လူငယ်‌တွေ အ ‌ကြောင်း

in #myanmar6 years ago

FB_IMG_1462586428039.jpgလူငယ်‌များသည်‌ နိုင်‌ငံ အတွက်‌အားကိုးရာ ရတနာ‌လေး‌တွေပါ။ ကျွန်‌‌တော့်‌ အမြင်‌‌တော့ တန်‌ဘိုးရှိ‌သော ‌ကျောက်‌ရိုင်း‌လေး ‌တွေလို့ မြင်‌မိတယ်‌။ စနစ်‌‌တကျ ‌သွေးတတ်‌ရင်‌ တန်‌ဘိုးရှိ‌သော ‌ကျောက်‌‌ကောင်းတစ်‌ပွင့်‌ ဖြစ်‌လာမှာပါ။ လူငယ်‌‌တွေမှာ စိတ်‌ဓာတ်‌ကြံ့ခိုင်‌ဘို့နဲ့ ကိုယ်‌ခန္ဓာ ကျန်းမာ သန်‌စွမ်းဘို့ လိုအပ်‌ပါတယ်‌။ ဒါဟာအဓိက အ‌ခြေခံအချက်‌ပါ။ ဖျတ်‌ဖျတ်‌လက်‌လက်‌ သွက်‌သွက်‌ လက်‌လက်‌ နဲ့ စိတ်‌အားထက်‌သန်‌စွာ လှုပ်‌ရှား‌နေတာမြင်‌ရခြင်းဟာ မြင်းရိုင်းတစ်‌‌ကောင်‌ကို မြင်‌‌နေရသလိုပါဘဲ။ ‌ခေတ်‌အဆက်‌ဆက်‌ သမိုင်း‌တွေကို ပြန်‌ကြည့်‌ပါ။ လူငယ်‌‌တွေဟာနိုင်‌ငံရဲ့ ‌ထောက်‌တိုင်‌‌တွေပါ။ တစ်‌ခြားထူထူ‌ထွေး‌ထွေး စဉ်းစား‌နေစရာ‌တောင်‌ မလိုပါဘူး။နာမည်‌‌လေးနဲ့ ထင်‌သာမြင်‌သာပါတယ်‌။ဘာတဲ့ မျိုးဆက်‌သစ်‌ လူငယ်‌ ။
FB_IMG_1521543099501.jpg
ကျွန်‌‌တော်‌တို့နိုင်‌ငံ တိုးတက်‌ဘို့ လူငယ်‌‌တွေကို ဘက်‌‌ပေါင်းစုံ ‌ကောင်းမွန်‌‌အောင်‌ Train သင့်‌ပါတယ်‌။ အဓိက က ပညာ‌ရေး ၊ကျန်းမာ‌ရေး ၊နဲ့ အားကစား‌တွေကို ထူးချွန်‌‌အောင်‌ ပြုစုပျိုး‌ထောင်‌သင့်‌ပါတယ်‌။ သူတို့ ပတ်‌ဝန်းကျင်‌မှာရှိတဲ့ အန္တရာယ်‌ မှန်‌သမျှကို ကာကွယ်‌‌ပေးခြင်း ၊သတိ‌ပေးခြင်း လုပ်‌ရမှာက ကျွန်‌‌တော်‌တို့ရဲ့ တာဝန်‌ပါ။ လူငယ်‌ဆိုတာ စူးစမ်းချင်‌တယ်‌ ၊‌လေ့ လာချင်‌တယ်‌။‌နောက်‌ပြီးအတတ်‌စမ်းချင်‌တာ‌ပေါ့။ တစ်‌ခုခုဆို ငါ လုပ်‌ဖူးတယ်‌ ဖြစ်‌ချင်‌တယ်‌။ ကိုယ်‌လုပ်‌ချင်‌ရင်‌လည်း အ‌ဖော်‌ ရ‌အောင်‌ အ‌ပေါင်းအသင်းကိုဆွယ်‌တယ်‌ ‌ခေါ်တယ်‌။ ဒါ‌ကြောင့်‌လူငယ်‌‌တွေကြား မ‌ကောင်းတဲ့ အမည်းတစ်‌စက်‌ကျရင်‌ ပျံ့နှံ့ လွယ်‌တယ်‌။ အချိန်‌မှီထိန်းသိမ်းတတ်‌ဖို့ လိုတယ်‌။ လူငယ်‌‌တွေကို