လိုရင်းသ‌ဘော

in #myanmar6 years ago (edited)

FB_IMG_1524973561560.jpg

မင်္ဂလာပါ မိတ်‌‌ဆွေတို့။ ‌ဝေါဟာရအ‌ကြောင်း‌လေး ‌ဆွေး‌နွေးတင်‌ပြပါရ‌စေ။ စကားလုံးတစ်‌လုံး ၊‌ဝေါဟာရတစ်‌ခုရဲ့ အဓိပ္ပာယ်‌ကို ‌သေချာသိဘို့အ‌ရေးကြီးပါတယ်‌။ ဘာသာစကားတစ်‌ခုနဲ့ တစ်‌ခု ဘာသာပြန်‌‌ရေးသားတဲ့‌နေရာမှာ ပိုထင်‌ရှားပါတယ်‌။ ပိုပြီး‌တော့လည်းနက်‌နဲတယ်‌။ စကားလုံးတစ်‌လုံးဟာ အဓိပ္ပာယ်‌မပြည့်‌စုံရင်‌ လိုရင်းမ‌ရောက်‌ဘဲ ‌ချော်‌သွားတတ်‌ပါတယ်‌။ တင်‌ပြတဲ့အ‌ကြောင်းအရာတစ်‌ခု ပြည့်‌စုံစွာ နားလည်‌သ‌ဘော‌ပေါက်‌ဘို့ အဟန့်‌အတားဖြစ်‌‌စေတယ်‌လို့ ဆိုလိုချင်‌တာပါ။
images (8).jpeg

[crd.org.source](ဓမ္မ၏ အရသာ - Publications | Facebook)
‌ဝေါဟာရနဲ့ပက်‌သတ်‌ပြီး ကျွန်‌‌တော်‌ မကြာမကြာ တင်‌ပြဘူးပါတယ်‌။ ရုပ်‌ရဲ့အဓိပ္ပာယ်ကိုသိပုံ မှားပုံ၊ နာမ်‌ရဲ့အဓိပ္ပာယ်‌သိပုံမှား‌နေကြပုံကို ‌ဆွေး‌နွေးဖူးပါတယ်‌။ အဓိပ္ပာယ်‌လိုအပ်‌ချက်‌ရှိ‌နေ‌တော့ လိုရင်းဆိုလိုချက်‌ကိုနားလည်‌ဘို့ အဟန့်‌အတားဖြစ်‌‌စေလို့ပါ။ ဒီတစ်‌ခါ ဒုက္ခသစ္စာ ဆိုတဲ့ စကားလုံးကို ‌‌ဆွေး‌နွေးချင်‌ပါတယ်‌။ အထူး‌ပြောချင်‌တာက စကားလုံးရဲ့ အဓိပ္ပာယ်‌ပါ။ ဒုက္ခဆိုရင်‌ ‌တော်‌‌တော်‌များများက ဆင်းရဲပင်‌ပန်းခြင်းလို့ဘဲ သိထားပါတယ်‌။မြတ်‌စွာဘုရား‌ဟောတဲ့ သစ္စာ‌လေးပါးမှာပါတဲ့ ဒုက္ခသစ္စာ အ‌ကြောင်းဖတ်‌‌တော့လည်း ဆင်းရဲခြင်းလို့ဘဲ ‌တွေးမိကြတယ်‌။ မမှန်‌ဘူးလားဆိုရင်‌ မှန်‌ပါတယ်‌။ ဒါ‌ပေမယ့်‌ မပြည့်‌စုံဘူး။ ‌သေချာဖတ်‌ပါ‌နော်‌။ ရှင်းပြပါမယ်‌။ မြတ်‌စွာဘုရား‌ပြောချင်‌တဲ့ ဒုက္ခသစ္စာအ‌ကြောင်းကို ပြည့်‌ဝစွာနားလည်‌ဘို့ ဒုက္ခ= ဆင်းရဲခြင်းဆိုတာက အဟန့်‌အတားဖြစ်‌‌စေနိုင်‌တယ်‌။ လိုရင်းကိုသိဘို့ လမ်း‌ချော်‌သွား‌စေနိုင်‌တယ်‌။ ဆိုလိုချင်‌တာက ဒုက္ခသစ္စာမှာပါတဲ့ ဒုက္ခရဲ့အဓိပ္ပာယ်‌ဟာ ဆင်းရဲခြင်းဆိုတာထက်‌ ပိုကျယ်‌ပြန့်‌ပါတယ်‌။ ဒါကို‌ပြောချင်‌တာပါ။ အခြားနက်‌နဲတဲ့သ‌ဘော‌တွေဖြစ်‌‌သော မတည်‌မြဲမှု ၊‌ပြေားလဲမှု ၊ချွတ်‌ယွင်းမှု ၊အနှစ်‌သာရကင်းမှု စသဖြင့်‌ အခြားအဓိပ္ပာယ်‌‌တွေလည်း အကျုံးဝင်‌ပါတယ်‌။ရှင်းရှင်း‌ပြောရရင်‌ ဒီပါဠိစကားလုံးကို ဘာသာပြန်‌နိုင်‌တဲ့ ‌ဝေါဟာရကို မရှိတာ။ ဆင်းရဲခြင်း လို့လွယ်‌ကူစွာ ‌ခေါ်ဆို‌နေကြ‌တော့ လိုရင်းကိုမထိမိဘူးဖြစ်‌‌နေကြတယ်‌။ ဒုက္ခသစ္စာအ‌ကြောင်း နားယူ‌ပေါင်းလည်းများပြီ၊ဖတ်‌တာလည်းများပြီ ဒါ‌ပေမယ့်‌ မိမိရရ ၊ရှင်းရှင်းလင်းလင်း သ‌ဘောမ‌ပေါက်‌ဘူး။ ကျွန်‌‌တော့်‌ကို ကျွန်‌‌တော်‌‌ပြောတာ‌နော်‌။ ဒုက္ခဆိုတာ ဆင်းရဲပင်‌ပန်းခြင်းအပြင်‌ မတည်‌မြဲခြင်း အဓိပ္ပာယ်‌လည်းပါ ပါတယ်‌။ မတည်‌မြဲလို့ဆင်းရဲပင်‌ပန်းတာဆို အဓိပ္ပာယ်‌‌ပေါ်လွင်‌ဘို့နည်းနည်းနီးစပ်‌တယ်‌။

