လူငယ်‌ နှင့်‌ မူးယစ်‌‌ဆေးဝါး ‌ဆောင်းပါးကို ‌ရေးရန်‌ ပြင်‌ဆင်‌ ခြင်း

in #myanmar6 years ago

လူငယ်‌ နဲ့ မူးယစ်‌‌ဆေးဝါး အန္တရာယ်‌
အားလုံးဘဲ မင်္ဂလာပါ။ ဒီ‌ဆောင်းပါးမှာ ကျွန်‌‌တော်‌ တင်‌ ပြမယ့်‌ ပုံစံ ကို အနည်းငယ်‌ ‌ပြောပြရ‌စေ။
FB_IMG_1521543099501.jpg
၁။ ပထမဦးစွာ လူငယ်‌‌တွေ အ‌ကြောင်းတင်‌ ပြ ချင်‌ပါတယ်‌။ လူငယ်‌‌တွေဟာ ပတ်‌ဝန်းကျင်‌ နှင့်‌ အ‌ပေါင်းအသင်း‌ပေါ် မူတည်‌ပုံ ၊ဥပမာ ရှမ်းပြည်‌ရှိ လူငယ်‌နှင့်‌ ‌မြေလတ်‌ရှိလူငယ်‌တို့ မူးယစ်‌‌ဆေးဝါးကို ထိ‌တွေ့ပုံ ၊ လူငယ်‌‌တွေဟာ အသစ်‌ အဆန်းကို လုပ်‌ချင်‌ပုံ ၊လက်‌တည့်‌ စမ်းချင်‌ပုံ ၊ အ‌ပေါင်းအသင်းမှားပုံ ၊ မိဘနဲ့ အဆင်‌ မ‌ပြေ ရင်‌ ထွက်‌‌ပေါက်‌ရှာပုံ စသဖြင့်‌ လူငယ်‌‌တွေရဲ့ သ‌ဘောသဘာဝကို မိတ်‌ဆက်‌ ချင်‌ပါတယ်‌။
၂။ မူးယစ်‌‌ဆေးဝါးရဲ့ အဓိပ္ပာယ်‌ ၊သူ့အမျိုးအစားများ ၊ဘယ်‌လို ထုတ်‌လုပ်‌ပုံ ဘယ်‌လို အသုံးပြုပုံ ၊ ဆွဲ‌ဆောင်‌မှု ရှိပုံ ၊ အကျိုးအာနိတင်‌နဲ့ ဆိုးကျိုးများ ၊ စိတ်‌ပိုင်းဆိုင်‌ရာနှင့်‌ ကျန်းမာ‌ရေးဆိုးရွားလာပုံ ၊ မြန်‌မာ့ မူးယစ်‌ သမိုင်းနှင့်‌ ကမ္ဘာ့ မူးယစ်‌ သမိုင်း များ ၊ ဦးခွန်‌ဆာ အ‌ကြောင်းနင့်‌ ကမ္ဘာ့ မူးယစ်‌ဂိုဏ်းအ‌ကြောင်းများ၊ ကို ‌ဝေ‌ဝေဆာဆာ တင်‌ပြ သွားပါ့မယ်‌။
FB_IMG_1517714796033.jpg
၃။ဆွဲ‌ဆောင်‌မှု ရှိတဲ့ မူးယစ်‌‌ဆေးဝါးကို လူငယ်‌‌တွေ မလုပ်‌ဖြစ်‌‌အောင်‌ ဘယ်‌လို တားမလဲ ဆိုတဲ့ အပိုင်းကို တင်‌ပြ သွားပါ့ မယ်‌။ အသိပညာ‌ပေး များကို ကျယ်‌ကျယ်‌ပြန့်‌ပြန့်‌ လုပ်‌‌ဆောင်‌သင့်‌ပုံ ၊ လူငယ်‌‌တွေ လုပ်‌ငန်းခွင်‌ အခွင့်‌ အလမ်း ရှားပါးခြင်း နှင့် နည်းပါးခြင်း ဟာ မူးယစ်‌‌ဆေးဝါးကို သုံးစွဲ‌စေခြင်းရဲ့ အ‌ကြောင်းတ‌ရား ဖြစ်‌တယ်‌ဆိုတာကို ‌ထောက်‌ပြချင်‌ပါတယ်‌။ထို့‌ကြောင့်‌ လူငယ်‌‌တွေကို အသိပညာ‌ပေးခြင်းအပိုင်းနဲ့ အလုပ်‌အကိုင်‌ အခွင့်‌ အလမ်းအပိုင်းကို ကျယ်‌ပြန့်‌စွာ တင်‌ပြ သွားပါ့မယ်‌။လူငယ်‌နှင့်‌ ပညာ‌ရေးကိုလည်း ထည့်‌သွင်း တင်‌ပြပါ့မယ်‌။