အန္တရာယ်‌ ‌ပေးနိုင်‌ဆုံးက မူးယစ်‌‌ဆေးဝါးပါ။ ပစ္စည်းတစ်‌ခုကို မြင်‌ဖူးခြင်း ၊မမြင်‌ဖူးခြင်းသည်‌ ကိုယ့်‌ပတ်‌ဝန်းကျင်‌ ထိုပစ္စည်းရှိခြင်းမရှိခြင်း၊ ‌ပေါများခြင်း နည်းပါးခြင်းနဲ့ အများကြီးသက်‌ဆိုင်‌ပါတယ်‌။ ဥပမာ ကျွန်‌‌တော်‌တို့လို ‌မြေလတ်‌ပိုင်းကလူငယ်‌နဲ့ ရှမ်းပြည်‌နယ်‌စပ်‌မှာ ရှိတဲ့ လူငယ်‌ ‌တွေမှာ မူးယစ်‌‌ဆေးဝါကို ထိ‌တွေ့မှု အပိုင်းမှာ ကွာခြားပါတယ်‌။ အမြင်‌‌တွေကွာခြားနိုင်‌သလို ထိန်းသိမ်းမှု အပိုင်းမှာလည်း လွယ်‌တာ ခက်‌တာဖြစ်‌လာပါတယ်‌။ မူးယစ်‌‌ဆေးဝါးရဲ့ အစဖြစ်‌တဲ့ ‌ဆေးလိပ်‌ကို လက်‌တည့်‌စမ်းချင်‌ကြတယ်‌။ မင်း ‌သောက်‌ဖူးလား၊ ငါ‌တော့ တစ်‌ခါ ‌သောက်‌ဖူးတယ်‌၊ မင်း‌သောက်‌ကြည့်‌ပါလား ၊‌ယောင်္ကျားဆိုတာ လုပ်‌ဖူးရတယ်‌ကွ ၊တစ်‌ခါ‌လောက်‌‌သောက်‌တာ ဘာမှမဖြစ်‌ပါဘူးကွာ စသဖြင့်‌ အ‌ပေါင်းအသင်း‌ကြောင့်‌ လူငယ်‌‌တော်‌‌တော်‌များများ ပျက်‌ဆီးကြတယ်‌။ လူငယ်‌နဲ့ အ‌ပေါင်းအသင်း ၊လူငယ်‌နဲ့ ပတ်‌ဝန်‌ကျင်‌‌ရေ‌မြေ အ‌နေအထားကို ဂရုစိုက်‌သင့်‌ပါတယ်‌။
‌နောက်‌တစ်‌ချက်‌ တင်‌ပြချင်‌တာက မိန်းခ‌လေးနဲ့ ‌ယောင်္ကျား‌လေး ကို ထိန်းသိမ်းရတာ မတူပါဘူး။ အိမ်‌တွင်းပုန်းခိုင်းလို့ သမီးဘဲ ရမယ်‌ ၊သားကို လုပ်‌လို့မရပါဘူး။ ငါ မိဘဘဲ ‌ ၊ငါ ‌ပြောသလိုလုပ်‌ ငါ့ရဲ့ စည်းကမ်း‌ဘောင်‌အတွင်းမှာ မင်း‌နေရမယ်‌ ၊ငါ တားမြစ်‌ပိတ်‌ပင်‌တာမှန်‌သမျှမင်း‌ကောင်းဘို့ ဘဲဆိုပြီး အရမ်းချုပ်‌ခြယ်‌လွန်းရင်‌ လူငယ်‌ ‌တွေဟာ လမ်းမှားကို ရုန်းထွက်‌ တတ်‌ကြပါတယ်‌။ ဒါကို မိဘ‌တွေ သတိထားသင့်‌ပါတယ်‌။ ချစ်‌လွန်းလို့ပါဆိုပြီ အလိုလိုက်‌လွန်းရင်‌လည်း အန္တရာယ်‌ရှိပါတယ်‌။ ဒီလိုသားသမီးမျိုးဟာ မူးယစ်‌‌ဆေးဝါး‌ကြောင့်‌ ပျက်‌ဆီးတာ များတယ်‌။ သူ့မှာ ‌ကြောက်‌ရမယ့်‌သူ ၊ဟန့်‌မယ့်‌သူမှ မရှိတာ။လူရဲ့ သ‌ဘောသဘာဝက လုပ်‌လို့ ရလို့ လုပ်‌တာ ၊လုပ်‌လို့မရရင်‌ မလုပ်‌ပါဘူး။ မိခင်‌‌တွေ မချစ်‌တတ်‌ရင်‌ သား‌တွေ ပျက်‌ဆီးတယ်‌။ ဖခင်‌‌တွေ ကို ထိန်‌ချန်‌ထားတာကိုး။ သားရတနာ ၊နိုင်‌ငံ့ရတနာ‌တွေကို မူးယစ်‌‌ဆေးဝါးနဲ့ မထိ‌တွေ့‌အောင်‌ လိမ္မာပါးနပ်‌စွာ ထိန်း‌ကြောင်းသင့်‌ပါတယ်‌။
လူငယ်‌‌တွေမှာ ‌ကောင်းတဲ့ အချက်‌‌တွေ အများကြီးရှိပါတယ်‌။ စူးစမ်းရှာ‌ဖွေလိုစိတ်‌ ၊စွန့်‌စားလိုစိတ်‌ ၊သူများထက်‌ သာချင်‌တဲ့စိတ်‌ ၊ထက်‌သန်‌တက်‌ကြွတဲ့စိတ်‌ ၊ အ‌ရေးပါ အရာ‌ရောက်‌ချင်‌တဲ့ စိတ်‌ စသဖြင့်‌ ‌ကောင်းတဲ့စိတ်‌‌တွေကို ‌မြောင်း‌ဖော်‌‌ပေးပြီး ‌အောင်‌မြင်‌မှုကို ပုံ‌ဖော်‌သင့်‌ပါတယ်‌။ ‌
FB_IMG_1517141803482.jpg
လူငယ်‌‌တွေ တိုးတက်‌‌အောင်‌မြင်‌ဘို့ အမြင်‌ကျယ်‌ရန်‌ အရမ်းအ‌ရေးကြီးပါတယ်‌။ မြို့‌နေ လူငယ်‌နှင့်‌ ‌တော‌နေ လူငယ်‌ မှာ သူတို့ ဘဝရဲ့ ဖြတ်‌သန်းပုံခြင်း မတူညီကြပါဘူး။ တစ်‌‌နေ့တာ ဖြတ်‌သန်းတဲ့ အချိန်‌မှာတင်‌ ‌ရွေးချယ်‌ခွင့်‌‌တွေဟာ ကွာဟ လွန်းပါတယ်‌။ ဆိုလိုချင်‌တာက လူငယ်‌‌တွေ ‌နေ့တစ်‌‌နေ့ ချင်းစီ ဘယ်‌လိုဖြတ်‌သန်းလဲ ဆိုတာက သူတို့ဘဝကို ဘာဖြစ်‌မယ်‌ဆိုတာ ခန့်‌မှန်းလို့ ရပါတယ်‌။ ယခုဆိုရင်‌ လူငယ်‌‌တွေရဲ့ စုရပ်‌ဟာ အရက်‌ဆိုင်‌ ဖြစ်‌‌နေပါပြီ။ လက္ဘရည်‌ဆိုင်‌‌တောင်‌ သိပ်‌မထိုင်‌ကြ‌တော့ဘူး။ ‌လေ့လာစရာ၊သင်‌ယူစရာ ၊ လုပ်‌စရာ မရှိရင်‌ အရက်‌ဆိုင်‌ ၊BEER ဆိုင်‌‌တွေ မှာ အချိန်‌ဖြုန်းကြ‌တော့တယ်‌။ အလုပ်‌မရှိ‌သော လူငယ်‌များဟာ ပို၍ ပျက်‌ဆီးကြတယ်‌။ သူ့မှာအချိန်‌‌တွေ ပို‌နေ‌တော့ ဟိုဟာစပ်‌စပ်‌ ဒီဟာစပ်‌စပ်‌ ‌လျှောက်‌ပြီးလက်‌တည့်‌စမ်းကြတယ်‌‌လေ။ ညဘက်‌ကို ‌လျှောက်‌လည်‌ခြင်းဟာ ပျက်‌ဆီး ခြင်းရဲ့ အစဘဲ။ လူငယ်‌‌တွေကို စာဖတ်‌‌စေခြင်းဟာ သူ့ ဘဝကို ထိန်း‌ကျောင်း‌စေပါတယ်‌။ အလုပ်‌တစ်‌ခုရှိခြင်းဟာ တည်‌ငြိမ်‌‌စေပါတယ်‌။
အားလုံးကျန်းမာချမ်းသာပါ‌စေ။