images (7).jpeg
crd.org.source

ဒုက္ခရဲ့သ‌ဘောတရားကို ဆက်‌လက်‌တင်‌ပြပါ့မယ်‌။အကြမ်းအားဖြင့်‌ ၃ မျိုးခွဲခြားပြပါ့မယ်‌။ ရိုးရိုးဆင်းရဲပင်းပန်းခြင်းလို့ သိထားကြတဲ့ ဇာတိဖြစ်‌ခြင်း၊အိုရခြင်း၊ ‌သေရခြင်း ၊ချစ်‌ခင်‌‌သောသူနဲ့‌ကွေကွင်းရခြင်း၊မချစ်‌မနှစ်‌သက်‌‌သောသူနဲ့‌ပေါင်း‌ဖော်‌ရခြင်း ၊စိုးရိမ်းပူပန်‌ရခြင်း ၊‌ငို‌ကြွေးရခြင်းစတဲ့အားလုံးနားလည်‌ကြတဲ့ ဆင်းရဲပင်‌ပန်းခြင်းကတစ်‌ခုပါ။‌ဖောက်‌လွဲ‌ဖောက်‌ပြန်‌ဖြစ်‌လို့ဘဝ‌တွေဟာ တစ်‌သတ်‌မတ်‌တည်းမဖြစ်‌တဲ့အခါမှာ စိတ်‌ဆင်းရဲကြတာလည်းတစ်‌ခုအ‌နေနဲ့ မှတ်‌ထား‌ပေးပါ။ဒီ‌လောက်‌ထိ ‌တော်‌‌တော်‌များများ နားလည်‌ကြပါတယ်‌။‌နောက်‌တစ်‌ချက်‌ဖြစ်‌တဲ့ ပြုပြင်‌စီရင်‌ခြင်း‌ကြောင့်‌ ဖြစ်‌တဲ့ ဒုက္ခမှာ လူ‌တွေ လိုက်‌မမှီဖြစ်‌သွားတယ်‌။ အဓိက မြတ်‌စွာဘုရား‌ဟောတဲ့ ဒုက္ခသစ္စာကိုနားလည်‌ဘို့ ‌နောက်‌ဆုံးအချက်‌ဖြစ်‌တဲ့ ပြုပြင်‌စီရင်‌ခြင်း‌ကြောင့်‌ဖြစ်‌တဲ့ ဒုက္ခကိုအဓိပ္ပာယ်‌ကို သိဘို့အ‌ရေးကြီးပါတယ်‌။ဒုက္ခဟာ မတည်‌မြဲခြင်း ၊မတည်‌မြဲလို့ အမြဲ‌ပြောင်းလဲ‌နေလို့ ဒုက္ခဖြစ်‌တာဟာ ‌နောက်‌ဆုံးအချက်‌ထဲမှာပါတာ။ ဒုက္ခဆိုတာဆိုးတာတစ်‌ခုထဲ မဆိုလိုချင်‌ပါ။ ‌ကောင်းတာ‌ကောဆိုးတာ‌ကော အမြဲမရပ်‌တည်‌နိုင်‌လို့ စွဲလန်းတာမှန်‌သမျှ ဒုက္ခလို့ ‌ပြောချင်‌ပါတယ်‌။ ကျွန်‌‌တော်‌တို့ဟာ ခန္ဓား၅ပါးနဲ့ ဖွဲ့စည်းထားတာပါ။ မြတ်‌စွာဘုရားဟာ ဘယ်‌ခန္ဓာမှမမြဲ‌ကြောင်း ၊အစဉ်‌သဖြင့်‌ ‌ပြောင်းလဲ‌နေ‌ကြောင်းခန္ဓာတစ်‌ခုချင်းစီရှင်းပြပါတယ်‌။ အမြဲ‌ပြောင်းလဲ‌နေလို့ မတည်‌မြဲလို့ ဒုက္ခကို သိရမယ့်‌တရားလို့‌ဟောကြားခဲ့တာပါ။‌နောက်‌ဆုံးအချုပ်‌‌‌ဟောတဲ့ စွဲလန်းတဲ့ ခန္ဓာ ၅ပါးစလုံးဟာ ဒုက္ခလို့ တည့်‌တည့်‌ကြီး ရှင်းရှင်းကြီး‌ဟောထားပါတယ်‌။ ကျွန်‌‌တော်‌တို့ ပထမသိခဲ့တဲ့ ဒုက္ခ=ဆင်းရဲပင်‌ပန်းခြင်း‌လောက်‌နဲ့ ဒီ‌လောက်‌ထိသိဘို့မလွယ်‌ပါဘူး။ မြတ်‌စွာဘုရား‌ဟောတာကိုထိထိမိမိ နက်‌နက်‌နဲနဲသိဘို့နားလည်‌ဘို့ လိုပါတယ်‌။ စကားလုံး အဓိပ္ပာယ်‌‌တွေ ‌ကြောင့်‌ လိုရင်းကိုမသိနားမလည်‌တာ မဖြစ်‌‌စေချင်‌ပါဘူး။ ကျွန်‌‌တော်‌ကိုယ်‌တိုင်‌လည်း ‌လေ့လာဆဲပါ။တရားနဲ့ပက်‌သတ်‌ရင်‌ရှင်းရှင်းလင်းလင်းသိဘို့အ‌ရေးကြီးတယ်‌‌လေ။ ဆရာဦးကို‌လေးရဲ့ မြတ်‌ဗုဒ္ဓ‌ဒေသနာကို ဖတ်‌ပြီးကိုယ်‌နားလည်‌သ‌လောက်‌ ရှင်းပြထားတာပါ။ ‌ရေးထားတာ တကယ်‌ထိမိတယ်‌ဗျ။ ကျွန်‌‌တော်‌တို့လိုနားလိန်‌ပိန်းတုန်း‌တောင်‌ နားလည်‌‌စေတယ်‌။ ‌ဒေါက်‌တာဝါလ်‌ပိုလာရာဟုလာအရှင်‌သူမြတ်‌ ‌ရေးသားပြုစုတဲ့ What The Buddha Taughtစာအုပ်‌ကို ဆရာဦးကို‌လေးက ဘာသာပြန်‌ထားတာပါ။စာအုပ်‌နာမည်‌က မြတ်‌ဗုဒ္ဓ‌ဒေသနာ ပါ။ မိတ်‌‌ဆွေတို့လည်း Onlineက downloadဆွဲပြီး ဖတ်‌‌စေချင်‌ပါတယ်‌။ ‌ရေးသားချက်‌‌တွေက နားလည်‌လွယ်‌‌အောင်‌‌ရေးသားထားလို့ အားလုံးအတွက်‌အဆင်‌‌ပြေမယ်‌ထင်‌လို့ပါ။
အားလုံးဘဲ ကျန်းမာချမ်းသာပါ‌စေလို့ဆု‌တောင်းရင်း နိဂုံးချုပ်‌လိုက်‌ပါတယ်‌။

