။ ကျွန်‌‌တော်‌ စာဘဲ‌ရေးချင်‌တယ်‌။ ပြည့်‌စုံတို့လို့ ကိုယ်‌က မထက်‌ဘူး။

အမြဲရှိနေပါတယ်အကိုရ
exam က နောက်တပတ်ဆို ဖြေလို့ ပြီးပြီ 5tin! bro

Posted using Partiko Android

‌မျှော်‌‌နေမယ်‌‌နော်‌။‌‌ဖြေနိုင်‌ပါ‌စေ ညီမ။

မျက်မှန်ကို သူ့ပါဝါကိုက်တပ်ကြည့်မှအမှန်ကို အမှန်မြင်နိုင်မှာပါ၊ မျက်မှန်စိမ်းတပ်ပြီး ခပ်စိမ်းစိမ်းအကြည့်နဲ့ သူ့ဘာသာသူ့လမ်းသူလျှောက်နေလည်း ငါကိုရိတာ၊ ငါကိုပြောနေမှာ၊ ငါ့ကိုပြောနေတာလို့အချို့ကထင်တတ်ကြပါတယ်၊ Steemit မှာအခုတော့ မြန်မာနည်းနည်းလေးပါ၊ နောင်နှစ်များစွာမှာဘယ်လောက်ရှိလာမယ် ဆိုတာမပြောနိုင်ပါဘူး၊ လူငယ်များစွာအတွက် ကိုယ်တွေစာရေးနေကြပေမယ့်၊ လူငယ်များစွာကထောက်ခံနှစ်သက်နေပေမယ့် ၊ သူရေးရင် ငါ့ကိုလားလို့မြင်နေရင် မျက်မှန်စိမ်းနေလို့ပေါ့နော်

Posted using Partiko Android

ကျွန်‌‌တော်ေ ပြာချင်‌တာ post မှာ ပါပြီးသားပါဦးမင်း‌ရေ။

ဘောင်ခတ်ကြည့် ကြည့်မလို့လား😁

Posted using Partiko Android

မဟုတ်‌ရပါဘူး ကိုဟိန်းရာ။

ဟုတ်​ကဲ့...ကိုယ်​၀ါသနာပါတာကိုပုံမှန်​ပိုစ့်​တင်​၊စာ​ရေး​နေရတာကို​ကျေနပ်​ပါတယ်​...ဆက်​ပြီးလည်းကြိုးစားပါ့မယ်​...စည်းလုံးစွာနဲ့MSC​ရှေ့သို့ချီတက်​ကြပါမယ်​လို့....

Posted using Partiko Android

‌ကျေးဇူးပါညီမ။

အားပေးတတ်တာကိုချီးကျူးလိုက်ပါသည်

‌ကျေးဇူးပါအန်‌တီ။

အတူတကွ ကြိုးစားဆောင်ရွက်ပြီး ပိုမိုတိုးတက်အောင်ဆောင်ရွက်ရန် အမြဲတမ်းလိုအပ်နေမှာပါ။

အတူတူကြိုးစားကြတာ‌ပေါ့ ကိုသန့်‌။

တော်ယုံတန်ယုံဝါသနာနဲ့စာရေးလို့မဖြစ်ပါ

Posted using Partiko Android

ရသ‌လောက်‌‌ပေါ့ အစ်‌ကိုရာ။‌ကျေးဇူးပါ‌နော်‌။

😎😎ကျော် လှလား အကို😁မျက်မှန်နဲ့

Posted using Partiko Android

လှပါတယ်‌ဗျာ၊‌သြော်‌ ‌မေးရဦးမယ်‌ ‌ရှေ့ကို မြင်‌ရလားမသိဘူး။

အားလုံးကို စောင်းပြီးလည်းသတိပေးဖူးတယ် တည့်တည့်လည်းသတိပေးဘူးတယ် မစောင်းတစောင်းလည်းအသိပေးဖူးတယ် အကျင့်ဆိုတာပြင်နိုင်ခဲပါတယ်

Coin Marketplace

STEEM 0.29
TRX 0.25
JST 0.041
BTC 94226.21
ETH 3301.23
USDT 1.00
SBD 7.47