PHOTO - Facebook
MSC-228
@mahaw

Sort:  

ဟုတ်​တယ်​ အစ်ကို လူငယ်​​တွေအတွက်​ ပညာက အဓိကဘဲဗျာ။ပညာတတ်​မှ အမှားအမှန်​ ခြားတတ်​မှာ။

ပညာဟာ မိတ်‌‌ဆွေ ‌ကောင်းဘဲ‌လေ။‌ကျေးဇူးပါညီ။

လူငယ်လွူယ်ွေအသိပညွာေရအောင်ရေးထာဲးpostလေးပါကောင်းပါတဗျဗဟုသုတဲရပါတယ်၊နောက်ဲအားပေးနှောပါဆြုးစားပဗျ။

ကြိုးစားပါ့မယ်‌။

အစ်ကိုရယ် လူငယ်တွေ ညနေတိုင်းမှာ အရက်ဆိုင်တွင် အချိန်မဖြုန်းစေရန် အားကစားလိုက်စားတတ်စေရန် နိုင်ငံတော်မှလည်း အားကစားများပြုလုပ်နိုင်ဖို့ မြေနေရာများ အားကစားရုံကြီးများပေါ်ပေါက်နိုင်ဆောင်ရွက်ပေးသင့်ပါတယ်နော် အစ်ကို

ဟုတ်‌တယ်‌ညီ။အားကစားကို မလုပ်‌ကြ‌တော့ဘူး။

ခုလို​ရေးပြ​ပေးတာ​ကောင်းပါတယ်​။ဗဟုသုတနှင့်​မှတ်​သားစရာပါ။

‌ကျေးဇူးပါညီမ။

ကောင်းမွန်သော စိတ်ဆန္ဒနဲ့ စေတနာတွေ ပေါ်လွင်ပါတယ် 😁

‌ကျေးဇူးပါ ဗျာ။

ခုခေတ် စာဖတ်တဲ့ လူငယ်တွေ မရှိသလောက်ဘဲ ..

မှန်‌တယ်‌အန်‌တီ။ဖုန်း‌တွေ ဘဲကိုင်‌‌နေကြ ပွတ်‌‌နေကြတယ်‌။

fb သုံး ဂိမ်းဆော့ တစ်နေ့တစ်မျိုး မရိုးရအောင် ဂိမ်းတွေကများ

ကောင်းတယ်အားပေးပါတယ်။လူငယ်တွေတင်မကဘူး၊လူကြီးတွေပါစာဖတ်နည်းလာတယ်၊

တကယ်‌တမ်းက စာအုပ်‌ကိုင်‌ဖတ်‌ရတာကိုက ဖီးတစ်‌မျိုးပါ။ အခုက ဖုန်းဘဲ ကိုင်‌‌ကြေ‌တော့တယ်‌။အမြဲ အား‌ပေးတဲ့အတွက်‌ ‌ကျေးဇူးပါဆရာ။

ဟုတ်တယ် ခု ခေတ်မှာ ဖုန်းတွေပေါ်လာတာကလည်းလူငယ်တွေစာဖတ်အားနည်းသွားစေတဲ့ အကြောင်းအရင်းတစ်ခုထဲမှာပါတယ် ။

ဟုတ်ပါတယ်။လူငယ်တွေကနောင်အချိန်အတွက် မျိုးဆက်သစ်ပါ။အရေးကြီးပါတယ်။လူငယ်တွေကို ဗဟုသုတ တွေ ပိုမိုရလာအောင် စနစ်တကျ ပြုစုပျိုးထောင်ရမှာပါ။Good!

ကိုယ့်‌မှာ သားရှိ‌တော့ စိတ်‌ပူမိလို့ ‌ရေးဖြစ်‌လိုက်‌တာ။‌ကျေးဇူးပါ။

လူငယ်တွေအတွက် ခုလို အသိပညာပေးစာပေများ တင်ပြတာ အရမ်းကောင်းတယ်ညီ။ခုလိုစာပေလေးများများရေးပါ

ဟုတ်‌ကဲ့ပါ။ကြိုးစားပါ့မယ်‌။

အဓိကက​တော့ ကို့ကိုကို ထိန်းနိုင်​ရမှာ​ပေါ့ဗျာ

မှန်‌ပါတယ်‌ ညီ။ထိန်းချုပ်‌နိုင်‌‌လေ ‌ကောင်း‌လေပါ။

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62102.06
ETH 2415.08
USDT 1.00
SBD 2.49