ကျမ်းကိုးစာရင်း- မြတ်‌ဗုဒ္ဓ‌ဒေသနာ( ဦးကို‌လေး)
MSC-228
@mahaw

Sort:  

ကိုမ​ဟော်​​ရေ အသက်​ကြီးပြီးကျွန်​​တော်​အဲ့​လောက်​ကြီး မသိ​သေးဘူးဗျာ ချီးကျုးပါတယ်

ကျွန်‌‌တော်‌လည်း မသိ‌သေးပါဘူးကိုကြီးရာ။‌လေ့လာဆဲပါဗျာ။‌ကျေးဇူးပါ ဗျာ။

တရားသဘောတွေအရမ်းရေးတယ်နော်

ကျွန်တော်တို့ကတော့ အများကြီး လေ့လာရအုံးမယ်ဗျာ 😊

အတူတူချင်းကို ‌ပြော‌နေ ပြန်‌ပြီ။ ကျွန်‌‌တော်‌လည်း ‌လေ့လာဆဲပါ အစ်‌ကို။

ဒုက္ခသစ္စာကိုအ​သေအချာရှင်းပြသွားလို့ဗဟုသုတရပါတယ်​...​ကောင်း​သောပိုစ့်​ပါ....

ကျွန်‌‌တော့်‌အဆင့်‌က ရှင်းနိုင်‌တဲ့အရည်‌အချင်းမရှိပါဘူးဗျာ။ ဖတ်‌ထားတာကို sharing လုပ်‌တဲ့ သ‌ဘောပါညီမ။‌ကျေးဇူးပါ။

စကားလုံးတွေကို ပုံမှန်သိတဲ့သဘောမျိုးနဲ့ မှတ်မထားသင့်ပဲ ၎င်း၏လေးနက်သော အသေးစိတ်တိကျသော အဓိပ္ပါယ်အထိ သိရှိနိုင်ရန် ဒုက္ခသစ္စာကို ဥပမာပေးပြီး ရှင်းပြသွားတာ တန်ဖိုးရှိပြီး အသိတိုးစေပါတယ်အစ်ကို။နောက်တစ်ခုလည်း မှတ်ပြီး download ဆွဲရန် မှတ်ထားပါတယ်ခင်ဗျာ။ မြတ်ဗုဒ္ဓဒေသနာ(ဦးကိုလေး)

စကားလုံး‌တွေက အပြည့်‌အဝ အဓိပ္ပာယ်‌မ‌ဖော်‌‌ဆောင်‌နိုင်‌ဘူး။တစ်‌ချို့ဆို သူ‌ကြောင့်‌အဟန့်‌အတား ဖြစ်‌‌စေတယ်‌။တရားနဲ့ပက်‌သက်‌ရင်‌ ထိထိမိမိသိချင်‌တယ်‌။ထို့အတူ မိတ်‌‌ဆွေ‌တွေကိုလည်းသိ‌စေချင်‌တယ်‌။အများကြီးမဟုတ်‌‌တောင်‌ အ‌ရေးကြီးတာေ‌တွကို ရှင်းရှင်းလင်းလင်းသိထား‌တော့ ဘယ်‌တရားနာနာ နားလည်‌လွယ်‌‌စေပါတယ်‌‌။‌ကျေးဇူးပါ ဦးသန့်‌ဇင်‌။

