ကျွန်တော့်ရဲ့အတွေးလေးများ
သတ္တဝါအားလုံး ကျန်းမာချမ်းသာကြပါစေ။ စိတ်ရွှင်လန်း ချမ်းမြေ့ကြပါစေ။
ကျွန်တော်တို့တွေဟာ အဖိုးထိုက်တန်လှတဲ့ နည်းလမ်းကျင့်စဉ် တွေကို မလုပ်နိုင်သေးတောင် မစိမ်းအောင် လေ့လာထား ၊သိမှတ်ထားသင့်ပါတယ်။ အထူးသဖြင့် လူသားတိုင်း အတွက်အရေးကြီးလှတဲ့ ဒီပညာရပ်ကို ပိုသိသင့်ပါတယ်။ ဒီပညာရပ်ဟာ အသက်ကြီးမှလုပ်ရမယ့်အလုပ်လို့ သတ်မှတ်ကြတာ နှမြောစရာကောင်းတယ်လို့ မြင်မိတယ်။ ဒီပညာရပ်ကို ဘာသာရေးလို့ မသတ်မှတ်ဘဲ လောကဓာတ်ပညာရပ်တစ်ခုလို သုတေသနတွေလုပ်ပြီး ဖြန့်ဖြူးသင့်တယ် ၊ဖြန့်ဖြူးချင်မိတယ်။ အကျိုးလိုလား၍ ပြောတာမဟုတ်ပေမယ့် ကမ္ဘာမှာ မြန်မာကိုပိုသိအောင် လုပ်လို့ရတဲ့ ပညာရပ်တွေ ကျွန်တော်တို့မှာ ရှိပါတယ်။
plan ကောင်းကောင်း management ကောင်းကောင်းနဲ့ လုပ်ရင် မအောင်မြင်စရာမရှိပါဘူး။ ဘရာဇီးနိုင်ငံဟာ ဘောလုံးသမားကောင်းတွေ မွေးထုတ်နိုင်သလို ၊ အိန္ဒိယနိုင်ငံကလည်း ယောဂ သင်တန်းဆရာတွေ အများအပြားထွက်ပေါ်ကြပါတယ်။ ကျွန်တော်တို့နိုင်ငံ မှာ ခေတ်ပညာတတ် သာသနာပြုဆရာတော်တွေ အများအပြားရှိပေမယ့် လူပုဂ္ဂိုလ်ပိုင်းဆိုင်ရာမှာတော့ အားနည်းနေဆဲပါ။ ဘာသာရေးဆန်ဆန် မထိုးဖောက်ချင်တောင် ပညာရပ်တစ်ခုအနေနဲ့ ကမ္ဘာကို ထိုးဖောက်ချင်မိတယ်။ တစ်ခါတလေ အတွေးနဲ့ရူးခဲ့တာလေးတွေ ပြောပြရစေ။ အကယ်ဒမီကျောင်းလို ကမ္မဌာန်းနည်းပြဆရာတွေ သင်တန်းကျောင်းဖွင့်၊ ကျောင်းဆင်းရင် ကမ္ဘာ့နိုင်ငံအသီးသီးက တက္ကသိုလ်တွေက ကမ်းလှမ်းတာကိုစေလွှတ်၊ နိုင်ငံအရပ်ရပ်မှာရှိတဲ့ တရားရိပ်သာတွေမှာ လှည့်လည်တရားပြတာတွေကို ဆရာတော်တွေနဲ့တင်မကဘဲ လူပုဂ္ဂိုလ်တွေနဲ့ ပါ ချိတ်ဆက်ပြီး ကွန်ယက်ကို ချဲထွင်းချင်တဲ့ပုံရိပ်တွေ တွေးမိတယ်။ ရယ်စရာလို့ ထင်ကောင်းထင်နိုင်ပေမယ့် မဖြစ်နိုင်စရာလည်း မရှိပါဘူး။ ဥပမာဗျာ ဗုဒ္ဓတက္ကသိုလ်ကျောင်းဆင်းတစ်ယောက် (လူပုဂ္ဂိုလ်ဘဲဆိုပါစို့) ဟာ လစာကောင်းကောင်း ၊အခွင့်အလမ်းကောင်းကောင်း ဖန်တီးပေနိုင်မယ်ဆိုရင် စိတ်ဝင်စားမှုများပြားလာမှာပါ။ နိုင်ငံတကာနဲ့ချိတ်ဆက်မယ့် အေးဂျင့်ကုမ္ပဏီ ကြီးတစ်ခုထားပြီး အခွင့်အလမ်းတွေဖော်ထုတ်ရင် အများကြီးတိုးတက်နိုင်စေပါတယ်။ နိုင်ငံတော်ကလည်း မူဝါဒတစ်ခုအနေနဲ့ frameချပေးရင် ပိုအောင်မြင်တာပေါ့ဗျာ။ နောက်ဆို ကမ္မဌာန်းသင်တန်းကျောင်း ၊ ဝိပဿနာ သင်တန်းကျောင်းဆိုပြီး မရှိဘူးလို့ မပြောနိုင်ဘူးလေ။ တက္ကသိုလ်တွေ ၊ ကျောင်းသင်ရိုးညွှန်တမ်းတွေမှာ သင်ယူစရာဘာသာရပ်တစ်ခုအနေနဲ့ ပြဌာန်းလိုက်ရင် ဘယ်လောက်ကောင်းမလဲဗျာ။ ကမ္ဘာကို ဘာသာရေးဆန်ဆန် မထိုးဖောက်ဘဲ ပညာရပ်တစ်ခုအနေနဲ့ ထိုးဖောက်ချင်မိတယ်။ နိုင်ငံအတွက်လည်း စာရိတ္တကောင်းတဲ့လူငယ်လူရွယ်တွေ အများအပြားပေါ်ထွန်းနိုင်စေပါတယ်။ သုတေသနတွေ မပြတ်လုပ် ၊ အကျိုးတရားပိုင်းတွေ ကမ္ဘာကိုချပြနိုင်ရင် စိတ်ဝင်စားမှု များပြားလာမှာပါ။
အထူးသဖြင့် ဂျာမဏီလို နိုင်ငံမျိုးက ပိုစိတ်ဝင်စားမယ်ထင်မိတယ်။ အခုဆို Meditation ပိုင်းမှာ ဂျာမဏီနိုင်ငံဟာ စိတ်ဝင်းစားမှု ကျင့်သုံးမှုပိုင်း များပြားလာတာ တွေ့ရတယ်။ နောက်ပြီး ကိုင်ရိုရဲ့ နာမည်ကြီးတဲ့ အနာဂတ်ဟောစတမ်းလည်း ရှိသေးတယ်နော်။ နောင်တစ်ချိန်မှာ က ကမ္ဘာကိုချုပ်ကိုင်နိုင်လိမ့်မယ်တဲ့။ ကျွန်တော်နိုင်ငံမှာMeditation နဲ့ပက်သက်လို့ အရပ်ဘက် အဖွဲ့အစည်း ကြီးကြီး မရှိသေးဘူးဗျ။ အနောက်နိုင်ငံတွေမှာ လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ဖွဲ့စည်းနိုင်ခဲ့တယ်။ ကျွန်တော်တို့နိုင်ငံမှာ Meditationနဲ့ပက်သက်လို စွမ်းအားအရင်းအမြစ်တွေ တစ်ပုံတပင်ကြီးပါ။ စာတတ်ပေတတ် ကျမ်းတတ်အကျော်အမော်ဆရာတော်ကြီးတွေ ရှိသလို ကမ္မဌာန်းနည်းကိုသေချာguideလိုင်းပေးနိုင်တဲ့ဆရာတော်အများအပြားရှိပါတယ်။ ယခုလိုမျိုး ဘက်စုံပြည့်စုံနေတဲ့အချိန်မှာ Plan ကောင်းကောင်း နဲ့အကောင်အထည်ဖော်သင့်တယ်လို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
MSC -228
@mahaw
သဘောကျတယ် ကိုမဟော် ထောက်ခံတယ်ဗျ။
Posted using Partiko Android
ကျေးဇူးပါ။
You got a 1.09% upvote from @booster courtesy of @mahaw!
NEW FEATURE:
You can earn a passive income from our service by delegating your stake in SteemPower to @booster. We'll be sharing 100% Liquid tokens automatically between all our delegators every time a wallet has accumulated 1K STEEM or SBD.
Quick Delegation: 1000| 2500 | 5000 | 10000 | 20000 | 50000
planလည်းကောင်းပြီး ဇွဲလုံ့လရှိဖို့ပါဘဲ
Posted using Partiko Android
ဖြစ် ချင်တာလေး တွေးကြည့်တာ။
ဗုဒ္ဓတရားတော်တွေက လူတိုင်းနှစ်သက်ကြတာမဟုတ်ဘူး၊ဉာဏ်ပါရမီရှိသူတွေကသာလာရှာဖွေကျင့်ကြံကြတာပါ၊
Posted using Partiko Android
အို ကောင်းလိုက်တဲ့စိတ်ကူး အကြံလေးဗျာ
နိုင်ငံခြားသားတွေလုပ်ရင် စနစ်တကျနဲ့ဖြစ်အောင်လုပ်ကျတာနော်
Posted using Partiko Android