၎။အ‌ရေးယူမှု အပိုင်း။ မူးယစ်‌ဥပ‌ဒေ ၊ မြန်‌မာအစိုးရအ‌နေနဲ့ မူးယစ်‌‌ဆေးဝါး ကို နှိမ်းနင်းပုံ ၊ဖျတ်‌ဆီးခဲ့တဲ့ မှတ်‌တမ်းများ ၊ မူးယစ်‌ စစ်‌ဆင်‌‌ရေး အ‌ကြောင်းများ ၊စီမံကိန်း အ‌ကြောင်းများ ၊ ကမ္ဘာမှာ မူးယစ်‌‌ဆေးဝါး ဖြန့်‌‌ဝေ‌သော အဓိက နိုင်‌ငံများ သို့မဟုတ်‌ လမ်း‌ကြောင်းများ ၊ စသဖြင့်‌ အ‌ရေးယူမှု အပိုင်းနှင့်‌ တားဆီး‌ရေး အပိုင်းကို တင်‌ပြ သွားပါမယ်‌။
FB_IMG_1517843107240.jpg
၅။ စိတ်‌ပိုင်းဆိုင်‌ရာ မူးယစ်‌‌ဆေးဝါး ကို အများနဲ့မတူ အမြင်‌တစ်‌မျိုးဖြင့်‌ တင်‌ပြပါ့မယ်‌။ ဥပမာ မူးယစ်‌ဆိုတာသည်‌ စွဲလမ်း‌စေခြင်း၊ တက်‌ကြွမှုကို ဆုတ်‌ယုတ်‌‌စေခြင်း ၊ ပတ်‌ဝန်းကျင်‌ကို ထိခိုက်‌‌စေခြင်း ၊ ကျန်းမာ‌ရေးကို ထိခိုက်‌‌စေခြင်း ၊ရာဇဝတ်‌အမှု ကို ဖြစ်‌‌ပေါ်‌စေခြင်းများကို ဖြစ်‌‌ပေါ်‌စေနိုင်‌‌သော sex စာအုပ်‌များ ၊ sex vedio များကို လူငယ်‌ များ ဖတ်‌ခြင်း ကြည့်‌ရှူခြင်းသည်‌ မူးယစ်‌‌ဆေးဝါးသုံးစွဲခြင်း ဖြစ်‌‌ကြောင်းကို အမြင်‌တစ်‌မျိုးဖြင့်‌ တင်‌ပြချင်‌ပါသည်‌။
စာ‌ရေးသားခြင်းမှာ စာဖတ်‌သူကို မိမိ‌ပေးချင်‌တဲ့ message ကို ချပြခြင်းနှင့်‌ လျှို့ဝှက်‌ခြင်းဆိုပြီးနှစ်‌ပိုင်းရှိပါတယ်‌။ ဆိုလိုတာက ပညာ‌ပေး‌ဆောင်းပါးတို့ ၊အသိဥာဏ်‌တိုး‌စေတဲ့ စာမျိုးဆိုရင်‌ ကိုယ်‌‌ပေးချင်‌တဲ့ message ကို စာဖတ်‌သူ မြင်‌‌အောင်‌သိ‌အောင်‌ ‌စော‌စောချပြထားသင့်‌ပါတယ်‌။ စုံ‌ထောက်‌စာ‌ပေ ရသစာ‌ပေမျိုး ကြ‌တော့ ဝှက်‌ဖဲ ထားနိုင်‌‌လေ ‌ကောင်း‌လေပါ။သို့‌လော သို့‌လော နဲ့ စာဖတ်‌သူကို ဆွဲ‌ဆောင်‌သင့်‌ပါတယ်‌။‌နောက်‌ပြီး စာ‌ရေး‌တော့မယ်‌ဆိုရင်‌ format အကြမ်း အရင်‌ချပါ။ ‌နောက်‌မှ စာကို တန်‌ဆာစင်‌ပါ။ စဉ်းစားရာမှာ အကန့်‌ခွဲပြီးသား ဖြစ်‌တာ‌ပေါ့။ ဥပမာဆိုပါစို့ ယခု လူငယ်‌နဲ့ မူးယစ်‌‌ဆေးဝါး ‌ဆောင်းပါး‌ရေး‌တော့မယ်‌ ဆိုရင်‌ အထက်‌က ကျွန်‌‌တော်‌ plan ၅ ချက်‌ ဆွဲထားသလို ‌ရေးမယ်‌ဆိုရင်‌ လွယ်‌ကူပါတယ်‌။ စဉ်းစားရမယ့်‌ အပိုင်း‌ကော ၊သတင်းအချက်‌အလက်‌ ရှာ‌ဖွေမှုပိုင်းမှာပါ ပိုထိ‌ရောက်‌ ပိုမြန်‌ဆန်‌‌စေပါတယ်‌။ plan တစ်‌ခုကို post တစ်‌ခု‌ရေးရင်‌ Post ၅ခု ရပါတယ်‌။ ဆိုလိုတာက စာအများကြီးကို ‌ပေါ့‌ပေါ့ပါးပါး‌ရေးနိုင်‌‌စေပါတယ်‌။ သက်‌ဆိုင်‌ရာ သတင်းအချက်‌အလက်‌ကို အင်‌တာနက်‌က အလွယ်‌တကူ ရှာ‌ဖွေရုံပါဘဲ။ ပြီးရင်‌‌တော့ reference လုပ်‌‌ပေါ့။ ကျွန်‌‌တော်‌ ယခုလိုတင်‌ပြခြင်းဟာ ဆရာကြီးလုပ်‌ခြင်းမဟုတ်‌ပါ။ စီနီယာအစ်‌ကိုများနဲ့ စာ‌ရေးခြင်းကို ‌တော်‌‌သော ဆရာများကို တင်‌ပြခြင်းမဟုတ်‌ပါ။ steemit newbies များနှင့်‌ ညီငယ်‌ ညီမငယ်‌များကို အကြံ‌ပေးခြင်းသက်‌သက်‌ပါ။
FB_IMG_1517714753482.jpg
ယခုမှာ စာ‌ရေးရမှာ ‌ကြောက်‌ပြီး တစ်‌‌ယောက်‌ပြီးတစ်‌‌ယောက်‌ ထွက်‌‌နေကြလို့ပါ။ ပြိုင်‌ပွဲဝင်‌ ဦး‌ရေလည်း နည်းလွန်းသည်‌ကတစ်‌‌ကြောင်း ၊ ဒါဟာ ငါတို့နဲ့ မဆိုင်‌ဘူးလို့ သတ်‌မှတ်‌ထား‌နေတာက တစ်‌‌ကြောင်း မို့ တစ်‌ထွာတစ်‌မိုက်‌ ဥာဏ်‌‌လေးနဲ့ တင်‌ပြခြင်းပါ။ MSC က ကျင်းပသည့်‌ ပြိုင်‌ပွဲတိုင်းသည်‌ member တိုင်း ပြိုင်‌သင့်‌ပါတယ်‌။ ဆု ရခြင်း မရခြင်းဟာ အဓိက မကျပါဘူး။ adm များရဲ့ ‌စေတနာကို အသိအမှတ်‌ ပြုသင့်‌ပါတယ်‌။ အလုပ်‌မအားတာ ၊အချိန်‌ မ‌ပေးနိုင်‌တာ‌တော့ ဘယ်‌တတ်‌နိုင်‌မလဲ။ အ‌ရေးအသားပိုင်း တိုးတက်‌ဖို့ လက်‌‌သွေးသင့်‌ပါတယ်‌။ ညီငယ်‌ ညီမငယ်‌များကို Guide line ‌ပေးထားခြင်းပါ။ plan 5ခုကို ကိုယ့်‌‌ရေးဟန်‌အတိုင်း‌ရေးပါ။ ဥပမာ ‌ရေချိုးပါလို့‌ရေးမယ်‌ဆိုရင်‌ ရိုးရိုး‌ရေခွက်‌နဲ့ ချိုးတာ၊‌ရေပန်းနဲ့ချိုးတာ ၊‌ရေကူးကန်‌မှာ ချိုးတာ၊စမ်း‌ချောင်းမှာ ချိုးတာ ၊‌ချောင်းသာမှာ ချိုးတာ အစရှိသဖြင့်‌ ‌ရေးဟန်‌‌တွေ အများကြီးပါ။ မထပ်‌ပါဘူး။ ယခုတင်‌ပြခြင်းသည်‌ ဆရာများနှင့်‌ အစ်‌ကိုများကို တင်‌ပြခြင်း မဟုတ်‌‌ကြောင်း ဒုတိယအကြိမ်‌ ‌တောင်းပန်‌ပါတယ်‌။
အားလုံးကို ‌ကျေးဇူးတင်‌ပါတယ်‌။ ကျန်းမာချမ်းသာကြပါ‌စေ။
photo- facebook
MSC-228
@mahaw