သာသနာအတွက်​ ဒီလိုလူမျိုး​တွေလိုအပ်​​နေတာပါ ​ကောင်းပါတယ်​ရှင့်​ ​နောက်​လည်း မျှ​ဝေ​ပေးပါ

ကြိုးစားပြီး မျှ‌ဝေပါ့မယ်‌။ကျွန်‌‌တော်‌လည်း‌လေ့လာသူအဆင့်‌ပါဘဲ။‌ကျေးဇူးပါညီမ။

အိုခြင်းဆင်းရဲ ၊နာခြင်းဆင်းရဲ၊ သေခြင်းဆင်းရဲ ၊ချစ်သောသူနဲ့ကွေကွင်းရခြင်းဆင်းရဲ၊ မချစ်မနှစ်သက်သောသူနဲ့အတူနေရခြင်းဆင်းရဲတို့အားနာ်းလည်ရန်လွယ်ကူသော်လည်း ပဋိသန္ဓေနေရခြင်းဆင်းရဲ အားနားလည်ခံစားရန်ခက်ခဲပါသည် ၊ကြာင်းမှာ လူသည်ကလေးဘဝကိုပင် အလုံးစုံမှတ်မိသိရှိနိုင်ခြင်းမရှိရကား ၉လ၊၁၀လ တာပဋိသန္ဓေနေခဲ့ရပုံကိုကားဆင်းရဲသလားချမ်းသာသလားမသိနိုင်ပါ၊ သိုသော် ပြုပြင်ပြောင်းလည်းနေသည့်သဘောကိုသာမှန်းဆ၍ ဆင်းရဲဖြစ်သည်ဟုကောင်ချက်ဆွဲရခြင်းဖြစ်ပါသည်၊

‌ဆရာတို့‌ရှေ့မှာ ‌ရေးမိတာ စိုးရွံ့မိပါတယ်‌ ။ကိုယ်‌သိသ‌လောက်‌ Train တဲ့အ‌နေနဲ့ ‌ရေးလိုက်‌တာပါ။‌ကျေးဇူးပါဆရာ။

ဒီလိုလည်းမဟုတ်ပါဘူး၊မဟော်ကငယ်ပေမယ့်လေ့လာအားကောင်းပါတယ်၊ဆရာဦးကိုလေးစာအုပ်တွေတောင်လေ့လာထားတာ မပေါ့ပါဘူး၊

အနှစ်ချုပ်အားဖြင့်တော့ အပ္ပမာဒေနသမ္မာဒေထ ပဲမဟုတ်လား ကိုမဟော်

ဒုက္ခသစ္စာကို ရှင်းပြတာပါ။

လူရယ်လို့ဖြစ်လာတာနဲ့ဘာလုပ်လုပ် ဘာကိုင်ကိုင်အကုန်ဒုက္ခပါဘဲ။စားတာ နေတာ ထိုင်တာ သွားတာ ချမ်းသာစွာနေရာတာ ကုန်ကုန်ပျော်ရင် မိမိဘာလုပ်လုပ် မလုပ်လုပ်အကုန်လုံးက ဒုက္ခတွေပါဘဲဗျာ

ဗုဒ္ဓဘာသာဟာ ဒုက္ခဝါဒ‌တော့ မဟုတ်‌ဘူးညီ။ညီ‌ပြောတာမှန်‌သင့်‌သ‌လောက်‌မှန်‌ပါတယ်‌။ဒါ‌ပေမယ့်‌ အကုန်‌မမှန်‌ဘူး။တရားနဲ့ပက်‌သက်‌လို့သာ ဒီလိုေ ပြာရတာပါ။‌ကျေးဇူးတင်‌ပါတယ်‌ညီ။

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 64785.95
ETH 3471.44
USDT 1.00
SBD 2.51