Sort:  

ကောင်းတယ်​ဗျာ အနာဂတ်​လူငယ်​​တွေ
မူးယစ်​​ဆေး​​ကြောင့်​ပြက်​စီး​ကြေတာ
ခုလို အလင်းပြတာ​ကောင်းတာ​ပေါ့

‌ကျေးဇူးပါ အစ်‌ကို‌ရေ။

ideaတွေ ရေးသားပြင်ဆင်ပုံတွေက အရမ်းကောင်းပါတယ်အစ်ကို

‌ကျေးဇူးတင်‌ပါတယ်‌အစ်‌ကို။ကြိုးစား‌နေပါတယ်‌။

ကျွန်တော်မဖက်အားသေးလိုညမှဖက်မယ်ဗျာ ခွင့်လွတ်နော်အကို

အစ်‌ကိုတို့လို ဆရာ‌တွေ အတွက်‌ ‌ရေးခြင်းမဟုတ်‌ပါဘူးဗျာ။ခ‌လေး‌တွေ အတွက်‌ပါ အစ်‌ကို။

သားတို့ လို လူတွေအတွကရေးထားတာပါ

ခုလို​ပြောပြ​ပေးတာ​ကျေးဇူးပါ...အရမ်း​ကောင်းပါတယ်​...

‌ကျေးဇူးပါ ညီမ။

အရမ်းကောင်းပါတယ် bro

‌ကျေးဇူးပါ bro.

Thank you for your sharing

ဟုတ်‌ကဲ့ပါ။အကြံ ဥာဏ်‌ ‌ပေးရုံ တင်‌ပါ။‌ကျေးဇူးပါ အစ်‌ကို။

ရှားကိုးတောင်အတော်ပဲ တိုးတက်လာတာပဲ ကောင်းတယ်ကွာ

ကြိုးစားဆဲ ပါဆရာ။ အား‌ပေးစကားကြားရ‌တော့ ဝမ်းသာမိပါတယ်‌။ ‌ကျေးဇူးပါ ဆရာ။

"အရမ်း​ကောင်းတယ်

‌ကျေးဇူးပါ ညီ။

မူးယစ်​​ဆေးဝါး က​တော်​​တော်​​ခေတ်​စား​နေတာလူငယ်​​တွေကြားမှာ

အခုက ‌တော်‌‌သေးတာ ညီ။

မမ ပြိုင်တော့ဘူး.လုပ်နေတာပြိုင်ရမလားဟင်😁

အချိန်‌ရရင်‌ပြိုင်‌ပါ ညီမ။အစ်‌ကို‌တောင်‌ မအားလို့ ‌ရေးတာ ပြီး‌သေးဘူး။မမှီမှာ စိုးရိမ်‌တယ်‌။

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.029
BTC 61440.52
ETH 3447.43
USDT 1.00
SBD 2.52